September 2021 - SANTHITSA
Uncategorized

ကာရာဘောင်ဖလား စတုတ္ထအဆင့်မှာ မန်စီးတီး၊ လီဗာပူးလ်၊ အာဆင်နယ်တို့ ဘယ်အသင်းတွေနဲ့ တွေ့မလဲ

ကာရာဘောင်ဖလား စတုတ္ထအဆင့်မှာ မန်စီးတီး၊ လီဗာပူးလ်၊ အာဆင်နယ်တို့ ဘယ်အသင်းတွေနဲ့ တွေ့မလဲ ပရီးမီးယားလိဂ်ဖလားလိုပဲ အင်္ဂလန်ကလပ်အသင်းတွေအတွက် ပြည်တွင်းဖလားလေးတွေက အရေးပါတဲ့ ဆုဖလားတွေပဲ ဖြစ်ပါတယ်။ Treble လိုချင်လို့ပဲဖြစ်ဖြစ် မိမိအသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲရှည်ကြီးမှာ ခြေချော်လက်ချော်ဖြစ်သွားလို့ပဲဖြစ်ဖြစ် ပြည်တွင်းဖလားလေးတွေက အသင်းပရိသတ်တွေကို ချွေးသိပ်လို့ရတဲ့အပြင် ဖလားလက်မဲ့ရာသီကို မဖြတ်သန်းရဖို့အတွက် အထောက်အပံ့တစ်ခုဖြစ်နိုင်ပါတယ်။ ယခု စတုတ္ထအဆင့်မှာ ချဲလ်ဆီးအသင်းက ပရီးမီးယားလိဂ်ဖျက်မြင်း ဆောက်သမ်တန်အသင်း၊ အာဆင်နယ်အသင်းက လိဒ်ယူနိုက်တက်အသင်း၊ လီဗာပူးလ်အသင်းက ပရက်စတန်နော့အင့်အသင်းတိုနဲ့ အသီးသီးတွေ့ဆုံနေပါတယ်။ အဆိုပါပွဲစဉ်တွေကို လာမဲ့ အောက်တိုဘာ ၂၆ ရက်နေ့နဲ့ ၂၇ ရက်တို့မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ကွာတာဖိုင်နယ်ကိုတော့ ဒီဇင်ဘာလလောက်မှာ ကစားရမှာပါ။ ကာရာဘောင်ဖလားလေးကြိမ်ရထားတဲ့ မန်စီးတီးအသင်းက တတိယအဆင့်မှာ မန်ယူကို ဖြုတ်ချခဲ့တဲ့ …

KNOWLEDGE

သွေးဆုံးကိုင်တဲ့ အမျိုးသမီးတွေ ဆေးခြောက်ရှုရင် သက်သာတယ်လို့ ဆို လို့ အငြင်းအခုံတွေဖြစ်

သွေးဆုံးကိုင်တဲ့ အမျိုးသမီးတွေ ဆေးခြောက်ရှုရင် သက်သာတယ်လို့ ဆို လို့ အငြင်းအခုံတွေဖြစ် မောင်ယဿ ( စက်တင်ဘာ ၂၃ ) သွေးဆုံးသွားတဲ့ အမျိုးသမီးတွေမှာ စိတ်ဂဏါမငြိမ်ဖြစ်တာတွေ ၊ မိန်းမကိုယ်ခြောက်တာတွေ ၊ အသားပူတာတွေ ၊ ချမ်းတတ်တာတွေ ၊ ညဖက်မှာ ချွေးပျံတာတွေ ၊ အိပ်မပျော်တာတွေ ၊ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲဖြစ်တာတွေ ၊ ကိုယ့်အလေးချိန်တက်တာတွေနဲ့ အစာချေစနစ်နှေးတာတွေ ဖြစ်တတ်ပါတယ်။ အဆိုးဆုံးကတော့ ကိုက်ခဲ နာကျင်နေတတ်တာပါ။ လေ့လာမှု အသစ်တစ်ရပ်က ဆေးခြောက် အနည်းငယ်ရှုလိုက်ရင် အဲ့ဒိရောဂါလက္ခဏါတွေသက်သာတယ်လို့ ဆိုပါတယ်။ ကနေဒါ အယ်လ်ဘာတာတက္ကသိုလ်က ဘွဲယူစာတမ်းတင်တဲ့ ကတ်သရင်းဘတ်ရင်က သူမရဲ့ သုတေသနစာတမ်းထဲမှာ အဲ့ဒိအကြောင်း ကို …

Uncategorized

အကောင်းဆုံးဆိုတာ သက်သေပြဖို့ ပရီးမီးယားလိဂ်မှာ ကစားစရာမလိုဘူးလို့ လီဝန်ဒေါစကီးဆို

အကောင်းဆုံးဆိုတာ သက်သေပြဖို့ ပရီးမီးယားလိဂ်မှာ ကစားစရာမလိုဘူးလို့ လီဝန်ဒေါစကီးဆို ဒီနှစ်နွေရာသီမှာ ရော်ဘတ် လီဝန်ဒေါစကီးကို ခေါ်ယူဖို့ ပရီးမီယားလိဂ်ထိပ်သီးအသင်းတွေ အပြိုင်အဆိုင်ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ ကာယကံရှင် ကိုယ်တိုင်ကတော့ ဘေယန်မြူးနစ်မှာပဲ အချိန်အတော်ကြာဆက်ရှိနေဦးမယ်လို့ ဝန်ခံလိုက်ပါတယ်။ ၂၀၂၀-၂၀၂၁ ရာသီအတွက် ဥရောပရွှေဖိနပ်ဆုကို လက်ခံရယူခဲ့တဲ့ လီဝန်ဒေါစကီးက သူ့ကိုယ်သူ ထပ်ပြီးသက်သေပြဖို့ တခြားလိဂ်တွေမှာ ကစားဖို့ မလိုဘူးလို့လည်း ပြောသွားပါတယ်။ သူဟာ ဘွန်ဒစ်လီဂါ ၂၉ ပွဲမှာ စံချိန်တင် ၄၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့သူဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ပိုလန်သား လီဝန်ဒေါစကီးသည် ဘေယန်မြူးနစ်အသင်းအတွက် ၂၀၁၄ ခုနှစ်ကတည်းက စတင်ကစားပေးခဲ့တာဖြစ်ပြီး သြဂုတ်လက ထွက်ခဲ့တဲ့ သတင်းတွေအရ သူက ဘေယန်ကထွက်ခွာပြီး …

Uncategorized

ပေါ့ဘာကို စာချုပ်သစ်ချုပ်ဆိုဖို့ စီရိုနယ်ဒိုက စွဲဆောင်နိုင်မယ်လို့ မန်ယူဂန္တဝင် တက်ဒီရှာရင်းဂမ်မျှော်လင့်

ပေါ့ဘာကို စာချုပ်သစ်ချုပ်ဆိုဖို့ စီရိုနယ်ဒိုက စွဲဆောင်နိုင်မယ်လို့ မန်ယူဂန္တဝင် တက်ဒီရှာရင်းဂမ်မျှော်လင့် မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲရောက်နေတဲ့ ပေါ့ဘာက လာမဲ့နှစ်မှာ အသင်းမှ ထွက်ခွာသွားနိုင်ကြောင်းသိရပါတယ်။ ခရစ္စတီယာနို ရိုနယ်ဒို မန်ယူမြေကို ပြန်လည် ရောက်ရှိလာခြင်းက ပေါ့ဘာကို စာချုပ်သစ်ချုပ်ဆိုဖို့ စွဲဆောင်နိုင်မယ်လို့ မန်ယူအသင်းဂန္တဝင်တိုက်စစ်မှူးဟောင်း တက်ဒီ ရှာရင်းဂမ် က ဆိုလိုက်ပါတယ်။ ဒီနှစ်ရာသီ မန်ယူအသင်းအတွက် ပေါ့ဘာက အထူးခြေစွမ်းပြသနေပြီး ပရီးမီးယားလိဂ်အဖွင့်ပွဲလေးပွဲမှာ ခုနှစ်ဂိုးအထိ ဖန်တီးထားပေးပြီး မန်ယူအသင်းကို ဇယားထိပ်ပိုင်းရောက်အောင် ကူညီပေးထားခဲ့ပါတယ်။ ပေါ့ဘာဟာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ ဆယ်လခန့်သာ ကျန်တော့ပေမဲ့ အခုထိ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု မရသေးပါဘူး။ အကယ်၍ စာချုပ်သက်တမ်းမတိုးနိုင်ပါက ဇန်နဝါရီလကစ တ​ခြားအသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ဆွေးနွေးနိုင်တော့မှာဖြစ်ပါတယ်။ …

NEWS

ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို

ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို မောင်ယဿ ( စက်တင်ဘာ ၁၄ ) အမေရိကန် ကျန်းမာရေး ပညာရှင်များနဲ့ အဏ္ဏဝါပညာရှင်မှာ စုပေါင်းပြီး ပြုလုပ်တဲ့ လေ့လာမှုသစ်တစ်ရပ်အရ ရေယက်ပြာ တူနာငါးတွေကို တစ်ပတ်မှာ တစ်ခါ လောက်ပဲစားသင့်ပြီး ကိုယ်ဝန်ဆောင်သည်တွေ လုံးဝမစားသင့်တဲ့ငါး လို့ သိရပါတယ်။ ရေယက်ပြာတူနာငါးက ပင်လယ်သမုဒ္ဒရာတွေ ထဲမှာ ခရီးအဝေးကြီးသွားတဲ့ငါးတွေ ဖြစ်ပါတယ်။ အဲ့ ဒိ ငါးတွေက ကမ္ဘာ့လေထုထဲက ပြဒါး ( မာကျူရီ) တွေကို အသက်ကြီးလာလေလေ ပိုမိုစုဆောင်းလေ ဖြစ်တဲ့ အတွက် သူ့ကိုယ်မှာ ပြဒါးတွေ စုပုံနေတတ်ပါတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ တူနာငါးတွေမှာ အကောင်းကြီးတဲ့မျိုးစိတ်ဖြစ်လေ …

Uncategorized

စီရိုနယ်ဒိုကိုခေါ်ယူရာမှာ သူပါဝင်ခဲ့ပုံကို ပြောပြခဲ့တဲ့ ဆာအဲလက်စ်ဖာဂူဆန်

စီရိုနယ်ဒိုကိုခေါ်ယူရာမှာ သူပါဝင်ခဲ့ပုံကို ပြောပြခဲ့တဲ့ ဆာအဲလက်စ်ဖာဂူဆန် မန်ချက်စတာယူနိုက်တက်က စီရိုနယ်ဒိုကို ပြန်လည် ခေါ်ယူနိုင်ခဲ့တဲ့ ကမ္ဘာ့ဘောလုံးလောကကို လှုပ်ခတ်စေခဲ့တဲ့ အပြောင်းအရွှေ့မှာ သူပါဝင်ခဲ့ကြောင်း ဆာအဲလက်စ် ဖာဂူဆန်က အတည်ပြုလိုက်ပါတယ်။ စီရိုနယ်ဒို ဂျူဗင်တပ်စ်အသင်းမှ ထွက်ခွာမည်ဆိုပြီးနောက် ဆာအဲလက်စ်က ဆူညံတဲ့ အိမ်နီးချင်းလို့ နောက်ပြောင်ခေါ်ဝေါ်ခံရတဲ့ ခါးသီးတဲ့ မြို့ခံပြိုင်ဘက်မန်စီးတီးအသင်းကို ရောက်ရှိဖို့ လက်တစ်လုံးအလိုမျှ နီးစပ်ခဲ့ပါတယ်။ စီရိုနယ်ဒိုအပေါ် သားတစ်ယောက်လို သံယောဇဉ် ကြီးရှာတဲ့ ဆာအဲလက်စ်က မန်စီးတီးအသင်းဆီ ရိုနယ်ဒိုမရောက်သွားရေး၊ အိုးထရက်ဖိုဒ့်မြေကိုသာ ပြန်လည်ရောက်ရှိလာရေးအတွက် ကိုယ်တိုင်ပါဝင်လှုပ်ရှားခဲ့ရပါတယ်။ အခုတော့ ဆာအဲလက်စ်ရဲ့ ဆန္ဒပြည့်ဝခဲ့ရပြီး စီရိုနယ်ဒိုကို မန်ယူဂျာစီနဲ့ အတူ ဂိုးတွေသွင်းနေတာကို မြင်တွေ့နေရပြီဖြစ်ပါတယ်။ မန်ယူရဲ့ ဂန္တဝင်နည်းပြကြီး ဖာဂူဆန်က စီရိုနယ်ဒိုရဲ့ အပြောင်းအရွှေ့မှာ …

အစားလျှော့စားစရာမလိုပဲ သင့်ကို ကျန်းမာစေမယ့် အချက် (၁၀) ချက်
HEALTH

အစားလျှော့စားစရာမလိုပဲ သင့်ကို ကျန်းမာစေမယ့် အချက် (၁၀) ချက်

အစားလျှော့စားစရာမလိုပဲ သင့်ကို ကျန်းမာစေမယ့် အချက် (၁၀) ချက် အချိန်တိုအတွင်း အစားလျှော့စားခြင်းက ကိုယ်အလေးချိန်လည်း မကျစေသလို လူအများစုနဲ့ ကျန်းမာရေးနဲ့ မကိုက်ညီဘူးလို့ American Psychologist ဂျာနယ်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကျန်းမာတဲ့သူတွေက အစားလျှော့စားရင် အဆင်မပြေကြပါဘူး။ 1. ဖြည်းဖြည်းစားပြီး သေချာဝါးပါ။ အစားကို မြန်မြန်စားတဲ့သူက နှေးနှေးစားတဲ့သူထက် အလေးချိန် မြန်မြန်တက် နိုင်ပါတယ်။ ဖြည်းဖြည်းနဲ့ သေချာဝါးစားရင် နည်းနည်းစားတာတောင် ဗိုက်ပြည့်သလို ခံစားရမှာပါ။ ဖြည်းဖြည်းစားတတ်တဲ့ အလေ့အကျင့်ရဖို့ တစ်လုတ်ကို ဘယ်နှကြိမ်ဝါးလဲဆိုတာ ရေတွက်ထားပါ။ တဖြည်းဖြည်းနဲ့ ဝါးတဲ့အကြိမ်အရေအတွက် များလာပါလိမ့်မယ်။ 2. ရေမှန်မှန် သောက်ပါ။ ကျန်းမာရေးကောင်းဖို့အတွက် ရေက မရှိမဖြစ် လိုအပ်ပါတယ်။ …

မလိုက်ဖက်ဘူးလို့ ထင်တဲ့အတွဲတွေက ပိုမိုခိုင်မြဲရတဲ့ အကြောင်းအရင်း
အချစ်ရေး

မလိုက်ဖက်ဘူးလို့ ထင်တဲ့အတွဲတွေက ပိုမိုခိုင်မြဲရတဲ့ အကြောင်းအရင်း

မလိုက်ဖက်ဘူးလို့ ထင်တဲ့အတွဲတွေက ပိုမိုခိုင်မြဲရတဲ့ အကြောင်းအရင်း ပတ်ဝန်းကျင်ရဲ့ အမြင်မှာ မလိုက်ဖက်ဘူး လို့ ထင်ရတဲ့ အတွဲတွေက အချစ်ရေးမှာ ပိုသာယာလေ့ ရှိပါတယ်။ တစ်ယောက်က အသားဖြူ တစ်ယောက်က သပိတ်နုရောင် ဖြစ်နေရင် သေချာတယ် ၊ သိပ်အကဲပိုတဲ့ ချစ်သူတွေ ဖြစ်လိမ့်မယ် ။ ကောင်လေးက ဝါးခြမ်းပြား ကောင်မလေးက ကောက်ညှင်းထုပ်လေး ဖြစ်နေရင် အဲ့အတွဲ ဒီတစ်သက် သေတောင် မပြတ်နိုင်ဘူး ။ ယောက်ျားလေး အရပ်မြင့်မြင့် မိန်းခလေးက မြေကြီးထဲ ကျွံဝင်တဲ့ အရပ်မျိုး ဖြစ်နေရင် အဲ့ဒါမှ Romantic ဆန်တဲ့ စုံတွဲလို့ ခေါ်တာ ။ ဘဲကြီး ရုပ်က ဂါနေမယ် …

ကလေးကို ထိခိုက်စေနိုင်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ အပြုအမူ (၉) ခု
KNOWLEDGE

ကလေးကို ထိခိုက်စေနိုင်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ အပြုအမူ (၉) ခု

ကလေးကို ထိခိုက်စေနိုင်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ အပြုအမူ (၉) ခု ကိုယ်ဝန်ဆောင်မိခင်တွေမှာ စိတ်ဓါတ်ကျခြင်းနဲ့ စိုးရိမ်သောကတွေ များတဲ့အခါ ကလေးကို လမစေ့ဘဲမွေးတာ၊ ပေါင်မပြည့်ဘဲမွေးတာ ဖြစ်တတ်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ တစ်ခါတရံမှာ သတိမထားမိလိုက်တဲ့ အပြုအမူတချို့ကလည်း ကလေးကို ထိခိုက်စေ ပါသေးတယ်။ ၁။ ရန်ဖြစ်ခြင်း၊ အော်ခြင်း ရန်ဖြစ်တဲ့အခါ စိတ်ဓါတ်ကျခြင်း၊ ပူပင်သောကရောက်ခြင်းတို့ကို ဖြစ်စေလို့ ကလေးရဲ့ ဦးနှောက်နဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေပါတယ်။ ဒါ့အပြင် ရန်ဖြစ်လို့အော်တဲ့အခါ မိခင်မှာပါ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်းတွေ ဖြစ်စေပါတယ်။ အဲဒါကြောင့် များများအနားယူခြင်း၊ အိပ်ရေးဝဝ အိပ်ခြင်း၊ တရားထိုင်ခြင်း၊ လမ်းလျှောက်ပြီး လေကောင်းလေသန့်ရှူခြင်းတို့ လိုအပ်ပါတယ်။ ၂။ သကြားစားသုံးမှု များခြင်း …

ကောလဟာလ
KNOWLEDGE

ကောလဟာလ

ကောလဟာလ တခါတုန်းက အဖိုးအို တဦးသည် သူ၏ အိမ်နီးနားချင်း လူငယ်လေး တဦးအား သူခိုးတယောက် ဆိုပီး ကောလဟာလများ လိုက်၍ ပြောဆိုလေသည် ။ ထိုသို့ သွားပုပ်လေလွင့် ပြောဆိုမှုကြောင့် ကောင်လေးမှာ များမကြာခင် အဖမ်းခံရလေ တော့သည် ။ သို့သော် ရက်အနည်းငယ် အကြာတွင် ကောင်လေးမှာ အပြစ်တစုံတရာ မရှိသောကြောင့် ပြန်လည် လွတ်မြောက်ခဲ့လေသည် ။ ကောင်လေးသည် အိမ်အပြန် လမ်းတလျှောက် မိမိအား မဟုတ်တမ်းတရား စွပ်စွဲခံရသည်ကို လွန်စွာ ရှက်မိသည့် အလျောက် အဖိုးအိုအား အသရေဖြတ်မှုဖြင့် တရားရုံးတွင် တရားပြန်စွဲလေ တော့သည် ။ တရားရုံးထဲတွင် အဖိုးအိုမှ တရားသူကြီးအား ပြောသည်မှာ.. …