November 23, 2021 - SANTHITSA
အင်္ဂါသားသမီးများအတွက် ၂၀၂၂ခုနစ် တနှစ်စာ ဟောစာတမ်း
ASTROLOGY

အင်္ဂါသားသမီးများအတွက် ၂၀၂၂ခုနစ် တနှစ်စာ ဟောစာတမ်း

အင်္ဂါသားသမီးများအတွက် ၂၀၂၂ခုနစ် တနှစ်စာ ဟောစာတမ်း အင်္ဂါသားသမီးများတို့သည် မိမိ၏ အတွေ့အကြုံများအပေါ် မူတည်ပြီး လုပ်ငန်းများတွင် အခွင့်အရေးကောင်းများ ရရှိပြိး အောင်မြင်မှုများရရှိမည်။ ကုသိုလ်ဒါန၊ အလှူတန်းကြီးများ ပြုလုပ်ရတတ်သည်။ ဘုရားဖူးခရီး သွားရကိန်းရှိသည်။ မမျော်လင့်ဘဲ သားသမီးများအတွက် ရပ်ဝေး၊ နယ်ခြား ကောင်းချင်းခရီး သွားရကိန်းရှိသည်။ မိမိလက်အောက်ငယ်သား တပည့်များအား ထောက်ပံ့ ပေးရတတ်သည်။ နိုင်ငံရပ်ခြား ပညာရေးများ လေ့လာဆောင်ရွက်ရမည်။ စာပေလေ့လာပြိး လုပ်ငန်းခွင် စာမေးပွဲဖြေဆိုလျှင် အထူးခံစားခွင့် ရခြင်း၊ စက်မှုလက်မှုပညာရပ်များတွင် အထူးအောင်မြင်မှု ရရှိမည်။ ယခုနှစ်တွင် (16. 4. 2022 မှ စ၍ ( 16. 6. 2022) အထိ လုပ်ငန်းဆိုင်ရာ …

SPORT

စီရော်နယ်ဒိုနဲ့ အတူ ခေတ်ပြိုင်ဖြစ်ခဲ့ရတာကို ဂုဏ်ယူနေတဲ့ မက်ဆီ

စီရော်နယ်ဒိုနဲ့ အတူ ခေတ်ပြိုင်ဖြစ်ခဲ့ရတာကို ဂုဏ်ယူနေတဲ့ မက်ဆီ လီယွန်နယ် မက်ဆီက သူ့ရဲ့ ခေတ်ပြိုင်ကစားကစားသမား စီရော်နယ်ဒိုကို ဘယ်နေရာ ဘယ်လိဂ်ရောက်ရောက် အံ့ဝင်ခွင်ကျဖြစ်အောင် ခြေစွမ်းပြ ကစားနိုင်သူဖြစ်ပြီး လက်ရှိ ယူနိုက်တက်မှာလည်း အသက်အရွယ်နဲ့ မလိုက် အကောင်းဆုံးခြေစွမ်းပြနေနိုင်တုန်းပဲလို ချီးကျူးလိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ရလဒ်ဆိုးတွေ အဆက်မပြတ်ကြုံတွေ့နေရပေမဲ့ စီရော်နယ်ဒိုကတော့ ခြေစွမ်းပျက်မသွားပဲ အရေးပါတဲ့ဂိုးတွေ သွင်းယူပေးနေဆဲဖြစ်ပါတယ်။ စီရော်နယ်ဒို ဘယ်လောက်ကယ်တင်ကယ်တင် မန်ယူအသင်းရဲ့ နည်းပြ ဆိုးလ်ရှားကတော့ ဝက်ဖိုဒ်ကို ၄-၁ ရလဒ်နဲ့ ရှုးနိမ့်အပြီးမှာ ထုတ်ပယ်ခံခဲ့ရပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်က စီရော်နယ်ဒို လာလီဂါမြေကို စွန့်ခွာပြီး နယ်မြေသစ်ကို ဖြန့်ကျက်ခဲ့တဲ့နည်းတူ ယခုနှစ်ရာသီအစမှာ မက်ဆီလည်း စပိန်ကို စွန့်ခွာပြီး အသင်းသစ်အသင်းဖော်အသစ်တွေနဲ့ …

SPORT

ဒီဘရိုင်း၊ ဆာလာ၊ ရော်နယ်ဒို၊ မက်ဆီတိုပါဝင်တဲ့ ဖီဖာအကောင်းဆုံးဘောလုံးသမားဆုဇကာတင်စာရင်း

ဒီဘရိုင်း၊ ဆာလာ၊ ရော်နယ်ဒို၊ မက်ဆီတိုပါဝင်တဲ့ ဖီဖာအကောင်းဆုံးဘောလုံးသမားဆုဇကာတင်စာရင်း ၂၀၂၁ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု အတွက် ဆန်ခါတင် ကစားသမား(၁၁)ဦးစာရင်းကို ဖီဖာက ထုတ်ပြန်ခဲ့ပြီး မက်ဆီ၊ လီဝန်ဒေါစကီး၊ စီရော်နယ်ဒို၊ ဂျော်ဂျင်ဟို၊ ဆာလာ၊ ဘန်ဇီမာ၊ နေမာ၊ ဟာလန်း၊ ဘာပေ၊ ဒီဘရိုင်းနဲ့ ကန်တေတို ပါဝင်လာခဲ့ပါတယ်။ ဘောလွန်းဒီအောဆုလိုပဲ ဖီဖာကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးဖို ရေပန်းအစားဆုံးဘောလုံးသမားတွေကလည်း မက်ဆီနဲ့ လီဝန်ဒေါကီးတိုသာ စာရင်းပေါက်နေပြန်ပါတယ်။ ဇကာတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ ဆာလာကလည်း ယခုနှစ်ရာသီ ပြိုင်ပွဲစုံ ၁၆ ပွဲကစားအပြီးမှာ ၁၈ ဂိုးသွင်း၊ ၆ ဂိုးဖန်တီးထားတာကြောင့် အဆိုပါဆုကို ဆွတ်ခူးဖို အကောင်းဆုံးချိန်းခြောက်ထားနိုင်သေးတာဖြစ်ပါတယ်။ စီရော်နယ်ဒိုကတော့ ဆုကို ရယူနိုင်ဖို အခွင့်အလမ်းနည်းပါးတယ်ဆိုပေမဲ့ …

SPORT

မန်ယူမှာ နည်းပြလုပ်မယ့်သူတွေ သတိထားကြပါလို့ ချယ်ဆီးနည်းပြ သတိပေးပြီ

မန်ယူမှာ နည်းပြလုပ်မယ့်သူတွေ သတိထားကြပါလို့ ချယ်ဆီးနည်းပြ သတိပေးပြီ မောင်ယဿ ( နိုဝင်ဘာ ၂၃ ) အောက်တန်းဆင်းဇုံထဲကို ရောက်နေတဲ့ ဝက်ဖို့ဒ်အသင်းကို ( ၄ – ၁ ) ဂိုး နဲ့ ရှုံးသွားပြီးနောက်မှာတော့ မန်ယူအသင်းနည်းပြဖြစ်သူ ဆိုးရှားကို ဘုတ်အဖွဲ့က အလုပ်ဖြုတ်လိုက်ပါတယ်။ မန်ယူအသင်း ကို နည်းပြဖို့အတွက် မန်နေဂျာတစ်ယောက်ကို ရှာဖွေနေစဉ်မှာ အိမ်စောင့်နည်းပြ ခန့်ထားဖို့အတွက် နည်းပြတစ်ဦးကို မန်ယူဘုတ်အဖွဲ့ က ရှာဖွေနေပါတယ်။ အိမ်စောင့်နည်းပြအဖြစ်တာဝန်ယူမယ့် နည်းပြကိုချယ်ဆီးမန်နေဂျာ တူချယ်က အစစအရာရာ သတိထားပြီး လုပ်ကိုင်ဖို့အတွက် သတိပေးလိုက်ပါတယ်။ မန်ယူက ဒီနေ့ည ဗီလာရီးရဲလ်နဲ့ချန်ပီယံလိဂ် ကစားပြီးရင် တနင်္ဂနွေညမှာ ချယ်ဆီးအသင်း နဲ့တွေ့မှာပါ။ …

SPORT

ကျနော်က ကိုယ့်အဆင့် ကိုယ့်သိလို ဒိုလေးဆီက တီရှက်တောင်းတာပါ ။ ရှက်စရာမရှိပါဘူးလို ဗီလာရီးရဲလ် တောင်ပံကစားသမားဆို

ကျနော်က ကိုယ့်အဆင့် ကိုယ့်သိလို ဒိုလေးဆီက တီရှက်တောင်းတာပါ ။ ရှက်စရာမရှိပါဘူးလို ဗီလာရီးရဲလ် တောင်ပံကစားသမားဆို မောင်ယဿ ( နိုဝင်ဘာ ၂၃ ) ဒီနေ့ည ကစားမယ့် ချန်ပီယံလိဂ် အုပ်စု F ရဲ့ ပွဲတစ်ပွဲဖြစ်တဲ့ ဗီလာရီးရဲလ်နဲ့ မန်ယူတို ပွဲမှာ မန်ယူအသင်းကို အိမ်စောင့်နည်းပြဖြစ်သူ မိုက်ကယ်ကာရစ်က ဦးဆောင်မှာပါ။ ပွဲကြို အင်တာဗျူးမှာ ဗီလာရီးရဲလ် အသင်းက တောင်ပံ ကစားသမား အာနော့ ဒန်ဂျူမာ က ပြီးခဲ့တဲ့ စက်တင်ဘာ မန်ယူနဲ့ ပထမအကျော့တုန်ုးက ရော်နယ်ဒိုဆီက တီရှက်တောင်းခဲ့တာနဲ့ ပတ်က်သက်ပြီး ကိုယ့်အဆင့်ကိုယ့်သိလိုတောင်းတာပါ။ ရှက်စရာမရှိဘူးလို ထည့်ပြောသွားပါတယ်။ မန်ယူက ချန်ပီယံလိဂ် အုပ်စု …

SPORT

ဘာကာပွဲသွားရောက်ကြည့်ရှုနေစဉ် နေအိမ်ဖောက်ထွင်းခံလိုက်ရတဲ့ အန်ဆုဖာတီ

ဘာကာပွဲသွားရောက်ကြည့်ရှုနေစဉ် နေအိမ်ဖောက်ထွင်းခံလိုက်ရတဲ့ အန်ဆုဖာတီ ဘာစီလိုနာအသင်းရဲ့ ဆယ်ကျော်သက်စူပါစတား အန်ဆုဖာတီဟာ ဘာစီလိုနာအသင်းနဲ့ အန်စပန်ညိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲကို သွားရောက်ကြည့်ရှုနေစဉ် နေအိမ်ဖောက်ထွင်းခံခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါပွဲစဉ်ဟာ ဘာကာနည်းပြသစ် ဇာဗီရဲ့ ပထမဆုံးပွဲစဉ်ဖြစ်ပြီး အန်ဆုဖာတီအနေနဲ့ ဒဏ်ရာပြဿနာကြောင့် ပါဝင်မကစားနိုင်ပေမဲ့ အသင်းဖော်တွေကို သွားရောက်အားပေးခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက မြို့ခံပြိုင်ဘက် အန်စပန်ညိုကို ၁-၀ ရလဒ်နဲ့ အနိုင်ရခဲ့လို့ ပျော်နေတဲ့ အန်ဆုဖာတီရဲ့ အပျော်ဟာ နေအိမ်ဖောက်ထွင်းခံရမှုသတင်း ကြောင့် ပျက်သွားရမှာအမှန်ပါပဲ။ La Vanguardia သတင်းရဲ့ ဖော်ပြချက်အရ မသမာသူ လူတစ်စုဟာ ဘာစီလိုနာမြို့အနီးက မြို့လေးတစ်မြို့ဖြစ်တဲ့ Sant Cugat မြို့ရှိ အန်ဆုဖာတီရဲ့ နေအိမ်ကို ဖောက်ထွင်းဝင်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ပြစ်မှုကျူးလွန်းသူတွေဟာ အန်ဆုဖာတီရဲ့ …

SPORT

လုခ့်ရှောနဲ့ ဂရင်းဝုဒ့်တို့ကို ချန်ထားပြီး စပိန်ကိုချီတက်သွားတဲ့ ကာရစ်နဲ့ မန်ယူအသင်း

လုခ့်ရှောနဲ့ ဂရင်းဝုဒ့်တို့ကို ချန်ထားပြီး စပိန်ကိုချီတက်သွားတဲ့ ကာရစ်နဲ့ မန်ယူအသင်း နည်းပြဆိုးရှားနဲ့ လမ်းခွဲအပြီးမှာ ခေတ်သစ်တစ်ခုကို ပြန်လည်စတင်တော့မယ့်မန်ယူအသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ်အတွက် စပိန်နိုင်ငံကို ထွက်ခွာသွားပြီပဲဖြစ်ပါတယ်။ မန်ယူအသင်းဟာ အင်္ဂါနေ့ညမှာ ဗီလာရီးရဲလ်အသင်းနဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ကစားရတော့မှာဖြစ်ပြီး အဲ့ပွဲစဉ်အတွက် မန်ယူအသင်းကို မိုက်ကယ်ကာရစ်က တာဝန်ယူသွားမှာဖြစ်ပါတယ်။ အဲ့ပွဲမှာ အနိုင်ရရှိခဲ့ရင်တော့ မန်ယူအသင်းအတွက် ချန်ပီယံလိဂ်မှာ အုပ်စုတက်ဖို့ အခြေအနေကောင်းသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမန်ယူအသင်းရဲ့ ခြေစွမ်းပိုင်းက အကျဖက်ကို ရောက်ရှိနေပြီး တန်းဆင်းဇုန်နားက ဝက်ဖိုဒ့်လိုအသင်းကို (၄-၁)နဲ့ ရှုံးနိမ့်ထားတာဆိုတော့ ကာရစ်အနေနဲ့ ဗီလာရီးရဲလ်ကို အနိုင်ယူဖို့ တော်တော်လေးကို ပြင်ဆင်ထားရပါလိမ့်မယ်။ တနင်္လာနေ့မှာတော့ ကာရစ်က ဦးဆောင်ပြီး ရော်နယ်ဒို၊မက်ဂွိုင်းယားတို့နဲ့ မန်ယူလေဆိပ်ကနေ ထွက်ခွာနေပုံတွေကို မြင်တွေ့ရပါတယ်။ ဒါပေမယ့် စပိန်ကိုသွားမယ့် …

SPORT

လစာလျှော့ယူဖို့ငြင်းဆန်ခဲ့တဲ့ အမ်တီတီကို အသင်းကနေမောင်းထုတ်ဖို့ ဘာစီလိုနာစီစဉ်နေ

လစာလျှော့ယူဖို့ငြင်းဆန်ခဲ့တဲ့ အမ်တီတီကို အသင်းကနေမောင်းထုတ်ဖို့ ဘာစီလိုနာစီစဉ်နေ စပိန်ကလာတဲ့ သတင်းတွေအရ ဘာစီလိုနာအသင်းအနေနဲ့ အသင်းဒုက္ခရောက်နေချိန်မှာ တစ်ပတ်ကို ပေါင် ၂၀၈,၀၀၀ အထိပေးနေရတဲ့ နောက်ခံလူအမ်တီတီကို လစာလျှော့ယူဖို့တောင်းဆိုခဲ့ပေမယ့် ကစားသမားဖက်က ငြင်းဆန်ခဲ့တဲ့အတွက်ကြောင့် ယခုအခါမှာ သူ့ကို စာချုပ်ဖျက်သိမ်းဖို့ ကြံစည်နေပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာတုန်းကလည်း ဒဏ်ရာပြဿနာတွေရှိနေတဲ့ အမ်တီတီကို ရောင်းထုတ်ဖို့ စီစဉ်ခဲ့ပေမယ့် မအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။ ဘာစီလိုနာအသင်းမှာ ဘဏ္ဍာရေးအခက်အခဲတွေက အခုချိန်ထိရှိနေသေးတာဖြစ်ပြီး အသင်းမှာ လစာအမြောက်အများပေးနေရပြီး လူပိုကြီးလိုဖြစ်နေတဲ့သူတွေကို ထုတ်ရောင်းဖို့ အားစိုက်နေတာပါ။ အသင်းရဲ့ လူကြီးပိုင်းတွေဟာ အခုချိန်မှာ အပိုကုန်ကျငွေတွေကို စီမံဆောင်ရွက်ဖို့ တိုင်ပင်နေကြပြီး လစာများပြီး စွမ်းဆောင်ရည်မကောင်းတဲ့သူတွေကို လမ်းခွဲဖို့ စဉ်းစားနေပါတယ်။ အမ်တီတီအနေနဲ့ ဒဏ်ရာပြဿနာတွေကြောင့် ဘာစီလိုနာအသင်းတွက် မကစားပေးနိုင်သေးသလို …

SPORT

၂၀၂၁ ရဲ့ Golden Boy ဆုကို ထိုက်ထိုက်တန်တန် ရရှိသွားတဲ့ ပတ်ဒရီ

၂၀၂၁ ရဲ့ Golden Boy ဆုကို ထိုက်ထိုက်တန်တန် ရရှိသွားတဲ့ ပတ်ဒရီ ဘာစီလိုနာအသင်းရဲ့ လူငယ်ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ပတ်ဒရီဟာ အားလုံးထင်ထားကြသလိုပဲ ၂၀၂၁ ခုနှစ်ရဲ့ ဥရောပ Golden Boy ဆုကို ဆွတ်ခူးသွားပါတယ်။ အသက်(၁၈)နှစ်သာရှိသေးတဲ့ ပတ်ဒရီဟာ ပြီးခဲ့တဲ့ရာသီမှာ ဘာစီလိုနာအသင်းအတွက် ပွဲ(၅၀)ကျော် ကစားပေးခဲ့တဲ့အပြင် စပိန်လက်ရွေးစင်အသင်းနဲ့လည်း ယူရို ၂၀၂၀ ပြိုင်ပွဲနဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲတွေအထိ ကစားပေးခဲ့ပြီး ဘောလုံးပရိတ်သတ်တွေကို သတိထားမိစေခဲ့တာပါ။ ပက်ဒရီအနေနဲ့ အဆိုပါဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အတွက်ကြောင့် ၂၀၀၅ ခုနှစ်က ဆုရှင် မက်ဆီပြီးရင် အဲ့ဆုရရှိတဲ့ ဒုတိယမြောက်ဘာစီလိုနာကစားသမားဆိုပြီး မှတ်တမ်းဝင်သွားပါတယ်။ အဲ့ဆုအတွက် ဇကာတင်စာရင်းထဲမှာ အင်္ဂလန်လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဘူကာယို ဆာကာ၊ဂျုဒ့် ဘယ်လင်ဟမ်နဲ့ မေဆန် …