November 6, 2021 - SANTHITSA
SPORT

ဆာလာကို အဆီတွေနဲ့ ဝိတ်လေးဘာလေးချဦးလို့ နောက်လိုက်တဲ့ ရော်ဘတ်ဆန်

ဆာလာကို အဆီတွေနဲ့ ဝိတ်လေးဘာလေးချဦးလို့ နောက်လိုက်တဲ့ ရော်ဘတ်ဆန် ကျစ်လျစ်တောင့်တင်းတဲ့ သူ့ရဲ့ ခန္ဓာကိုယ်အတွက် ဆာလာဟာ အစားအသောက်ကို သေချာရွေးချယ်စားသုံးသူဖြစ်ပြီး Gym မှာ လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ဆောင်သူဖြစ်ပါတယ်။ လက်ရှိရာသီမှာ ဆာလာအနေနဲ့ လီဗာပူးလ်အသင်းမှာ အထူးခြေစွမ်းပြသနေသူဖြစ်ပြီး ၁၄ ပွဲကစားအပြီးမှာ ၁၅ ဂိုးအထိသွင်းယူထားကာ လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ် ၁၀ ပွဲအထိ ရှုံးပွဲမရှိအောင် ကူညီစွမ်းဆောင်ပေးထားသူဖြစ်ပါတယ်။ သူဟာ လီဗာပူးလ် အသင်း သမိုင်းတစ်လျှောက် ၁၀ ပွဲဆက်ဂိုးသွင်းနိုင်သူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သူဖြစ်ပြီး ဒီရာသီမှာ သူဂိုးမသွင်းနိုင် တဲ့ပွဲဆိုလို့ ဘန်လေ၊ ဘရိုက်တန်နဲ့ အက်သလက်တီကို အသင်းတို့သာ ရှိသေးပြီး ပွဲစဉ်တိုင်း ဂိုးသွင်းယူနိုင်နေတာဖြစ်ပါတယ်။ ဆာလာရဲ့ ထင်ရှားတဲ့ အောင်ပွဲခံပုံက ဂိုးသွင်းယူပြီးရင် …

SPORT

ခုမန်ယူကစားသမားတွေပုံစံက ကျနော်တို့တုန်းကဆို အဝတ်လဲခန်းထဲ ထိုးပွဲချည်းဖြစ်နေမှာဆိုတဲ့ အီဗရာ

ခုမန်ယူကစားသမားတွေပုံစံက ကျနော်တို့တုန်းကဆို အဝတ်လဲခန်းထဲ ထိုးပွဲချည်းဖြစ်နေမှာဆိုတဲ့ အီဗရာ မန်ယူနောက်ခံလူဟောင်းအီဗာရာက လက်ရှိမန်ယူအသင်းက ကစားသမားတွေရဲ့ အသင်းအပေါ်ထားတဲ့ စိတ်ဓာတ်ကို စိတ်ပျက်နေပြီး အောင်မြင်ချင်တဲ့ စိတ်မရှိကြဘူးလို့ ဝေဖန်လိုက်ပါတယ်။ သူတို့ခေတ်တုန်းက မန်ယူနဲ့ အခုမန်ယူက နံ့သာဆီနဲ့ ဟိုဟာလို ကွာခြားနေတယ်လို့ သူက သာသာနဲ့ နာနာနှပ်လိုက်ပါတယ်။ မန်ယူအသင်းသားတွေအနေနဲ့ စပါးအသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ယူကာ နည်းပြဆိုးရှားရဲ့ ဖိအားတွေကို လျော့ချပေးနိုင်ခဲ့ပေမဲ့ ကြားမှာ ကန်ခဲ့တဲ့ အတ္တလန်တာနဲ့ ပွဲမှာတော့ သရေတစ်မှတ်သာရခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းကို ငါးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ကလည်း ပူပူနွေးနွေးမကြာသေးတာကြောင့် ယူနိုက်တက်ကစားသမားဟောင်းတွေအနေနဲ့ တအုံနွေးနွေးခံစားနေကြရကာ အခုထိ မချိတင်ကဲ ဖြစ်နေကြတာဖြစ်ပါတယ်။ စီရော်နယ်ဒို၊ ဗာရာနီတို့လိုကစားသမားတွေရှိပေမဲ့ ယူနိုက်တက်မှာ ဦးဆောင်နိုင်တဲ့ ကစားသမားအစစ်အမှန်မရှိဘူးလို့ …

SPORT

ပရီမီးယားလိဂ်မှာ မန်ယူကို ၄ပွဲဆက် အနိုင်မရမှုကို အဆုံသတ်ပေးနိုင်မယ်လို့ မန်စီတီးနည်းပြဆို

ပရီမီးယားလိဂ်မှာ မန်ယူကို ၄ပွဲဆက် အနိုင်မရမှုကို အဆုံသတ်ပေးနိုင်မယ်လို့ မန်စီတီးနည်းပြဆို မောင်ယဿ ( နိုဝင်ဘာ ၆ ) ဒီညတွေ့ကြမယ့် မန်ချက်စတာဒါဘီပွဲ မတိုင်ခင် အင်တာဗျူး မှာ မန်စီတီးနည်းပြ ပက်ဂွာဒီယိုလာက ပရီမီးယားလိဂ် ၄ပွဲ ဆက် အနိုင်မရရှိမှုနဲ့ ပတ်သက်ပြီး ဒီညတော့ အဆုံးသက်ပေးနိုင်တော့မယ်လို့ မျှော်လင့်ရကြောင်း ဆိုလာပါတယ်။ မန်စီတီးက ဒါဘီပွဲ နဲ့ ပတ်သက်လာရင် ၂၀၁၉ ဧပြီ လ နောက်ပိုင်းကနေ ယနေ့အထိ မန်ယူကို အနိုင်မရသေးပါဘူး ။ ၂၀၁၉ ဒီဇင်ဘာ ၇ – ( စီတီး ( ၁-၂ ) ယူနိုက်တက် ) …

KNOWLEDGE

ပါးစပ်နံသော ပြသာနာကို ဘယ်လိုဖြေရှင်းမလဲ

ပါးစပ်နံသော ပြသာနာကို ဘယ်လိုဖြေရှင်းမလဲ အလုပ်မှာကျောင်းမှာ နေ့စဉ်တွေ့နေရသောသူတွေထဲမှာ အပြင်ပိုင်းလှသလောက် စကားပြောကြည့်ရင် ပါးစပ်ကနံတာကို သတိမထားမိကြသောသူက တော်တော်များပါတယ်။ ပါးစပ်နံလိုက်တာလို့ပြောပြန်ရင်လည်း ရိုင်းရာကျမှာပါ။ သူများကို မပြောခင် ကိုယ်ကမနံအောင် ဘယ်လိုလုပ်သင့်သလဲ။ ၀၁. သေသေချာချာဝါးစားပါ အစားကို စားသောအခါ သေသေချာချာ ဝါးစားခြင်းဖြင့် ပါးစပ်အတွင်းမှာ လိုအပ်သောဓါတ်(သို့)တံထွေးကိုထွက်စေပါတယ်။ ခံတွင်းတံထွေးများများထွက်စေခြင်းဟာ ခံတွင်း၏ခြောက်သွေ့မူကို ကာကွယ်နိုင်ပြီး ပါးစပ်နံတာကိုလည်း ကာကွယ်နိုင်ပါသည်။ ပီကေစားရင်လည်း အဆင်ပြေမှာပါ။ ၀၂. ထမင်းကိုတော်ရုံသာစားပါ ထမင်းကို ဗိုက်အပြည့်စားသောအခါ ကိုယ်ခန္ဓာအတွင်းမှာ ရှိသောအစာအိမ် တခုတည်းမဟုတ် အခြားသော ကလီဇာ တွေကိုအလုပ်ပိုလုပ်စေသောကြောင့် ပါးစပ်နံရခြင်းဖြစ်ပါတယ်။ ထို့ကြောင့် အစားကို ဗိုက်တင်းအောင်မစားပဲ အသင့်အတင့်သာ စားသင့်တယ်လို့ အကြံပေးပါရစေ။ ၀၃. ပဲ၊ …

KNOWLEDGE

အသားအရေနဲ့ အလှအပအတွက် မိတ်ကပ်လိမ်းစရာမလိုအောင် သဘာဝအတိုင်းလှပစေမဲ့ နည်းလမ်း ၁၁မျိုး

အသားအရေနဲ့ အလှအပအတွက် မိတ်ကပ်လိမ်းစရာမလိုအောင် သဘာဝအတိုင်းလှပစေမဲ့ နည်းလမ်း ၁၁မျိုး ၁။ မျက်နှာအရောင်ကို ပိုမိုကောင်းမွန်အောင် သင့်မျက်နှာကို မိတ်ကပ်လိမ်းစရာမလိုဘဲ အသားအရေကြည်လင်ဝင်းပစေဖို့အတွက် Chamomile လက်ဖက်ရည်ကို အသုံးပြုပါ။ ဆေးဆိုင်တွေမှာ Chamomile ဝယ်ယူပြီး လက်ဖက်ခြောက်အစာ အဆိုပါ Chamomile ကို ရေနွေးထဲမှာခပ်ပေးပါ။ ရေနွေးထဲမှာ ခပ်ပြီး မိနစ် ၃၀ခန့် ဓာတ်ဗူးထဲမှာ နှပ်ထားပေးပါ။ မနက်စာ မစာခင်မှာ အဆိုပါရေနွေးကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းရောထည့်ပြီး သောက်သုံးပေးပါ။ ၂ပတ်အတွင်း သင့်မျက်နှာပေါ်က အသားအရေအတွက်ထူးခြားမှုတွေရရှိလာပါလိမ့်မယ်။ ၂။ မျက်တောင်မွှေးရှည်လျားပြီး မျက်ခုံးမွှေးထူစေဖို့အတွက် မျက်တောင်မွှေးနဲ့ မျက်ခုံမွှေးအားကောင်းဆေးဖို့အတွက် အကောင်းဆုံး အဟာရပေးကျွေးနိုင်ဖို့ အိပ်တွင်းဆေးနည်းလေးမျှဝေပေးလိုက်ပါတယ်။ ဒါကတော့ ဘာလဲဆိုတော့ ဗာဒံဆီ၊ …

KNOWLEDGE

သင်ကိုယ်တိုင်လည်း မသိသေးတဲ့ ရေသောက်နည်း

သင်ကိုယ်တိုင်လည်း မသိသေးတဲ့ ရေသောက်နည်း အခုကစလို့အဲလိုသောက်တတ်အောင်လေ့ကျင့်မယ်။ အသားအရေ စိုပြေအောင် ရေသောက်နည်း ရေသောက်တာ လူတိုင်းသောက်တတ်ပါတယ်။ ဒါပေမယ့် စနစ်တကျသောက်လို့ လှပမယ်ဆိုရင် မကောင်းဘူးလား❓ သင့်အသားအရေကို level 3 ခုလောက် glow သွားစေမယ်ဆိုရင် မကောင်းဘူးလား❓ ရေ၁ခွက် ကို 300 မီလီလီတာ လောက်တော့ သောက်ပေးပါ။ 1st glass – မနက် ၇ နာရီမှာ ရေနွေးနွေးလေး ၁ ခွက် အပြည့်သောက်ပြီး အဆိပ်ထုတ်ကြမယ်။ 2nd glass – မနက် ၉ နာရီမှာသောက်ခြင်းဖြင့် စိတ်ကြည်သွားစေတဲ့အပြင် ရေဓာတ်ပြန်ဖြည့်မယ်။ 3rd glass – မနက် ၁၁ …

SPORT

အရှုံးသံသရာကနေ ရုန်းထွက်ဖို့ ကစားသမားတွေကို ဆိုးရှားသတိပေး

အရှုံးသံသရာကနေ ရုန်းထွက်ဖို့ ကစားသမားတွေကို ဆိုးရှားသတိပေး လီဗာပူးလ်ကို ငါးဂိုးပြတ်နဲ့ ရှုံးနိမ့်ပြီးနောက် စပါးအသင်းကို ကစားကွက်အသစ် ပုံစံအသစ်နဲ့ သုံးဂိုးပြတ်အနိုင်ယူကာ ဖိအားတွေ အောက်က ရုန်းထွက်လာခဲ့တဲ့ နည်းပြဆိုးရှားက မန်ယူကစားသမားတွေကို အရှုံးတွေကနေ သင်ခန်းစာယူဖို့ တောင်းဆိုလိုက်ပါတယ်။ သူ့အနေနဲ့ မန်ယူအသင်းသားတွေ အမှောင်မိုက်ဆုံးနေ့ရက်တွေကနေ ကောင်းကောင်းကြီးသင်ခန်းစာရခဲ့ကြပြီဖြစ်လို့ ပိုမိုကောင်းမွန်အောင်ကြိုးစားဖို့လည်း တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းကို (၅-၀) ရလာဒ်နဲ့ ရှုံးနိမ်ခဲ့ရတာဟာ မန်ယူအသင်းအတွက် သမိုင်းတစ်လျှောက်အကြီးမားဆုံး အိမ်ကွင်းရှုံးပွဲလည်းဖြစ်ခဲ့ပြီး ဒီထက်ပိုမိုကြီးမားတဲ့ ရလာဒ်နဲ့တောင် ရှုံးသွားနိုင်တာဖြစ်ပါတယ်။ ဆိုးရှားအနေနဲ့လည်း ဝေဖန်ထိုးနှက်မှုတွေကို အလွန်အကြူးခံနေရကာ ယူနိုက်တက်လိုအသင်းကြီး နည်းပြအလုပ်နဲ့ မထိုက်တန်ဘူးလို့တောင် အပြောခံနေရတာဖြစ်ပါတယ်။ နည်းပြဆိုးရှားက အဆိုပါရှုံးပွဲဟာ သူနည်းပြလုပ်ခဲ့တဲ့ သုံးနှစ်သက်တမ်းမှာ အဆိုးဝါးဆုံး အခိုက်အတန့် ဖြစ်ခဲ့ရတယ်လို့ ဝန်ခံခဲ့ပြီး …

SPORT

လီဗာပူးလ်လို မန်ယူကို ဂိုးပြတ်သွင်းနိုင်မလား ဂွာဒီယိုလာ သုံးသပ်

လီဗာပူးလ်လို မန်ယူကို ဂိုးပြတ်သွင်းနိုင်မလား ဂွာဒီယိုလာ သုံးသပ် အိုးထရက်ဖို့ဒ်မှာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းက မန်ယူအသင်းကို ငါးဂိုးပြတ်နဲ့ အလဲထိုးအနိုင်ရခဲ့ပါတယ်။ ဖိအားတွေအောက်ရောက်နေတဲ့နည်းပြဆိုးရှားအနေနဲ့ အရေးပါတဲ့ပွဲစဉ်တွေ ဆက်တိုက်ယှဉ်ပြိုင်နေရကာ မန်စီးတီးလို အသင်းနဲ့ ထပ်မံရင်ဆိုင်ရမှာဖြစ်တာကြောင့် သိပ်တော့ မလွယ်ဘူးလို့ဆိုရမှာပါ။ မန်ယူအသင်းနဲ့ ရင်ဆိုင်ရမယ့်အပေါ် မန်စီးတီးနည်းပြဂွါဒီယိုလာက အိုးထရက်ဖိုဒ့်မြေကိုသွားပြီး လီဗာပူးလ် ငါးဂိုးပြတ်သွင်းပြခဲ့သလိုမျိုး လုပ်ပြနိုင်ဖို့မလွယ်ဘူးလို့ဆိုပါတယ်။ ယာဂင်ကလော့ရဲ့ လီဗာပူးလ်အသင်းက မန်ယူကို ငါးဂိုးပြတ်နဲ့ နိုင်ခဲ့ပြီး ဒီထက်ပိုမိုကွာဟချက်ကြီးမားတဲ့ ဂိုးရလာဒ်နဲ့ပါ အနိုင်ရနိုင်ချေရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဂွာဒီယိုလာက လီဗာပူးလ်လို မန်ယူကို ဂိုးပြတ်သွင်းပြဖို့ဆိုတာမဖြစ်နိုင်ကြောင်း မန်ယူအသင်းအနေနဲ့ အမှားတွေကနေ သင်ခန်းစာကောင်းကောင်းယူထားလောက်ပြီဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ သူက – ကျနော်တို့ လီဗာပူးလ်ကစားသလို လိုက်မကစားနိုင်ပါဘူး ဘာလို့လဲဆိုတော့ ကျနော်တို့အသင်းမှာရှိတဲ့ကစားသမားတွေနဲ့ …

SPORT

ဂွာဒီယိုလာစာချုပ်ပြည့်လို့ ဒိုးသွားရင် မန်စီးတီးနည်းပြသစ် ဘယ်သူဖြစ်လာမလဲ ?

ဂွာဒီယိုလာစာချုပ်ပြည့်လို့ ဒိုးသွားရင် မန်စီးတီးနည်းပြသစ် ဘယ်သူဖြစ်လာမလဲ ? မန်စီးတီးအသင်းနဲ့ နည်းပြဂွာဒီယိုလာတို့ရဲ့စာချုပ်သက်တမ်းဟာ ၂၀၂၃/၂၄ ရာသီကျရင် ကုန်ဆုံးတော့မှာပဲဖြစ်ပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် ၂၀၂၃/၂၄ ရာသီကိုရောက်ဖို့ အဝေးကြီးလိုသေးတယ်ဆိုပေမယ့် တစ်ကယ်တမ်းဆိုရင် တစ်ရာသီခွဲစာပဲ ကျန်တော့တာပါ။ အဲ့အချိန်ကျရင်တော့ ဂွာဒီယိုလာကလည်း အထုပ်အပိုးတွေပြင်ပြီး ဒိုးတော့မယ်လို့ ဆိုထားပါတယ်။ အဲ့အတွက် မန်စီးတီးအသင်းအနေနဲ့ သူ့နေရာကိုအစားထိုးဖို့ ဂွာဒီယိုလာလို အဆင့်မျိုးမဟုတ်ရင်တောင် လက်ခံပေးလို့ရမယ့် နာမည်ကြီးနည်းပြတစ်ယောက်ကို စတင်ရှာဖွေ နေပြီဖြစ်ပါတယ်။ ပရိတ်သတ်တွေကတော့ ဂွာဒီယိုလာအလွန်မှာ မန်စီးတီးအသင်းကို ကိုင်တွယ်မယ့်သူအနေနဲ့ ဂွာဒီယိုလာလိုမျိုး ဘောလုံးနည်းစနစ်နဲ့ ကစားဟန်တွေ တူညီမှရမယ်လို့ တောင်းဆိုထားပါတယ်။ မန်စီးတီးအသင်းဟာ ဂွာဒီယိုလာလက်ထက်မှာ ရင်ခုန်စွဲမက်စေတဲ့ ကစားဟန်တွေနဲ့ ပရိတ်သတ်တွေကို စိတ်လှုပ် ရှားမှုတွေ ပေးစွမ်းနေ နိုင်တာပဲ ဖြစ်ပါတယ်။ …

SPORT

အင်္ဂလန်လက်ရွေးစင်ကနေ အထုတ်ခံရလို့ မကျေမနပ်ဖြစ်နေတဲ့ ဘန်လေဂိုသမား

အင်္ဂလန်လက်ရွေးစင်ကနေ အထုတ်ခံရလို့ မကျေမနပ်ဖြစ်နေတဲ့ ဘန်လေဂိုသမား မောင်ယဿ ( နိုဝင်ဘာ ၅ ) ဒီလထဲမှာ ကစားမယ့် အင်္ဂလန်အသင်းရဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုပွဲ ၂ပွဲအတွက် လူစာရင်းထုတ်ပြန်တဲ့နေရာမှာ ချန်လှပ်ခံထားရတာနဲ့ ပတ်သက်ပြီး ဘန်လေ ဂိုးသမားဖြစ်သူ နစ်ခ်ပုပ်က စိတ်ပျက်ရတယ် ဆိုတဲ့အကြောင်းပြောလာပါတယ်။ အင်္ဂလန်အသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်ဖို့ အုပ်စု I မှာ အသင်း ၆သင်းတွဲကြပြီး ခြေစစ်ပွဲ ၁၀ ပွဲ ကစားရမှာ ဖြစ်ပါတယ်။ လက်ရှိက ၈ပွဲ ကစားထားပြီး ၆ပွဲနိုင် ၂ပွဲသရေနဲ့ ရမှတ်၂၀ ရထားပါတယ်။ ဒီလ ၁၃ ရက်နေ့မှာ အယ်ဘေးနီးယားအသင်းကို အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး ၂၆ …