September 12, 2021 - SANTHITSA
SPORT

ဂျွန်တယ်ရီကို နော့တင်ဟမ်ဖောရက်စ့်အသင်းရဲ့နည်းပြအဖြစ်နဲ့ တွေ့မြင်ရဖို့ရှိနေ

ဂျွန်တယ်ရီကို နော့တင်ဟမ်ဖောရက်စ့်အသင်းရဲ့နည်းပြအဖြစ်နဲ့ တွေ့မြင်ရဖို့ရှိနေ The Sun သတင်းစာရဲ့ဖော်ပြချက်အရ နော့တင်ဟမ်ဖောရက်စ့်အသင်းဟာ ရလဒ်ဆိုးတွေကြုံနေရတဲ့အတွက် လက်ရှိနည်းပြ ခရစ်ဟက်တန်ရဲ့နေရာမှာ ဂျွန်တယ်ရီကို အစားထိုးခန့်အပ်သွားဖို့ စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။ ဂျွန်တယ်ရီဟာ ၂၀၀၀ခုနှစ်တုန်းက ချယ်လ်ဆီးအသင်းထံကနေ နော့တင်ဟမ်ဖောရက်စ့်အသင်းမှာ နှစ်လအငှားသွားကစားခဲ့ဖူးပါတယ်။ ဒါ့အပြင် ဂျွန်တယ်ရီဟာ ဒီရာသီအစမှာ အက်စတွန်ဗီလာအသင်းရဲ့ လက်ထောက်နည်းပြရာထူးကနေ မိသားစုကိုအချိန်ပေးချင်လို့ဆိုပြီး နှုတ်ထွက်ခဲ့ကာ ခေါင်းဆောင်နည်းပြအဖြစ်နဲ့ လုပ်ကိုင်လိုနေတဲ့သူ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ နည်းပြဘဝစတင်ဖို့ အဆင်သင့်ဖြစ်နေပြီး ချန်ပီရှစ်က နော့တင်ဟမ်ဖောရက်စ့်ကလည်း မကြာခင်မှာ နည်းပြအပြောင်းအလဲလုပ်ဖို့ များနေတဲ့အတွက် ဂျွန်တယ်ရီကို နည်းပြအဖြစ်နဲ့ မြင်တွေ့ရတော့မယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။ နော့တင်ဟမ်ဖောရက်စ့်အသင်းဟာ လက်ရှိနည်းပြ ဟက်တန်ရဲ့လက်အောက်မှာ ဆိုးရွားတဲ့ရာသီအစနဲ့ ကြုံတွေ့နေရပြီး အဆင့် ၂၄အဖြစ်နဲ့ ဇယားအောက်ဆုံးမှာရပ်တည်နေပါတယ်။ …

SPORT

ဥရောပငွေသုံးအကြမ်းဆုံးအသင်းစာရင်းမှာ မန်ယူ၊ မန်စီးတီးစတဲ့ ပရီးမီးယားအသင်းတွေ ဦးဆောင်

ဥရောပငွေသုံးအကြမ်းဆုံးအသင်းစာရင်းမှာ မန်ယူ၊ မန်စီးတီးစတဲ့ ပရီးမီးယားအသင်းတွေ ဦးဆောင် ဒီနှစ်နွေရာသီ အပြောင်းအရွှေ့ကာလမှာ ပရီးမီယားလိဂ်အသင်းတွေသုံးတဲ့ ပြောင်းရွှေ့ကြေးစရိတ်တွေက တခြားဥရောပထိပ်သီးလိဂ်ငါးခုက အသင်းအားလုံးပေါင်းရဲ့ နှစ်ဆလောက်ရှိနေပါတယ်။ ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ ဒီနှစ်အသုံးစရိတ်က ပေါင် ၇ ဘီလီယံကျော်ရှိခဲ့ပြီး အဲ့ဒီအထဲမှာမှ မြို့ခံပြိုင်ဘက်အသင်းနှစ်သင်းဖြစ်တဲ့ မန်ယူနဲ့ မန်စီးတီးအသင်းတို့က ဥရောပရဲ့ ဈေးအကြီးဆုံး လူစာရင်းတွေကို ပိုင်ဆိုင်ထားကြတာတွေ့ရပါတယ်။ မန်စီးတီးအသင်းက ဂျက်ဂရီးလစ်ရှ်တစ်ဦးထဲအတွက် ပေါင်သန်းတစ်ရာ​သုံးခဲ့သလို ချဲလ်ဆီးအသင်းကလည်း လူကာကူကို ပြန်လည်ခေါ်ယူဖို့ ပေါင် ၉၈ သန်းခန့်အသုံးပြုခဲ့ပါတယ်။ အကယ်၍ မန်စီးတီးအသင်းသာ ဟယ်ရီကိန်းကို ခေါ်ယူနိုင်ခဲ့မယ်ဆို နောက်ထပ် ပေါင်သန်း၁၀၀ထက်မနည်းတဲ့ အပြောင်းအရွှေ့တစ်ခုကို ထပ်မံမြင်တွေ့ရဖွယ်ရှိပါတယ်။ စစ်တမ်းတွေအရ ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ ငွေအသုံးစရိတ်ဟာ တခြားဥရောပထိပ်တန်းလိဂ်တွေဖြစ်တဲ့ စီးရီးအေ (ပေါင် ၂.၉ ဘီလီယံ)၊ …

SPORT

ဆာအူးအနေနဲ့ ပွဲဦးထွက်မှာ ကြီးမားတဲ့အမှားတွေလုပ်ခဲ့မိတာ ကျနော့်ကြောင့်ပါလို့ တူချယ်ဆို

ဆာအူးအနေနဲ့ ပွဲဦးထွက်မှာ ကြီးမားတဲ့အမှားတွေလုပ်ခဲ့မိတာ ကျနော့်ကြောင့်ပါလို့ တူချယ်ဆို ဆာအူးဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်ကျမှ အက်သလက်တီကို အသင်းကနေ ချယ်လ်ဆီးအသင်းထံ အငှားနဲ့ ရောက်ရှိလာ ခဲ့တဲ့သူပါ။ လအစကမှ အသင်းနဲ့ ပူးပေါင်းခဲ့တာ ကြောင့် ပရီးမီးယားလိဂ် အထာနပ်ဖို့ အချိန်လိုသေး ပေမယ့်လည်း တူချယ်ကတော့ အက်စတွန် ဗီလာနဲ့ပွဲ မှာ သူ့ကိုပွဲထွက်ကစားသမားအဖြစ် ထုတ်သုံးခဲ့ပါတယ်။ ဒါပေမယ့် ဆာအူးဟာ တူချယ်ထင်ထားသလို အသင်းနဲ့ အံမဝင်ခဲ့သေးပဲ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရကာ အမှားတချို့ လည်းပြုလုပ်နေ တာကြောင့် ပထမပိုင်းအပြီးမှာပဲ ဂျော်ဂျင်ဟိုနဲ့ လူစားလဲ လိုက်ရပါတယ်။ တူချယ်က ဆာအူးနဲ့ ပက်သက်ပြီး စကိုင်းစပေါ့ နဲ့ အင်တာဗျူးမှာ ” ဆာအူးအနေနဲ့ …

SPORT

အခုတစ်မျိုး တော်ကြာတစ်မျိုးပြောနေတဲ့ ဂွာဒီယိုလာ

အခုတစ်မျိုး တော်ကြာတစ်မျိုးပြောနေတဲ့ ဂွာဒီယိုလာ လက်စတာကို တစ်ဂိုး ဂိုးမရှိနဲ့အနိုင်ရပြီးနောက်မှာ ဂွာဒီယိုလာက မန်စီးတီးအသင်းအနေနဲ့ လူထပ်ဝယ်ရဦးမယ်လို့ ထုတ်ပြောလာပြန်ပါတယ်။ အဲ့ပွဲမှာ ဂိုးသွင်းခွင့်များစွာရခဲ့ကာ ၂၅ကြိမ်ကန်သွင်းခဲ့ပြီး ၈ကြိမ်ဂိုးပေါက်တည့်ခဲ့ပေမယ့်လည်း ဘာနာဒိုဆေးလ်ဗားရဲ့ သွင်းဂိုးတစ်ဂိုးတည်းနဲ့သာ ကပ်နိုင်ခဲ့တာကြောင့် အဆုံးသတ်သေချာတဲ့ တိုက်စစ်မှူးမျိုးနဲ့ တိုက်စစ်ပိုင်းကို ပြောင်းလဲဖို့လိုအပ်နေတုန်းပဲလို့ ပြောလိုက်တာပါ။ ရာသီအစပွဲစဉ်တွေမှာ မန်စီးတီးအသင်းဟာ နောဝှစ်နဲ့ အာဆင်နယ်တို့ကို ငါးဂိုးစီသွင်းယူနိုင်ခဲ့ပေမယ့် စပါးအသင်းကို ရှုံးခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ဂိုးသွင်းခွင့်များစွာကြားထဲကနေ ရဂိုးမရှိခဲ့ပါဘူး။ ပွဲပြီးအင်တာဗျူးမှာ ဂွာဒီယိုလာက ” ကျနော်တို့ ပွဲစတည်းက ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ အခွင့်အရေးကောင်းတွေလည်း အများကြီးရရှိခဲ့ပြီး ဒီထပ်ဂိုးတွေ သွင်းယူနိုင်ခဲ့ရမှာပေါ့။ အဲ့အပိုင်းက ကျနော်တို့ အပြောင်းအလဲထပ်လုပ်ဖို့ ကျန်နေသေးတဲ့အပိုင်းပါပဲ” လို့ အားမလိုအားမရဆိုပါတယ်။ သူ့အနေနဲ့ အသင်းမှာ …

SPORT

နောဝှစ်ကိုအနိုင်ရပြီးနောက် ပရိတ်သတ်တွေ ထင်မှတ်မထားတဲ့စကားကို ထုတ်ပြောလာတဲ့ အာတီတာ

နောဝှစ်ကိုအနိုင်ရပြီးနောက် ပရိတ်သတ်တွေ ထင်မှတ်မထားတဲ့စကားကို ထုတ်ပြောလာတဲ့ အာတီတာ ဟုတ်ပါတယ်၊ အာတီတာကတော့ ဘယ်သူမှ မျှော်မှန်းထားမှာမဟုတ်တဲ့ စကားတစ်ခွန်းကို ထုတ်ပြောလာခဲ့ပါတယ်။ အဲ့တာကတော့ ‘ပြီးခဲ့တဲ့ နှစ်ပတ်တာကာလဟာ သူနည်းပြခဲ့တဲ့ သက်တမ်းတစ်လျှောက် အကောင်းဆုံးနေ့ ရက်တွေပါပဲ ‘ ဆိုပြီး ဖြစ်ပါတယ်။ (Arteta Out) လုပ်ချင်နေကြတဲ့ အာဆင်နယ် ပရိတ်သတ်တွေကတော့ ဘာလဲဟ ! ဒီဘဲရူးသွားပြီလားလို့ ထင်ကြမှာပါ။ ဟုတ်တော့လည်းဟုတ်ပါတယ်။ အာဆင်နယ် အသင်းအနေနဲ့ အဲ့ရက်ပိုင်းတွေမှာ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးရ လဒ်တွေကို ပိုင်ဆိုင်ခဲ့ရတာပါ။ ဘယ့်နှယ့်ဗျာ ရာသီအစသုံးပွဲစလုံးရှုံးပြီး သွင်းဂိုးတောင် ဥမကွဲခဲ့ပဲ ဇယားအောက်ဆုံးမှာရောက်နေတာကို သူက သူ့ဘဝရဲ့အကောင်းဆုံးနေ့ရက်တွေလို့ ပြောထွက်သေးတယ်။ ပြီးတော့ နောဝှစ်ကို နိုင်ခဲ့တာကလည်း သွင်းဂိုးတစ်ဂိုးတည်းနဲ့ဗျာ …

SPORT

CR7 ဂိုးသွင်းအပြီး အောင်ပွဲခံလေ့ရှိတဲ့ စတိုင်ရဲ့ နောက်ကွယ်က အကြောင်းအရင်း

CR7 ဂိုးသွင်းအပြီး အောင်ပွဲခံလေ့ရှိတဲ့ စတိုင်ရဲ့ နောက်ကွယ်က အကြောင်းအရင်း ခရစ္စတီယာနိုဟာ နာမည်ကျော်ကစားသမားဖြစ်တာနဲ့အညီ သူ့ရဲ့ကိုယ်ပိုင်ဒီဇိုင်းကာလာ ဘာညာအနေအထားတစ်ခုရှိတဲ့သူမှန်း ဂေါင်းကြီးတို့အသိပါပဲ။ အထူးသဖြင့် သူ့ရဲ့ ပယ်နယ်တီကန်တဲ့စတိုင်တို့ ဖရီးကစ်ကန်တဲ့ စတိုင်တို့ဟာ သူကိုယ်ပိုင် ဖန်တီးခဲ့တာ ဖြစ်ပြီး အခုနောက်ပိုင်း သူအသုံးပြု နေကျဖြစ်တဲ့ အောင်ပွဲခံ တဲ့စတိုင်ကိုလည်း သူ့အိုင်ဒီယာနဲ့ သူတီထွင်ခဲ့တာပေါ့။ ဂျူဗင်တပ် ,ရီးရဲလ်မက်ဒရစ်နဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်းတို့မှာ ပြသခဲ့တဲ့ သူ့ရဲ့ ဂိုးသွင်းနှုန်းကြောင့် ပွဲတိုင်းလိုလိုမှာ သူအောင်ပွဲခံ တဲ့စတိုင်ကို မကြာခဏ မြင်တွေ့ရလေ့ရှိပြီး ဒီရာသီမှာလည်း မန်ယူပရိတ်သတ်တွေ အနေနဲ့ CR7 ရဲ့ အောင်ပွဲခံပုံတွေများစွာကို မြင်တွေ့ချင်ကြမှာ အသေအချာပါပဲ။ ရော်နယ်ဒိုရဲ့ စတိုင်ကို ပုံဖော်ရရင် …

SPORT

ဒိုလေး မန်စီတီးကို ရောက်မှာစိုးလို့ သက်သက် ဝင်နှောက်တာလို့ ဖာဂူဆန်ဝန်ခံပြီ

ဒိုလေး မန်စီတီးကို ရောက်မှာစိုးလို့ သက်သက် ဝင်နှောက်တာလို့ ဖာဂူဆန်ဝန်ခံပြီ မောင်ယဿ ( စက်တင်ဘာ ၁၂ ) မနေ့ညက နယူကာဆယ်ကို မန်ယူက ( ၄- ၁ )နဲ့ မလိုက်တော့ မန်ယူဖန်တွေ ရေရေလည်လည် လန်းသွား ပါတယ်။ ပိုဆိုးတာက ဒိုလေးက ဦးဆောင်ဂိုး ၂လုံး လုံးကိုသွင်းလိုက်တော့ ဖန်တွေတင် မကဘူး မီဒီယာတွေ ကပါ အရမ်းကြီးကို စိတ်ဝင်စားမှုတွေ မြင့်တက်သွားတာပေါ့ ။ အဲ့ တော့ ဒိုလေးကို မန်ယူရောက်အောင် သုတ်လာတဲ့ မန်ယူနောက်ကွယ်က လက်မဲကြီး ဖာဂူဆန်ဆီကို မီဒီယာတွေ အပြေးအလွှားနဲ့ မေးကြမြန်းကြ တော့ လက်မဲကြီးက သူ …

Uncategorized

စီရိုနယ်ဒိုကိုခေါ်ယူရာမှာ သူပါဝင်ခဲ့ပုံကို ပြောပြခဲ့တဲ့ ဆာအဲလက်စ်ဖာဂူဆန်

စီရိုနယ်ဒိုကိုခေါ်ယူရာမှာ သူပါဝင်ခဲ့ပုံကို ပြောပြခဲ့တဲ့ ဆာအဲလက်စ်ဖာဂူဆန် မန်ချက်စတာယူနိုက်တက်က စီရိုနယ်ဒိုကို ပြန်လည် ခေါ်ယူနိုင်ခဲ့တဲ့ ကမ္ဘာ့ဘောလုံးလောကကို လှုပ်ခတ်စေခဲ့တဲ့ အပြောင်းအရွှေ့မှာ သူပါဝင်ခဲ့ကြောင်း ဆာအဲလက်စ် ဖာဂူဆန်က အတည်ပြုလိုက်ပါတယ်။ စီရိုနယ်ဒို ဂျူဗင်တပ်စ်အသင်းမှ ထွက်ခွာမည်ဆိုပြီးနောက် ဆာအဲလက်စ်က ဆူညံတဲ့ အိမ်နီးချင်းလို့ နောက်ပြောင်ခေါ်ဝေါ်ခံရတဲ့ ခါးသီးတဲ့ မြို့ခံပြိုင်ဘက်မန်စီးတီးအသင်းကို ရောက်ရှိဖို့ လက်တစ်လုံးအလိုမျှ နီးစပ်ခဲ့ပါတယ်။ စီရိုနယ်ဒိုအပေါ် သားတစ်ယောက်လို သံယောဇဉ် ကြီးရှာတဲ့ ဆာအဲလက်စ်က မန်စီးတီးအသင်းဆီ ရိုနယ်ဒိုမရောက်သွားရေး၊ အိုးထရက်ဖိုဒ့်မြေကိုသာ ပြန်လည်ရောက်ရှိလာရေးအတွက် ကိုယ်တိုင်ပါဝင်လှုပ်ရှားခဲ့ရပါတယ်။ အခုတော့ ဆာအဲလက်စ်ရဲ့ ဆန္ဒပြည့်ဝခဲ့ရပြီး စီရိုနယ်ဒိုကို မန်ယူဂျာစီနဲ့ အတူ ဂိုးတွေသွင်းနေတာကို မြင်တွေ့နေရပြီဖြစ်ပါတယ်။ မန်ယူရဲ့ ဂန္တဝင်နည်းပြကြီး ဖာဂူဆန်က စီရိုနယ်ဒိုရဲ့ အပြောင်းအရွှေ့မှာ …

SPORT

ခင်ဗျားတို့မီဒီယာတွေ တစ်ဖက်စောင်းနင်း မရေးကြပါနဲ့ လို့ နယူးကာဆယ်နည်းပြ ဆို

ခင်ဗျားတို့မီဒီယာတွေ တစ်ဖက်စောင်းနင်း မရေးကြပါနဲ့ လို့ နယူးကာဆယ်နည်းပြ ဆို မောင်ယဿ ( စက်တင်ဘာ ၁၂ ) မနေ့ညက ကစားတဲ့ မန်ယူနဲ့ နယူကာဆယ်ပွဲ မှာ မန်ယူက အိမ်ကွင်းမှာ နယူးကာဆယ်ကို ( ၄-၀ ) နိုင်လိုက်ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး နယူကာဆယ် လိုကယ်မီဒီယာတွေက နည်းပြဖြစ်သူ စတိဘရုကို အပြစ်တင်ဝေဖန်မှုတွေ အများကြီးလုပ်နေပါတယ်။ နောက်ပြီး နိုင်ငံတကာ ဘောလုံးပွဲ နားချိန်တွေ ရဲ့သားနဲ့ မန်ယူကို ရင်ဆိုင်ဖို့ ဘာလို့ မပြင်ဆင်ခဲ့တာလဲ ဆိုပြီး ပြောဆိုဝေဖန်နေခဲ့ကြပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး မီဒီယာတွေကို တစ်ဖက်စောင်းနင်း မရေးကြပါနဲ့ ငှက်ကျား ကျာကြီး စတိဘရုက …

SPORT

ဒီနေ့ ( စက်တင်ဘာ ၁၂)ရက်နေ့ည ကန်မယ့်ပွဲများ

ဒီနေ့ ( စက်တင်ဘာ ၁၂)ရက်နေ့ည ကန်မယ့်ပွဲများ ရင်ငြိမ်းနွေ ( စက်တင်ဘာ ၁၂ ) အင်္ဂလန် ပရီမီးယားလိဂ် လိဒ် – လီဗာပူး စပိန် လာလီဂါ အက်စ်ပန်ညော် – အက်သလက်တီကို အိုဆာဆူနာ – ဗလင်စီယာ ကာဒစ်ဇ် – ဆိုစီဒက် ရီးရဲလ်မက်ဒရစ် – ဆယ်တာဗီဂို အီတလီ စီးရီးအေ ဆမ်ဒိုရီးယား – အင်တာမီလန် ကာဂလီယာရီ – ဂျီနိုအာ စပီဇီးယား – အူဒီးနီးစ် တိုရီနို – ဆာလီမီတာနာ အေစီမီလန် – လာဇီရို ရိုးမား – ဆက်ဆူအိုလို ဂျာမနီ …