September 21, 2021 - SANTHITSA
SPORT

လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်သည့်အနေနဲ့ ပွဲမစမီ ဒူးထောက်ကြရသည်ကို အလွန်ဆို မပြုလုပ်တော့ဟုဆို

လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်သည့်အနေနဲ့ ပွဲမစမီ ဒူးထောက်ကြရသည်ကို အလွန်ဆို မပြုလုပ်တော့ဟုဆို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇွန်လက စတင်ပြီး ပရီးမီးယားလိဂ်ဘောလုံးကစားသမားတွေဟာ ပွဲမစမီ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်သည့်အနေနဲ့ ဒူးထောက်ကြရသည့် သင်္ကေတကို ပြုလုပ်ခဲ့ကြပါတယ်။ ချဲလ်ဆီးနောက်ခံလူ မာကိုစ်အလွန်ဆိုက အဆိုပါလုပ်ရပ်ကို တကယ်ထိရောက်ရဲ့လားလို့ မေးခွန်းထုတ်လိုက်ပါတယ်။ သူ့အနေနဲ့ လာမဲ့ ပွဲတွေမှာလည်း ဒူးထောက်ခြင်းကို မပြုလုပ်တော့ဘူးလို့ သိရပါတယ်။ အခြားကစားသမားတွေ ဒူးထောက်နေစဉ်မှာ အလွန်ဆိုက အသင်းအင်္ကျီလက်မောင်းမှာပါရှိတဲ့ လူမျိုးရေးခွဲခြားမှုအတွက် နေရာမရှိ (No room for racism) ဆိုတဲ့ စာသားကို ညွှန်ပြအသိအမှတ်ပြုနေမယ်လို့ဆိုပါတယ်။ အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်တဲ့ ဂျော့ဖလွိုက် မတော်တဆမှုဖြစ်ပြီးနောက် ပေါ်ပေါက်လာတဲ့ Black Lives Matter လှုပ်ရှားမှုနဲ့အတူ …

SPORT

ရှိတာလေးနဲ့ လှအောင်ဝတ်နေရတာပါလို့ ဘာကာနည်းပြ ကိုးမန်းဆို

ရှိတာလေးနဲ့ လှအောင်ဝတ်နေရတာပါလို့ ဘာကာနည်းပြ ကိုးမန်းဆို နည်းပြရော်နယ်ကိုးမန်းသည် အသင်းရဲ့ လက်ရှိအဆင့်အတန်းဟာ ပရိသတ်တွေ မျှော်လင့်ထားသလိုမဟုတ်တော့ဘူးလို့ ဆိုလိုက်ပါတယ်။ ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူနစ်ကို သုံးဂိုးပြတ်နဲ့ အိမ်ကွင်းမှာ အရှက်တကွဲအကျိုးနည်းရှုံးနိမ့်ပြီးနောက် ယနေ့မနက်ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲမှာ ဂရေနာဒါကို အိမ်ကွင်းမှာပဲ သရေကျခဲ့ကာ နှစ်ပွဲဆက် နိုင်ပွဲပျောက်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ငြိုငြင်အပြစ်တင်မှုကို ခံနေရတဲ့ ဘာကာနည်းပြ ရော်နယ်ကိုးမန်းကို ပွဲအပြီးမှာ အသင်းရဲ့ ကစားဟန်နဲ့ ပတ်သက်ပြီး မီဒီယာတွေက မေးမြန်းခဲ့ရာ ၎င်းက ကျနော်တို့အသင်းရဲ့ လူစာရင်းကို ကြည့်ပါဦးဗျာ ကျနော်တို့ အတက်နိုင်ဆုံးကစားနိုင်သလောက်တော့ ကစားနေတာပဲ ကျနော်တို့မှာ tiki taka နဲ့ အောင်မြင်ခဲ့ရတဲ့အချိန်တွေတုန်းကလို မက်ဆီ ဇာဗီ အင်နီယေစတာတို့လည်း ရှိတော့တာမဟုတ်ဘူး ကျနော်တို့ …

SPORT

ဟာလန်းကိုရောင်းချရာကနေ ပြောင်းရွှေ့ကြေးအမြောက်အများရရှိဖို့ ဒေါ့မွန်မျှော်လင့်နေ

ဟာလန်းကိုရောင်းချရာကနေ ပြောင်းရွှေ့ကြေးအမြောက်အများရရှိဖို့ ဒေါ့မွန်မျှော်လင့်နေ ကမ္ဘာ့အဆင့်တိုက်စစ်မှူးခြေစွမ်းတွေကို ပြသနေတဲ့ ​ဒေါ့မွန်ဂိုးသွင်းစက် အာလင်း ဟာလန်းကို ဥရောပထိပ်သီးအသင်းကြီးတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ ဒေါ့မွန်အသင်းကလည်း ဟာလန်းကို လွယ်လွယ်လက်မလွတ်ရရေးနဲ့ တော်ရုံတန်ရုံအသင်းတွေ ခေါ်ယူမရနိုင်အောင် ပြောင်းရွှေ့ကြေးကြီးကြီးနဲ့ ချည်ထားတုပ်ထားဖို့ ကြံစည်နေပါတယ်။ ဒေါ့မွန်အသင်းရဲ့ CEO ကလည်း ဒီရာသီကုန်ရင် ဟာလန်းကို အသင်းမှာ ဆက်ထိန်းထားဖို့ မလွယ်ကူတော့ဘူးလို့ ဝန်ခံခဲ့ပါတယ်။ ဘေယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်၊ မန်ယူ၊ မန်စီးတီးတို့လိုအသင်းမျိုးတွေ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဟာလန်းကို အသင်းကနေ အလွယ်တကူရောင်းချလိုက်ရတဲ့ အမှားမျိုးတော့ ဒေါ့မွန်အသင်းကျူးလွန်မယ်မထင်ပါဘူး။ ဟာလန်းဟာ သူ့ကိုယ်သူ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတစ်ယောက်ဆိုတာ အကြိမ်ကြိမ်သက်သေပြခဲ့ပြီးပြီဖြစ်ကာ ယခုနှစ်ရာသီမှာလည်း အသင်းအတွက် ဘွန်ဒစ်လီဂါပွဲ ငါးပွဲကစားကာ ၇ ဂိုးသွင်း …

SPORT

၅ နှစ်ကြာမှ ဖမ်းမိတဲ့ ဒီဂီယာ ရဲ့ ပယ်နယ်တီဂိုး

၅ နှစ်ကြာမှ ဖမ်းမိတဲ့ ဒီဂီယာ ရဲ့ ပယ်နယ်တီဂိုး မောင်ယဿ ( စက်တင်ဘာ ၂၁ ) တနင်္ဂနွေက မန်ယူနဲ့ ဝက်စ်ဟမ်းပွဲ မှာ စပိန်သား မန်ယူဂိုးသမား ဒီဂီယာက ပွဲပြီးခါနီးလေးမှာ ဝက်စ်ဟမ်း အသင်းခေါင်းဆောင် မက်ခ်နိုဘယ်ရဲ့ ပန်နယ်တီ ကန်ချက်ကို ကာကွယ် နိုင်ခဲ့ပြီး မန်ယူကို အနိုင် ၃မှတ်ယူ ပေးခဲ့ပါတယ်။ အဲ့ဒိကာကွယ်မှုက သူ့ရဲ့ ၅နှစ်ကြာမှ ပထမဆုံး ပြန်ရှာတွေ့လိုက်တဲ့ ပယ်နယ်တီဘော ဖြစ်ပါတယ်။ အဲ့ဒိ ပယ်နယ်တီကို မကာကွယ်နိုင်ခင်က ၅နှစ်တိတိ ပယ်နယ်တီမှန်သမျှပေးခဲ့ရပါတယ်။ ၂၀၁၆ ဧပြီလတုန်း က FA ဖလား ဆီမီးဖိုင်နယ် မန်ယူနဲ့ အယ်ဗာတန်ပွဲ …

SPORT

အာကြီးက ဘယ်တော့မှ ဂျင်းမထည့်ပါဘူးလို့ ဖေယင်နု ကို တုံ့ပြန်ပြောပြီ

အာကြီးက ဘယ်တော့မှ ဂျင်းမထည့်ပါဘူးလို့ ဖေယင်နု ကို တုံ့ပြန်ပြောပြီ မောင်ယဿ ( စက်တင်ဘာ ၂၁ ) အာဆင်နယ်ကစားသမား ရေ့စ် နယ်ဆင်ကို နွေရသီဈေးကွက်ဖွင့်တော့ နယ်သာလန်နိုင်ငံရော့တာဒမ် အခြေစိုက် ဖေယင်နု အသင်းကို အငှား တစ်နှစ်နဲ့ စာချုပ်ချုပ်ခဲ့ပါတယ်။ နယ်ဆင်က ဖေယင်နုရောက်မှ ဒဏ်ရာဟောင်းတွေ ပြန်ထလို့ မကစားနိုင်ဘူးဖြစ်နေပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ဖေယင်နု နည်းပြ အာနေစလော့ က အာကြီးက သူတို့ကို ဂျင်းထည့်ပြီး ကစားသမားငှားလိုက်တယ်လို့ စွတ်စွဲပြောဆိုလိုက်ပါတယ်။ မနေကကတော့ အာကြီးနည်းပြ အာတီတာက သူတို့ အနေနဲ့ ကစားသမား အရောင်း အဝယ် အငှာမှာ ဘယ်တုန်းက မှ ဂျင်းထည့်ပြီး …

SPORT

ဂျူဗီက ပေါ့ဘာ ကို ပြန်မဝယ်ဘူးလို့ အားကစားဒါရိုက်တာ ဆို

ဂျူဗီက ပေါ့ဘာ ကို ပြန်မဝယ်ဘူးလို့ အားကစားဒါရိုက်တာ ဆို မောင်ယဿ ( စက်တင်ဘာ ၂၁ ) ဂျူဗင်တက် အားကစားနည်းစနစ်ဒါရိုက်တာ ဖီဒီရီကိုချာရူဘီနီ က မန်ယူကွင်းလယ်သမား ပေါ့ဘာ ကို ပြန်ဝယ်ဆိုတဲ့ သတင်းထွက်နေတာကို ဘယ်တော့မှပြန်မဝယ်ဘူးလို့ ပြတ်ပြတ်သားသား ငြင်းလိုက်ပါတယ်။ ချာရူဘီနီက လာမယ့် နွေရာသီ အပြောင်း အရွေ့မှာ ပေါ့ဘာကို ဝယ်မယ့်အစားအခြားကစားသမား တစ်ဦးဦးကို ဝယ်ဖို့အတွက် စဉ်းစားမယ် လို့ ဆိုလိုက်ပါတယ်။ သူတို့က ပေါ့ဘာလို ကွင်းလယ်ကစားသမားနေရာကနေ ဘောလုံးဖန်ပေးတတ်တဲ့ ကစားသမားတွေ အများကြီးရှိပါတယ်။ အာဆင်နယ်က ဆာကာလို လူငယ်ကစားမားတွေကို ဝယ်ဖို့ပဲ ပစ်မှတ်ထားပြီး လိုက်ရှာမယ်လို့ လည်း ဆိုပါတယ်။ ပေါ့ဘာက …

SPORT

၎နှစ်ကို ၁၂ပွဲ ပဲ ကစားခိုင်းပြီး ချောင်ထိုးခံလိုက်ရတဲ့ ချယ်ဆီးကွင်းလယ်ကစားသမား ဒရင့်ဝါးတား

၎နှစ်ကို ၁၂ပွဲ ပဲ ကစားခိုင်းပြီး ချောင်ထိုးခံလိုက်ရတဲ့ ချယ်ဆီးကွင်းလယ်ကစားသမား ဒရင့်ဝါးတား မောင်ယဿ ( စက်တင်ဘာ ၂၁ ) အင်္ဂလန် အောက်တန်း အသင်းတစ်သင်းဖြစ်တဲ့ ရက်ဒင်း အသင်းကို ချယ်ဆီးကနေ အငှားချထားတဲ့ အင်္ဂလိပ်ကစားသမား ဒန်နီဒရင့်ဝါးတား က ချယ်ဆီးမှာနေရတဲ့ သူ့ဘဝက သိပ်ပြီး ရှက်ဖို့ ကောင်းတဲ့ အပြင် အနှိမ်ခံ ကစားသမားလို ဖြစ်နေတယ်လို့ ပေါက်ကွဲ လိုက်ပါတယ်။ ကွင်းလယ်ကစားသမား ဒန်နီ ဒရင့်ဝါးတား (၃၁နှစ် ) ကို ၂၀၁၇ကတည်းက လက်စ္စတာကနေ ချယ်ဆီးက ဝယ်ထားတာပါ။ ချယ်ဆီးက ဝယ်ပြီ ၄ နှစ်အတွင်း သူ့ကို ၁၂ ပွဲပဲ …

SPORT

ဝက်စ်ဟမ်းနဲ့ ပတ်သက်လာရင် ကျနော့်မှာ ခံစားချက်ရှိတယ်လို့ လင်ဂတ်ဆို

ဝက်စ်ဟမ်းနဲ့ ပတ်သက်လာရင် ကျနော့်မှာ ခံစားချက်ရှိတယ်လို့ လင်ဂတ်ဆို မောင်ယဿ ( စက်တင်ဘာ၂၁ ) တနင်္ဂနွေညက ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ မန်ယူပွဲမှာ (၁ – ၁) နဲ့ သရေကျနေရာက မန်ယူကွင်းလယ်သမား လင်ဂတ်က ပွဲပြီးကာနီးမှာ အနိုင်ဂိုးသွင်းလိုက်ပြီး ( ၂-၁ ) ဂိုးနဲ့ မန်ယူကို ၃မှတ်ရအောင် ယူပေးလိုက်လို့ ပရီမီယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ပိုင်းကို ရောက်လာပါတယ်။ ဂိုးသွင်းပြီး အောင်ပွဲ မခံတာနဲ့ ပတ်သက်ပြီး လင်ဂတ်က ကျနော်က ဝက်စ်ဟမ်း ပရီသတ်ကို လေးစားတာရယ် ကစားသမားတွေတွေနဲ့ ပတ်သက်ပြီး ခံစားချက်ရှိတာကြောင့် အောင်ပွဲ မခံတာလို့ ဆိုလိုက်ပါတယ်။ ပွဲတစ်ပွဲရဲ့ အဆုံးအဖြတ်ဂိုးတစ်လုံး …

SPORT

အင်္ဂလန်လူမျိုးမဟုတ်တဲ့ နိုင်ငံခြားသားပရီးမီးယားလိဂ်ဒိုင်အဖြစ် သမိုင်းဝင်တော့မဲ့ ဂေးလ်လက်တ်

အင်္ဂလန်လူမျိုးမဟုတ်တဲ့ နိုင်ငံခြားသားပရီးမီးယားလိဂ်ဒိုင်အဖြစ် သမိုင်းဝင်တော့မဲ့ ဂေးလ်လက်တ် သြစတြေးလျလူမျိုး ဂျာရတ် ဂေးလ်လက်တ်သည် မကြာခင် ပရီးမီးယားလိဂ်ရဲ့ ပထမဆုံးအင်္ဂလန်လူမျိုးမဟုတ်တဲ့ နိုင်ငံခြားသားဒိုင်လူကြီးအဖြစ် မှတ်တမ်းဝင်တော့မှာ ဖြစ်ပါတယ်။ လာမဲ့ စနေနေ့မှာ ယှဉ်ပြိုင်ကစားမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ ဝက်ဖို့ဒ်နဲ့ နယူးကာဆယ်ပွဲကို တရားဝင်စတင်ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ သူဟာ သြစတြေးလျ ပြည်တွင်းလိဂ်ဘောလုံးပြိုင်ပွဲတွေမှာ ဆယ်စုနှစ်တစ်ခုအကြာ ဒိုင်လူကြီးလုပ်ခဲ့ပြီး နာမည်ကျော်ဒိုင်လူကြီးတစ်ဦးဖြစ်ခဲ့ပြီးနောက် မှာတော့ ၂၀၁၉ ခုနှစ်မှာ အင်္ဂလန်သို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်ကစတင်ပြီး သြစတြေးလျ A လိဂ်ပွဲစဉ်တွေကို ကိုင်တွယ်ခဲ့ရာ ၂၀၁၀ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း ၉ နှစ်တာကာလအတွင်း အကောင်းဆုံးဒိုင်လူကြီးဆုကို ၅ နှစ်တိတိရရှိခဲ့သူဖြစ်ပါတယ်။ A လိဂ်ရဲ့ ဖိုင်နယ်ပွဲ ၅ …

SPORT

အသင်းဖော်ဗန်ဒိုက်ကို အလှည့်ကျကစားဖို့ မီလ်နာထောက်ပြခဲ့

အသင်းဖော်ဗန်ဒိုက်ကို အလှည့်ကျကစားဖို့ မီလ်နာထောက်ပြခဲ့ ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းရဲ့နောက်တန်းက အမာခံကျောက်ဆောင်ကြီးတစ်ခုဖြစ်ခဲ့ပေမယ့် ပြင်းထန်တဲ့ ဒူးဒဏ်ရာကနေ ကာလရှည်အနားယူနေရာမှ ပြန်ကစားဖြစ်တာ သိပ်မကြာသေးပါဘူး။ ဗန်ဒိုက်ကို လီဗာပူးလ်ပရိတ်သတ်တွေက စူပါမန်းနဲ့ ခိုင်းနှိုင်းလေ့ရှိကြပြီး လီဗာပူးလ်ကစားသမား မီလ်နာကတော့ စူပါမန်းတောင်မှ တစ်ခါတစ်လေကျရင် အနားယူနေသင့်တယ်လို့ ထောက်ပြခဲ့ပါတယ်။ အကြောင်းကတော့ အသက် ၃၀ အရွယ်ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ ၂၀၂၀/၂၁ ရာသီက ပွဲစဉ်တော်တော်များများကို ပြင်းထန်တဲ့ဒူးဒဏ်ရာကြောင့် လွဲချော်ခဲ့ရတာမို့ဖြစ်ပါတယ်။ ဗန်ဒိုက်ဟာ ဒီရာသီမှာ ဒဏ်ရာကနေပြန်သက်သာလာပြီး ဂျာဂန်ကလော့ရဲ့ ပွဲထွက်လူစာရင်းထဲကို ပြန်ဝင်ရောက်လာနိုင်ခဲ့ပေမယ့် ကြားရက်က အေစီမီလန်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ဗန်ဒိုက်ကိုအနားပေးခဲ့ပါတယ်။ ဒါပေမယ့် စနေနေ့က ခရစ္စတယ်ပဲလေစ့်နဲ့ပွဲစဉ်မှာ ပွဲထွက်ခွင့်ပြန်ရခဲ့ပြီး ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်နိုင်ခဲ့တာပါ။ မီလ်နာက အဲ့ပွဲအပြီးမှာ “ကျနော်တို့အားလုံးကတော့ ဗန်ဒိုက်ကို …