July 20, 2021 - SANTHITSA
တခါတလေ သဘောကောင်းရတာ ပင်ပန်းတယ်
LIFE STYLE

တခါတလေ သဘောကောင်းရတာ ပင်ပန်းတယ်

တခါတလေ သဘောကောင်းရတာ ပင်ပန်းတယ် တခါတလေ အားမနာစတမ်း ပြောတတ်တဲ့ လူတွေကို သိပ်အားကျမိတယ်… ရရင်ရတယ် မရရင်မရဘူး… ဖြစ်နိုင်ရင် ဖြစ်နိုင်တယ် မဖြစ်နိုင်ရင် မဖြစ်နိုင်ဘူး… ကြိုက်ရင် ကြိုက်တယ် မကြိုက်ရင် မကြိုက်ဘူး… ခပ်ပြတ်ပြတ်ပဲ ပြောတုန်းပဲ… အမုန်းခံရတာ နောက်ဆက်တွဲ အမျှင်မတန်းဘူး… အဲဒီတော့ နှစ်ဖက်စလုံး စိတ်ရှင်းတယ်… အခု ခဏတာ အဆင်ပြေနိုင်ဖို့ မရတာကို ရတယ် မဖြစ်နိုင်တာကို ဖြစ်နိုင်တယ် မကြိုက်တာကို ကြိုက်သလို သည်းခံနေလိုက်တဲ့အခါ နောက်ပိုင်းကျ ကိုယ်ပဲ အဆင်မပြေ ဖြစ်လာတာ အားနာတတ်ပြီး ခပ်ပြတ်ပြတ် မပြောတတ်တဲ့ သူကျတော့ အားတွေ နာလိုက်ရတာ ကိုယ်က မှန်နေရင်တောင် သူစိတ်ဆိုးသွားမလား သူစိတ်ခုသွားမလား …