KNOWLEDGE

အခုခေတ်လူတော်တော်များများမသိတဲ့ သစ်တစ်ချောင်းကို ဘယ်ဈေးရောင်းရမလဲ တွက်နည်း၊ ဘိလပ်မြေတွက်နည်း

ရေဂါလံ တွက်နည်း နှင့် မြေဧက တွက်နည်း၊ သစ်တစ်ချောင်းကို ဘယ်ဈေးရောင်းရမလဲ တွက်နည်းများ ရေ၀င်ဆန့်တွက်နည်း ၊ သစ်တွက်နည်း ၊ မြေတွက်နည်း ၊ ဘိလပ်မြေတွက်နည်း (၁)ရေ၀င်ဆန့်တွက်နည်း အုတ်ရေကန်ဝင်ဆန့်မှု တွက်ချက်နည်းကပိုလွယ်ပါတယ် အလျား×အနံ×အမြင့်=ကုဗပေ ရတယ် အဲဒီကုဗပေနဲ့ ၁ ကုဗပေမှာ ရေ ၆•၂၅ ဂါလံ နဲ့ မြှောက် ရတာဝင်ဆန့်တဲ့ ရေဂါလံပေါ့ (၂) သစ်တွက်နည်း မြန်မာလက်သမားတို့၏သစ်တွက်နည်းဝေမျှပါသည်။ သစ်တစ်တန်=၄၀၀လက္မ သတ်မှတ်ပါသည်။ ဥပမာ ၂”X၁”( အရှည်၁၈ ပေ)=၂”ဟုသတ်မှတ်သည်။ ၄၀၀ ÷၂= ၂၀၀ ထို့ကြောင့် ၂”၁”(အရှည်၁၈ပေ) ၂၀၀ ချောင်းသည် တစ်တန်ဖြစ်သည်။ ၂”၁”(အရှည်၁၈ပေ) ၂၀၀ ချောင်းသည် …

LIFE STYLE

ဘဝမှာသူငယ်ချင်းကောင်း BFF တစ်ယောက်ပိုင်ဆိုင်ထားပြီဆိုတာသေချာနေတဲ့ ၇ ချက်

ဘဝမှာ သူငယ်ချင်းကောင်းတွေပိုင်ဆိုင်ထားဖို့လိုအပ်ပါတယ်။ သူငယ်ချင်းကောင်းရှိထားတဲ့လူတစ်ယောက်က တော်တော်လေးကို ကံကောင်းနေပါပြီ။ ကိုယ့်ကို ပံ့ပိုးပေးမယ့်၊ အကြံဥာဏ်ပေးမယ့်၊ ကိုယ်စိတ်ညစ်တဲ့အချိန် ရင်ဖွင့်နိုင်မယ့်၊ အတူတူပေါနိုင်မယ့် သူငယ်ချင်းတစ်ယောက်ရှိထားသင့်ပါတယ်။ သင့်ဘဝမှာ BFF တစ်ယောက် ပိုင်ဆိုင်ထားပြီလား ဒီအချက်တွေနဲ့ ချိန်ကိုက်ကြည့်လိုက်ပါနော် ၁။ သင်စိတ်ညစ်နေတာကို သူတို့သိတယ် သင့်မျက်နှာအရိပ်အကဲကို သူတို့နားလည်ပါတယ်။ သင်စိတ်ညစ်နေလား သူတို့ကြည့်တတ်ပါတယ်။ သင်ပြောစရာမလိုဘဲ သဘောပေါက်နေတယ်ဆိုရင်တော့ သူငယ်ချင်းကောင်းပါပဲ။ ၂။ သူနဲ့အတူရှိရင် ပျော်ဖို့ကောင်းတယ် အရမ်းခင်တဲ့သူငယ်ချင်းနဲ့ဆိုရင် ဘာလုပ်ရ လုပ်ရ ပျော်ဖို့ကောင်းနေတာပါပဲ။ ပျင်းဖို့ကောင်းလွန်းတဲ့ကိစ္စလုပ်ရင်လည်း သူငယ်ချင်းကောင်းနဲ့ဆိုရင် ပျော်စရာလေးရှာပြီး အတူတူလုပ်တတ်ပါသေးတယ်။ ၃။ သင့်ရဲ့ အားထားရာ သင်ဘာပဲလုပ်လုပ် သူငယ်ချင်းကောင်းက ထောက်ခံပေးဖို့ ပံ့ပိုးပေးဖို့ အဆင်သင့်ရှိနေတတ်ပါတယ်။ သင့်ဘဝတိုးတက်ဖို့အတွက်ဆိုရင် ထောက်ပံ့ပေးဖို့ အသင့်ရှိတတ်ကြပါတယ်။ …

Cele new

လိပ်ပြာစံအိမ်ကဲ့သို့အောင်မြင်မှုတွေရရှိလာနိုင်တဲ့ ဝတ်မှုန်ရွှေရည်နဲ့ပိုင်တံခွန်တို့ရိုက်ကူးမယ့် အိမ်မက်မြစ်

(၂၀၁၉)ခုနှစ်အတွင်းမှာ အောင်မြင်မှုတွေများစွာရရှိထားတဲ့ လိပ်ပြာစံအိမ်ဇာတ်ကားကြီးလိုပဲ အောင်မြင်မှုတွေရရှိနိုင်တဲ့ ဇာတ်ကားသစ်ကြီးကို ပရိသတ်တွေရင်ခုန်ရတော့မှာပါ။ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးဖြစ်တဲ့ ဝတ်မှုန်ရွှေရည်နဲ့ပြည်ပနိုင်ငံတွေအထိအောင်မြင်မှုတွေရရှိထားတဲ့ ပိုင်တံခွန်တို့နှစ်ယောက်ကတော့ ရုပ်ရှင်ဇာတ်ကားအတူတူ ရိုက်ကူးတော့မှာပဲ ဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ အိမ်မက်မြစ်ဖြစ်ပါတယ်။ ဒီဇာတ်ကားကေိုတာ့ Brave Empire Entertainment & Production က ရိုက်ကူးထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Brave Empire ရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်ပြီး ပထမဇာတ်ကားကတော့ အောင်မြင်မှုများစွာရရှိထားတဲ့ လိပ်ပြာစံအိမ်ဖြစ်ပါတယ်။ ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့ အိမ်မက်မြစ်ကိုတော့ ဒီနေ့မက် ၈ နာရီခွဲမှာ ရုပ်ရှင်ကန်တော့ ပွဲပြုလုပ်ခဲ့ကာ မကြာမီမှာစတင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ သရုပ်ဆောင် ပိုင်တံခွန်၊ အကယ်ဒမီ ဝတ်မှုန်ရွှေရည်၊မေမီကိကို၊ သီဟ နဲ့ နေရဲ တို့က အဓိကပါဝင်သရုပ်ဆောင်သွားကြမည်ဖြစ်ပါတယ်။ဒီဇာတ်ကားကို ရှမ်းပြည်နယ်မှာရှိတဲ့ …

KNOWLEDGE

သိပ္ပံပညာရှင်တွေဖန်တီးထားတဲ့ “လအတု” လွှင့်တင်ပြီး ညအလင်းပေးမယ့် တရုတ်နိုင်ငံ

ပညာရှင်တွေ ဖန်တီးထားတဲ့ ကိုယ်ပိုင် လတစင်းကို ၂၀၂၀ ပြည့်နှစ်မှာ လွှင့်တင်ဖို့ တရုတ်အာကာသ အေဂျင်စီက ပြင်ဆင်နေတဲ့အကြောင်း China Daily သတင်းမှာ ဖော်ပြထားပါတယ်။သဘာဝလရောင်ထက် ၈ ဆ ပိုလင်းမယ့် လအတုတစင်းကြောင့် လျပ်စစ်ဓာတ်အား ချွေတာနိုင်ပြီး လမ်းမီးတိုင်တွေကို အစားထိုးနိုင်မယ်လို့ ဆိုပါတယ်။ အဲဒီလအတုကို စီချွမ်းပြည်နယ်ထဲက ချန်ဒူးမြို့တော်ရဲ့ အထက် ကမ္ဘာပတ်လမ်းကြောင်းထဲကို လွှတ်တင်ထားမှာ ဖြစ်ပါတယ်။အဲဒီလ အဆင်ပြေရင် နောက်ထပ်လအတု ၃ စင်းကို ၂၀၂၂ ခုနှစ်မှာ ထပ်တိုး လွှင့်တင်မယ်လို့လည်း အဲဒီသတင်းမှာ ဖော်ပြပါတယ်။လအတု ၃ စင်းလွှတ်တင်နိုင်ရင် ကီလိုမီတာ ၃၆၀၀၀ ကနေ ၆၄၀၀၀ စတုရန်း ကီလိုမီတာ အကျယ်အဝန်းကို ၂၄ …

Cele new

“ဒီနှစ် ဦးဟိန်းမင်းမရရင် ဆန္ဒဖော်ထုတ်မယ်ဆိုတဲ့ သရုပ်ဆောင်ဇင်မျိုး”

ရုပ်ရှင်ဇာတ်ပို့သရုပ်ဆောင် ဇင်မျိုးကတော့ ချည်ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု ရမယ်လို့ပရိသတ်တွေရဲ့ ထင်ကြေးပေးခြင်းခံနေရတဲ့ သရုပ်ဆောင်ဦးဟိန်းမင်းမရရင် ဆန္ဒဖော်ထုတ်မယ့်အကြောင်းကို “သတိ……ဒီနှစ်ဦးဟိန်းမင်း မရရင် ဆန္ဒ ဖော်ထုတ်မယ်။” လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ ဦးဟိန်းမင်းကတော့ SSC ဆေးရုံမှာတင်ထားရတဲ့ ဇင်မျိုးရဲ့မိခင်ဖြစ်သူကို လာရောက်အားပေးစကားပြောခဲ့တဲ့ အကြောင်းကို “16ရက်နေ့ခွဲစိတ်ရမယ့်အမေကိုဆေးရုံမှာလာရောက်အားပေးတဲ့ဦးဟိန်းမင်း ကျေးဇူးပါဗျာ။” လို့ သရုပ်ဆောင်ဇင်မျိုးကပြောထားပါတယ်။ ဦးဟိန်းမင်ကတော့ ကျရာဇာတ်ပို့နေရာကနေမှ ပရိသတ်တွေရဲ့ ရင်ထဲရောက်အောင်သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေကတော့ (၂၀၁၇)ခုနှစ်မှာ အမှောင်တွေရွာချတဲ့မိုးတိမ် ဇာတ်ကားကြီးနဲ့လွဲချော်ခဲ့ရတဲ့ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု ရမယ်လို့ပရိသတ်တွေရဲ့ ထင်ကြေးပေးခြင်းခံနေရတာလည်းဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင်ဇင်မျိုးကတော့ ဒီနှစ်မှ ဦးဟိန်းမင်းမရရင် ဆန္ဒဖော်ထုမယ်တဲ့နော် အားပေးကြမ်းလိုက်တာ။ ပရိသတ်ကြီးရေ ဦးဟိန်းမင်းတစ်ယောက် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုရရှိနိုင်မှာလား။ Source: Zin Myo,CRD-DarDar-CeleGabar Unicode “ဒီနှဈ …

အချစ်ရေး

သင့်ကို အသက်နဲ့အမျှချစ်တဲ့ ယောကျာ်းဆိုတာ ဒီလိုလက္ခဏာ(၅)မျိုး ရှိကိုရှိပါတယ်…

သင့်ကို အသက်နဲ့အမျှချစ်တဲ့ ယောကျာ်းဆိုတာ ဒီလိုလက္ခဏာ(၅)မျိုး ရှိကိုရှိပါတယ်… အချစ်ဆိုတာ နှလုံးသားချင်းဆက်နွယ်နေမှ ဖြစ် ပေါ်လာတဲ့အရာတစ်ခုပါ၊ အချစ်ကံကောင်းတဲ့ မိန်းကလေးတွေကတော့ ဒီလိုယောကျာ်းမျိုးကို ပိုင်ဆိုင်ထားရမှာပါနော်..။ သင်ရော ပိုင်ဆိုင်ထားရပြီးလား ။ ပိုင်ဆိုင်ထားရပြီးဆို အရင်ကထက် ပိုလိမ္မာပါတော့နော်… (၁) သင့်ကို နားလည်မှုအပြည့်ပေးထားတယ် သင့်ကို ဘယ်လောက်တောင်ချစ်တယ်ဆိုရင် သင့်ကို ချုပ်ချယ်ထားတာမျိုးမရှိဘဲ သင့်ကို စိတ်ချမ်းသာအောင် အမြဲနားလည်မှုပေးထားသူတစ်ယောက်ပါ။ မကောင်းတာဆိုရင်တော့ ဆိုးဆုံးမတတ်တာက လွဲရင် သင့်ကို အမြဲလွတ်လပ်စွာ နားလည်မှုအပြည့်နဲ့ နေခိုင်းတယ်။ သူငယ်ချင်းတွေနဲ့ အပြင်သွားမယ်ဆိုရင်လည်း သူ့ကိုယ်တိုင်လိုက်ပို့ပေးတာမျိုးဖြစ်ဖြစ် လုပ်ပေးတယ်။ သင့်ပျော်နေတာမြင်ရရင် သူ့စိတ်ထဲလည်း ပျော်နေတတ်တာ မျိုးပေါ့ …။ (၂) သင့်ကို အမြဲဂရုစိုက်တယ် သင့်ကို …

အချစ်ရေး

ဖူးစာရှင်ကို အိပ်မက်ထဲမှာ မြင်ဖူးချင်တဲ့အခါ ဒီနည်းလမ်း သုံးကြည့်ပါ

ဖူးစာရှင်ကို အိပ်မက်ထဲမှာ မြင်ဖူးချင်တဲ့အခါ ဒီနည်းလမ်း သုံးကြည့်ပါ မိမိရဲ့ဖူးစာရှင်ကို ကြိုတင်တွေ့ဖူးချင်ကြတာဟာ လူတိုင်းပါပဲ …။ ဒါကြောင့် အိပ်မက်ထဲမှာ ဖူးစာရှင်ကိုတကယ်ပဲ မြင်ရမလားဆိုတာ သိရအောင် ကြားဖူးတဲ့နည်းလမ်းလေးတွေ မျှဝေပေးလိုက် ပါတယ် …။ ပထမဆုံးဗေဒင်ဆရာအချို့ပြောပြတဲ့နည်း လမ်းလေးကတော့ ဥတစ်လုံးကြက်သွန်ဖြူ သုံးလုံးကို ဆားရေနဲ့ပြုတ်ပေးရမယ်တဲ့ …။ ပြီးတဲ့ အခါ ကျက်သွားတဲ့ ကြက်သွန်ဖြူတွေကို တဝက်စီကိုက်စားလိုက်ပါ …။ ကျန်တဲ့ဟာတွေကို ခေါင်းအုံးအောက်မှာထည့်ထားပြီး မအိပ်ခင် မှာ နှင်းဆီရနံ့ရေမွှေး ကိုဆွတ်ပီးမှအိပ်ပါတဲ့။ စမ်းလုပ်ကြည့်ပေါ့နော် …။ နောက်တစ်နည်းကတော့ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးပါ ဆန်စေ့(၇)စေ့ကိုခေါင်းအုံး အောက်မှာထားပြီး ဖူးစာရှင်ကိုမြင်မက်အောင် သေချာဆုတောင်းပြီးအိပ်တာပါ …။ ပြီးတော့ Kiss me quick ပန်းတွေနဲ့လုပ်တဲ့နည်း …

အချစ်ရေး

ယောက်ျားလေးတွေက သူတို့ထက် အသက်ပိုကြီးတဲ့ မမတွေကို သဘောကျရတဲ့ အကြောင်းအရင်း (၅) ချက်

ယောက်ျားလေးတွေက သူတို့ထက် အသက်ပိုကြီးတဲ့ မမတွေကို သဘောကျရတဲ့ အကြောင်းအရင်း (၅) ချက် အသက်ငယ်ငယ်ကောင်လေးတချို့က အသက်ကြီးတဲ့မမတွေကို သဘောကျနှစ်ခြိုက်ကြတာကို ခေတ်အဆက်ဆက် တဖွဲ့တနွဲ့ ရေးစပ်သီကုံးထားတဲ့ သီချင်းတွေ ကဗျာတွေ စာတွေကို ကြည့်ခြင်းအားဖြင့် သိကြမှာပါ။ မမတွေကို တခမ်းတနား ကဗျာတွေ ဖွဲ့ဆိုပြီး ချစ်ကြတာလည်း မမတွေဘက်က တကယ့်ကို ပြန်ကြွေလောက်စရာပါပဲ။ ဒီလိုမျိုး မမတွေကို ဘာကြောင့် တချို့အသက်ငယ်ငယ်ကောင်ကလေးတွေ ဘာကြောင့်သဘောကျလဲဆိုတာကိုတော့ ဒီအချက်တွေ ကြည့်ရင်း သိနိုင်ပါတယ်နော်…. (၁) ရင့်ကျက်လို့ ရင့်ကျက်တဲ့သူကို သဘောမကျတဲ့သူဆိုတာ နည်းမယ် ထင်ပါတယ်။ မမတွေကတော့ အသက်အရွယ်အရ ဘ၀အတွေ့အကြုံတွေကို ဖြတ်သန်းသင့် သလောက် ဖြတ်သန်းခဲ့တာမို့ လူတွေအကြောင်း ပိုပြီးနားလည်ကြပါတယ်။ ပြီးတော့ …

RELIGIOUS

ဝင်ငွေတိုးချင်ရင် နှင်းဆီပန်းကို ဘုရားမှာ ဘယ်လိုလှူရမလဲဆိုတာ လူများသိအောင် မျှဝေပေးပါအုံး….

ဝင်ငွေတိုးချင်ရင် နှင်းဆီပန်းကို ဘုရားမှာ ဘယ်လိုလှူရမလဲဆိုတာ လူများသိအောင် မျှဝေပေးပါအုံး…. ကံပွင့် လာဘ်ပွင့်ကာ ထူးထူးခြားခြား အကျိုးပေးပြီး ဝင်ငွေတိုးချင်သူတွေ အတွက် နှင်းဆီပန်း (၁၀) ပွင့် (ဘာအရောင်ပဲဖြစ်ဖြစ်)ကို ဆူးမပါအောင် သေချာ သန့်စင်ပြီး ဘုရားကျောင်းဆောက်ရှေ့မှာ ခုန်အမြင့်ပေါ်တင်ပြီး ဘုရားတွင် ကပ်လှူပါ။ ပြီးလျှင် ‘နမော ဗုဒ္ဓဿ’ဂါထာကို ပုတီး (၁၀) ပတ်စိပ်ရပါမယ် …။ စနေနေ့ မှ စတင်၍ ဆယ်ရက်တိတိ အဓိဋ္ဌာန်ဖြင့် စိပ်ပါ …။ ဆယ်ရက်အတွင်း နှင်းဆီပန်းများညှိုးသွားလျှင် အသစ် ပြန်လဲပြီး ကပ်လှူပေးပါ …။ နှင်းဆီ ဆယ်ခက် စီးပွားတက် ထူးထူးခြားခြား အကျိုးပေးပြီး ကံပွင့် လာဘ်ပွင့်ကာ …