September 22, 2021 - SANTHITSA
SPORT

ပေါင်သန်း(၆၀)သုံးပြီး အန်ဖီးလ်ကွင်းကို ထပ်ချဲ့တော့မယ့် လီဗာပူးလ်အသင်း

ပေါင်သန်း(၆၀)သုံးပြီး အန်ဖီးလ်ကွင်းကို ထပ်ချဲ့တော့မယ့် လီဗာပူးလ်အသင်း လာမယ့်အပတ်ထဲမှာ လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ အန်ဖီးလ်ကွင်းကြီးကို ပရိတ်သတ် ၆၁,၀၀၀ ဆန့်တဲ့အထိတိုးချဲ့ဖို့ ပြန်လည်မွမ်းမံတည်ဆောက်တော့မယ်လို့ သိရပါတယ်။ အဲ့အစီအစဉ်မှာ ပရိတ်သတ်အင်အား ၇,၀၀၀ စာအတွက် ထိုင်ခုံတွေထပ်မံတိုးမြှင့်သွားမှာဖြစ်ပြီး ဆောက်ပြီးသွားတဲ့အချိန်ကျရင် စုစုပေါင်း ပရိတ်သတ်အင်အား ၆၁,၀၀၀ ဆန့်တဲ့ကွင်းကြီးဖြစ်သွားမှာပါ။ အဲ့ပမာဏဟာ အန်ဖီးကွင်းကို စပါးအသင်းရဲ့ကွင်းကြီးနဲ့ မန်ယူအသင်းရဲ့ အိုးထရက်ဖိုဒ့်ကွင်းကြီးပြီးရင် အင်္ဂလန်မှာ တတိယမြောက်အကြီးဆုံး ဘောလုံးကွင်းတစ်ခုအဖြစ် စာရင်းဝင်သွားမှာပါ။ လီဗာပူးလ်အသင်းဟာ အဲ့ပရောဂျက်အတွက် ဇွန်လမှာ ခွင့်ပြုချက်ရရှိခဲ့တာဖြစ်ပြီး ရာသီမစခင်တည်းက ကြိုတင်ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။ အဲ့ပြုပြင်တည်ဆောက်မှုဟာ ဒီရာသီအပြင် နောက်ရာသီအထိပါ အချိန်ပေးရမှာဖြစ်ပြီး ကွင်းချဲ့နေစဉ်အတွင်း ပရိတ်သတ်တွေအနေနဲ့ ယခင်ကပွဲကြည့်စင်တွေကနေ ပုံမှန်အတိုင်းပဲ ပွဲကြည့်ခွင့်ရရှိနေမှာပါ။ အန်ဖီးလ်ကွင်းကို နောက်ဆုံးအကြိမ်ပြုပြင်ခဲ့တာက လွန်ခဲ့တဲ့ငါးနှစ်အကြာကဖြစ်ပြီး …

SPORT

ကမ္ဘာ့ဝင်ငွေအကောင်းဆုံးဘောလုံးသမားစာရင်းမှာ စီရိုနယ်ဒိုဦးဆောင်

ကမ္ဘာ့ဝင်ငွေအကောင်းဆုံးဘောလုံးသမားစာရင်းမှာ စီရိုနယ်ဒိုဦးဆောင် Forbes က ထုတ်ပြန်တဲ့ စာရင်းအရ စီရိုနယ်ဒိုသည် ဒုတိယနေရာက မက်ဆီကို အပြတ်အသတ်ဖြတ်ထားပြီး ဝင်ငွေအကောင်းဆုံးဘောလုံးသမားအဖြစ် ဦးဆောင်နေပါတယ်။ စီရိုနယ်ဒိုရဲ့ တစ်နှစ်ဝင်ငွေဟာ လုပ်ခလစာနဲ့ စပွန်ဆာဝင်ငွေအပါအဝင်ဒေါ်လာ ၁၂၅ သန်းခန့်ရှိနေပါတယ်။ သူ့ရဲ့ဝင်ငွေဟာ ပီအက်စ်ဂျီအသင်းရဲ့ ရဲသုံးဖော်ဖြစ်တဲ့ မက်ဆီ နေမာ အမ်ဘတ်ပီတို့ထက် ပိုမိုများပြားနေတာလည်းဖြစ်ပါတယ်။ စီရိုနယ်ဒိုဟာ စပွန်ဆာ သက်သက်ကနေပဲ တစ်နှစ်ကို ဒေါ်လာ ၅၅ သန်းခန့်ရရှိသူဖြစ်ပြီး ကမ္ဘာ့ပေါ်မှာ ပုံရိပ်အသုံးပြုဖို့ အကောင်းဆုံးကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် စာရင်းထုတ်ပြန်ချက်အရ မက်ဆီက ကမ္ဘာ့ဝင်ငွေအကောင်းဆုံးကစားသမားစာရင်းရဲ့ နံပါတ် တစ်နေရာမှာရှိနေတာဖြစ်ပြီး ဘာကာအသင်းကနေ ပြောင်းရွှေ့လာပြီးနောက် ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ကာ သူ့ရဲ့ဝင်ငွေအနည်းငယ်လျော့ပါးသွားခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာ မက်ဆီက တစ်နှစ်ဝင်ငွေ ဒေါ်လာ …

SPORT

ကွင်းလယ်မှာ ဒူးထောက်ပြတယ်ဆိုတာ အားလျှော့ တဲ့သဘောဖြစ်လို့ ကျနော်တော့ မထောက်ဘူးလို့ ချယ်ဆီး နောက်တန်းလူ ဆို

ကွင်းလယ်မှာ ဒူးထောက်ပြတယ်ဆိုတာ အားလျှော့ တဲ့သဘောဖြစ်လို့ ကျနော်တော့ မထောက်ဘူးလို့ ချယ်ဆီး နောက်တန်းလူ ဆို မောင်ယဿ ( စက်တင်ဘာ ၂၂ ) ချယ်ဆီးဘယ်နောက်ခံလူ မာကိုစ့် အလွန်ဆို က ပွဲမစခင် ဒူးထောက်ပြီး လူမျိုးရေးမခွဲခြားဖို့အတွက် တောင်းဆိုမှု ပြုတာက တကယ်တမ်းတော့ အလွန်အားနည်း တဲ့ အပြုအမှု ဖြစ်တဲ့အတွက် သူ့အနေနဲ့ ဒူးထောက်တောင်း ဆိုတဲ့ ကိစ္စမလုပ်ပဲ သူ့ရဲ့ ဂျာစီမှာရှိတဲ့ လူမျိုးရေးမခွဲခြားဖို့ တိုက်တွန်းတဲ့ စာသားကိုပဲ ပြလိုက်တယ်လို့ ဆိုပါတယ်။ တနင်္ဂနွေနေ့က ချယ်ဆီးအသင်း က စပါးကို ၃ဂိုး ဂိုးမရှိနဲ့ နိုင်တဲ့ပွဲအပြီးမှာ ဘာဖြစ်လို့ ဒူးထောက်ပြီး မတောင်းဆိုတာလဲလို့ မီဒီယာတွေရဲ့ …

SPORT

ဂျူနီယာက စီရိုနယ်ဒိုထက်အများကြီးပိုကောင်းတယ်လို့ အဖွားဖြစ်သူ ချီးကျူး

ဂျူနီယာက စီရိုနယ်ဒိုထက်အများကြီးပိုကောင်းတယ်လို့ အဖွားဖြစ်သူ ချီးကျူး အဖေ့ခြေရာကို အပြည့်အဝနင်းမဲ့ သားဖြစ်တဲ့ဂျူနီယာကို စီရိုနယ်ဒိုက သူ့ရဲ့ အတွေ့အကြုံတွေ စကေးတွေကို လက်ဦးဆရာအဖြစ်သင်ကြားပို့ချပေးနေပါတယ်။ လက်ရှိမှာ ဂျူနီယာက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အကယ်ဒမီမှာ တက်ရောက်နေပြီး ဖခင်လိုပဲ မန်ယူကနေ အကောင်းဆုံးကစားသမားအဖြစ်ထွက်ပေါ်လာဖို့ ရှိနေပါတယ်။ စီရိုနယ်ဒိုရဲ့ အမေ၊ ဂျူနီယာရဲ့ အဖွားဖြစ်သူ ဒိုလာရက်စ် အဗီရိုက သူ့မြေးလေးဟာ သူ့သားဖြစ်သူ ငယ်ငယ်တုန်းကထက် အများကြီးပိုတော်တယ်လို့ ပြောကြားလိုက်ပါတယ်။ သားမှာအချစ် မြေးမှာ အနှစ်ဆိုတဲ့အတိုင်း မြေးဦးလေးကို အချစ်ပိုနေတာ ဆန်းတော့မဆန်းပါဘူး။ ဂျူနီယာဟာ စီရိုနယ်ဒိုရဲ့ ကလေးလေးယောက်အနက် အကြီးဆုံးသားဖြစ်ပြီး အဖေ့ခြေရာနင်းဖို့ အကောင်းဆုံးလေ့ကျင်နေသူလည်းဖြစ်ပါတယ်။ သူရဲ့အနာဂတ်မှာ စီရိုနယ်ဒိုလို စပို့တင်လစ္စဘွန်းအတွက် ကစားပေးချင်လို့လည်းဆိုပါတယ်။ ဂျုနီယာရဲ့ အဖွားဖြစ်သူက …

SPORT

ဟန်ဂေရီကို ပေါင် ၁သိန်းခွဲနဲ့ အိမ်ကွင်း တံခါးပိတ် ပြစ်ဒဏ်ချမှတ်

ဟန်ဂေရီကို ပေါင် ၁သိန်းခွဲနဲ့ အိမ်ကွင်း တံခါးပိတ် ပြစ်ဒဏ်ချမှတ် မောင်ယဿ ( စက်တင်ဘာ ၂၂ ) ဖီဖာ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ဟန်ဂေရီ ဘောလုံး အဖွဲ့ချုပ်ကိုပရိသတ်တွေ လူမျိုးရေး ခွဲခြားမှု လုပ်တဲ့ ပြစ်ဒဏ် အနေနဲ့ စတာလင်ပေါင် ၁၅၆၀၀၀ နဲ့ လာမယ့် အိမ်ကွင်း တစ်ပွဲ ပရိသတ်တွေ မပါဘဲ တံခါးပိတ်ပြီး ကန်ရမယ်လို့ အမိန့်ချလိုက်ပါတယ်။ စက်တင်ဘာလ ၂ရက်နေ့က ဟန်ဂေရီအိမ်ကွင်း မှာ အင်္ဂလန်လာကစားစဉ် က လူမဲ ကစားသမား စတာလင်နဲ့ ဘယ်လင်ဂန်တို့ဘောလုံရတဲ့ အခါတိုင်း ဟန်ဂေရီ ပရိသတ်က မျောက်လို အူခဲ့ကြပါတယ်။ ( ၄- …

SPORT

ဒီအတိုင်းဆိုရင် ဇာတ်ပျက်သမားတွေ ဖြစ်တော့မှာပဲလို့ နျူနို စိတ်ပူ

ဒီအတိုင်းဆိုရင် ဇာတ်ပျက်သမားတွေ ဖြစ်တော့မှာပဲလို့ နျူနို စိတ်ပူ မောင်ယဿ ( စက်တင်ဘာ ၂၂ ) စပါးအသင်းရဲ့ ဆိုးဝါးလာတဲ့ ရလဒ်တွေကိုကြည့်ပြီးနောက် နည်းပြဖြစ်သူ နျူနိုက တာထွက်ကောင်း သလောက်တဖြည်းဖြည်းနဲ့ ကျလာတဲ့ အသင်းအတွက် စိတ်ပူမိတယ်လို့ ဆိုလိုက်ပါတယ်။ စပါးက ပရီမီယားလိဂ် စစချင်း ၃ ပွဲမှာ မန်စီတီး ၊ ဝုဗ် နဲ့ ဝက်ဖို့ဒ်တို့ ကို (၁ -၀ ) ဂိုးတွေ နဲ့ ၃ပွဲဆက် အနိုင်ယူခဲ့ပြီး အမှတ်ပေးဇာယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။ အဲ့ဒိနောက်မှာ ချယ်ဆီးနဲ့ ခရစ္စတယ်ပဲလေ့စ်ကို ( ၃-၀ ) နဲ့ ၂ပွဲ ဆက်တိုက်ရှုံး …

Uncategorized

အကောင်းဆုံးဆိုတာ သက်သေပြဖို့ ပရီးမီးယားလိဂ်မှာ ကစားစရာမလိုဘူးလို့ လီဝန်ဒေါစကီးဆို

အကောင်းဆုံးဆိုတာ သက်သေပြဖို့ ပရီးမီးယားလိဂ်မှာ ကစားစရာမလိုဘူးလို့ လီဝန်ဒေါစကီးဆို ဒီနှစ်နွေရာသီမှာ ရော်ဘတ် လီဝန်ဒေါစကီးကို ခေါ်ယူဖို့ ပရီးမီယားလိဂ်ထိပ်သီးအသင်းတွေ အပြိုင်အဆိုင်ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ ကာယကံရှင် ကိုယ်တိုင်ကတော့ ဘေယန်မြူးနစ်မှာပဲ အချိန်အတော်ကြာဆက်ရှိနေဦးမယ်လို့ ဝန်ခံလိုက်ပါတယ်။ ၂၀၂၀-၂၀၂၁ ရာသီအတွက် ဥရောပရွှေဖိနပ်ဆုကို လက်ခံရယူခဲ့တဲ့ လီဝန်ဒေါစကီးက သူ့ကိုယ်သူ ထပ်ပြီးသက်သေပြဖို့ တခြားလိဂ်တွေမှာ ကစားဖို့ မလိုဘူးလို့လည်း ပြောသွားပါတယ်။ သူဟာ ဘွန်ဒစ်လီဂါ ၂၉ ပွဲမှာ စံချိန်တင် ၄၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့သူဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ပိုလန်သား လီဝန်ဒေါစကီးသည် ဘေယန်မြူးနစ်အသင်းအတွက် ၂၀၁၄ ခုနှစ်ကတည်းက စတင်ကစားပေးခဲ့တာဖြစ်ပြီး သြဂုတ်လက ထွက်ခဲ့တဲ့ သတင်းတွေအရ သူက ဘေယန်ကထွက်ခွာပြီး …

SPORT

၂၀၁၈ခုနှစ် နောက်ပိုင်း ယူနိုက်တက်ရဲ့ အကောင်းဆုံး Epic Comeback များ

၂၀၁၈ခုနှစ် နောက်ပိုင်း ယူနိုက်တက်ရဲ့ အကောင်းဆုံး Epic Comeback များ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်သမိုင်းမှာ နိုင်လိုစိတ်ပြင်းပြပြီး အရှုံးကိုလက်မခံတက်တဲ့ စိတ်ဓာတ်နဲ့ နာမည်ကြီးတဲ့ အသင်းဖြစ်ပါတယ်။ နာမည်ကြီးသလိုပဲ ရှုံးနိမ့်နေရာကနေ ချေပဂိုး အနိုင်ဂိုးတွေ ဆက်တိုက်သွင်းယူပြီး come back တွေ ခနခနလုပ်ပြခဲ့ကာ မှတ်တမ်းတွေနဲ့ သက်သေထူခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ၃ မိနစ် မန်ယူဆိုပြီး ကျနော်တို့ မြန်မာ ဘောလုံးပရိသတ်တွေကြား နာမည်ကြီးခဲ့ပါသေးတယ်။ ဒီနေ့မှာတော့ ကျနော်တို့ Super Play ကနေ မန်ချက်စတာယူနိုက်တက်ရဲ့ ၂၀၁၈ နောက်ပိုင်း Epic Comeback တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ် – ခရစ္စတယ်ပဲလေ့စ် ၂ …

SPORT

ကိုးမန်းကိုထုတ်ပြီး မာတီနက်ဇ့်ကိုအစားထိုးဖို့ အချိန်ကောင်းကိုစောင့်နေတဲ့ ဘာစီလိုနာ

ကိုးမန်းကိုထုတ်ပြီး မာတီနက်ဇ့်ကိုအစားထိုးဖို့ အချိန်ကောင်းကိုစောင့်နေတဲ့ ဘာစီလိုနာ စပိန်အင်အားကြီးဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ကြီးမားတဲ့ပြောင်းလဲမှုတစ်ခု ထပ်မံလုပ်ဆောင်သွားဖို့ ကြံစည်နေပြီး လာမယ့်နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ စတင်အကောင်အထည်ဖော်သွားလိမ့်မယ်လို့ Goal သတင်းဌာနက ဖော်ပြထားပါတယ်။ အဲ့အပြောင်းအလဲကတော့ လက်ရှိနည်းပြဖြစ်တဲ့ ရော်နယ်ကိုးမန်းကို အလုပ်ထုတ်ပြီး သူ့နေရာမှာ ဘယ်လ်ဂျီယံအသင်းရဲ့နည်းပြဖြစ်တဲ့ မာတီနက်ဇ့်ကို ခန့်အပ်သွားဖို့ပဲ ဖြစ်ပါတယ်။ အဲ့အတွက် လောလောဆယ်မှာ ပြည်တွင်းလိဂ်ပြိုင်ပွဲတွေနဲ့ ဥရောပပြိုင်ပွဲတွေကြောင့် မအားမလပ်ဖြစ်နေတဲ့အတွက် အစားထိုးမယ့်နည်းပြသစ်နဲ့ ဆွေးနွေးနိုင်ဖို့ အချိန်အခါကောင်းကို စောင့်နေတာပဲဖြစ်ပါတယ်။ ဒီရာသီမှာ ဘာစီလိုနာအသင်းဟာ လာလီဂါမှာ လေးပွဲကစားပြီး နှစ်ပွဲနိုင် နှစ်ပွဲသရေရလဒ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာမှာရပ်တည်နေရပါတယ်။ ချန်ပီယံလိဂ်မှာ ဘိုင်ယန်ကို အိမ်ကွင်းမှာ (၀-၃) နဲ့ရှုံးခဲ့တဲ့အပြင် တနင်္လာနေ့ကလည်း ဂရန်နာဒါအသင်းကို အိမ်ကွင်းမှာပဲ …

SPORT

အာဆင်နယ်ပရိတ်သတ်တွေက သူ့အပေါ်မတရားသဖြင့် ရက်စက်ခဲ့တယ်လို့ အာဆင်ဝင်းဂါးရင်ဖွင့်

အာဆင်နယ်ပရိတ်သတ်တွေက သူ့အပေါ်မတရားသဖြင့် ရက်စက်ခဲ့တယ်လို့ အာဆင်ဝင်းဂါးရင်ဖွင့် အာဆင်နယ်အသင်းရဲ့နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးက သူ့ရဲ့အာဆင်နယ်မှာနည်းပြခဲ့တဲ့ နောက်ဆုံးနှစ်တွေမှာ ပရိတ်သတ်တွေက သူ့အပေါ် မျှတမှုမရှိခဲ့ပဲ ရက်ရက်စက်စက်ဝေဖန်ပြစ်တင်ခဲ့ကြတယ်လို့ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ရင်ဖွင့်ပြခဲ့ပါတယ်။ အာဆင်ဝင်းဂါးဟာ အာဆင်နယ်အသင်းမှာ ၂၂နှစ်ကြာ နည်းပြခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ အသင်းနဲ့လမ်းခွဲခဲ့ရသူပါ။ သူနည်းပြခဲ့တဲ့အချိန်အတွင်းမှာ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ့်ချန်ပီယံ သုံးကြိမ်၊အက်ဖ်အေဖလား ခုနစ်ကြိမ်နဲ့ ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲအထိတက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့နောက်ဆုံးအချိန်တွေမှာတော့ ပရိတ်သတ်တွေထံက “Wenger Out” ကြွေးကြော်သံတွေနဲ့အတူ ရလဒ်တွေဆိုးရွားခဲ့ရပါတယ်။ သို့ပေမယ့်လည်း သူထွက်သွားပြီးနောက်မှာတော့ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲတွေနဲ့ ကင်းကွာခဲ့ရပြီး ပြီးခဲ့တဲ့ရာသီမှာလည်း အမှတ်ပေးဇယားရဲ့ နံပါတ်ရှစ်နေရာနဲ့ (၂၅ နှစ်အတွင်းမှာ အဆိုးရွားဆုံး ရပ်တည်မှုအဖြစ်နဲ့) ရာသီသိမ်းခဲ့ရပါတယ်။ …