Cele new

ကျွန်မကိုမသနားကြပါနဲ့လို့ ပရိသတ်တွေကိုအတိလင်းတောင်းဆိုလိုက်တဲ့ အေသင်ချိုဆွေ

အေသင်ချိုဆွေကတော့ ပြည်သူချစ်အဆိုတော်တစ်ယောက်ဖြစ်ပြီး အသက်ငယ်စဉ်အချိန်ထဲက အောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။ အနုပညာလောကထဲက ခေတ္တခဏ ပျောက်ကွယ်သွားပြီး အခုချိန်မှာတော့ Single Mother အဖြစ်နဲ့ ပရိသတ်တွေ ရှေ့ ပြန်လည်ထွက်ပ်ါလာတာပါ။ အနုပညာအလုပ်တွေ အပြင် ဆွေးနွေးဟောပြောပွဲတွေပါ တျောက်လျောက်ပါဝင်လုပ်ဆောင်လာပြီး စိတ်သစ်လူသစ်နဲ့ နေထိုင်နေတာပဲ ဖြစ်ပါတယ်။ သမီးလေး Ivy ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး လောကကြီးကိုရင်ဆိုင်နေတဲ့ လေးစားစရာ အမေတစ်ယောက်ဆိုလည်းမမှားပါဘူး ။ အသက်ငယ်ပေမယ့် စိတ်ဓာတ်ခိုင်မာလွန်းတဲ့ အေသင်ကတော့ လတ်တလောမှာ ” အသိမှတ်ပြုပေးရုံနဲ့တင်လုံလောက်ပါပြီ အဲ့ဒီအတွက်လည်း ကျွန်မ ကျေးဇူးတင်တယ် ။ ကျန်တဲ့အပိုင်းက ကျွန်မတာဝန်ပါ လူတိုင်းကတော့ တာဝန်ကိုယ်စီနဲ့ရုန်းကန်နေကြရတာပါ ။ ကျွန်မအခွင့်ထူးခံလူတစ်ယောက် မဖြစ်ချင်ဘူး ကျွန်မကိုမသနားကြပါနဲ့ ” လို့သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာရေးသားခဲ့ပါတယ် …

Cele new

“တစ်ဝကြီးငိုပြီးရင် ပြန်လာခဲ့မယ်လို့ပြောပြီး ပရိသတ်တွေကို စိုးရိမ်စေခဲ့တဲ့ နေခြည်ဦး”

နေခြည်ဦးကတော့ အောင်မြင်တဲ့ Beauty Blogger တစ်ယောက်အနေနဲ့ပရိသတ်ရဲ့ချစ်ခြင်းမေတ္တာကို ရရှိခဲ့သူတစ်ယောက်ပါ။အချိန်တိုအတွင်းမှာ အောင်မြင်မှုရရှိလာပြီး မြန်မာနိုင်ငံရဲ့ထိပ်တန်းအနုပညာရှင်စာရင်းထဲကို ဝင်ရောက်လာတာကလည်း နေခြည်ဦးရဲ့ကြိုးစားအားထုတ်မှုနဲ့ အရည်အချင်းတွေကြောင့်ဆိုရင်လည်း မမှားပါဘူး။Beauty Blogger တစ်ယောက်အနေနဲ့သာမက သရုပ်ဆောင်တစ်ယောက်တစ်ယောက်အနေနဲ့ပါ ဇာတ်ကားတွေ လက်ခံရိုက်ကူးနေရသူတစ်ယောက်ပါ။ ဒါ့အပြင် မိသားစုပိုင်စီးပွားရေးဖြစ်တဲ့ စိမ်းလဲတင်အပန်းဖြေစခန်းကိုပါဝင်ကူညီပေးနေရုံသာမက Vivo ဖုန်းနဲ့ Rexona Myanmar ရဲ့ Brand Ambassador အဖြစ်နဲ့လည်းဆောင်ရွက်နေပါသေးတယ်။ အမြဲတက်ကြွလန်းဆန်းနေပြီး သူများတွေထက်သာအောင်အမြဲကြိုးစားနေတဲ့ နေခြည်ဦးကတော့ ဒီလိုအောင်မြင်မှုအနေအထားကို ရရှိလာဖို့ သူများထက်ပိုတဲ့ကြိုးစားအားထုတ်မှုတွေနဲ့ ခပ်သွက်သွက်လုပ်လာရတာဖြစ်ပြီး ဝေဖန်တိုက်ခိုက်သူတွေများသလို အားပေးဝန်းရံသူတွေလည်းများတဲ့ အနုပညာရှင်တစ်ယောက်ပါ။ချီလီပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေနဲ့ တိုက်ခိုက်သူတွေကို အပြုံးမပျက်တွန်းလှန်နိုင်ပြီး အနုပညာခရီးလှမ်းမှာ တောက်ပတဲ့ကြယ်တစ်ပွင့်ဖြစ်အောင် ကြိုးစားနေသူဆိုရင်လည်း မမှားပါဘူး။ အမြဲတက်ကြွပြီး သူ့ရဲ့လုပ်ငန်းဆောင်တာတွေကို ပရိသတ်ကိုမျှဝေပေးလေ့ရှိတဲ့နေခြည်ဦးကတော့ ဒီနေ့မနက်မှာ “ပျော်နေတိုင်း …

KNOWLEDGE

ကော်ဖီတစ်နေ့တစ်ခွက်သောက်ခြင်းကြောင့် ရရှိလာနိုင်တဲ့ အံ့မခမ်းအကျိုးကျေးဇူးများ

မနက်မိုးလင်းလို့ မျက်လုံးဖွင့်တာနဲ့ ကော်ဖီဆိုတာကတော့ ကိုယ့်အတွက်မပါမဖြစ်တဲ့ အရာပါပဲ။ အိပ်ချင်မူးတူးဖြစ်နေတဲ့ စိတ်တွေက ကော်ဖီနံ့လေးရလိုက်တာနဲ့ လန်းဆန်းသွားတတ်ကြတယ် ဟုတ်။ ဒီလို ကော်ဖီက လန်းဆန်းတက်ကြွမှုကို ပေးစွမ်းသလိုပဲ တစ်နေ့ကို ကော်ဖီတစ်ခွက် ပုံမှန်သောက်သုံးမယ်ဆိုရင် ကျန်းမာရေးကိုလည်း အထောက်အကူ ဖြစ်စေပါတယ်နော်။ ကော်ဖီသောက်ခြင်းက ဘယ်လိုကျန်းမာရေး ကောင်းကျိုးတွေ ခံစားရစေလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။ များစွာသော ကင်ဆာတွေကို တိုက်ထုတ်ပေးနိုင်တယ် အမေရိကန်နိုင်ငံရဲ့ သုတေပြုချက်တွေအရ ကော်ဖီမှာပါတဲ့ ဓာတ်တွေဟာ ကင်ဆာရဲ့ ကြီးထွားမှုကို တားဆီးပြီး ကင်ဆာဖြစ်ပေါ်မှုကို ကာကွယ်ပေးပါတယ်။ အထူးသဖြင့် ခေါင်း၊ လည်ပင်း၊ သားမြတ်၊ အသည်း စတဲ့နေရာတွေမှာ ဖြစ်ပေါ်တတ်တဲ့ ကင်ဆာဆဲလ်တွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ များစွာသောဓာတ်တွေဖြစ်တဲ့ caffeine, flavonoids, lignans, …

Cele new

“ဝင်္ကပါလမ်းမများ” ရုပ်သံဇာတ်လမ်းတွဲမှာ မင်းသမီးချောလေး ခင်ဝင့်ဝါနဲ့ ချစ်သူတွေအဖြစ်မြင်တွေ့ရမယ့် စိုင်းစိုင်းခမ်းလှိုင်”

နိုင်ငံကျော်အနုပညာရှင်တွေဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်၊ဖြိုးငွေစိုး၊သက်မွန်မြင့်၊အေးမြတ်သူ၊ခင်ဝင့်ဝါတို့အပြင် ဧငြိမ်းဖြူ၊ လီလီကျော်ခိုင်၊ ယမင်းမေဦး၊ ဖုန်းသီရိကျော်၊ နန်းထက်ထက်ဦး၊ သီရိကျော်၊ Ashley Kokoe၊ သဉ္ဇာတို့ ပါဝင်သရုပ်ဆောင်မယ့် “ဝင်္ကပါလမ်းမများ” ရုပ်သံဇာတ်လမ်းတွဲကြီးမှာတော့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ခင်ဝင့်ဝါတို့ကို ချစ်သူတွေအနေနဲ့ အပိုင်း(၁)လောက်မှာထဲက မြင်တွေ့ရမှာလို့ သိရပါတယ်။ ဒီရုပ်သံဇာတ်လမ်းတွဲမှာတော့ မျက်နှာသစ်မင်းသမီး(၂)လက်ကိုလည်း အသစ်ခေါ်ယူရိုက်ကူး သွားမှာလည်းဖြစ်ပါတယ်။ နိုင်ငံကျော်အဆိုတော်မင်းသားချော စိုင်းစိုင်းကတော့ ဒီရုပ်သံဇာတ်လမ်းတွဲဟာ သူ့အတွက်ပထမဆုံး ပါဝင်ရိုက်ကူးမယ့် ရုပ်သံဇာတ်လမ်းတွဲဖြစ်ပြီး ကာရိုက်တာတွေရွေးချယ်တဲ့နေရာမှာတော့ သူ့ရဲ့မဲတစ်မဲပါဝင်ခဲ့တယ်လို့ ပြောထားပါတယ်။စိုင်းစိုင်းနဲ့ခင်ဝင့်ဝါကတော့ MTV တွေရိုက်ရင်စတွေ့ခဲ့တာဖြစ်ပြီး နောက်ပိုင်ရုပ်ရှင်ကားကြီးတွေမှာ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့သူတွေပဲဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ဟ အလုပ်ပေါ်မှာ လေးလေးနက်နက်ဂရုစိုက်လုပ်ကိုင်တတ်သူဖြစ်ပြီး လိုအပ်တာတွေပြောပြလေ့ရှိတယ်လို့ မင်းသမီးချောလေး ခင်ဝင့်ဝါက ဆိုထားပါတယ်။ နိုင်ငံကျော်အဆိုတော်မင်းသားချော စိုင်းစိုင်းခမ်းလှိုင်ကတော့ ဒီရုပ်သံဇာတ်လမ်းတွဲထဲမှာပါဝင်တဲ့ အနုပညာရှင်တော်တော်များဟာ သီချင်းဆိုတတ်ပြီး မဆိုတတ်သူတွေအတွက်ကိုတော့ …

Cele new

“ကုသိုလ်ရေးလုပ်တာတောင် စိတ်မချမ်းသာရအောင်လုပ်တဲ့အဖျက်တွေအကြောင်း ပြောလာတဲ့ စမိုင်းလ်”

စမိုင်းလ်ကတော့ ကုသိုလ်ရေးဆိုလက်မနှေး အင်တိုက်အားတိုက်လှူဒါန်းတတ်သူ တစ်ယောက်ပါ။ဒီနေ့လည်း သမီးကြီးဖြစ်သူ Portia ရဲ့(၁၅)နှစ်ပြည့်မွေးနေ့အလှူအနေနဲ့ ရွှေတိဂုံဘုရားမှာ စတုဒီသာလူအယောက်(၁၀၀၀)စာ ထမင်းနဲ့ဟင်းလှူဒါန်းပေးခဲ့တာဖြစ်ပြီး မနက်ဖြန်မှာတော့ သစ်တံခါးဆရာတော်ကြီးရဲ့ အဆုံးအမအရ ကျိုက်ငါးကျိုက်အဓိဌာန်ကို လူဦးရေ(၁၂၇၀) နဲ့အတူတကွ သွားရောက်ပြုလုပ်ကြမှာဖြစ်ပါတယ်။ သစ်တံခါးဆရာတော်ကြီးကို ယုံကြည်ကိုးကွယ်သူ စမိုင်းလ်ကတော့ ဆရာတော်ကြီးရဲ့အဆုံးအမကိုခံယူကာ ကုသိုလ်ရေးတွေလုပ်လေ့ရှိပြီး ဒီတစ်ခေါက်မှာလည်း သူ့ရဲ့ပရိသတ်အချို့နဲ့ပါ ကုသိုလ်ရေးတူတူလုပ်ချင်တာကြောင့် ဒီအစီအစဉ်လေးကို စီစဉ်ဖြစ်ခဲ့တာပါ။ပထမပိုင်းမှာတော့ လူအများကြီးလိုက်လိမ့်မယ် ထင်မှတ်မထားခဲ့ပေမယ့် လူဦးရေ(၁၂၇၀)ဦးအထိရှိလာချိန်မှာတော့ စာရင်းပိတ်လိုက်တာဖြစ်ပြီး လိုက်ပါမယ့်သူတွေအတွက် ကားအစီးရေ(၂၄)စီး စီစဉ်ခဲ့ပါတယ်။အဲ့ဒီကနေမှ မလောက်မှာဆိုးလို့(၂၅)စီးစီစဉ်ခဲ့ပြီး ဒီနေ့မှာတော့ နောက်ထပ်သုံးစီးထပ်တိုးခဲ့ပြီး ကားအစီးရေ(၂၈)စီး စီစဉ်ခဲ့ရတယ်လို့ဆိုပါတယ်။ကားလိုအပ်ချက်တွေရှိလာလို့ ကားငှားခဲ့တဲ့အချိန်မှာတော့ ကားသမားတွေက ဈေးထပ်တင်တာကြောင့် စမိုင်းလ်ကတော့ ဘုရားတရားလုပ်နေတာတောင် အဖျက်တွေက ရှိတယ်ဆိုပြီး စိတ်ဆိုးခဲ့တာပါ။ စမိုင်းလ်ကတော့ သူ့နဲ့အတူလိုက်ပါဆောင်ရွက်လိုသူတိုင်း လွယ်ကူအဆင်ပြေချောမွေအောင် …

Cele new

“သူ့ရဲ့မျက်နှာမှာ ဘယ်အစိတ်အပိုင်းကိုသဘောကျဆုံးလဲ မေးခွန်းထုတ်လိုက်တဲ့ မေမီကိုကို”

MRTV-4 ဇာတ်လမ်းတွဲတွေကနေတစ်ဆင့် ပရိသတ်ရဲ့အားပေးခြင်းကိုရရှိခဲ့တဲ့ မေမီကိုကိုကတော့ ငယ်ရွယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်ဘဝနဲ့ အနုပညာခရီးလမ်းကို လျှောက်လှမ်းခဲ့သူပါ။ဒါပေမယ့် သူ့ကိုပရိသတ်ကိုစတင်သတိထားမိခဲ့တာကတော့ “ပျားရည်အိုင်” ဇာတ်လမ်းတွဲထဲက မြိုင်အဖြစ်နဲ့ ဖြစ်ပြီး အဲ့ဒီဇာတ်လမ်းတွဲနဲ့ပဲ Best TV Series Actess Awards ဆုကြီးကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရယူနိုင်ခဲ့သူပါ။ Forever Group ရဲ့အောင်မြင်တဲ့မင်းသမီးတစ်လက်အနေနဲ့ရပ်တည်နေပြီး ဇာတ်လမ်းတွဲတွေဆက်တိုက်ဆိုသလို ရိုက်ကူးနေရသူပါ။တတိယမြောက်ဆုံမှတ် ဇာတ်လမ်းတွဲပြီးဆုံးချိန်မှာ လိပ်ပြာနှောင်ကြိုးဇာတ်လမ်းတွဲနဲ့ ပရိသတ်ရှေ့မှောက်ကို ချက်ချင်းရောက်ရှိလာတာဖြစ်ပြီး နောက်ထပ်လည်း ဆရာမ မစန္ဒာရဲ့ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်တဲ့ ဂျီဟောသူကိုလည်း ဇာတ်လမ်းတွဲအဖြစ်ပြန်လည်ဖန်တီးထားရာမှာ ညိုထွေးနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ဒါ့အပြင် မေမီကတော့ ဇာတ်လမ်းတွဲတွေမှာ နေရာယူထားရုံသာမက ကိုပေါက်ရိုက်ကူးမယ့် “အချစ်နဲ့…ပြန်လာပါ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ “အိပ်မက်..မြစ်” ရုပ်ရှင်ဇာတ်ကားကြီးနှစ်ခုစလုံးမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံထားရပါသေးတယ်။ အောင်မြင်မှုလမ်းကြောင်းပေါ်မှာရောက်ရှိနေပြီး ပရိသတ်ရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားတဲ့ …

HEALTH

မသိသူကျော်သွား သိသူဖော်စား ၁ ဂရန်ကို ဒေါ်လာ ၁၀၀ တန်တဲ့ ဗန်ဒါရွက်…

မသိသူကျော်သွား သိသူဖော်စား ၁ ဂရန်ကို ဒေါ်လာ ၁၀၀ တန်တဲ့ ဗန်ဒါရွက်… သဘာဝကပေးတဲ့ ဆေး မသိသူ ကျော် သွား သိသူ ဖော် စား ဆိုတဲ့ စကားဟာ စကားပုံမဟုတ်ပါဘူး ဒီ နေ့မိသားစုတို့ကို ပြောပြချင် တဲ့ ဆေးနည်းက ဗန်ဒါရွက် အစွမ်းထက်ပုံအကြောင်းပါ ။ဗန် ဒါ(ဗာဒံ)ရွက် ဗာဒံသီးဟာ မြေပြန့်ဒေသ ပူအိုက်တဲ့ရာသီဥတုအတွက်တော့ မြန်မြန်နဲ့လွယ်လွယ် အရိပ် ရလို့တချို့ကမိမိအိမ် ခြံဝင်းမှာအရိပ် ရအောင် စိုက်ကြတယ် ။ နေရာတိုင်းမှာလည်း အ လေ့ကျ ပေါက် ပါတယ် သို့ သော် ဗန် ဒါပင် ရဲ့အစွမ်းကို …

HEALTH

မျက်လုံးအား ပြန်လည်ကောင်းမွန်ပြီး မျက်မှန်မလိုတော့အောင် မျက်မှန်လွတ်တဲ့နည်းလမ်းလေး

မျက်လုံးအား ပြန်လည်ကောင်းမွန်ပြီး မျက်မှန်မလိုတော့အောင် မျက်မှန်လွတ်တဲ့နည်းလမ်းလေး “မျက်လုံး အားပြန်ကောင်းပြီး မျက်မှန်လွတ်တဲ့နည်း” ဒီနည်းကို စာသင်သားဘဝတုန်းက အခုအချိန်ထိ ပြုလုပ်နေဆဲပါ …။ စ လုပ်တုန်းက ဒီလိုပဲ တစ်နေ့လုပ်လိုက် ၊ တစ်ပတ်ပျက်လိုက်လေ… နောက်ပိုင်း ခြေထောက်ကိုရေမလောင်းပဲ မျက်နှာမသစ်တတ်တော့ဘူး …။ လူငယ်တွေမျက်လုံးကို ပိုဂရုစိုက်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ တစ်သက်လုံးကြည့်ရမှာမို့လို့ပါ …။ နည်းလမ်းကတော့… ပထမဦးဆုံး အိပ်ရာကနိုးပြီးပြီးချင်း ၊ မျက်နှာကိုအရင်မသစ်ရဘူး ၊ ခြေထောက်နှစ်ဖက်လုံး ဒူးအထက်ကနေပြီး ရေသုံးခွက်စီလောက်လောင်းပေးရမယ် …။ ဒါက တစ်ကိုယ်လုံးမှာပြန့်နှံ့နေတဲ့ အပူခိုးတွေကို ခြေထောက်ရောက်သွားအောင် ဆွဲချလိုက်တာပါ …။ အိပ်ရာကထလာတာနဲ့အပူတွေက တစ်ကိုယ်လုံးမှာ ပြန့်နှံ့နေတာပါ …။ ဒီအချိန်မှာ အရင်ကထုံးစံအတိုင်း မျက်နှာကိုအရင်သစ်လိုက်မယ်ဆိုရင် …

KNOWLEDGE

ပရုပ်လုံး သုံးတတ်သူများ အတွက် သတိပြုဖွယ်….

ပရုပ်လုံး သုံးတတ်သူများ အတွက် သတိပြုဖွယ်…. ပရုပ်လုံးရဲ့ အာနိသင်ကိုက တဖြေးဖြေးလုံးပါးပါးပြီး အငွေ့ပျံတာ ပျံတဲ့အငွေ့တွေက ဓာတုဓာတ် နပ်ဖ်သလင်းနဲ့ပါရာဒိုင်က လိုရိုဘန်ဇင်း ဓာတ်တွေပါ …။ စူးစူးရှရှ နဲ့ သင်းပျံ့တဲ့ ရနံ့လို့ သတ်မှတ်ထားကြတဲ့ အငွေ့တွေက ကလေးငယ်နဲ့လူကြီး လူငယ် အားလုံးရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ အဆိပ်ငွေ့ သဘောပါ …။ ဖြည်းဖြည်းချင်း သူလဲ လုံးပါး ပါးရင်း ကိုယ်လဲ ထိခိုက်နေတာပေါ့ – အနည်းနဲ့အများပဲ ကွာတယ် (သိတောင် မသိလိုက်ကြဘူး) အဲဒီ့အငွေ့တွေက မျက်စိ အသက်ရူလမ်းကြောင်း စတာတွေကို အနှောက်အယှက် ဖြစ်စေတယ် …။ ခေါင်းကိုက်တာ / မူးတာ / …

NEWS

ရွှေစက်တော် ဘုရားဖူးသွားမယ့်သူများအတွက် ၀မ်းသာစရာသတင်းကောင်းလေးပါ…

ရွှေစက်တော် ဘုရားဖူးသွားမယ့်သူများအတွက် ၀မ်းသာစရာသတင်းကောင်းလေးပါ… မန်းရွှေစက်တော် ဘုရားရဲ့ပြောင်းလဲမှုတွေ အားလုံးခံစားစေနိုင်ဖို့အတွက် မျှဝေပေးလိုက်ရပါတယ် …။ နှစ်ပေါင်းများစွာကကြားခဲ့ရတဲ့ တည်းခိုဆောင်အခန်းဈေးကြီးတဲ့ကိစ္စ ၊ အရင်တုံးက ဈေးပြိုင်စံနစ်နဲ့ဘုရားဂေါပကအဖွဲ့က လေလံပြစ်တယ် …။ လေလံစွဲယူတဲ့ လုပ်ငန်းလုပ်သူတွေ အပြိုင်စွဲကြတော့ ဈေးတွေက အဆမတန်မြင့်သွားကြတော့ သူတို့ကိုက်အောင် (အမြတ်အစွန်းရအောင်)‌ အခန်းခတွေဈေးတင် ။ အခန်းခတွေ ဈေးကြီးတော့တာပေါ့ …။ အခုနှစ်တော့ အဲဒီ့ အခန်းခဈေးကြီးတာကို ကာကွယ်တဲ့ အနေနဲ့ လေလံစွဲမဲ့ သူတွေအားလုံး ကြမ်းခင်ဈေး သတ်မှတ်ချက်အတိုင်း မဲနှိုက်ပြီး ချပေးလိုက်ပါပြီ …။ အခန်းခပိုမတောင်းဖို့လဲ ခိုင်မာတဲ့ ဂတိကဝတ်တွေ ၊ဒဏ်စံနစ်။ ၊အရေးယူစံနစ်တွေနဲ့ ချပေးလိုက်ပါပြီ …။ အခန်းခဈေးကိုလဲ ၁၅၀၀၀ ကျပ်ဈေးသတ်မှတ်လိုက်ပါပြီ …။ …