November 5, 2021 - SANTHITSA
NEWS

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …

NEWS

တောင်တရုတ်ပင်လယ်က ရေအောက်တောင်ကို တိုက်မိတဲ့ အမေရိကန် ရေငုတ်သဘောင်္က အရာရှိတွေကို အလုပ်ဖြုတ်

တောင်တရုတ်ပင်လယ်က ရေအောက်တောင်ကို တိုက်မိတဲ့ အမေရိကန် ရေငုတ်သဘောင်္က အရာရှိတွေကို အလုပ်ဖြုတ် မောင်ယဿ ( နိုဝင်ဘာ ၅ ) ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ရက်နေ့က တောင်တရုတ်ပင်လယ်ထဲမှာ တိတ်တဆိတ် လှုတ်ရှားနေတဲ့ နျူကလိယ စွမ်းအင်သုံး အမေရိကန် ရေငုတ်သဘောင်္ ယူအက်စ်အက်စ် ကွန်နက်တီကတ် က ရေအောက် တောင် တစ်ခုကို တိုက်မိတဲ့အတွက် အရေးပေါ် လုပ်ငန်းတွေ လုပ်ခဲ့ရပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး အမေရိကန် ရေတပ်က ရေငုတ်သဘောင်္ရဲ့ အဆင့်မြင့်အရာရှိ တစ်အုပ်လုံး ကို အလုပ်ဖြုတ်လိုက်တယ်လို့ သိရပါတယ်။ အမေရိကန် ရေတပ်ရဲ့ အုပ်စု၇ တပ်မှူး ၊ နျူကလိယစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုတ်သဘောင်္ …

SPORT

မန်ယူမှာ ပွဲထွက်ခွင့်မရတာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ ဘုံပျောက်သွားတဲ့ လင်ဂတ်နဲ့ ဆန်ချို

မန်ယူမှာ ပွဲထွက်ခွင့်မရတာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ ဘုံပျောက်သွားတဲ့ လင်ဂတ်နဲ့ ဆန်ချို ဒီလနှောင်းပိုင်းမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် အယ်ဘေးနီးယားနိုင်ငံအသင်းနဲ့ ဆန်မာရီယိုနိုင်ငံအသင်းတို့ကို ယှဉ်ပြိုင်ကစားရမဲ့ အင်္ဂလန်လက်ရွေးစင်အတွက် နည်းပြကြီး ဆောက်ဂိတ်က မန်ယူအသင်းရဲ့ ကစားသမားနှစ်ဦးဖြစ်တဲ့ ဆန်ချိုနဲ့ လင်ဂတ်တို့ကို မရွေးချယ်ပဲ ချန်လှပ်ခဲ့ပါတယ်။ ဆန်ချိုအနေနဲ့ ဒေါ့မွန်ကနေ အမိမြေ အင်္ဂလန်ကိုပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း ကလပ်အသင်းမှာလည်း ပွဲထွက်ခွင့်မရတဲ့အပြင် နိုင်ငံလက်ရွေးစင်အသင်းမှာပါ နေရာတစ်နေရာပျောက်ဆုံးခဲ့ရတာပါ။ မန်ယူအသင်းက အသက် ၂၁ နှစ်အရွယ် ဆန်ချိုကို ဂျာမနီမြေကနေ ပေါင် ၇၃ သန်းနဲ့ ဝယ်ယူခဲ့ပြီး အရန်ခုံထိုင်ခိုင်းထားခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးတစ်ခေါက်မှာ ဆန်ချိုကို ရွေးချယ်ခဲ့ပေမဲ့ လက်ရွေးစင်အသင်းအတွက် ခေါ်ယူဖို့ မထိုက်တန်တော့ဘူးလို့ ဝန်ခံခဲ့တဲ့ နည်းပြဆောက်ဂိတ်က ယခုအချိန်မှာတော့ လုံးဝကို ပစ်ပယ်ထားလိုက်ပြီဖြစ်ပါတယ်။ …

SPORT

အွန်လိုင်းပေါ်က ဆယ်လီခွေး လေလံပစ်တာ ဒေါ်လာ ၂၅၀၀၀ တောင်ရသတဲ့

အွန်လိုင်းပေါ်က ဆယ်လီခွေး လေလံပစ်တာ ဒေါ်လာ ၂၅၀၀၀ တောင်ရသတဲ့ မောင်ယဿ ( နိုင်ဝင်ဘာ ၅ ) တရုတ်နိုင်ငံမှာ သခင်က စွန့်ပစ်ထားတဲ့ ခွေးတစ်ကောင်က အွန်လိုင်းပေါ်မှာ စိတ်ဝင်စားခံရမှုဖြစ်လာလို့ လေလံကုမ္ပဏီတစ်ခုက လေလံပစ်ရာ အလုအယက် လေလံဆွဲရင်းက တရုတ် ယွမ်ငွေ ၁၆၀၀၀၀ ( ကန်ဒေါ်လာ ၂၅၀၀၀ ) နဲ့ အရောင်းအဝယ်တည့် သွားပါတယ်။ ရှီဘာအီနူ မျိုးဖြစ်တဲ့ ၈နှစ်သားအရွယ် ဒိန်ဒိန် လို့ အမည်ရတဲ့ ခွေးကို သူ့ သခင်စွန့်ပစ်ထားတာ ၇နှစ်ရှိသွားပါပြီ ။ အဲ့ခွေးလေးအကြောင်းက အွန်းလိုင်ပေါ်မှာ နာမည်ကြီးပါတယ်။ အဲ့ဒါနဲ့ အဲ့ဒိခွေးလေးကို ကမ္ဘာကျော် တရုတ် အွန်လိုင်းစီပွားရေးလုပ်ငန်းဖြစ်တဲ့ …

LIFE STYLE

အသက် ၂၀ အရွယ်ဆိုတာ မတည်ငြိမ်သေးတဲ့အရွယ်ပါပဲ။

အသက် ၂၀ အရွယ်ဆိုတာ မတည်ငြိမ်သေးတဲ့အရွယ်ပါပဲ။ ဒီလိုအချိန်မှာ အချစ်ရေးနဲ့ပတ်သတ်ပြီး အမှားအယွင်း မ ဖြစ်အောင် သတိထားဖို့လိုပါတယ် ဒါကြောင့် ပျိုမေတို့အတွက် အသက် ၂၀ အရွယ်မှာ အချစ်ရေးနဲ့ပတ်သတ်ပြီး ရှောင်ကြဉ်သင့်တဲ့ အရာတချို့ကို ပြောပြ ပေးလိုက်ပါတယ်။ ၁ – လက်မထပ်ပါနဲ့ အသက် ၂၀ အရွယ်က အရမ်းငယ်လွန်းပါတယ်။ ဘဝတက်လမ်းအတွက်လည်း ကြိုးစားလို့ကောင်းတဲ့အချိန်ပါ။ ဒီလိုအချိန်မှာ ရူးမိုက်ပြီးလက်ထပ်တာမျိုး မလုပ်ပါနဲ့။ ဒီအရွယ်က မတည်ငြိမ်သေးတဲ့အရွယ်မို့ လက်မထပ်သင့်ပါဘူး။ ၂ -ပုံအောပြီးမချစ်ပါနဲ့ တစ်စုံတစ်ယောက်ကို ပုံအောချစ်ထားပြီးမှ ကွဲသွားခဲ့ရင် ကိုယ်ပဲအလူးအလဲခံစားရမှာပါ။ ဒီအရွယ်မှာ မတည်မြဲနိုင်သေးတဲ့အတွက် တစ်ခုခုဆို အရမ်း Serious မဖြစ်ပါနဲ့။ကိုယ့်အတွက် ရှေ့ဆက်ရမယ့်အချိန်တွေ၊ တွေ့ရမယ့်လူတွေက အများကြီးရှိပါသေးတယ်။ …

SPORT

မင်္ဂလာပွဲကို ပြင်သစ်မှာ ရိုမန်တစ်ဆန်ဆန်ကျင်းပဖို့ စီစဉ်နေတဲ့ မက်ဂွိုင်းယား

မင်္ဂလာပွဲကို ပြင်သစ်မှာ ရိုမန်တစ်ဆန်ဆန်ကျင်းပဖို့ စီစဉ်နေတဲ့ မက်ဂွိုင်းယား မန်ယူဖန်တွေ ဂေါင်းကြီးလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ မက်ဂွိုင်းယားကတော့ သူရဲ့ အတူနေချစ်သူ ဖန်းဟော့ကင်နဲ့ လက်ထက်မင်္ဂလာဆင်မြန်းဖို့ စီစဉ်နေပြီဖြစ်ပါတယ်။ သူတို့နှစ်ဦးတွဲခဲ့တဲ့ အချိန်ကာလက ဆယ်နှစ်ခန့်ရှိနေပြီဖြစ်တာကြောင့် ရေရှည်တည်တံ့ခိုင်မြဲတဲ့ relationship တစ်ခုကို တည်ဆောက်ထားနိုင်တယ်ဆိုရမှာပါ။ မင်္ဂလာပွဲမှာ သတို့သမီးအရန်လုပ်ဖို့ အင်္ဂလန်အသင်းဖော် ဂျော်ဒန် ပစ်ဖို့ဒ်ရဲ့ ဇနီး မီဂန် ဒေးဗစ်ဆန်ကို ရွေးချယ်ထားတယ်လို့လည်း သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် အင်္ဂလန်လက်ရွေးစင်ဗဟိုခံစစ်မှူး မက်ဂွိုင်းယားအနေနဲ့ မင်္ဂလာဆောင်ကို လာမဲ့နွေရာသီ ပြင်သစ်မှာ ရိုမန်တစ်ဆန်ဆန်ကျင်းပသွားမယ်လို့ သိရပါတယ်။ သတို့သမီးအရန်ကိုလည်း မက်ဂွိုင်းယားညီမ ဒေစီအပြင် အင်္ဂလန်အသင်းဖော် ဂျော်ဒန် ပစ်ဖို့ဒ်ရဲ့ ဇနီး မီဂန် ဒေးဗစ်ဆန်ကိုပါ ရွေးချယ်ထားခဲ့ပါတယ်။ ၂၈ …

SPORT

ပထမပိုင်းသွင်းဂိုးငါးဂိုး ဒုတိယပိုင်း အနီကတ်သုံးကတ်နဲ့ ကွန်တီရဲ့ ပထမဆုံးပွဲ

ပထမပိုင်းသွင်းဂိုးငါးဂိုး ဒုတိယပိုင်း အနီကတ်သုံးကတ်နဲ့ ကွန်တီရဲ့ ပထမဆုံးပွဲ ယနေ့မနက်ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါကွန်ဖရန့်လိဂ်ပြိုင်ပွဲမှာတော့ စပါး နည်းပြသစ် ကွန်တီရဲ့ ပထမဆုံးကိုင်တွယ်ရတဲ့ပွဲကို အနိုင်နဲ့ စဖွင့်နိုင်ခဲ့ပါတယ်။ တိုက်စစ်မှူးဆွန်ဟောင်မင်က စပါးအသင်းအတွက်အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ကွန်တီရဲ့ ယုံကြည်မှုကို စတင်ယူပြခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲမှာ စပါးအသင်းဘက်က ကစားသမားတစ်ဦး အနီကတ်ထိခဲ့ကာ Vitesee အသင်းဘက်က ကစားသမားနှစ်ဦးအနီကတ်ထိခဲ့တာကြောင့် အဝါကတ်၊ အနီကတ်တွေ ပလူပျံခဲ့ရတဲ့ပွဲလည်းဖြစ်ခဲ့ရပါတယ်။ နည်းပြသစ်ရဲ့ လက်အောက်မှာ စိတ်ဓာတ်ပိုင်းတက်ကြွနေတဲ့ စပါးအသင်း ပွဲကစားချိန် မိနစ် ၃၀ မပြည့်သေးခင်မှာတင် ဦးဆောင်ဂိုး သုံးဂိုးအထိရခဲ့တာဖြစ်ပါတယ်။ စပါးအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၁၅ မိနစ်မှာ ဂိုးဧရိယာထဲ ရှုပ်ရှက်ခက်နေတဲ့ကြားက တိုက်စစ်မှူး ဆွန်ဟောင်မင် အပြင်းကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ နောက်ထက် ၇ …

SPORT

(၈)သန်းနဲ့ သဘောတူထားတဲ့ကစားသမားကို ကိုးသိန်းသာပေးရတော့မယ့် ခရစ္စတယ်ပဲလေစ့်အသင်း

(၈)သန်းနဲ့ သဘောတူထားတဲ့ကစားသမားကို ကိုးသိန်းသာပေးရတော့မယ့် ခရစ္စတယ်ပဲလေစ့်အသင်း ဒီအပတ်ထဲမှာပြုလုပ်ခဲ့တဲ့ တရားခွင်မှာ ခုံသမာဓိအဖွဲ့ဝင်တွေက ခရစ္စတယ်ပဲလေစ့် အသင်း အနေနဲ့ နသန်ဖာဂူဆန်ကို ဝယ်ယူခဲ့မှု အတွက် ဝက်စ့် ဘရွန်းအသင်းဖက်ကို ပေါင်(၉)သိန်းသာ ပေးချေဖို့ အမိန့်ချလိုက်တယ်လို့ သိရပါတယ်။ အဲ့ဆုံးဖြတ်ချက်ဟာ ဝက်စ့်ဘရွန်းအသင်းအတွက်တော့ စိတ်ပျက်စရာဖြစ်ကောင်းဖြစ်သွားပါလိမ့်မယ်။ဘာလို့ဆို ဝက်စ့်ဘရွန်းအသင်းဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ နသန်ဖာဂူဆန်ကို ပေါင်(၈)သန်းနဲ့ သဘောတူညီမှုရယူပြီး ခရစ္စတယ်ပဲလေစ့်အသင်းထံ ရောင်းချခဲ့တာပါ။ ဒါပေမယ့်လည်း နသန်ဖာဂူဆန်မှာ ဒူးဒဏ်ရာတွေရှိနေတာကို ဆေးအဖွဲ့ကရှာဖွေတွေ့ရှိပြီးတဲ့နောက်မှာတော့ ပေါင်(၈)သန်းတန် သဘောတူညီမှုနဲ့ပက်သက်ပြီး ပြန်လည်ညှိနှိုင်းကြရင်း ရုံးရောက်ဂတ်ရောက်တွေ ဖြစ်ကုန်တာပါ။ ခရစ္စတယ်ပဲလေစ့်အသင်းဖက်က အခုလို ဒဏ်ရာပြဿနာရှိနေတဲ့ ကစားသမားကို ရောင်းချမှုအတွက် လျော်ကြေးငွေရလိုမှုနဲ့ စွဲချက်တင်ခဲ့တာပါ။ ဒါပေမယ့် ဝက်စ့်ဘရွန်းအသင်းကတော့ ပထမသဘောတူထားပြီးသားဖြစ်တဲ့ …

SPORT

ဘာကာကိုပြောင်းခွင့်ပြုဖို့ အယ်လ်ဆက်ဒ်အသင်းကို တောင်းဆိုလိုက်တဲ့ ဇာဗီ

ဘာကာကိုပြောင်းခွင့်ပြုဖို့ အယ်လ်ဆက်ဒ်အသင်းကို တောင်းဆိုလိုက်တဲ့ ဇာဗီ ဘာစီလိုနာ အသင်းဟာ ဇာဗီကိုနည်းပြသစ်အဖြစ် ခန့်အပ်ဖို့အတွက် ကာတာနိုင်ငံက ဒိုဟာမြို့ကို ရောက်ရှိနေပြီး ဇာဗီကလည်း အယ်လ်ဆက်ဒ် အသင်းကို ခွင့်ပြုပေးဖို့ တောင်းဆို လိုက်ပါတယ်။ ဘာစီလိုနာ အသင်းဟာ ရော်နယ်ကိုးမန်းကို ထုတ်လိုက်ပြီးတဲ့နောက်မှာ ဇာဗီကို နည်းပြသစ် အဖြစ် မကြာခင်မှာ ပွဲထုတ်ချင် နေပြီး အယ်လ်ဆက်ဒ် အသင်းထံကို တရားဝင် လာရောက် ဆွေးနွေး နေတာပဲ ဖြစ်ပါတယ်။ အသက်(၄၁) နှစ်အရွယ် ဇာဗီဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အယ်လ်ဒူ ဘိုင်းအသင်းနဲ့ (၃-၃) သရေကျခဲ့ တဲ့ပွဲအပြီးမှာ သူ့အသင်း သားတွေကို တစ်ယောက်ချင်းစီ လိုက်လံ လက်ဆွဲ နှုတ်ဆက်ခဲ့ပြီး …