ကမ္ဘာအားကစားလောကရဲ့အကောင်းဆုံးကစားသမားမာရာဒိုနာကွယ်လွန်
SPORT

ကမ္ဘာအားကစားလောကရဲ့အကောင်းဆုံးကစားသမား မာရာဒိုနာကွယ်လွန်

ကမ္ဘာအားကစားလောကရဲ့အကောင်းဆုံးကစားသမား မာရာဒိုနာကွယ်လွန် ၂၀ရာစုရဲ့အကောင်းဆုံး ဘောလုံးသမားတစ်ဦးအဖြစ် သတ်မှတ်ခံရတဲ့ အာဂျင်တီးနားဂန္တဝင်ကစားသမားဟောင်း မာရာဒိုနာဟာ 25-11-2020 နေ့ ညပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်တယ်လို့ အာဂျင်တီးနား မီဒီယာတွေက ဖော်ပြပါတယ်။ အသက်၆၀အရွယ်ရှိ မာရာဒိုနာဟာ ဆေးရုံကဆင်းပြီး သီတင်းပတ် နှစ်ပတ်အကြာမှာ ရုတ်တရက်နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်တယ်လို့ အာဂျင်တီးနား အသင်းဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။ မာရာဒိုနာဟာ ဦးနှောက်သွေးကြော ခွဲစိတ်ခဲ့ပြီးနောက် ပြန်သက်သာလာတဲ့အတွက် ဒီလ အစောပိုင်းမှာ ဆေးရုံက ပြန်ဆင်းခဲ့ပြီး သမီးကြီးအိမ်နားမှာ နေထိုင်ချိန်အတွင်း ကွယ်လွန်သွားခဲ့တာပါ။ မာရာဒိုနာဟာ တစ်ခေတ်တစ်ယောက်သာရှိတဲ့ ဘောလုံးသမားအဖြစ် တင်စားခံရပြီး ၁၉၈၆ ခုနှစ်က အာဂျင်တီးနားအသင်းကို ကမ္ဘာဖလားချန်ပီယံဖြစ်အောင် ခြေစွမ်းပြ စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ကမ္ဘာအားကစားလောကရဲ့ အကောင်းဆုံး …