September 17, 2021 - SANTHITSA
SPORT

အရင်တစ်ခေါက်က မှန်ခဲ့တဲ့ ပေါလ်မာဆန်ရဲ့ ဒီတစ်ပတ်အတွက် ပွဲကြိုခန့်မှန်းချက်များ

အရင်တစ်ခေါက်က မှန်ခဲ့တဲ့ ပေါလ်မာဆန်ရဲ့ ဒီတစ်ပတ်အတွက် ပွဲကြိုခန့်မှန်းချက်များ ပေါလ်မာဆန်ဟာ အရင်တစ်ခေါက်က ပရီးမီးယားလိဂ်ပွဲစဉ် (၄) မှာ သုံးပွဲခန့်မှန်းခဲ့ပြီး မန်ယူ၊ချယ်လ်ဆီး နှစ်ပွဲမှန်ခဲ့ကာ အာဆင်နယ်တစ်ပွဲကတော့ ဂိုးပြတ်အနိုင်မှန်းတာကို အခွင့်အရေးအသုံးမချနိုင်ခဲ့တာတွေကြောင့် တစ်ဂိုးပဲရသွားခဲ့ပါတယ်။ ကျနော်ကတော့ တလောကလုံး အိုဝင်မှအိုဝင်ဆိုပြီး အိုဝင်ပြောတာကို ပြောင်းပြန်ချတဲ့သူကချ အတည့်ချတဲ့သူကချနေတဲ့အချိန်မှာ အိုဝင်ထက် မှန်နိုင်ခြေရာခိုင်းနှုန်းပိုများတဲ့ ပေါလ်မာဆန်ရဲ့ ခန့်မှန်းမှုတွေကို သဘောတွေ့မိပါတယ်။ ဒီတစ်ပတ်မှာတော့ သူက (ဘန်လေ vs အာဆင်နယ်)(လီဗာပူးလ် vs ခရစ္စတယ်ပဲလေစ့်)(ဝက်စ်ဟမ်း vs မန်ယူ)(စပါး vs ချယ်လ်ဆီး) ဆိုပြီး စနေနေ့အတွက်နှစ်ပွဲနဲ့ တနင်္ဂနွေနေ့အတွက် နှစ်ပွဲ ခန့်မှန်းပေးထားပါတယ်။ ၁။လီဗာပူးလ် ၃-၀ ခရစ္စတယ်ပဲလေစ့် ( စနေည ၈:၃၀ …

SPORT

Golden Boy ဆုအတွက် ဇကာတင်စာရင်းထဲ ဂရင်းဝုဒ်နဲ့ ဆာကာတို့ ပါဝင်လာ

Golden Boy ဆုအတွက် ဇကာတင်စာရင်းထဲ ဂရင်းဝုဒ်နဲ့ ဆာကာတို့ ပါဝင်လာ ၂၀၂၁ ခုနှစ်ရဲ့ Golden Boy ဆုအတွက် ဇကာတင်စာရင်းမှာ မန်ယူအသင်းက မေဆင်ဂရင်းဝုဒ်နဲ့ အာဆင်နယ်အသင်းက ယူကာယိုဆာကာတို့ အပါအဝင် ပရီးမီးယားလိဂ်က လူငယ်ကစားသမား ၆ဦးအထိ ရွေးချယ်ခံထားရပါတယ်။ Golden Boy ဆုဟာ ၂၀၀၃ ခုနှစ်ကနေ စတင်ချီးမြှင့်ခဲ့တဲ့ ဆုတစ်ခုဖြစ်ပြီး နှစ်စဉ်နှစ်တိုင်းမှာ ဥရောပတိုက်က အသက်၂၁နှစ်အောက် ကစားသမားတွေကို ရွေးချယ်ပေးအပ်တာဖြစ်ပါတယ်။ ဒီနှစ်အတွက် အဆိုပါဆုရဲ့ဇကာတင် အယောက် (၄၀) စာရင်းထဲမှာ ပရီးမီးယားလိဂ်က လူငယ်ကစားသမား ခြောက်ယောက်ပါဝင်လာပြီး မကြာခင်အချိန်ကာလမှာ ဇကာတင်စာရင်းကို အယောက် (၂၀) သာချန်ပြီး ကျန်တဲ့တစ်ဝက်ကို ဖြုတ်ချသွားမှာပါ။ မနှစ်က …

SPORT

ရမှတ်တစ်မှတ်မှ အဆုံးရှုံးမခံဖို့ ယာဂန်ကလော့က အသင်းသားတွေကို သတိပေး

ရမှတ်တစ်မှတ်မှ အဆုံးရှုံးမခံဖို့ ယာဂန်ကလော့က အသင်းသားတွေကို သတိပေး လီဗာပူးလ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ် လေးပွဲစလုံးမှာ ရှုံးနိမ့်ထားခြင်းမရှိသေးပဲ စနေနေ့မှာတော့ အရင်တစ်ပတ်က ခြေစွမ်းပြကစားခဲ့တဲ့ ခရစ္စတယ်ပဲလေစ့်အသင်းနဲ့ ရင်ဆိုင်ရမှာပါ။ အဲ့ပွဲမတိုင်ခင်မှာ လီဗာပူးလ်နည်းပြ ယာဂန်ကလော့က ဒီရာသီရဲ့ ပရီးမီးယားလိဂ်ဖလားကို ရချင်ရင် အနိုင်သုံးမှတ်ရရှိမယ့် ဘယ်အခွင့်အရေးကိုမှ လက်လွှတ်မခံဖို့ အသင်းသားတွေကို သတိပေးလိုက်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီ မတ်လတုန်းက ဖူလ်ဟမ်အသင်းကို အိမ်ကွင်းမှာရှုံးနိမ့်ခဲ့ပြီးတည်းက နောက်ထပ်ရှုံးပွဲနဲ့ ထပ်မကြုံရသေးတာဟာ (၁၄) ပွဲဆက်တိုက်ရှိသွားပြီဖြစ်ပါတယ်။ ဒါ့အပြင် ဒီတပတ်ရင်ဆိုင်ရမယ့် ခရစ္စတယ်ပဲလေစ့်အသင်းနဲ့ နောက်ဆုံးတွေ့ဆုံမှု ရှစ်ကြိမ်စလုံးကို အနိုင်ရထားပြီး အဲ့ရှစ်ကြိမ်မှာ စုစုပေါင်း ၂၄ ဂိုးသွင်းပြီး ငါးဂိုးပဲပြန်ပေးထားခဲ့ရတာပါ။ ကလော့က “ကျနော့်အနေနဲ့ တခြားအသင်းတွေရဲ့အခြေအနေနဲ့ပက်သက်ပြီး သိပ်စိတ်မဝင်စားဘူးဆိုပေမယ့် ဒီရာသီအစကိုကြည့်ရတာ …

SPORT

ယူရိုပါလိဂ်ပြိုင်ပွဲမှာ ရဲတွေကိုပါတိုက်ခိုက်ခဲ့တဲ့ နာပိုလီပရိတ်သတ်များ

ယူရိုပါလိဂ်ပြိုင်ပွဲမှာ ရဲတွေကိုပါတိုက်ခိုက်ခဲ့တဲ့ နာပိုလီပရိတ်သတ်များ ကြာသပတေးညက ယှဉ်ပြိုင်ကစားခဲ့ပြီး လက်စတာအသင်းနဲ့ နာပိုလီအသင်းတို့ တစ်ဖက်နှစ်ဂိုးစီနဲ့ သရေကျခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ခိုက်ရန် ဖြစ်ပွားခဲ့တဲ့ ပရိတ်သတ် ၁၂ ယောက်ကို ဖမ်းဆီးထား တယ်လို့ သိရှိရပါတယ်။ အဲ့မတိုင်ခင်က နာပိုလီပရိတ်သတ်တွေကို ဥရောပ ဘောလုံးပွဲတွေ တက်ရောက်ကြည့် ရှုခွင့် ပိတ်ပင်ထားတာ ဖြစ်ပြီး ဒီရာသီအစမှာမှ ယူအီးအက်ဖ်အေ က ပြန်လည် ခွင့်ပြုပေးခဲ့ တာပါ။ လက်စတာကွင်းမှာ လာရောက်အားပေးခဲ့ကြတဲ့ နာပိုလီပရိတ်သတ်တွေ အနေနဲ့ အကျိတ်အနယ် ရှိတဲ့ ပွဲကောင်းတစ်ပွဲကို ကြည့်ရှု့ခွင့် ရခဲ့တာဖြစ်ပြီး သူတို့အသင်းက နှစ်ဂိုးအရှုံးကနေ ချေပဂိုးတွေ လိုက်သွင်းပြီး အမှတ်ခွဲယူ နိုင်ခဲ့တာကြောင့် ပွဲချိန်အတွင်းမှာ နှစ်ဖက် ပရိတ်သတ်ကြား …

SPORT

ပရီးမီးယားလိဂ်မှာ တစ်ရာသီလုံးစာ တစ်ပွဲသာနိုင်ဖူးတဲ့ ဒါဘီကောင်တီအသင်း

ပရီးမီးယားလိဂ်မှာ တစ်ရာသီလုံးစာ တစ်ပွဲသာနိုင်ဖူးတဲ့ ဒါဘီကောင်တီအသင်း ၂၀၀၇ ခုနှစ် ဒီလိုနေ့မှာ ဒါဘီကောင်တီအသင်းက နယူးကာဆယ်အသင်းကို ၁-၀ ဂိုးရလာဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါဟာ ၂၀၀၇ – ၂၀၀၈ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သူတို့ အသင်းအတွက် ဘုရားစူး တစ်ပွဲတည်းသော နိုင်ပွဲဖြစ်ခဲ့ပါတယ်။ အဲ့ဒီနှစ် တစ်ရာသီလုံးမှာ အသင်းအနေနဲ့ ဇယားအောက်ခြေကနေ လုံးဝမတက်ခဲ့ပဲ ၃၈ ပွဲကန်ရာမှာ ၂၉ ပွဲအထိ ရှုံးခဲ့ပါတယ်။ တစ်ရာသီလုံးအတွက် တစ်သင်းလုံးပေါင်း သွင်းဂိုးကလည်း ဂိုး ၂၀ သာရှိခဲ့ပြီး ပေးဂိုး ၈၉ ဂိုးအထိခွင့်ပြုခဲ့ရပါတယ်။ အသင်းရဲ့ နည်းပြ ဘေလီ ဒေးဗီးစ်လည်း ဆိုးရွားတဲ့ ရလာဒ်တွေကြောင့် နိုဝင်ဘာလမှာ အသင်းကထွက်ခွာခဲ့ရပြီး …

SPORT

လင်ဂတ်ကို စာချုပ်သစ်ချုပ်ဆိုသွားမဲ့ ဆိုးရှားလ်

လင်ဂတ်ကို စာချုပ်သစ်ချုပ်ဆိုသွားမဲ့ ဆိုးရှားလ် ဒီနှစ်အကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မဲ့ ဂျက်ဆီလင်ဂတ်ကို စာချုပ်သစ်ချုပ်ဆိုသွားမယ်လို့ မန်ယူနည်းပြ ဆိုးရှားက ပြောကြားလိုက်ပါတယ်။ ၂၈ နှစ်အရွယ် လင်ဂတ်သည် ပြီးခဲ့တဲ့နှစ်က ဝက်စ်ဟမ်းအသင်းထံ အငှားသွားရောက်ကစားခဲ့ရပြီး ၁၆ ပွဲကစား ၉ ဂိုးသွင်းယူနိုင်ခဲ့ကာ ဒီနှစ်မှာ မန်ယူအသင်းက ပြန်လည်ခေါ်ယူထားတာဖြစ်ပါတယ်။ ဒီရာသီအသင်းအတွက် လူစားဝင် ပွဲကစားခွင့်တွေရထားသူ လင်ဂတ်သည် နယူးကာဆယ်အသင်းနဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပေမဲ့ ယန်းဘွိုင်းစ်နဲ့ပွဲမှာတော့ ရှုံးနိမ့်စေတဲ့အမှားမျိုး ကျူးလွန်ခဲ့ပါတယ်။ လင်ဂတ်အပေါ် သူ့ရဲ့အမြင်ကို ဆိုးရှားက အနာဂတ်မှာလည်း သူ့ကို ယူနိုက်တက်ဂျာစီနဲ့ပဲ မြင်ချင်ပါတယ် ဝက်စ်ဟမ်းအသင်းမှာ သွားရောက်ကစားပြီး ခြေစွမ်းပြနိုင်တာကြောင့် သူ့ကိုပြန်ခေါ်ထားတာပါ သူက အင်္ဂလန်လက်ရွေးစင်အထိ ရွေးချယ်ခံရအောင် စွမ်းဆောင်ရည်ကောင်းတဲ့သူပါ အင်္ဂလန်အတွက်လည်း ဂိုးတွေသွင်းပေးထားပါတယ် …

SPORT

ဝမ်းသာ ၊ ဝမ်းနည်း မှတ်တမ်း ၂ခုနဲ့ မန်စီတီးနောက်တန်း နေသန်အေကီ

ဝမ်းသာ ၊ ဝမ်းနည်း မှတ်တမ်း ၂ခုနဲ့ မန်စီတီးနောက်တန်း နေသန်အေကီ မောင်ယဿ ( စက်တင်ဘာ ၁၇ ) ဗုဒ္ဓဟူး ညက ကစားတဲ့ မန်စီတီးနဲ့ အာပီလစ်ဇစ် ပွဲမှာ မန်စီတီးနောက်ခံလူ နေသန်အေကီ က သူ့ရဲ့ချန်ပီလိဂ် ပထမဆုံးဂိုး ကို သွင်းပြီး တဲ့ မိနစ်ပိုင်းမှာပဲ သူ့ရဲ့ အဖေဆုံးပါးသွားတဲ့အတွက် ပျော်တစ်ဝက် ဝမ်းနည်းတစ်ဖက် ခံစားရတယ်လို့ ပြောလိုက်ပါတယ်။ အဲ့ဒိပွဲက ( ၆ – ၃ ) ဂိုးနဲ့ မန်စီတီးက နိုင်ခဲ့ပါတယ်။ အဲ့ဒိပွဲရဲ့ ဗွေဆော်ဦး ဂိုးကို နေသန်အေကီ က ( ၁၆ မိနစ်) …

SPORT

ဆဆရက တွေ လုပ်မနေနဲ့ မင်းတို့ လိုသေးတယ်လို့ လက်စ္စတာနည်းပြ ဆို

ဆဆရက တွေ လုပ်မနေနဲ့ မင်းတို့ လိုသေးတယ်လို့ လက်စ္စတာနည်းပြ ဆို မောင်ယဿ ( စက်တင်ဘာ ၁၇ ) မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် အဖွင့်ပွဲစဉ်မှာ အိမ်ကွင်းမှာ လက်စ္စတာက ၂ဂိုးနဲ့ ဦးဆောင်နေရာက နာပိုလီ ကို ချေပဂိုး ၂ဂိုး ပြန်ပေးလိုက်ရပြီး သရေကျသွားပါတယ်။ နာပိုလီရဲ့ ချေပဂိုး ၂ဂိုး ကို နံပါတ် ၉ အိုဆင်ဟန် တစ်ယောက်တည်း သွင်းသွားတာပါ။ လက်စ္စတာ နောက်တန်းကို အိုဆင်ဟန်ကို လုံးဝ မထိန်းနိုင်ခဲ့ပါဘူး။ အဲ့ဒါနဲ့ ပတ်သက်ပြီး နည်းပြ ဘရန်ဒန်ရော်ဂျာက သူ့အသင်းသားတွေ ဥရောပပွဲအတွေ့အကြုံပိုင်း ဆိုင်ရာ အားနည်းသေတယ် ၊လေ့လာဖို့ လိုသေးတယ်လို့ …

SPORT

ဒါမျိုးတွေက ရိုးးးးဟိုးးးး နေပြီလို့ ဂျာကြီး ဆိုးလ်ရှားဆို

ဒါမျိုးတွေက ရိုးးးးဟိုးးးး နေပြီလို့ ဂျာကြီး ဆိုးလ်ရှားဆို မောင်ယဿ ( စက်တင်ဘာ ၁၇ ) ချန်ပီယံလိဂ် အုပ်စုပတ်လည် ပွဲဦးထွက်မှာ ဆွစ်ဇာလန်ကလပ် ယန်းဘွိုင်းကို မန်ယူရှုံးသွားတာနဲ့ ပတ်သက်ပြီး မီဒီယာတွေ နဲ့ ဘောလုံးကျွမ်းကျင်သူတွေ အမျိုးမျိုး ဝေဖန်တာနဲ့ ပတ်သက်ပြီး အခုလို ရုတ်တရက် ဖြစ်ပေါ် လာတဲ့ ဖိအားတွေကို ရိုးနေပါပြီ တုန်လှုတ်စရာလည်း မရှိပါဘူးလို့ မန်ယူဂျာကြီး ဆိုးလ်ရှားက ဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့အပတ် ပရီမီးယားလိဂ်ပွဲတုန်းက နယူးကာဆယ် ( ၄-၁ )ဂိုး နဲ့ နိုင်လိုက်တဲ့အချိန်မှာ မန်ယူက အကောင်းဆုံး ဖြစ်သွားပြီးလို့ ကြွားလုံးမဆုံးခင် ၃၊၄ ရက်အကြာမှာ ယန်းဘွိုင်းကို ရှုံးတော့ …

SPORT

ဘူဘူချင်း တိုက်စား ယူလိုက်တဲ့ အာကြီး

ဘူဘူချင်း တိုက်စား ယူလိုက်တဲ့ အာကြီး မောင်ယဿ ( စက်တင်ဘာ ၁၇ ) လတ်တလော ဥရောပ ဘောလုံးဇာတ်ခုံမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ဘောလုံးအသင်း ၂သင်းကတော့ အင်္ဂလန် က အာဆင်နယ်အသင်းနဲ့ စပိန်က ဘာစီလိုနာ အသင်းတို့ပဲ ဖြစ်ပါတယ်။ အာဆင်နယ်က အသင်းကြီး တစ်သင်းဖြစ်ပြီး ပရီမီးယားလိဂ် ပွဲစစချင်း ၃ပွဲမှာ ရှုံးခဲ့လို့ အမှတ်ပေးဇယား အောက်ဆုံးကို ရောက်သွားတာနဲ့ ပတ်သက်ပြီး ဘောလုံးလောကမှာ ဆူဆူညံညံ ဖြစ်ခဲ့ရသလို ဘာစီလိုနာက ငွေးရေး ကြေးရေး ကိစ္စကြောင့် ကစားသမားတွေ နဲ့ ပြဿနာတက်တဲ့ ကိစ္စတွေပါပဲ။ အခုဟာက အာကြီး လူငယ်ကစားသမား ချာလီပါတီနို( ၁၇နှစ်) …