September 24, 2021 - SANTHITSA
SPORT

ဘာစီလိုနာက ၁၈နှစ်သားလေးတွေရဲ့နောက်မှာ ဘဝတွေခါးနေတဲ့ ကော်တင်ဟို

ဘာစီလိုနာက ၁၈နှစ်သားလေးတွေရဲ့နောက်မှာ ဘဝတွေခါးနေတဲ့ ကော်တင်ဟို တစ်ချိန်တစ်ခါက ပရီးမီးယားလိဂ်မှာ လီဗာပူးလ်အသင်း နဲ့အတူ တောက်ပခဲ့တဲ့ ဘရာဇီးသားလေး ကော်တင်ဟိုရဲ့ ဘာစီလိုနာ ကစားသမားဘဝကတော့ ခါးပြီးရင်းကိုခါးနေပါတယ်။ လီဗာပူးလ်မှာတုန်းက စပယ်ရှယ်ခြေစွမ်းကောင်းတွေ ပြသနေတဲ့သူ့ကို ဘာစီလိုနာ အသင်းက နေမာရဲ့နေရာကို အစားထိုးဖို့ဆိုပြီး စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ၂၀၁၈ခုနှစ်က ဝယ်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နေမာရဲ့နေရာကို ဖြည့်ဆည်းနိုင်ဖို့ နေနေသာသာ ဒဏ်ရာပြဿနာ တွေနဲ့ ကစားကွက်အံမဝင် မှုတို့ကြားမှာ လမ်းတွေပျောက်ပြီး လီဗာပူးလ်မှာ ကစားခဲ့တဲ့ ခြေစွမ်းမျိုးကိုတောင် ထုတ်မပြ နိုင်ခဲ့ပါဘူး။ အဲ့တာကြောင့် ဘာစီလိုနာအသင်းက ကော်တင်ဟိုကို ၂၀၁၉ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းထံ အငှားချခဲ့ပါသေးတယ်။ ဘိုင်ယန်မြူးနစ်မှာတော့ အငှားချထားတဲ့ တစ်ရာသီအတွင်းမှာ ၃၈ပွဲကစားခဲ့ပြီး ၈ဂိုးသွင်းကာ …

SPORT

လန်ဒန်ဒါဘီမှာ အာဆင်နယ်အခွင့်ကောင်းယူသင့်တဲ့ စပါးရဲ့အားနည်းချက်များ

လန်ဒန်ဒါဘီမှာ အာဆင်နယ်အခွင့်ကောင်းယူသင့်တဲ့ စပါးရဲ့အားနည်းချက်များ လန်ဒန်မြောက်ပိုင်းက အသင်းတွေဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ စပါးအသင်းတို့ရဲ့ ဒါဘီပွဲစဉ်ကိုတော့ တနင်္ဂနွေနေ့ ညဆယ်နာရီမှာ ယှဉ်ပြိုင်ကစားကြ တော့မှာပဲဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ စပါးအသင်းကို အနိုင်ရချင်ရင် စပါးအသင်းရဲ့ အားနည်းတဲ့ နေရာတွေကနေ အဓိက ထိုးဖောက်ကစားသွားဖို့ လိုအပ်ပါတယ်လို့ အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းကြီး အလန်မာတင်စမစ်က ထောက်ပြလိုက်ပါတယ်။ ဒါ့အပြင် အာဆင်နယ် တိုက်စစ်မှုး အူဘာမီယန်းအ နေဖြင့်လည်း အိမ်ကွင်းမှာ အနိုင်သုံးမှတ်ရအောင် အကောင်းဆုံး ဆိုတဲ့ခြေစွမ်းကိုထုတ်ပြ သင့်တယ်လို့ဆိုပါတယ်။ အာဆင်နယ်အသင်းဟာ နောဝှစ်နဲ့ ဘန်လေတို့ကို တစ်ဂိုးစီနဲ့ ဆက်တိုက်အနိုင် ရထားပြီး စပါးအသင်း ကတော့ ခရစ္စတယ်ပဲလေစ့်နဲ့ ချယ်လ်ဆီးအသင်း တို့ကို သုံးဂိုးစီနဲ့ ဆက်တိုက်ရှုံး ထားပါတယ်။ စမစ်က …

SPORT

သီယာဂိုရဲ့ ဒဏ်ရာအခြေအနေကို အတည်ပြုလိုက်တဲ့ ကလော့

သီယာဂိုရဲ့ ဒဏ်ရာအခြေအနေကို အတည်ပြုလိုက်တဲ့ ကလော့ လီဗာပူးလ်နည်းပြ ယာဂင်ကလော့က အသင်းရဲ့ဒဏ်ရာရနေတဲ့ ကစားသမား သီယာဂိုအနေနဲ့ အောက်တိုဘာလ နိုင်ငံတကာပွဲစဉ်တွေကန်ပြီးမှ ပြန်လည်ကစားနိုင်မယ်လို့ အတည်ပြုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ခြေသလုံးဒဏ်ရာရခဲ့တဲ့ သီယာဂိုဟာ လာမဲ့ စနေနေ့ ဘရန်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်ကို စတင်လွဲချော်တော့မှာ ဖြစ်ပါတယ်။ ဒါအပြင် သူ့အနေနဲ့ အသင်းရဲ့ အရေးပါတဲ့ ပွဲစဉ်ဖြစ်တဲ့ ချန်ပီယံလိဂ်မှာ တွေ့ရမဲ့ ပေါ်တိုအသင်းနဲ့ ပွဲစဉ်ရော ပရီးမီးယားလိဂ်ဖလားပြိုင်ဘက် မန်စီးတီးအသင်းနဲ့ပွဲစဉ်တို့ကိုပါ ထပ်မံလွဲချော်ဦးမှာဖြစ်ပါတယ်။ ဘရန်ဖိုဒ်အသင်းနဲ့ ပွဲမတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာ ကလော့က သီယာဂို ဘယ်အချိန်ဘောလုံးပြန်ကစားနိုင်မလဲ ၁၀၀ ရာခိုင်နှုန်းမသေချာသေးပါဘူး သူ ခြေသလုံးကြွက်သားဒဏ်ရာရသွားတာပါ လာမဲ့ အောက်တိုဘာ နိုင်ငံတကာပွဲစဉ်တွေပြီးရင်တော့ သူပြန်ကစားနိုင်လောက်ပါတယ် ဒီထက်တော့ …

SPORT

ဒီနှစ်ဘောလုံးရာသီက မန်ယူအသင်းရဲ့ အကောင်းဆုံးရာသီတစ်ခုဖြစ်လာမယ်လို့ ဒီဂီယာပြော

ဒီနှစ်ဘောလုံးရာသီက မန်ယူအသင်းရဲ့ အကောင်းဆုံးရာသီတစ်ခုဖြစ်လာမယ်လို့ ဒီဂီယာပြော မန်ချက်စတာယူနိုက်တက်အသင်းအတွက် အကောင်းဆုံးလက်စွမ်းပြကစားပေးနေတဲ့ ဂိုးသမား ဒီဂီယာက ဒီနှစ်ရာသီမှာ အဓိကဆုဖလားတွေရယူဖို့ ကြိုးစားသွားမယ်လို့ ဆိုလိုက်ပါတယ်။ ဆန်ချို၊ ဗာရာနီ၊ စီရိုနယ်ဒိုတို့ကို ခေါ်ယူထားတဲ့ မန်ယူအသင်းဟာ မည်သည့်အသင်းကိုမဆို စိန်ခေါ်ကစားနိုင်တဲ့ လူစာရင်းကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ကာရာဘောင်ဖလားပြိုင်ပွဲမှာတော့ ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ပြီး ဖလားလမ်းကြောင်းတစ်ခုပေါ်က ဖီသွေသွားခဲ့ရပါတယ်။ ဂိုးသမားဒီဂီယာအနေနဲ့ ဒီနှစ်ရာသီမှာ အသင်းနဲ့ ပတ်သက်ပြီး အောင်မြင်မှုကြီးကြီးမားမားရလိုကြောင်းကို Sky Sports နဲ့ အင်တာဗျူးမှာ သူက ကျနော်တို့ ကစားသမားကောင်းတွေခေါ်ယူထားနိုင်ခဲ့ပါတယ် ကျနော်တို့မှာ တောင့်တင်းတဲ့ လူစာရင်းလည်းရှိပါတယ် ကမ္ဘာ့အကောင်းဆုံးလိဂ်မှာ ကစားရတာဆိုတော့ ခက်တော့ခက်တာပေါ့ ဒါပေမဲ့ ကျနော်တို့ အမှတ်ပေးဇယားထိပ်ဆုံးပိုင်းကို ရောက်ရှိအောင်စွမ်းဆောင်ထားနိုင်ပါတယ် ပွဲတိုင်းပွဲတိုင်းကတော့ …

SPORT

စပါးနဲ့ ပွဲက မင်းအတွက် အဖြေပဲလို့ အာကြီး ကပ္ပတိန်ဟောင်း ဂေါ်လက်စ်က အာတီတာကိုသတိပေး

စပါးနဲ့ ပွဲက မင်းအတွက် အဖြေပဲလို့ အာကြီး ကပ္ပတိန်ဟောင်း ဂေါ်လက်စ်က အာတီတာကိုသတိပေး မောင်ယဿ( စက်တင်ဘာ ၂၄ ) အာဆင်နယ်အသင်း ကပ္ပတိန်ဟောင်းဖြစ်တဲ့ ဝီလျှံဂေါ်လက်က အာဆင်နယ်ဘုတ်အဖွဲ့ က အာတီတာကို မန်နေဂျာအဖြစ်ခန့်လိုက်တာ တော်တော်မှားတယ်လို့ ပြစ်တင်ဝေဖန်မှုကို ရက်ရက်စက်စက် ပြောလိုက် ပါတယ်။ ဒီစပိန်သားနည်းပြ အာဆင်နယ်မန်နေဂျာအဖြစ်တာဝန်ယူပြီး ၈လအကြာ FAဖလား ဖိုင်နယ်မှာ ချယ်ဆီးကို (၂-၁ ) နဲ့ ရှုံးခဲ့တာရယ် ၊ ပြီးခဲ့တဲ့ ရာသီက အဆင့် ၈ နေရာနဲ့ ပြီးလိုက်ရတာတွေက အာဆင်နယ်ဖန်တွေ အတွက် စိတ်ဓာတ်ကျဆင်းစရာတွေ ဖြစ်ခဲ့တယ်လို့သူက ဆိုလိုက်ပါတယ်။ “ ပြီးခဲ့တဲ့ ရာသီကတည်းက ကျနော်ပြောပါတယ်။ …

SPORT

ခြေကျလာလို့ ဘောလုံးသင်းချိုင်း ပို့ခံလိုက်ရတဲ့ ဂျိမ်း ရိုဒီဂွက်ဇ်

ခြေကျလာလို့ ဘောလုံးသင်းချိုင်း ပို့ခံလိုက်ရတဲ့ ဂျိမ်း ရိုဒီဂွက်ဇ် မောင်ယဿ ( စက်တင်ဘာ ၂၄ ) ဥရောပ ဘောလုံးလောက က နုပျိုလန်းဆန်းတဲ့ လူငယ်တစ်ယောက်လို့ ဆိုမယ်ဆိုရင် အမေရိကန် နဲ့တောင်အမေရိကားက သက်ကြီးပိုင်လူတွေနဲ့ တူပြီး အာရှ ဘောလုံးလောက်ကို ဘောလုံးသင်းချိုင်းလို့ ခေါ်ရမှာပါ။ ကစားသမားတစ်ယောက် ခြေစွမ်းထက်ချိန်ဆိုရင် ဥရောပ ဘောလုံး ကလပ်တွေ က အပြိုင်အဆိုင်ကြေးကြီးပေးခေါ်ခဲ့ကြပြီး အဲ့ဒိကနေ ခြေကျလာရင် ပဲဖြစ်ဖြစ် ၊ ထိခိုက်ဒဏ်ရာရလာလို့ဖြစ်ဖြစ် ၊ အကြောင်းတစ်စုံတရာကြောင့် နာမည်ပျက်လာရင်ဖြစ်ဖြစ် ဘောလုံးလူအိုရုံ အမေရိကားကိုပို့လိုက်ကြတယ်။ ဒါမှမဟုတ် ဘောလုံးသင်းချိုင်း အာရှကို ပို့လိုက်ကြတယ်။ အချို့ကလည်းကိုယ့်ဖာသာကိုယ် အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ဘောလုံးသင်းချိုင်းတွေမှာ နှစ်အတန်ကြာ ကစားကြပြီး …

SPORT

ဘောလုံးပွဲတွေကို အထာကျကျခံစားနိုင်ဖို့ ကွင်းထဲမှာ ဘောလုံးပွဲကြည့်ရင်း အရက်ဘီယာသောက်ခွင့် ပြန်လည်ရရှိတော့မည်

ဘောလုံးပွဲတွေကို အထာကျကျခံစားနိုင်ဖို့ ကွင်းထဲမှာ ဘောလုံးပွဲကြည့်ရင်း အရက်ဘီယာသောက်ခွင့် ပြန်လည်ရရှိတော့မည် ၁၉၈၅ ခုနှစ်ကစတင် ပိတ်ပင်ထားတဲ့ ဘောလုံးကွင်းထဲ ပရိသတ်တွေ အရက်ဘီယာသောက်ရင်း ကြည့်ရှုခံစားရနိုင်ရေးကို ယူကေလွှတ်တော်အမတ် ထရေစီခရောင့်ခ်ျ ကမကထပြု၍ ပြန်လည်ခွင့်ပြုနိုင်ရေးအတွက် ဘောလုံးပရိတ်သတ်တွေကို စစ်တမ်းကောက်ယူနေတယ်လို့ သိရပါတယ်။ ကွင်းအတွင်း ဆူပူသောင်းကျန်ရမ်းကားမှုတွေကြောင့် အရက်ဘီယာသောက်ခွင့်ကို ၃၆ နှစ်အကြာပိတ်ပင်ထားရာမှ ယခုအခါ ပြန်လည်ခွင့်ပြုနိုင်ရေး စတင်လှုပ်ရှားနေကြပြီဖြစ်ပါတယ်။ ခရစ်ကတ်၊ ရပ်ဘီနဲ့ spectator ကဲ့သို့ တခြားအားကစားပြိုင်ပွဲတွေမှာတော့ ပရိသတ်တွေကို မိမိကြည့်ရှုရာထိုင်ခုံမှာ အရက်ဘီယာသောက်သုံးခွင့် ခွင့်ပြုထားသည်မှာ ကြာလှပြီဖြစ်ပါတယ်။ ထရေစီက သူမရဲ့ ဘောလုံးကွင်းထဲ အရက်ဘီယာသောက်ခွင့်ရရေး လွတ်လပ်တဲ့ စစ်တမ်းကောက်နုတ်ချက်ကို လာမဲ့ လမှာ ထုတ်ပြန်တော့မှာဖြစ်ပါတယ်။ The Times သတင်းစာရဲ့ …

SPORT

ရော်နယ်ဒိုလို ဘဝမျိုး တစ်ရက်လောက်ရရင်သေပျော်ပါပြီ လို့ လင်ဂတ်ဆို

ရော်နယ်ဒိုလို ဘဝမျိုး တစ်ရက်လောက်ရရင်သေပျော်ပါပြီ လို့ လင်ဂတ်ဆို မောင်ယဿ ( စက်တင်ဘာ ၂၄ ) ခရစ္စတီယာနို ရော်နယ်ဒို ဆိုတဲ့ ပေါ်တူသားက ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဘဝနဲ့ ကြည်ညို လေးစားတဲ့သူတွေ ရှိသလို မနာလိုခံရဆုံးလူတစ်ယောက် ၊ နှိုင်းယှဉ် အပြောဆိုခံရဆုံး လူတစ်ယောက်လို့ ပြောရမှာပါ။ မနေ့က England Football သတင်းဌာနနဲ့ မန်ယူ ကွင်းလယ်သမား လင်ဂတ်နဲ့ အင်တာဗျူး မှာ သတင်းဌာနက ခင်ဗျားသာ ဖြစ်ခွင့်ရမယ်ဆိုရင် ဘယ်လို လူမျိုးအဖြစ်နဲ့ ရှင်သန်မလဲ ဆိုတဲ့ မေးခွန်းကို လင်ဂတ်က ကျနော်က ဖြစ်ခွင့်ရမယ်ဆိုရင် ရော်နယ်ဒိုရဲ့ ဘဝမျိုး တစ်က်လောက် နေခွင့်ရရင်ကိုပဲ သေပျော်ပါပြီလို့ ဖြေလိုက်ပါတယ်။ …

SPORT

ပိုလန်အားကစားသမားတွေပေါ် ဒီမိုကရေစီအနိုင်ကျင့်မှုရောက်လာတော့မှာလား

ပိုလန်အားကစားသမားတွေပေါ် ဒီမိုကရေစီအနိုင်ကျင့်မှုရောက်လာတော့မှာလား မောင်ယဿ ( စက်တင်ဘာ ၂၄ ) မနေ့က ပိုလန်နိုင်ငံမှာ LGBT ဆန့်ကျင်ရေး လှုတ်ရှားမှု တစ်ရပ် အနေနဲ့ ပြည်နယ်အချို့မှာ မဲခွဲပြီး LGBT ကင်းစင်နယ်မြေ သတ်မှတ်မှုတွေ လုပ်ခဲ့ကြပါတယ်။ အဲ့ဒိအစီအစဉ်ကြောင့် ဥရောပသမဂ္ဂက ပိုလန်နိုင်ငံကို ထောက်ပံ့မယ် ယူရို သန်းပေါင်း များစွာကို မထောက်ပံ့တော့ဘဲ ချုပ်ထိန်းထားလိုက်ပါတယ်။ ဥရောပက LGBT အခွင့်အရေးအတွက် တိုက်ပွဲ ဝင်နေချိန်မှာ ပိုလန်နိုင်ငံကို ရှေးရိုးစွဲတယ်ဆိုပြီး အပြစ်တင် နေကြပါတယ်။ ပိုလန်နိုင်ငံက အမျိုးသားတွေ နဲ့ အမျိုးသမီးတွေ က သူတို့ရဲ့ လူ့အဖွဲ့ အစည်းမှာ LGBT တွေကို လက်မခံနိုင်ဘူးဖြစ်နေပါတယ်။ ပိုလန်အစိုးရကလည်း …

SPORT

စပိန်က ဒိုင်တွေ အနီကတ်ကို ဘလိုင်းကြီးတွေ လိုက်လိုက်ပြနေတာလို့ ဘာကာနည်းပြ ကိုးမန်းပြော

စပိန်က ဒိုင်တွေ အနီကတ်ကို ဘလိုင်းကြီးတွေ လိုက်လိုက်ပြနေတာလို့ ဘာကာနည်းပြ ကိုးမန်းပြော ယနေ့မနက်ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအသင်းက ကာဒစ်ဇ်အသင်းကို ဂိုးမရှိ သရေကျခဲ့ပါတယ်။ အသင်းရဲ့ ကွင်းလယ်ကစားသမား ဒီဂျောင် နှစ်ဝါတစ်နီနဲ့ အထုတ်ခံရတဲ့ အပြင် သူကိုယ်တိုင်ပါ အနီကတ်ပြအထုတ်ခံခဲ့ရတာကြောင့် နည်းပြ ကိုးမန်းက စပိန်ဒိုင်တွေ အနီကတ်ပြပြီး လူတွေကို ဘလိုင်းကြီးလိုက်ထုတ်နေတာလို့ စွပ်စွဲလိုက်ပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ ဂိုးရဖို့ အခွင့်အရေးအချို့ရရှိခဲ့ပေမဲ့ တိုက်စစ်ပိုင်းက အဆုံးသတ်အားနည်းနေတာကြောင့်ရယ် ပွဲချိန် ၆၅ မိနစ်မှာ ကွင်းလယ်လူ ဒီဂျောင် ဘောလုံးလုရာမှာ အမှားလုပ်ခဲ့မှု ဒုတိယမြောက် အဝါကတ်အပြခံရပြီး နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့်ရယ် အခုလို သွင်းဂိုးမဲ့ခဲ့ရတာလည်းဖြစ်ပါတယ်။ ပွဲပြီးခါနီး အချိန်ပိုမှာ နည်းပြ ရော်နယ်ကိုးမန်း …