November 24, 2021 - SANTHITSA
SPORT

ဘီဂျီရစ်စတိန်း သာမရှိရင် ကျနော် မန်စီတီးကို လာဖြစ်မှာမဟုတ်ဘူး လို့ ဂွာဒီယိုလာဆို

ဘီဂျီရစ်စတိန်း သာမရှိရင် ကျနော် မန်စီတီးကို လာဖြစ်မှာမဟုတ်ဘူး လို့ ဂွာဒီယိုလာဆို မောင်ယဿ ( နိုဝင်ဘာ ၂၄ ) ဒီည ကစားမယ့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ် တစ်ခုဖြစ်တဲ့ မန်စီတီးနဲ့PSG ပွဲမတိုင်ခင် ပွဲကြိုအင်တာဗျူး မှာ မန်စီတီးနည်းပြ ပက်ဂွာဒီယိုလာက သူအနေနဲ့ မန်စီတီးကို ရောက်လာတာ သူကသဘောမဟုတ်ကြောင်း မန်စီတီးရဲ့ လက်ရှိဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဘီဂျီရစ်စတိန်း ခေါ်လို့ လာတာဖြစ်ကြောင်း ဘီဂျီရစ်စတိန်းသာ မရှိ ရင် မန်စီတီးကို လာဖြစ်မှာ မဟုတ်ကြောင်း ပြောသွားပါတယ်။ ဘီဂျီရစ်စတိန် ဆိုတာ ဘာစီလိုနာမှာ ၁၉၈၈ ကနေ ၁၉၉၅ အထိ ကစားခဲ့ဖူးတဲ့ တောင်ပံတိုက်စစ်သမား ဖြစ်ပါတယ်။ ဂွာဒီယိုလာက …

SPORT

မန်ယူကိုသွားရအောင် ကျုပ်က ကလေးကလားမှ မဟုတ်တာလို့ ပိုချက်တီနိုပြော

မန်ယူကိုသွားရအောင် ကျုပ်က ကလေးကလားမှ မဟုတ်တာလို့ ပိုချက်တီနိုပြော မောင်ယဿ ( နိုဝင်ဘာ ၂၄ ) မန်ယူက ဆိုးရှားကို ထုတ်ပြီး လစ်လပ်သွားတဲ့ နည်းပြနေရာကို အစားထိုးဖို့ နည်းပြကောင်းကောင်း တစ်ယောက်ကို လိုက်ရှာနေရာ ပြင်သစ်ကလပ် PSG နည်းပြ အာဂျင်တီးနားသား ပိုချက်တီနိုက တစ်ပြေးနေပြီး မန်ယူနဲ့ စကားပြောနေတယ်လို့ ကောလဟလတွေထွက်ပေါ်နေရာ ပိုချက်တီနိုက မန်ယူကို သူမသွားနိုင်ဘူး လို့ ငြင်းဆို လိုက်ပါတယ်။ ပေါ်ထွက်နေတဲ့ ကောလာဟလ နဲ့ ပတ်သက်ပြီး ပိုချက်တီနိုက “ အခြားကလပ်အသင်းတစ်ခုခု မှာ သွားအလုပ်လုပ် ရအောင် ကျနော်က ဒီမှာ ဘာဖြစ်နေလို့ လဲ ။ လူတွေ …

လောက်ကိုင် နဲ့ မြဝတီ မှာ ခုတလော အခေါ်များနေတဲ့ အလုပ်ကြောင်းပြောပြမယ်
KNOWLEDGE

လောက်ကိုင် နဲ့ မြဝတီ မှာ ခုတလော အခေါ်များနေတဲ့ အလုပ်ကြောင်းပြောပြမယ်

လောက်ကိုင် နဲ့ မြဝတီ မှာ ခုတလော အခေါ်များနေတဲ့ အလုပ်ကြောင်းပြောပြမယ် သိက္ခာပိုင်းနဲ့ ဆိုင်ပေမယ့် ပညာတတ်‌လေးတွေ နှမျောလွန်းလို့ ထပ်ပြီး ဆုံးရှုံးမခံချင်တော့လို့ မြဝတီ လောက်ကိုင်သွားပြီး casino အလုပ်လုပ်ဖို့ တွေးနေတဲ့လူငယ်တွေ ဖတ်ဖို့ပါ ခေါ်တဲ့ပုံစံက online Game , customer Service, online marketing အစရှိလို နာမည်တွေနဲ့ ခေါ်ကြတယ်… English 4 skill ကျွမ်းရမယ် computer တက်ရမယ်ဆိုပြီး ခေါ်တယ်… လစာက နေစားငြိမ်း ၁၂ သိန်း ၁၅ သိန်းဝန်းကျင် ပေးကြပါတယ်… အဲ့အလုပ်က နိုင်ငံခြားသားတွေဆီက what app သုံးပြီး လိမ်ရတာပါနော်… …

ဗုဒ္ဓဟူးသားသမီးများအတွက် ၂၀၂၂ခုနစ် တနှစ်စာ ဟောစာတမ်း
ASTROLOGY

ဗုဒ္ဓဟူးသားသမီးများအတွက် ၂၀၂၂ခုနစ် တနှစ်စာ ဟောစာတမ်း

ဗုဒ္ဓဟူးသားသမီးများအတွက် ၂၀၂၂ခုနစ် တနှစ်စာ ဟောစာတမ်း ဗုဒ္ဓဟူးသားသမီးများတို့သည် နှစ်ကူးစ စိတ်သစ် ကိုယ်သစ်နှင့် စိတ်ကူးသစ်ဖြင့်၊ အလုပ်များ ဆောင်ရွက်ရမည်။ နိုင်ငံခြားခရီး သွားလာခြင်းများ ကြုံလာတတ်သည်။ မိမိခန့်အပ်ထားသော အတွင်းလူများနှင့် ဆက်ဆံရေးတွင် ပြဿနာ ပေါ်ပေါက်လာတတ်သည်။ ငွေကြေးနှင့် အဖိုးတန်ပစ္စည်းများ ကျပျောက်တတ်သည်။ ယခုနှစ်တွင် (16. 1. 2022 မှ စ၍ ( 16. 4. 2022) အထိ မိမိ လုပ်ငန်းခွင်များ အောင်မြင်မှုများ ရရှိလိမ့်မည်။ အိမ်ခြံမြေ ရောင်းဝယ်ခြင်း၊ ယာဉ်နှင့် ဆက်ပစွည်း ရောင်းဝယ်ခြင်း၊ စားသောက်ကုန် ရောင်းချခြင်း၊ အုတ်၊ အိမ်ဆောက်ပစ္စည်းလုပ်ငန်း၊ အုန်းဆီ၊ အုန်းသီးလုပ်ငန်း၊ အိမ်အလှဆင်လုပ်ငန်း၊ အိမ်ငှားလုပ်ငန်းများ …

SPORT

ခင်ဗျားတို့ က ဘာတွေလဲဗျာ ။ မန်ယူနဲ့ ဆိုးရှားကိစ္စ ဘာဖြစ်လို့ ကျနော့်ကိုလာလာမေးနေကြတာလဲ

ခင်ဗျားတို့ က ဘာတွေလဲဗျာ ။ မန်ယူနဲ့ ဆိုးရှားကိစ္စ ဘာဖြစ်လို့ ကျနော့်ကိုလာလာမေးနေကြတာလဲ မောင်ယဿ ( နိုဝင်ဘာ ၂၄ ) မန်ယူအသင်းကနေ နည်းပြဆိုးရှား အလုပ်ထုတ်ခံရပြီးနောက် မီဒီယာတွေက လီဗာပူး နည်းပြ ဂျာဂန်ကလော့ကို တွေတိုင်း ဆိုးရှား နဲ့ မန်ယူအကြောင်း ကို မေးလေ့ရှိတဲ့အတွက်ကြောင့် ကလော့က မန်ယူနဲ့ ဆိုးရှားအကြာင်း ကို ကျနော်ကို လာလာမမေးကြပါနဲ့ဗျာ။ ကျနော်နဲ့ ဘာမှ မဆိုင်ပါဘူးလို့ ယတိပြတ် ပြောလိုက်ပါတယ်။ မန်ယူကို အိမ်စောင့်နည်းပြအဖြစ် မိုက်ကယ်ကာရစ်ခ်ကို ခန့်ထားပြီး ထိန်းကြောင်းနေစဉ်မှာ မန်ယူက မနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲ ဗီလာရီးရဲလ်နဲ့ ပွဲမှာ ( ၂- …

SPORT

ဂျူဗင်တပ်စ်ကို သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး ရှုးပွဲ ကြုံတွေ့စေခဲ့တဲ့ ချဲလ်ဆီး

ဂျူဗင်တပ်စ်ကို သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး ရှုးပွဲ ကြုံတွေ့စေခဲ့တဲ့ ချဲလ်ဆီး ယနေ့မနက် ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ လက်ရှိချန်ပီယံ ချဲလ်ဆီးအသင်းက ဂျူဗင်တပ်စ်အသင်းကို (၄-၀) ရလဒ်နဲ့ အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။ အီတလီထိပ်သီး ဂျူဗင်တပ်စ်အသင်းအနေနဲ့ အင်္ဂလန်ကလပ် ချဲလ်ဆီးအသင်းကို အဘက်ဘက်က မယှဉ်ပြိုင်နိုင်ခဲ့တာကြောင့် အခုလို အထိနာခဲ့ရတာလည်းဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအတွက် ဦးဆောင်ဂိုးကိုတော့ ၂၅ မိနစ်မှာ နောက်ခံလူ ခါလိုဘတ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ အသင်းအတွက် ပထမဆုံးဥရောပ ပွဲစဉ်ဖြစ်ပြီး ပထမဆုံးဥရောပသွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဂျူဗင်တပ်စ်အသင်း ချေပဂိုးရဖို နီးစပ်ခဲ့ပေမဲ့ မိုရာတာရဲ့ ဂိုးသမားကို မတင်ပြီး ကန်သွင်းမှုကို သီယာဂိုဆေးဗားလ် မရမက ဖျက်ထုတ်ခဲ့တာကြောင့် သွင်းဂိုးမရခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအတွက် ဒုတိယဂိုးကိုတော့ …

SPORT

ယာယီနည်းပြကာရစ်ရဲ့ အဖွင့်နိုင်ပွဲနဲ့ ၁၆ သင်းအဆင့် တက်သွားပြီဖြစ်တဲ့ မန်ယူ

ယာယီနည်းပြကာရစ်ရဲ့ အဖွင့်နိုင်ပွဲနဲ့ ၁၆ သင်းအဆင့် တက်သွားပြီဖြစ်တဲ့ မန်ယူ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို ထုတ်ပယ်ခဲ့ပြီးနောက် ပထမဆုံးကစားရတဲ့ပွဲမှာ ယာယီနည်းပြ ကာရစ်ရဲ့ ဦးဆောင်မှုနဲ့ အတူ ဗီလာရီးရဲလ်အသင်းကို အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါနိုင်ပွဲကြောင့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ ငါးပွဲကစားအပြီး သုံးပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုး ရလဒ်နဲ့ ၁၆ သင်းအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဂိုးတွေကိုတော့ စီရော်နယ်ဒို (၇၈ မိနစ်) နဲ့ ဆန်ချို (၉၀ မိနစ်) တိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ စီရော်နယ်ဒိုအနေနဲ့ ယခုနှစ်ရာသီ ချန်ပီယံလိဂ်မှာ ၅ ပွဲဆက် ပွဲစဉ်တိုင်း ဂိုးသွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ အဆိုပါ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ …

SPORT

ဇဒန်းက PSG ကိုရောက်ပြီး ပိုချက်တီနိုက မန်ယူကိုရောက်ဖိုရှိနေ

ဇဒန်းက PSG ကိုရောက်ပြီး ပိုချက်တီနိုက မန်ယူကိုရောက်ဖိုရှိနေ PSG အသင်းသာ ဇီဒန်းကိုခေါ်ယူနိုင်ခဲ့မယ်ဆိုရင် မန်ယူအသင်းအနေနဲ့ သူတိုလိုက်နေတဲ့ ပိုချက်တီနိုကို မှန်းထားတာထက်စောပြီးတော့ ခေါ်ယူနိုင်ဖိုရှိနေပါတယ်။ မန်ယူအသင်းဟာ ဆိုးရှားနဲ့လမ်းခွဲအပြီးမှာ PSG နည်းပြ ပိုချက်တီနိုကို ခန့်အပ်ဖို စိတ်ဝင်စားနေခဲ့တာပါ။ ဒါပေမယ့် လက်ရှိမှာ ပိုချက်တီနိုဟာ PSG အသင်းနဲ့စာချုပ်ချုပ်ထားတဲ့အတွက် ရာသီကုန်မှ ခေါ်ယူဖို စီစဉ်ထားတာပါ။ အဲ့အတွက် PSG အသင်းအနေနဲ့ ပိုချက်တီနိုနေရာကို အစားထိုးဖို လိုအပ်နေတာဖြစ်ပြီး အဲ့အပြောင်းအလဲဟာ ထင်ထားတာထက် မြန်မြန်ဖြစ်သွားနိုင်တယ်လို သိရပါတယ်။ ပြင်သစ်သတင်းစာ မာကာရဲ့ဖော်ပြချက်အရ PSG အသင်းဟာ ဇီဒန်းကို ခန့်အပ်ဖိုရှိနေပြီး ဇီဒန်းရောက်လာရင် ပိုချက်တီနိုကလည်း အင်္ဂလန်ကိုပြန်သွားတော့မှာပါ။ ပိုချက်တီနိုဟာ ဒီနှစ်အစမှာမှ PSG …