November 9, 2021 - SANTHITSA
SPORT

ဘာကာနည်းပြဖြစ်ဖြစ်ချင်းမှာပဲ ဝန်ထမ်းနှစ်ယောက်ကို အလုပ်ထုတ်လိုက်တဲ့ ဇာဗီ

ဘာကာနည်းပြဖြစ်ဖြစ်ချင်းမှာပဲ ဝန်ထမ်းနှစ်ယောက်ကို အလုပ်ထုတ်လိုက်တဲ့ ဇာဗီ ကာတာကနေ ဘာကာကို နည်းပြအဖြစ်နဲ့ ပြန်ရောက်လာတဲ့ ဇာဗီကတော့ ဘာစီလိုနာ အသင်းကို သူစိတ်တိုင်းကျအောင် ပြုပြင် ပြောင်းလဲမှုတွေ စတင်လုပ်ဆောင် နေပြီပဲ ဖြစ်ပါတယ်။ သူရဲ့ပထမဆုံး လုပ်ဆောင်ချက်ကတော့ ဘာစီလိုနာ အသင်းရဲ့ ဆေးအဖွဲ့ထဲက ဝန်ထမ်းနှစ်ယောက်ကို အလုပ်ထုတ် လိုက်တာပါ။ ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာ များစွာနဲ့ ကြုံတွေ့နေ ရတဲ့အတွက် ကစားသမားတွေနဲ့ ကုသရေး ဝန်ထမ်းတွေ ကြားမှာ သဘောထားကွဲလွဲမှု တွေရှိနေ တာဖြစ်ပြီး အဓိက ကစားသမား တချို့ဒဏ်ရာကြောင့် မကစားနိုင် တဲ့အတွက် ပြိုင်ဖက် အသင်းတွေ နောက်မှာ ပြတ်ကျန်နေ ခဲ့ရပါတယ်။ အဲ့ဒဏ်ရာ ပြဿနာတွေဟာ …

SPORT

အင်္ဂလန်လက်ရွေးစင်အသင်းမှာ ထိုက်ထိုက်တန်တန်ရွေးချယ်ခံလိုက်ရတဲ့ စမစ်ရိုး

အင်္ဂလန်လက်ရွေးစင်အသင်းမှာ ထိုက်ထိုက်တန်တန်ရွေးချယ်ခံလိုက်ရတဲ့ စမစ်ရိုး အာဆင်နယ်အသင်းရဲ့ လူငယ်ကြယ်ပွင့် စမစ်ရိုးဟာ အင်္ဂလန်လက်ရွေးစင်အသင်းကြီးအတွက် ပထမဆုံးအကြိမ် စတင်ရွေးချယ်ခြင်းခံလိုက်ရပြီဖြစ်ပါတယ်။ နိုင်ငံတကာရက်သတ္တပတ်မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် အင်္ဂလန်အသင်းရင်ဆိုင်ရမဲ့ အယ်ဘေနီးယားနဲ့ ဆန်မာရီတို့ ပွဲစဉ်အတွက် ထုတ်ပြန်ခဲ့တဲ့ လူစာရင်းမှာ စမစ်ရိုးလည်း ပါဝင်လာခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ကစားသမားနှစ်ဦးဖြစ်တဲ့ မာကပ်စ် ရက်ဖို့ရှ်၊ လုခ်ရှော၊ ချဲလ်ဆီးကွင်းလယ်လူ မေဆင်မောင်၊ ဆောက်သမ်တန်ကစားသမား ဂျိမ်းစ်ဝါ့ဒ်ပရောင့်စ်တို့ကတော့ လက်ရှိအချိန်ထိ လက်ရွေးစင်အသင်းကို သတင်းလာရောက်မပို့ကြသေးဘူးလို့ သိရပါတယ်။ ဂျိမ်းစ်ဝါ့ဒ်ပရောင့်စ်ကတော့ ဖျားနာနေတာကြောင့်ဖြစ်ပြီး ရက်ဖို့ရှ်ကတော့ ပခုံးဒဏ်ရာကသက်သာအပြီး ကြံ့ခိုင်မှုမပြည့်ဝသေးတာကြောင့်လို့ဆိုပါတယ်။ မေဆင်မောင့်ကလည်း သွားနှုတ်ဖို့ရှိတာကြောင့် နောက်ကျနေတာဖြစ်ပါတယ်။ လုခ်ရှောကတော့ မန်ယူအသင်းနဲ့ မန်စီးတီးအသင်းတို့ ဒါဘီပွဲစဉ်မှာ ဦးခေါင်းထိခိုက်ခဲ့တာကြောင့် စစ်ဆေးမှုပြုလုပ်ရဦးမယ်လို့ သိရပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာ ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ခြင်းခံလိုက်ရတဲ့ အသက် …

SPORT

လီဗာပူးကို မလှောင်ကြပါနဲ့ ဗျာလို့ အယ်ဒရစ်ဂီ က ပရိသက်ကို တောင်းဆို

လီဗာပူးကို မလှောင်ကြပါနဲ့ ဗျာလို့ အယ်ဒရစ်ဂီ က ပရိသက်ကို တောင်းဆို မောင်ယဿ ( နိုဝင်ဘာ ၉ ) ဝက်စ်ဟမ်း အိမ်ကွင်းမှာ လီဗာပူး က ( ၃ – ၂ )ဂိုး နဲ့ ရှုံးခဲ့တဲ့ ပွဲ အပြီး မှာ လီဗာပူးပရိသက်တွေ က လီဗာပူးရဲ့ နောက်တန်း ညံ့ဖျင်းမှုနဲ့ ပတ်သက်ပြီး လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ လှောင်ပြောင် ရေးသားမှုတွေနဲ့ ပတ်သက်ပြီး လီဗာပူးဟီးရိုးဟောင်းကြီး ဂျွန်အယ်ဒရစ်ဂီ က မလှောင်ပြောင်ကြဖို့ တောင်းဆိုခဲ့ပါတယ်။ လီဗာပူး အဲခိုး ဂျာနယ်မှာ အယ်ဒရစ်ဂီက “ လီဗာပူးနောက်တန်းမှာ အားနည်းချက်ရှိတာနဲ့ ပတ်သက်ပြီး …

KNOWLEDGE

ငွေကိုဘယ်လိုထားမလဲ? နည်းစနစ်လိုပါတယ်

ငွေကိုဘယ်လိုထားမလဲ? နည်းစနစ်လိုပါတယ် ငွေကို ပိုက်ဆံအိတ် အံဆွဲ၊ မီးခံသေတ္တာ စသည်မှာထားပါတယ်။ ဒါပေမဲ့ ထားတဲ့ နည်းစံနစ် လိုပါတယ်။ မိမိငွေ အဝင် များဖို့၊ အထွက် နည်းဖို့၊ လာဘ်ကောင်းဖို့၊ လုံခြုံစိတ်ချဖို့၊ ကံတက်စေဖို့၊ အဝင်ကောင်း သလို အထွက်လည်း ကောင်းသောနည်းနဲ့သာ ထွက်ဖို့ ဖုန်းရွှေ Fung Shui ပညာက အခုလို အကြံပြု ပါတယ်။ ၁။ ကရဝေးရွက် နဲ့အတူ ထားပါ။ အကျိုးအနာ မပါသော ကရဝေး ရွက် အနည်းဆုံး တစ်ရွက်နဲ့ အတူ ထားပါ။ ငွေပွားများ လာစေပါတယ်။ ၂။ အကျိုးအနာ မပါတဲ့ ဆန်စေ့ …

HEALTH

ဆောင်းရာသီမှာ ခြေဖဝါးကွဲလေ့ရှိသူတွေအတွက် အသုံးဝင်စေမည့် သဘာဝကုထုံးများ

ဆောင်းရာသီမှာ ခြေဖဝါးကွဲလေ့ရှိသူတွေအတွက် အသုံးဝင်စေမည့် သဘာဝကုထုံးများ ရာသီဥတုပူပြင်းခြင်း၊ အေးလွန်းခြင်းနှင့် ခြေထောက်မှ ခြေဆီမပြန်ခြင်းတို့ကြောင့် ခြေဖဝါးနာခြင်း၊ ကွဲခြင်းတို့ဖြစ် တတ်ကြပါသည်။ အကျိုးဆက်က ဖိနပ်လည်းမစီးနိုင် သလို လမ်းလည်းကောင်းကောင်းမလျှောက်နိုင်တော့ချေ။ အိမ်တွင်းသုံးကုထုံးနည်းလေးဖြင့် ယုံယုံကြည်ကြည်စမ်း သပ်ကြည့်ပါ အံ့ဖွယ်သက်သာ ပျောက်ကင်းစေပါသည် နည်းလမ်းလေးမှာ ညအိပ်ရာဝင်ချိန်တွင် ခြေထောက်ကိုသန့်စင်အောင်ဆေးပြီး မန်ကျည်းမှည့်အနှစ် အနည်းငယ်နှင့် ကွမ်းရွက်အနည်းငယ်ကို ကြိတ်ပြီး ခြေဖဝါးကွဲဒဏ်ရာအား သုတ်လိမ်းပေးပါ။ သက်သာပျောက် ကင်းသွားပါလိမ့်မည်။ (ဘေးထွက်ဆိုးကျိုးမရှိသောမြန်မာနည်းလေးဖြစ်ပါသည်။) ဆောင်းတွင်းမှာ ခြေဖနောင့်ကွဲခြင်းကို ကာကွယ် ကုသရန် နိုဝင်ဘာလကုန်ရင် ခရစ္စမတ်ရာသီထဲလည်း ဝင်တော့မယ်။ ဆောင်းရာသီလို ရာသီဥတု အေးတဲ့အချိန်မှာ အရေပြားဆဲလ်သေတွေ ဖနောင့်မှာစုပုံပြီး ဖနောင့်ကွဲတတ်ပါတယ်။ ဖနောင့်ကွဲတဲ့အခါ နာကျင်မှုဝေဒနာကို ခံစားရတဲ့အပြင် အသားမာကြီးတက်ပြီး ခြေထောက်အလှကို …

SPORT

ဖာဂူဆန်နဲ့ ကျနော်နဲ့ က မြင်မြင်ချင်းကို ရန်သူတွေမှန်းသိခဲ့ တာပါလို့ ဝင်းဂါးပြော

ဖာဂူဆန်နဲ့ ကျနော်နဲ့ က မြင်မြင်ချင်းကို ရန်သူတွေမှန်းသိခဲ့ တာပါလို့ ဝင်းဂါးပြော မောင်ယဿ ( နိဝင်ဘာ ၉ ) အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်နည်းပြဟောင်း အာဆင်ဝင်းဂါး က သူရဲ့ခေတ်ပြိုင် မန်ယူ ဂန္ထဝင်နည်းပြ ဆာအဲလက်ဖာဂူဆန်နဲ့ တွေ့တွေ့ချင်မှာ ပဲ ရန်သူတွေ ၊ ပြိုင်ဖက်တွေ ဖြစ်ခဲ့ကြတယ် ဆိုတာကို ၂ဦးစလုံး သိရှိခဲ့ကြတယ်လို့ အတိတ်မှတ်တမ်းတွေကို ပြန်ပြောပြပါတယ်။ အင်္ဂလန်မြောက်ပိုင်းအသင်းကို ၂၂ နှစ်ကြာ နည်းပြခဲ့တဲ့ ပြင်သစ်သား ဝင်းဂါးက ပရီမီးယာလိဂ် ဖလား ၃လုံး ရယူနိုင်ခဲ့ပါတယ်။ နောက်ပြီး ဖာဂူဆန်ရဲ့ ပရီမီးယားလိဂ် ဖလားလက်ဝါးကြီးအုပ်မှုကိုလည်း တောက်လျှောက် တော်လှန်ခဲ့တဲ့ သူလည်းဖြစ်ပါတယ်။ ၁၉၉၆ မှာ …

SPORT

စတာလင်နဲ့ ဒီဂျုံးကို အလဲအထပ်လုပ်မယ်လို့ ဂွာဒီယိုလာ တောင်းဆို

စတာလင်နဲ့ ဒီဂျုံးကို အလဲအထပ်လုပ်မယ်လို့ ဂွာဒီယိုလာ တောင်းဆို မောင်ယဿ ( နိုဝင်ဘာ ၉ ) မန်စီတီးနည်းပြ ပက်ဂွာဒီယိုလာက အသင်းကနေ ထွက်ချင်နေတဲ့ ရာဟင်စတာလင်ကို ဘာစီလိုနာမှာ ကစားကွက် ပျောက်နေတဲ့ ကွင်းလယ် ကစားသမား ဖရန်ကီဒီဂျုံး နဲ့ အလဲအထပ် လုပ်မယ်ဆိုပြီ ဘာစီလိုနာ အသင်းကို တောင်းဆို လိုက်ပါတယ်။ အင်္ဂလန်လက်ရွေးစင် စတာလင်က မန်စီတီးမှာ ကစားချိန်လျှော့ခံထားတာနဲ့ ပတ်သက်ပြီး မကျေမနပ် ဖြစ်ကာ အသင်းပြောင်း ပေးဖို့အတွက် တောင်းဆိုထားတာ ရှိပါတယ်။ အခုဆိုရင် မန်စီတီးတိုက်စစ်မှာ ပွဲချိန်ပြည့် မကစားရတာ ၁၈ လတောင်ရှိနေပါပြီ ။ ဘာစီလိုနာကလည်း စတာလင်ကို ခေါ်ဖို့ ကမ်းလှမ်းမှု …

SPORT

မက်ဆီအတွက် PSG နဲ့ အာဂျင်တီးနား ငြိကြပြီ

မက်ဆီအတွက် PSG နဲ့ အာဂျင်တီးနား ငြိကြပြီ PSG အသင်းဟာ ဒဏ်ရာရနေတဲ့ မက်ဆီကို နိုင်ငံ ပွဲစဉ်တွေ အတွက် ရွေးချယ် ခေါ်ယူ လိုက်တဲ့ အာဂျင်တီးနား အသင်းကို မကျေမနပ် ဖြစ်နေပါတယ်။ PSG အသင်းရဲ့ အားကစား ဒါရိုက်တာ လီယိုနာဒို ကတော့ အဲ့ကိစ္စအပေါ် သူ့ရဲ့ စိတ်ပျက် လက်ပျက် ဖြစ်နေမှုကို ညည်းတွား ပြောဆိုခဲ့ တာပါ။ မက်ဆီဟာ ဒူးဒဏ်ရာနဲ့ ဒူးကောက်ကြော နာကျင် နေမှုကြောင့် PSG အသင်းရဲ့ နောက်ဆုံး ပွဲစဉ် နှစ်ပွဲကို လွဲချော်ထားတာ ဖြစ်ပါတယ်။ မက်ဆီဟာ အာဂျင်တီးနား အသင်းခေါင်းဆောင် တစ်ယောက်ဖြစ်ပြီး …

NEWS

ကမ္ဘာကြီး ကို ကယ်တင်ဖို့ အချိန်တွေ အကုန်မြန်နေတယ်လို့ အိုဘားမား ငြီးတွား

ကမ္ဘာကြီး ကို ကယ်တင်ဖို့ အချိန်တွေ အကုန်မြန်နေတယ်လို့ အိုဘားမား ငြီးတွား မောင်ယဿ ( နိုဝင်ဘာ ၈ ) COP26 ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုဆိုင်ရာ ညီလာခံကျင်းပနေတဲ့ စကော်တလန်က ဂလက်စကိုမြို့ ကို ရောက်နေတဲ့ အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားက အန္တရာယ်ရှိတဲ့ ကာဗွန်ထုတ်လွှတ်မှုတွေကို လျှော့ချဖို့နဲ့ ကမ္ဘာကြီး ပူနွေးလာမှု ကို ဝိုင်းဝန်တားဆီးပေး ကြဖို့အတွက် ဒီကနေ့ မနက်မိန့်ခွန်းမှာ အချိန်တွေ အကုန်မြန်တယ်လို့ ငြီးတွားရင်းသတိပေးပြောကြားသွားပါတယ်။ “ ကျနော်တို့ တည်ရှိနေတဲ့ နေရာမှာ ရှင်သန်နေထိုင်ဖို့အတွက် မတတ်နိုင်ကြတော့ဘူးလားဗျာ ။ ကျနော်တို့ ကမ္ဘာကြီးကို ပြန်တည်ဆောက် ကြရအောင်ဗျာ။ အခုပဲ ပြန်ပြီးတည်ဆောက် ကြရအောင်ဗျာ.။ ကျနော်တို့ မြန်မြန် …

SPORT

ဂိုးပေါက်တစ်ကြိမ်မှ မတည့်ခဲ့တာတောင် ကျေနပ်နေတဲ့ စပါးနည်းပြ ကွန်တီ

ဂိုးပေါက်တစ်ကြိမ်မှ မတည့်ခဲ့တာတောင် ကျေနပ်နေတဲ့ စပါးနည်းပြ ကွန်တီ စပါးအသင်းရဲ့ နည်းပြသစ်ဖြစ်သူ ကွန်တီကတော့ အဲဗာတန် အသင်းနဲ့ သရေကျခဲ့တာကို စိတ်မပျက်ကြောင်းနဲ့ သူ့ အသင်းရဲ့ ကစားပုံကြောင့် လာမယ့်ပွဲစဉ်တွေအတွက် ယုံကြည်မှု ပိုရှိလာ တယ်လို့ ဆိုလိုက် ပါတယ်။ အဆိုပါပွဲစဉ်မှာ စပါးအသင်းဟာ အဲဗာတန်ဂိုးသမား ဂျော်ဒန်ပစ်ဖိုဒ့်ကို ထိထိရောက်ရောက် ဖိအားမပေး နိုင်ခဲ့သလို တိုက်စစ်မှုးဟယ်ရီကိန်းကလည်း ရေမြွေတစ်ကောင်လို အဆိပ်ကင်းမဲ့နေခဲ့တာပါ။ လူစားဝင်ကစားသမား လိုကယ်ဆိုရဲ့ အဝေးကန်ချက်က ဂိုးတိုင်ထိသွားခဲ့တာကလွဲရင် တစ်ပွဲလုံးမှာ ဂိုးပေါက်တည့်တာ တစ်ကြိမ်တောင်မှ မရှိခဲ့ပါဘူး။ အရင်တစ်ပတ်က မန်ယူကိုရှုံးနိမ့်ခဲ့တဲ့ပွဲမှာလည်း စပါးအသင်းအနေနဲ့ ဂိုးပေါက်တည့်တာ တစ်ကြိမ်မှမရှိခဲ့တဲ့အတွက် အခုလို ပရီးမီးယားလိဂ်နှစ်ပွဲဆက်တိုက် ဂိုးပေါက်မတည့်တာဟာ စပါးအသင်းအတွက် ၂၀၀၃/၀၄ ရာသီနောက်ပိုင်း …