KNOWLEDGE

B သွေးလေးတွေမှာပဲရှိကြတဲ့ သဘောသဘာဝနဲ့အချစ်ရေးအကြောင်းများ

လူတွေဟာ သူတို့ရဲ့သွေးအမျိုးအစားကို လိုက်ပြီးတော့ သူတို့ရဲ့ စိတ်နေစိတ်ထားတွေနဲ့ အကျင့်စရိုက်တွေ ကွဲပြားသွားကြပါတယ်။ သွေးအမျိုးအစားကြောင့် ရောဂါခုခံနိုင်စွမ်းတွေ မတူညီကြသလို၊ အကျင့်စရိုက်နဲ့ လုပ်ဆောင်မှုတွေလည်း ကွဲပြားကြပါတယ်။ အခုတော့ B သွေးလေးတွေရဲ့ စိတ်နေစိတ်ထားနဲ့ သဘောသဘာဝလေးတွေကို ပြောပြပေးချင်ပါတယ်။ အားသာချက် B သွေးလေးတွေဟာ သူများကို အားကိုးရတာကို မကြိုက်တတ်ကြပဲ ဘဝကို အမှီအခိုကင်းကင်းနဲ့ ရပ်တည်တတ်တဲ့သူတွေ ဖြစ်ကြပါတယ်။ သူတို့တွေဟာ ဘဝကို ဘယ်လိုဘက်မျှအောင် နေထိုင်ရမယ်ဆိုတာ ကောင်းကောင်းတွေးခေါ်တတ်ပြီးတော့ ရည်မှန်းချက်ကြီးမားတဲ့ သူတွေလည်းဖြစ်ကြပါတယ်။ သူတို့တွေဟာ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို အလွယ်တကူပဲ မြင်နိုင်တဲ့ စွမ်းရည်ပိုင်ဆိုင်ထားတဲ့ သူတွေဖြစ်ကြပါတယ်။ ပေါင်းသင်းဆက်ဆံရေးမှာတော့ သူတို့တွေဟာ တကယ့်ကို ထူးချွတ်ပြောင်မြောက်ကြပြီးတော့ မိတ်ဆွေသူငယ်ချင်းကောင်း စိတ်ဓာတ်ရှိသူတွေပါ။ B …

KNOWLEDGE

ချွတ်ရခက်တဲ့အစွန်းအထင်းတွေကို ချက်ချင်းကျွတ်သွားစေမယ့်အိမ်တွင်းနည်းလမ်းကောင်းများ

ချွတ်ရခက်တဲ့အစွန်းအထင်းတွေကို ချက်ချင်းကျွတ်သွားစေမယ့်အိမ်တွင်းနည်းလမ်းကောင်းများ လမ်းမှာသွားလာလှုပ်ရှားရင်းနဲ့ပဲဖြစ်ဖြစ်၊ ပွဲတစ်ခုခုသွားတဲ့အခါမှာပဲဖြစ်ဖြစ် ကိုယ်သတိထားနေတဲ့ကြားက အဝတ်အထည်တွေမှာ မတော်တဆ အစွန်းအကွက်တွေဖြစ်သွားတတ်ပါတယ် …. ။ကိုယ်တန်ဖိုးထား နှစ်ခြိုက်ရတဲ့ အဝတ်အစားတွေမှာ အစွန်းတွေဖြစ်သွားလို့ ထပ်ဝတ်လို့မရတော့မှာကို မစိုးရိမ်ပါနဲ့ … ။ အဝတ်အထည်ပေါ်က အစွန်းအကွက်အမျိုးမျိုးကို အိမ်မှာတင်လွယ်လွယ်ကူကူ ချွတ်လို့ရမယ့်နည်းလေးတွေကို အခုပဲပြောပြလိုက်ပါပြီနော် … ။ – မင်အစွန်းတွေကိုဖျက်ချင်ရင် နွားနို့ထဲမှာ နာရီဝက်လောက်စိမ်ထားပြီး သွားပွတ်တံလေးနဲ့ပွတ်တိုက်ပေးလိုက်ပါ။ မင်အစွန်းတွေလုံးဝပျောက်သွားပါလိမ့်မယ် .. ။ – ဆီတွေစွန်းသွားတဲ့အခါ ဆီကွက်သွားတဲ့နေရာကို ဆား ဒါမှမဟုတ် ကိုယ်လိမ်းပေါင်ဒါဖြူးထားလိုက်ပြီး မိနစ်အနည်းငယ်ကြာရင် လျှော်လိုက်ပါ။ ဆား သို့မဟုတ် ကိုယ်လိမ်းပေါင်ဒါက အဝတ်အစားပေါ်က ဆီတွေကိုစုပ်ယူသွားတာကြောင့် နဂိုအတိုင်းပြန်ဖြစ်စေပါတယ်။ – လက်သည်းနီအစွန်းတွေကိုတော့ လက်သည်းဖျက်ဆေးနဲ့ပွတ်ပြီးဖျက်ပေးရင် လုံးဝပြောင်စင်သွားပါလိမ့်မယ်။အင်္ကျီကော်လံနေရာမှာ …

Cele new

“ယုမော်ကို ဝေဖန်အကြံပေးဖို့တောင်းဆိုလာတဲ့ ဒေါင်း”

ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးမှုကို အပြည့်အရှိထားတဲ့ “မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒီနေ့ ဇန်နဝါရီလ (၉)ရက်နေ့မှာ စတင်ပြီး ရုံတငိပြသပြီပဲဖြစ်ပါတယ်။ဒီဇာတ်ကားကြီးကတော့ နာမည်ကျော် စာရေးဆရာမဖြစ်တဲ့ ဆရာမ “ဂျူး”ရဲ့ “မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်” ဝတ္ထုကို ဒါရိုက်တာ “မီးပွား”က ပုံဖော်ရိုက်ကူးထားတာတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်ကားကြီးကိုတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တော် မင်းသားချော ဒေါင်းနဲ့ မင်းသမီးပိုင်ဖြိုးသုတို့အပြင် စိုင်းစည်တွမ်ခမ်းနဲ့ အနုပညာရှင်များစွာကပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ဒီနေ့ “မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်” ရုပ်ရှင်ဇာတ်ကားကြီးကို ရုံစတင်တဲ့နေမှာတော့ ဒီဇာတ်ကားကြီးမှာပါဝင်တဲ့ မင်းသားချောဒေါင်းက ဇာတ်ကားကြီးကြာ့်ရှုပြီးတဲ့ ပရိသတ်တွေကို သူ့ရဲ့ ဇာတ်ရုပ်လေးကို စိတ်ထဲရှိတဲ့အတိုင်း ဝေဖန်အကြံပေးဖို့တောင်းဆိုထားပါတယ်။ “ယုမော်နဲ့ ပတ်သတ်လို့ စိတ်ထဲရှိတဲ့အတိုင်း ဝေဖန် အကြံပေးတာလေးတွေကြားချင်ပါတယ်ခင်ဗျ”ဆိုပြီး ဒေါင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ တောင်းဆိုလာတာပါ။ပရိသတ်ကြီးတွေထဲက …

ENTERTAINMENT

“ကိုယ်နဲ့ မရိုက်ဖူးတဲ့ နာမည်ကြီး မင်းသား မော်ဒယ် အတော်ရှားတယ်ဆိုတဲ့ ပိုပို”

နိုင်ငံကျော်အမျိုးသမီးအဆိုတော် ပိုပိုကတော့ သူ့ရဲ့သီချင်း MTV တွေကို ပရိသတ်တွေကြားရေပန်းစား မင်းသား၊မော်ဒယ်တွေနဲ့ ရိုက်ကူးလေ့ရှိပြီး တွဲမရိုက်ဖူးတဲ့ နာမည်ကြီး မင်းသား မော်ဒယ် အတော်ရှားတဲ့အကြောင်းကို “တစ်ခါတစ်လေ MV ပြန်ကြည့်ရင် သိပ်ကျေနပ်တယ်။ကိုယ်နဲ့ မရိုက်ဖူးတဲ့ နာမည်ကြီး မင်းသား မော်ဒယ် အတော်ရှားသား လို့စ် နောက် ဘယ်သူတွေနဲ့ ထပ်ရိုက်ရင်ကောင်းမလဲ??” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ ပိုပိုဟာ တေးစီးရီးအယ်ဘမ်တွေနဲ့ တစ်ကိုယ်တော်တေးစီးရီးတော်တော်များများကို ထွက်ရှိအောင်မြင်ထားသူတစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင်အရည်အချင်းကောင်းတွေနဲ့ ဘဝကို ရဲရဲရင်ဆိုင်ကျော်ဖြတ်နေတဲ့ အဆိုတော်မလေးတစ်ယောက်လို့ ဆိုလည်းမမှားပါဘူး။ပိုပိုရဲ့ သီချင်းတော်တော်များများကလည်း ပရိသတ်တွေရဲ့ ခံစားချက်နဲ့ ထပ်တူကျခဲ့သလို ပိုပိုကိုယ်တိုင်ကလည်း ခံစားချက်အပြည့်နဲ့ သီဆိုထားခဲ့တာဖြစ်ပါတယ်။အဆိုတော်ကိုယ်စီတိုင်းမှာရှိတဲ့ ပန်းတိုင်လေးတစ်ခုဖြစ်တဲ့ One Lady Show …

ENTERTAINMENT

“ပထမဦးဆုံးရတဲ့အနုပညာကြေးလေးနဲ့ အမေ့ကို ရွှေဆွဲကြိုးကြီးဝယ်ပေးခဲတဲ့ တန်ခွန်ကျော်”

နာဂတိုင်းရင်းသားလေးတစ်ယောက်ဖြစ်တဲ့ တန်ခွန်ကျော်ကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးကနေတစ်ဆင့် ပရိသတ်ရဲ့ချစ်ခြင်းမေတ္တာကို ရရှိခဲ့သူတစ်ယောက်ပါ။ပြိုင်ပွဲစဉ်တစ်လျှောက်လုံးမှာ တစ်ကြိမ်သာရတဲ့ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အသုံးပြုရတဲ့ Channel 9 Wild Card Winner ဆုရှင်ဖြစ်ခဲ့ပြီး ပြိုင်ပွဲကြီးကို တစ်ဖန်ပြန်လည်ဝင်ရောက်လာရသူလည်းဖြစ်ပါတယ်။ မြန်မာအိုင်ဒေါပြိုင်ပွဲစဉ်ကြီးပြီးဆုံးသွားခဲ့တဲ့အချိန်မှာတော့ ကိုယ်စီဂီတခရီးလမ်းကို လျှောက်လှမ်းလာခဲ့တဲ့သူတွေထဲမှာ တန်ခွန်ကျော်တစ်ယောက်လည်း အပါအဝင်ဖြစ်ပြီး မကြာသေးခင်ကမှ တောင်ကြီးမြို့မှာကျင်းပတဲ့ Miss Universe Taunggyi & Pathein ပြိုင်ပွဲကြီးမှာ သွားရောက်သီဆိုခဲ့ပါသေးတယ်။အခြားပွဲတွေအတွက် ကမ်းလှမ်းမှုတွေလည်း ရှိနေပြီဖြစ်ပြီး မိဘအပေါ်သိတတ်လိမ္မာတဲ့သားလေးဖြစ်တဲ့ တန်ခွန်ကျော်ကတော့ မနေ့က အမေများနေ့မှာ မိခင်ဖြစ်သူအတွက် ရွှေဆွဲကြိုးကြီးဝယ်ပေးခဲ့တာဖြစ်ပါတယ်။ “အမေများနေ့အထိမ်းအမှတ် အဦးဆုံးရတဲ့ အနုပညာကြေးလေးနဲ့ အမေ့ကိုလက်ဆောင်လေးဝယ်ပေးနိုင်ခဲ့ပါပြီ။ကျေးဇူးရှင်တွေအားလုံးကို ဝမ်းသာစေချင်လို့ တင်ပေးလိုက်ပါတယ်ဗျ။ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါတယ်ဗျ” ဆိုပြီး သူ့ရဲ့ကျေးဇူးရှင်ပရိသတ်ကြီး ဝမ်းသာရအောင် ပို့စ်လေးတင်ပြီး မျှဝေပေးခဲ့တာဖြစ်ပါတယ်။မိဘအပေါ်သိတတ်လွန်းတဲ့ …

Cele new

မင်းသားချော Park Bo Gum နဲ့ မင်းသမီး Park So Dam တို့ပါဝင်ရိုက်ကူးမယ့် ဒရမ်မာဇာတ်လမ်းတွဲအသစ်

ပရိသတ်တွေနှစ်ခြိုက်ဦးမယ့် ဇာတ်ကားသစ်ကတော့ မကြာခင်မှာ ထွက်ရှိလာတော့မှာပါ။မြန်မာနိုင်ငံကမိန်းကလေးပရိသတ်တွေအသည်းစွဲ မင်းသားတစ်လက်ဖြစ်တဲ့ မင်းသားတွေထဲမှာ Park Bo Gum ကတော့ အပါအဝင်ပါ။အခုဆိုရင် ဒရမ်မာဇာတ်လမ်းတွဲအသစ်အတွက် မင်းသားချော Park Bo Gum နဲ့ မင်းသမီးPark So Dam တို့တွဲဖက်သရုပ်ဆောင်တော့မှာဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့အခုဆိုရင် tvNကထုတ်လွှင့်မယ့် Youth Records ဆိုတဲ့ ဇာတ်ကားမှာပါဝင်ဦးမှာပါ။ချစ်စရာကောင်းတဲ့ မင်းသားချော Park Bo Gum ကတော့ ဇာတ်လမ်းတွဲများစွာမှာပါဝင်ရိုက်ကူးထားပြီး ပရိသတ်နဲ့ရင်းနှီးပြီးသားဖြစ်ပါတယ်။မင်းသမီးချော Park So Dam ကတော့ Parasite ရုပ်ရှင်ဇာတ်ကားမှာပါဝင်ထားပြီး နိုင်ငံတကာ ပရိသတ်အသိအမှတ်ပြုမှုရရှိထားသူပါ။ဒါ့အပြင် ဒရမ်မာဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ထားပြီး မြန်မာနိုင်ငံမှာတော့ “Cinderella with Four Knights” ဇာတ်လမ်းတွဲနဲ့လူသိများမှာပါ။ …

NEWS

မိဘရဲ့အတ္တကြောင့် မုန့်ဟင်းခါးတစ်ပွဲအတွက် အသက်ပေးလိုက်ရတဲ့ သနားစရာ ကလေးမလေး

မိဘရဲ့အတ္တကြောင့် မုန့်ဟင်းခါးတစ်ပွဲအတွက် အသက်ပေးလိုက်ရတဲ့ သနားစရာ ကလေးမလေး ဟိုတလောက ညီတယောက်လို ခင်မင်ရတဲ့ သူငယ်ချင်းတယောက်ဆီ ကိစ္စလေးရှိလို့ သွားဖြစ်တယ်။ချိန်းထားတဲ့ အချိန်နည်းနည်း ကပ်သွားလို့နဲ့ တူပါရဲ့။သူတို့အိမ်မှာ ရောက်နှင့်နေတဲ့ ဧည့်သည်တွေလည်း မပြန်ကြသေးဘူး။ကိုယ်နဲ့လည်း မျက်မှန်းတန်းပြီးသားတွေမလို့ သူတို့ကလည်း ခေါ်တာနဲ့ ထွေရာလေးပါး ပြောဖြစ်ကြတယ်။ အဲဒီမှာ ဧည့်သည်အတွက် ချပေးထားတဲ့ ပန်းကိတ်ကို ကျနော့် သူငယ်ချင်းရဲ့သား လမ်းလျှောက်တတ်ခါစ အရွယ်ကောင်က မျက်စိကျနေတာကို ကျနော် သတိထားမိတယ် …။ အဲဒါနဲ့ ကျနော်က ဟေ့ကောင် လာလာ လို့ ခေါ်ပြီး ပေါင်ပေါ်ထိုင်ခိုင်း၊ မင်းနာမည် ဘယ်သူ ဘယ်နှနှစ် လျှောက်မေးရင်း မုန့်ခေါ်ကျွေးတော့ ဒီကောင် အတော်ပျော်နေပုံရတယ်။ နောက်တခု စားမလား …

RELIGIOUS

အစဉ်ရှောင်ကြဉ်ကြရမည့်…ဘုန်းကံနိမ့်စေ…လာဘ်ပိတ်စေသော…အလေ့ဆိုးများ

အစဉ်ရှောင်ကြဉ်ကြရမည့်…ဘုန်းကံနိမ့်စေ…လာဘ်ပိတ်စေသော…အလေ့ဆိုးများ (၁) ဘုရားခန်း တွင် လင်မယားနှစ်ယောက်မအိပ်ရ …။ (၂) ယော င်္ကျား၏ညာဘက်တွင်မိန်းမ မအိပ်ရ …။ (၃) နံနက်၎ခွဲမှ၆နာရီအတွင်းတွင် သာသနာစောင့်နတ်နတ်မင်းကြီးလေးပါးသည် လူအများ၏ကောင်းမှုမကောင်းမှုကို ကြည့်ရှုသော အချိန်ဖြစ်သည်။ ထို အချိန်တွင် မေထုန်မှီဝဲမှုကို အထူးရှောင်ကြဉ်ရမည် …။ (၄) မိမိ အိပ်သောခုတင်ထက် သို့မဟုတ် အိပ်ရာထက်မြင့်သောနေရာတွင် ထဘီတန်းမပြုလုပ်ရ။ သားသမီးခေါင်းရင်း မိဘခြေရင်းတွင် မနေရ မအိပ်ရ …။ (၅) မိမိ အိပ်ရာခင်းနှင့် ပုဆိုးစောင်များကို မိမိအိပ်သော ခေါင်းအုံးပေါ်တွင် တင်၍မထားရ …။ (၆) မိ မိေ နထိုင်ရာထက်မြင့်သော နေရာတွင်ဖျာ မွေ့ရာ စောင်များ လှမ်းခြင်းမပြုလုပ်ရ …။ …

LIFE STYLE

မိန်းကလေးတိုင်း ဘဝမှာ တစ်ခါလောက်တော့ လုပ်ကြည့်သင့်တဲ့ အရာတွေ…

မိန်းကလေးတိုင်း ဘဝမှာ တစ်ခါလောက်တော့ လုပ်ကြည့်သင့်တဲ့ အရာတွေ… ကိုယ့်ရဲ့နေ့စဉ်လုပ်နေကျ နိစ္စဓူဝကိစ္စတွေကနေ ခွဲထွက်ပြီး မတူညီတဲ့နေထိုင်မှုပုံစံတခုကို တခါတရံလောက်ဖြစ်ဖြစ် ပြောင်းလဲနေထိုင်လိုက်ကြည့်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အတော်လေး အထောက်အကူဖြစ်စေတဲ့ ကိစ္စတခုပါပဲ ပျိုမေတို့ရေ။ ဒါကြောင့်မို့လို့ ပျိုမေတိုင်းရဲ့ ဘဝမှာ တခါလောက်တော့ အနည်းဆုံးဖြစ်ဖြစ် လုပ်ကြည့်သင့်တဲ့ အရာလေးတွေကို ပြန်လည်မျှဝေပေးချင်ပါတယ်နော်…. (၁) တစ်ယောက်တည်းခရီးတွေ ထွက်ပါ မိန်းကလေးတယောက်အနေနဲ့ တယောက်တည်းခရီးသွားဖို့ဆိုတာဟာ အနည်းငယ်စွန့်စားရတဲ့ ကိစ္စတခုဆိုပေမယ့် တယောက်တည်းခရီးသွားခြင်းကနေ ထင်မထားလောက်တဲ့ အကျိုးကျေးဇူးတွေ ရနိုင်တာကြောင့် လုံခြုံဘေးကင်းမယ်လို့ ထင်ရတဲ့ နေရာဒေသတခုခုကို တယောက်တည်း ခရီးသွားဖို့ပြင်ဆင်ပြုလုပ်ကြည့်ဖို့ အကြံပြုချင်ပါတယ် …။ (၂) တရက်လောက် ဖုန်းမသုံးဘဲ အချိန်တွေကို ဖြတ်သန်းကြည့်ပါ စိတ်ဝင်စားစရာတွေ ပြည့်နှက်နေတဲ့ …

RELIGIOUS

တစ်ကယ်တမ်းကျတော့ ရေစက်ရှိလို့ ဆုံတာထက် တစ်ယောက်ကို တစ်ယောက်ဝဋ်ကြွေးဆပ်ဖို့ ဆုံဖြစ်ခဲ့ကြတာပါ

တစ်ကယ်တမ်းကြတော့ ရေစက်ရှိလို့ ဆုံတာထက် တစ်ယောက်ကို တစ်ယောက်ဝဋ်ကြွေးဆပ်ဖို့ ဆုံဖြစ်ခဲ့ကြတာပါ အခြေအနေတစ်ခုကြောင့် …မတိုက်ဆိုင်လို့ လမ်းခွဲသွားကြရင်ဝမ်းနည်းစရာ မလိုသလိုပြန်ပြီးလည်း မမျှော်လင့်ပါနဲ့ …. ရေစက်ရှိလို့ ဆုံခဲ့ကြပြီးကံကုန်ရင် လမ်းခွဲကြရမယ် … ကံမကုန်သေးရင် ပြန်ဆုံတွေ့ဖြစ်ကြမယ်~~~ ဘဝရဲ့လှည့်ကွက်တွေအောက်မှာတစ်ယောက်နဲ့ တစ်ယောက်မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ကြပြီး မျှော်လင့်မထားတဲ့ ကံကြမ္မာမုန်တိုင်းဖန်တီးလာပြီဆိုရင် ထင်မှတ်မထားတဲ့ အခြေအနေတွေကြောင့်လည်းတစ်ယောက်နဲ့ တစ်ယောက်ဝေးကွာသွားကြရတာပါပဲ …. ။ တစ်ကယ်တမ်းကြတော့ ရေစက်ရှိလို့ ဆုံတာထက် တစ်ယောက်ကို တစ်ယောက်ဝဋ်ကြွေးဆပ်ဖို့ ဆုံဖြစ်ခဲ့ကြတာပါ …. အနားမှာ ထွက်ခွါသွားသူကိုကျေးဇူးတင်လိုက်ပါ … သူကြောင့် ဝဋ်ဒုက္ခမှ လွတ်ကင်းသွားလို့ပါ ဘဝဆိုတာ …? ကိုယ်က ချစ်နေပြန်တော့လည်းတစ်ဖက်သားက မုန်းနေပြန်တတ်တယ် …. ကိုယ်က မုန်းနေပြန်တော့လည်းတစ်ဖက်သားက ချစ်နေပြန်တတ်တယ် …