November 1, 2021 - SANTHITSA
SPORT

လော်ရစ် ကာရီးယက်စ် ထွက်ခွာခြင်းနဲ့အတူ လီဗာပူးလ်ပရိသတ်တွေမမေ့နိုင်မဲ့ ချန်ပီယံလိဂ်ညချမ်း

လော်ရစ် ကာရီးယက်စ် ထွက်ခွာခြင်းနဲ့အတူ လီဗာပူးလ်ပရိသတ်တွေမမေ့နိုင်မဲ့ ချန်ပီယံလိဂ်ညချမ်း နည်းပြယာဂင်ကလော့လက်ထက်မှာ လီဗာပူးလ်အသင်းကို ကမ္ဘာ့ပေါ်မှာ အတောင့်တင်းဆုံးနဲ့ အကောင်းမွန်ဆုံးအသင်းတစ်သင်းဖြစ်အောင် တည်ဆောက်နိုင်ခဲ့တာ အားလုံးရဲ့ မျက်မြင်ပဲ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ လီဗာပူးလ်အသင်းကို စတင်ရောက်ရှိခဲ့တဲ့ သူ့အနေနဲ့ ချန်ပီယံလိဂ်ဖလားတစ်ကြိမ်၊ ပရီးမီးယားလိဂ်ဖလားတစ်ကြိမ်ရယူပေးခဲ့ကာ အခုလို ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်အောင် ပဲ့ကိုင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ လီဗာပူးလ်နည်းပြဘဝမှာ စောစောစီးစီး အဆိုပါ ဆုဖလားတွေကို ဆွတ်ခူးနိုင်ဖို့ အခွင့်အရေးရခဲ့ပေမဲ့ ဂိုးသမားတစ်ဦးရဲ့ မထင်မှတ်ဖွယ်အမှားတွေကြောင့် နောက်တစ်ကြိမ် ပြန်လည်ကြိုးစားခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ လာမဲ့ နွေရာသီမှာ အသင်းရဲ့ ပထမဦးစားပေးဖြစ်ခဲ့ဖူးတဲ့ ​လော်ရစ်ကာရီယက်စ်ကို အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးတော့မယ်လို့ MIRROR သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ သူ့ဟာ …

SPORT

ကာတာမှာ ၃ပွဲပဲ ကစားရသေးတယ် အနီကတ်နဲ့ အထုတ်ခံရတဲ့ ရိုဒရီဂွတ်ဇ်

ကာတာမှာ ၃ပွဲပဲ ကစားရသေးတယ် အနီကတ်နဲ့ အထုတ်ခံရတဲ့ ရိုဒရီဂွတ်ဇ် မောင်ယဿ ( နိုဝင်ဘာ ၁ ) ရီးရဲလ်မက်ဒရစ် နဲ့ အယ်ဗာတန် ကစားသမားဟောင်း ကိုလံဘီယာသား ဂျိမ်းရိုဒရီဂွက်ဇ်က ကာတာ အဆင့်မြင့်တန်းကို ရောက်ပြီး ၃ပွဲ ကစားပြီးချိန်မှာ ၂ဝါ၁နီနဲ့ အထုတ်ခံလိုက်ရပါတယ်။ ၂၀၁၄ ၊ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ကျော်ကြားလာခဲ့တဲ့ ကိုလံဘီယာသားလေးက ရီးရဲလ်မက်ဒရစ်ကို ရောက်ပြီးနောက်ပိုင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရလို့ အယ်ဗာတန် အသင်းကို ရောင်းလိုက်ပါတယ်။ အယ်ဗာတန်မှာလည်း သူ့ရဲ့ ပွဲထွက်ခွင့်ကို ဒဏ်ရာတွေက တားဆီးနေလို့ ပြီးခဲ့တဲ့ နွေရာသီဈေးကွက်မှာ ဘောလုံး သင်္ချိုင်းဖြစ်တဲ့ ကာတာအဆင့်မြင့်တန်းကို ရောက်သွားပါတယ်။ အခု ကာတာအဆင့်မြင့်တန်းက …

SPORT

ကျနော်က သူများဟတ်ထရစ်ကို လုခဲ့တာမဟုတ်ဘူးလို့ ဂျော်ဂျင်ဟို ဆို

ကျနော်က သူများဟတ်ထရစ်ကို လုခဲ့တာမဟုတ်ဘူးလို့ ဂျော်ဂျင်ဟို ဆို မောင်ယဿ ( နိုဝင်ဘာ ၁ ) စနေညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ မှာ ချယ်ဆီးအသင်းက နယူးကာဆယ်ကွင်း မှာ ( ၃ – ၀ ) ဂိုး နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲ့ဒိပွဲမှာ ရီစီးဂျိမ်းက ၂ဂိုးသွင်းထားပြီးနောက် ချယ်ဆီးက ပယ်နယ်တီရခဲ့ပါတယ်။ ပယ်နယ်တီကို ဂျော်ဂျင်ဟိုက သွင်းယူခဲ့လို့ ဂျိမ်းအတွက် ဟတ်ထရစ်အခွင့်အရေးလက်လွတ်သွားခဲ့ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ဂျော်ဂျင်ဟိုက သူများဟတ်ထရစ်ကို ခိုးယူသွားတယ်လို့ စွတ်စွဲပြောဆိုမှုတွေ ရှိနေတဲ့ အပေါ် သူက ဖြေရှင်းချက်ပေးခဲ့တာပါ။ နယူးကာဆယ်ကွင်းမှာ ချယ်ဆီးက ကစားကွက်အသာနဲ့ ကစားနိုင်ခဲ့ပြီး …

SPORT

စပါးအသင်း နည်းပြအသစ်ဖြစ်လာဖို့ ကွန်တီရေပန်းစား

စပါးအသင်း နည်းပြအသစ်ဖြစ်လာဖို့ ကွန်တီရေပန်းစား တော့တန်ဟမ် စပါးအသင်းအနေနဲ့ ရလာဒ်ပိုင်းတွေ ဆိုးရွားနေတာကြောင့် ယခုနှစ်ရာသီအစမှာမှ ခန့်အပ်ထားခဲ့တဲ့ နည်းပြသစ်နူနိုဆန်တိုကို လေးလခန့်ကြာပြီးနောက်မှာ နည်းပြအဖြစ်ကထုတ်ပယ်လိုက်ပြီပဲ ဖြစ်ပါတယ်။ စပါးအသင်းရဲ့ နည်းပြသစ်ဖြစ်လာဖို့ ချဲလ်ဆီးနည်းပြဟောင်း အန်တိုနီယို ကွန်တီ ထိပ်ဆုံးကရေပန်းစားနေပြီး သဘောတူညီမှုသာ ရရှိခဲ့မယ်ဆို သူ့ကို လန်ဒန်မြေမှာ တကျော့ပြန်မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။ နည်းပြနူနိုဆန်တိုဟာ ဆိုးရှားရဲ့ မန်ယူအသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီး သုံးရက်အကြာမှာ ယခုလိုပဲ ထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။ အဆိုပါမန်ယူကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ဟာ ပရီးမီယားလိဂ် ဆယ်ပွဲမှာ ငါးပွဲမြောက် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်လည်းဖြစ်ကာ နည်းပြနူနို၊ အသင်းဥက္ကဋ္ဌ ဒန်နီရယ် လီဗိုင်းနဲ့ အသင်းညွှန်ကြားရေးမှူး ဖေဘီယို ပါရာတီစီတို့ တနင်္ဂနွေမှာ အရေးပေါ် တွေ့ဆုံခဲ့ကြပါတယ်။ အဆိုပါဆွေးနွေးပွဲအပြီး …

SPORT

အာဆင်နယ်နဲ့အတူ အမြင့်ပျံနေတဲ့ အာရွန်ရန်စ်ဒေး

အာဆင်နယ်နဲ့အတူ အမြင့်ပျံနေတဲ့ အာရွန်ရန်စ်ဒေး လက်ရှိမှာ အာရွန်ရန်စ်ဒေးဟာ အသင်းနောက်ခံလူတွေကို လူစေ့လိုက်ကပ်နိုင်အောင် အမိန့်ပေးညွှန်ကြားနိုင်ပုံ၊ အောင်မြင်တဲ့ ဘောလုံးပေးပို့မှုတစ်ကြိမ်ပြုလုပ်နိုင်လိုက်တိုင်း ပရိသတ်တွေဆီလှည့် အောင်ပွဲခံပုံ၊ အသင်းသားတွေ ဂိုးသွင်းနိုင်တိုင်း အလွန်အကြူးပျော်ရွှင်တတ်ပုံ၊ နိုင်လိုစိတ် ထက်သန်ပြင်းပြပုံတွေနဲ့ အာဆင်နယ်အသင်းရဲ့ အချစ်တော်ကစားသမားတစ်ဦးဖြစ်နေခဲ့ပါတယ်။ သူကစားခဲ့တဲ့ အသင်းနှစ်သင်းစလုံး နှစ်ရာသီဆက် တန်းဆင်းခဲ့ရတဲ့ မှတ်တမ်းကြီးနဲ့ အာရွန် ရန်စ်ဒေးကို အာဆင်နယ်အသင်းက ပေါင် ၂၄ သန်းအထိပေးပြီး ခေါ်ယူခဲ့ချိန်မှာတော့ အာဆင်နယ် ဘာတွေလုပ်နေပြန်ပြီလဲလို့ အားလုံးကထင်မှတ်ထားခဲ့ကြပါတယ်။ သူ့ကစားပေးခဲ့တဲ့ ဘုန်းမောက်အသင်းနဲ့ ရှက်ဖီးလ်ယူနိုက်တက်အသင်းနှစ်သင်းတို့နဲ့ နှစ်ရာသီစာမှာ ပေးဂိုး ၁၃၀ ဂိုးအထက်ရှိခဲ့ပြီး တစ်ရာသီကို သွင်းဂိုး ၇၀ လောက်ခွင့်ပြုပေးနေရတဲ့ ဂိုးသမားတစ်ဦးက ဂျာမနီလက်ရွေးစင် ဂိုးသမား လီနိုကို ကျော်ဖြတ်ပြီး …

SPORT

အင်တာမီယာမီအသင်းရဲ့ (၁၇)ပွဲမြောက်ရှုံးပွဲကို ဘက်ခမ်းထိုင်ကြည့်နေရ

အင်တာမီယာမီအသင်းရဲ့ (၁၇)ပွဲမြောက်ရှုံးပွဲကို ဘက်ခမ်းထိုင်ကြည့်နေရ အင်တာမီယာမီ အသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းဟာ ကစားသမား ဘဝတုန်းက နိုင်ပွဲများစွာ ရယူနိုင်ခဲ့ပေမယ့် အသင်းပိုင်ရှင် ဘဝမှာတော့ သူ့အသင်းရဲ့ ဒီရာသီအတွင်း (၁၇)ပွဲ မြောက်ရှုံးပွဲ ဖြစ်တဲ့ နယူးယောက် စီးတီးကို (၃-၁)နဲ့ရှုံးတဲ့ပွဲကို ဘာမှမတတ်နိုင်ပဲ ထိုင်ကြည့်နေခဲ့ ရပါတယ်။ ဘက်ခမ်းရဲ့ အသင်းကို နည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ် နေတာကတော့ တစ်ချိန်က မန်ယူမှာတွဲ ကစားခဲ့ဖူးတဲ့ ဖီးလ်နဗီးလ် ဖြစ်ပါတယ်။ မီယာမီအသင်းဟာ play-off ကစားခွင့်ရဖို့ အတွက် ဒီပွဲကို အနိုင်ကစားဖို့ လိုအပ်ခဲ့ ပေမယ့်လည်း ရှုံးနိမ့်ခဲ့ရတာပါ။ ဘက်ခမ်းရဲ့ မီယာမီအသင်းဟာ ဒီရာသီမေဂျာ လိဂ်မှာ ရုန်းကန်နေရပြီး အခုဆိုရင် …

SPORT

စိတ်ကြီးတဲ့ ပြဿနာကောင် ဂျိမ်းရိုဒရီဂွက်ဇ့် အနီကဒ်အပြခံရ

စိတ်ကြီးတဲ့ ပြဿနာကောင် ဂျိမ်းရိုဒရီဂွက်ဇ့် အနီကဒ်အပြခံရ ဒီနွေရာသီအပြောင်းအရွှေ့မှာ အဲဗာတန်အသင်းကနေ ကာတာနိုင်ငံက အယ်လ် ရေးယန်းအသင်းကို ပြောင်းရွှေ့သွားတဲ့ ကိုလံဘီယာ ကြယ်ပွင့်ဟောင်း ဂျိမ်းရိုဒရီဂွက်ဇ့် ဟာ စနေ နေ့က ကစားခဲ့တဲ့ပွဲမှာ ပွဲပြီးခါနီးကျမှ အဝါကဒ် နှစ်ကဒ် ဆက်တိုက် အပြခံရပြီး ပြိုင်ပွဲကနေ ထုတ်ပယ်ခံ ခဲ့ရပါတယ်။ အဆိုပါ ပွဲစဉ်မှာ ဂျိမ်းရိုဒရီဂွက်ဇ့် ရဲ့ အယ်လ်ရေးယန်း အသင်းဟာ အိမ်ရှင်အယ်လ် အာရဗီ အသင်းကို (၂-၁)နဲ့ရှုံးနိမ့် နေခဲ့ပါတယ်။ အဲ့အတွက် ဂျိမ်းရိုဒရီဂွက်ဇ့်တို့ ဟာ ချေပဂိုး ရရှိဖို့ အသည်းအသန် ကြိုးစားခဲ့ကြပြီး ဂျိမ်းရဲ့ထိုး ဖောက်မှုကို ဟန့်တားခဲ့တဲ့ ပြိုင်ဘက် ကစားသမား အေရွန် ‎ဘော်ပန်ဇာရဲ့ …