ENTERTAINMENT

“တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် မန္တလေးမှာ အစည်းအဝေးထိုင်နေပြီဖြစ်တဲ့ ပိုပို”

အလွမ်းသီချင်းလေးတွေနဲ့ ပရိသတ်ရင်ထဲအထိရောက်ခဲ့တဲ့ နိုင်ငံကျော်အဆိုတော်ပိုပိုကတော့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကြီး ကျင်းပရန်အတွက် မန္တလေးမှာ အစည်းအဝေးထိုင်နေတဲ့အကြောင်းကို “One Lady Show အတွက် Mandalay မှာ Meeting” လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ အဆိုတော်လောကမှာ ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက်ဖြစ်တဲ့ ပိုပိုကတော့ ယခုအချိန်အထိဆယ်စုနှစ်တစ်ခုကျော်အောင် အောင်မြင်မှုတွေကို သိမ်းပိုက်ထားနိုင်ဆဲဖြစ်ပါတယ်။ ပိုပိုဟာ တေးစီးရီးအယ်ဘမ်တွေနဲ့ တစ်ကိုယ်တော်တေးစီးရီးတော်တော်များများကို ထွက်ရှိအောင်မြင်ထားသူတစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင်အရည်အချင်းကောင်းတွေနဲ့ ဘဝကို ရဲရဲရင်ဆိုင်ကျော်ဖြတ်နေတဲ့ အဆိုတော်မလေးတစ်ယောက်လို့ ဆိုလည်းမမှားပါဘူး။ပိုပိုရဲ့ သီချင်းတော်တော်များများကလည်း ပရိသတ်တွေရဲ့ ခံစားချက်နဲ့ ထပ်တူကျခဲ့သလို ပိုပိုကိုယ်တိုင်ကလည်း ခံစားချက်အပြည့်နဲ့ သီဆိုထားခဲ့တာဖြစ်ပါတယ်။အဆိုတော်ကိုယ်စီတိုင်းမှာရှိတဲ့ ပန်းတိုင်လေးတစ်ခုဖြစ်တဲ့ One Lady Show ကို ကျင်းပဖို့အတွက် ပိုပိုတစ်ယောက် စိတ်အားထက်သန်နေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အကောင်အထည်ဖော်နေပြီလည်းဖြစ်ပါတယ်။ …

NEWS

ဗိုလ်ချုပ်အောင်ဆန်း ပုံပါတဲ့ ပိုက်ဆံတွေကို ပြည်သူတွေဆီ အလကား ပေးနေတဲ့ လွတ်တော်အမတ် တစ်ဦး

အားလုံး မျှော်လင့်နေကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူတွေကတော့ ဇန်နဝါရီလ(၇) ရက်နေ့မှာ အများပြည်သူလက်ထဲကို ဖြန့်ဝေလိုက်ပြီဖြစ်ပါတယ်။ ဒီလိုထွက်ရှိလာတဲ့အချိန်မှာ မြဝတီမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ ဦးသန့်ဇင်အောင်ကတော့ ဒီဇင်ဘာလမှာ ရတဲ့ သူ့ရဲ့ လွှတ်တော်အမတ်လစာ ၁၀ သိန်းထဲကနေပြီးတော့ ၅ သိန်းကို ဗိုလ်ချုပ်ပုံပါ ငွေစက္ကူနဲ့ လဲလှယ်ပြီးတော့ အများပြည်သူတစ်ဦးကိုတစ်ရွက်ကျ ဝေငှပေးခဲ့တယ်လို့ သိရပါတယ်။ သူ့အနေနဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဗိုလ်ချုပ်ပုံပါ ကျပ်တစ်ထောင်တန် ၅ သိန်းကို ပြည်သူတွေကို အမှတ်တရ ဝေပေးတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံများကို အစိုးရဌာနဆိုင်ရာ ရုံးခန်းများ ၊ စာသင်ကျောင်းများမှာချိတ်ဆွဲနိုင်ရေးကိုလည်း ဒုတိယအကြိမ် ပြည်နယ်လွှတ်တော် …

Cele new

ဗိုလ်ချုပ်ပုံပါ တစ်ထောင်တန်နဲ့ ပက်သတ်ပြီး အလိုမကျဖြစ်မှုကို ပြောပြလာတဲ့ ယုန်လေး

ဗိုလ်ချုပ်ပုံပါ တစ်ထောင်တန်နဲ့ ပက်သတ်ပြီး အလိုမကျဖြစ်မှုကို ပြောပြလာတဲ့ ယုန်လေး ဂီတလောကမှာ အောင်မြင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ ယုန်လေးက နောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ကိုယ်တိုင်ဒါရိုက်တာလုပ် ရိုက်ကူးနေလျက်ရှိပါတယ် …။ ယုန်လေးက အက်ရှက်ဇာတ်ကားတွေကို ရိုက်ကူးပြီး သူရိုက်ကူးထားသမျှ ရုပ်ရှင်ဇာတ်ကားတိုင်းက အောင်မြင်မှုတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ ယုန်လေးက လက်ရှိမှာလည်း သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်လုပ်ကိုင်နေလျက် ရှိပါတယ် …။ ဒီနေ့မှာတော့ ယုန်လေးက အသစ်ထုတ်ဝေတဲ့ ဗိုလ်ချုပ်ပုံပါ တစ်ထောင်တန်နဲ့ ပက်သတ်ပြီး သူ့စိတ်ထဲမှာ အလိုမကျဖြစ်မှုကို အခုလိုပဲ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ မျှဝေထားတာကို တွေ့ရပါတယ် …။ “ငါတို့ နိုင်ငံကြီးလဲ ဘာလုပ်လုပ်ကို အဆုံးထိ …

အလှအပရေးရာ

မျက်နှာပေါ်က တင်းတိပ်တွေကို ပျောက်ကင်းစေမယ့် အိမ်တွင်း နည်းလမ်းများ….

မျက်နှာပေါ်က တင်းတိပ်တွေကို ပျောက်ကင်းစေမယ့် အိမ်တွင်း နည်းလမ်းများ…. တင်းတိပ် ဆိုတာ အရေပြားပေါ်မှာ တွေ့ရတတ်တဲ့ အညိုရောင် အစက်အပြောက်များ ဖြစ်ပါတယ်။ အမေရိကန် အရေပြား ပညာရှင်များ အဖွဲ့ရဲ့ အဆိုအရ ၄င်းဟာ အသားအရေ ပျက်စီးခြင်း လက္ခဏာ ဖြစ်ပါတယ် …။ တင်းတိပ် ဖြစ်ရခြင်း အကြောင်းအရင်းများ ကတော့ နေရောင် အလွန်အကျွံ ထိတွေ့ခြင်း၊ မျိုးရိုး၊ ဟော်မုန်း မညီမျှမှု တို့ကြောင့် ဖြစ်ပါတယ်။ တင်းတိပ်တွေက မျက်နှာတင်မှာ သာမက ခန္ဓာကိုယ် နေရာ အနှံ့ အပြားမှာ ဖြစ်ပေါ်တတ် ပါတယ်။ တင်းတိပ်တွေကို ဖယ်ရှားဖို့ အထူးကုသမှုတွေ ရှိပေမယ့် ဈေးအလွန်ကြီး ပါတယ် …

KNOWLEDGE

နှင်းဆီပန်းတွေ ထွားထွားကြီး ပွင့်စေဖို့ ဆားကို ဒီလို အသုံးပါ…

နှင်းဆီပန်းတွေ ထွားထွားကြီး ပွင့်စေဖို့ ဆားကို ဒီလို အသုံးပါ… ဆားခါးကို နှင်းဆီပန်းစိုက်ပျိုးသူတွေက လွန်ခဲ့တဲ့နှစ်ရှည်ကာလတွေထဲက အသုံးပြုခဲ့ကြပါတယ်။ ဆားခါးမှာ အပင်အတွက် မရှိမဖြစ်လိုအပ်တဲ့ အနည်းလိုအာဟာရဓာတ်တွေဖြစ်တဲ့ မဂ္ဂနီဆီယမ်နဲ့ ဆာလဖာလို့ခေါ်တဲ့ ကန့် ဓာတ်တွေ ပါဝင်ပါတယ် …။ ဆားခါးဟာ နှင်းဆီပင်တွေကို အပွင့်ကြီးကြီးတွေ ပွင့်စေဖို့ ကူညီရုံမျှမက အပင် ခြေကနေ ပင်စည်အသစ်တွေကြီးထွားဖို့ကိုလည်း အထောက်အကူပေးပါတယ်။ ဒါ့အပြင် အရွက်တွေ ပိုမိုရင့် မှောင်စေဖို့ အတွက် ကလိုရိုဖီးလ်ကိုလည်း တိုးမြှင့် ထုတ်လုပ်ပေးပါတယ် …။ သီးနှံစိုက်ပျိုးရေးမှာ ဆားခါးကို အသုံးပြုခြင်းအားဖြင့် မျိုးစေ့တွေကို အညှောင့်ပေါက်ကောင်းမွန်စေခြင်း၊ အပင်အတွက် လိုအပ်တဲ့ အာဟာရ ဓာတ် စုပ်ယူမှုတိုးမြှင့်စေခြင်း၊ အသီးအပွင့်ဖြစ်ပေါ်မှုကို အားပေးခြင်း၊ …

အချစ်ရေး

ကောင်မလေးတွေ စိတ်ဆိုးစိတ်ကောက် မလုပ်တော့တဲ့ အကြောင်းအရင်းကြီးများ (၅)ခု

ကောင်မလေးတွေ စိတ်ဆိုးစိတ်ကောက် မလုပ်တော့တဲ့ အကြောင်းအရင်းကြီးများ (၅)ခု ကောင်မလေးတွေ စိတ်ဆိုးစိတ်ကောက်လုပ်ရင် ချစ်ဖို့ကောင်းတယ်ဆိုပြီး သိပ်မကြိုက်ကြတဲ့ ကောင်လေးတွေ ရှိပါတယ်။ တကယ်တော့ ကောင်မလေးတွေ စိတ်ဆိုးစိတ်ကောက်လုပ်တာက ကိုယ့်ချစ်သူကို ချစ်နေလို့ပါ။ သူတို့ မချစ်တဲ့သူအပေါ် အချိန်ကုန်ခံပြီး စိတ်ကောက်နေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ စိတ်ဆိုးစိတ်ကောက်မလုပ်တော့ဘူးဆိုရင်တော့ သူတို့မှာ အခုလို အကြောင်းကိစ္စတစ်ခုခု ရှိနေပါပြီ။ ဘာတွေများ ဖြစ်မလဲ… (၁) စိတ်ကုန်လာလို့” သင့်ကို ချစ်လို့သာ စိတ်ဆိုးစိတ်ကောက်လုပ်နေမိတာပါ။ ဒါကို သင်က ဘာသိဘာသာပဲ အမြဲ နေနေတာမျိုးက သူတို့ကို နာကျင်စေပါတယ်။ အမြဲ ဒီလို ခဏခဏ ဖြစ်နေတဲ့အခါ သူတို့ ချစ်လို့ ပြောတဲ့စကားတွေကို သင်က ဂရုမစိုက်ပဲ …

KNOWLEDGE

ပေါင်းသင်းဆက်ဆံရေးမှာ ထူးချွန်ပါးနပ်သူဖြစ်ဖို့ လိုက်နာသင့်တဲ့အချက်များ

လူရယ်လို့ ဖြစ်လာပြီဆိုရင် ပတ်ဝန်းကျင်ဆိုတာနဲ့ ဒွန်တွဲပြီး အသက်ဆက်လက်ရှင်သန်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ပေါင်းသင်းဆက်ဆံရေးဆိုတာလည်း ပါဝင်နေပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေ ပျော်ရွှင်တဲ့ ဆက်ဆံရေး ရှိမှသာ ပတ်ဝန်းကျင်က သာယာလှပနေမှာပါ။ ဒါ့အပြင် ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူ အတော်များများက ဘဝမှာ အောင်မြင်လေ့ ရှိပါတယ်။ ဒါကြောင့် ပေါင်းသင်းဆက်ဆံရေးမှာ ကျွမ်းကျင်တဲ့သူဖြစ်ဖို့ဆိုရင် ဒီအချက်တွေကို သိနားလည် ထားဖို့ လိုအပ်ပါတယ်။ (၁) အလိုက်သိဖို့ လိုတယ် စာတွေ တော်နေဖို့ မလိုဘူး အလိုက်သိဖို့ပဲ လိုတယ် လို့ လူငယ်တွေကြား ပြောလေ့ ရှိကြပါတယ်။ ဒီအချက်က တကယ်ပဲ လိုအပ်ပါတယ်။ လူတိုင်းက ကိစ္စရပ်ပေါင်း မြောက်များစွာနဲ့ နေ့စဉ် ဖြတ်သန်းနေကြရတာပါ။ …

Cele new

အလုပ်ခဏနားတဲ့အချိန်မှာ ဆွစ်ဇာလန်နိုင်ငံက စိတ်ကူးယဉ်ဆန်ဆန်လှပလွန်းတဲ့ ရွာလေးကို ရောက်နေတဲ့ရွှေကစ်

ဝတ်မှုရွှေရည်ကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူပါ။ နာမည်ကြီးတစ်ယောက်ဖြစ်တာကြောင့်ရုပ်ရှင်တွေ ကြော်ငြာရိုက်ကူးခြင်းတွေပြင် ပွဲအခမ်းအနားတွေ တက်ရောက်တာနဲ့မအားမလပ်နိုင်အောင်ရှိနေတာပါ။ နားရက်ရတဲ့ အချိန်လေးမှာတော့ ရွှေကစ်တစ်ယောက်က ဆွစ်ဇာလန်နိုင်ငံကို အလည်အပတ်ရောက်နေတာပါ။ နိုင်ငံရပ်ခြားကိုရောက်နေပေမဲ့ ပရိသတ်တွေကို ဖေ့ဘွတ်မှာLive လွှင့်ပြီးတော့ အလွမ်းသယ်ခဲ့သလို တိမ်တွေပေါ်ကပန်း ဇာတ်ကားအတွက် လက်မှတ်တွေကိုလည်း မဲဖောက်ပေးခဲ့ပါသေးတယ်။ ရွှေကစ်ကတော့ ဆွဇ်ဇာလန်နိုင်ငံမှာ အလည်အပတ်သွားရောက်ရင်း နှင်းတွေကြားမှာပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကိုမျှဝေခဲ့ပါတယ်။ နှင်းတွေကြားမှာ သဘာဝဆန်ဆန်လှနေတဲ့ ရွှေကစ်ကတော့ အလုပ်နားရက်လေးမှာ စိတ်လွတ်ကိုယ်လွတ်ပျော်နေပုံပါပဲ။ ရွှေကစ်ကတော့ ပြန်ရောက်လာရင် ဇာတ်ကားသစ်တွေ ရိုက်ကူးဦးမယ်လို့လည်းပြောထားပါသေးတယ်။ ပရိသတ်တွေကတော့ ရွှေကစ်ဟာနန်းကျဘုရင် ဝတ္ထုကိုပြန်လည်ရိုက်ကူးရာမှာ စုဖုရားလတ်အဖြစ်ပါဝင်မှာကြောင့် အရမ်းကို စိတ်ဝင်စား နေကြတာလည်း ဖြစ်ပါတယ်… Source : WuttHmoneShweYi,CRD-Moe – Cele Gabar …

International News

ချစ်သူကောင်လေး ဆေးရုံအလာကို မိတ်ကပ်တွေ ပြင်ဆင်ပြီးစောင့်နေတဲ့ မိန်းကလေး

ချစ်သူကောင်လေး ဆေးရုံအလာကို မိတ်ကပ်တွေ ပြင်ဆင်ပြီးစောင့်နေတဲ့ မိန်းကလေး သင်ဟာ ဆေးရုံတက်ဖူးသူဆိုရင် ဝေဒနာခံစားခဲ့ရတဲ့ အချိန်တွေကို သတိရမိမှာပါ။ သင်ဆေးရုံ တက်နေရတဲ့အချိန်မှာ သင်လှနေမယ်လို့ ဘယ်သူကမှ ထင်ထားမှာမဟုတ်ပါဘူး …။ နေပြန်ကောင်းဖို့အတွက် ကြိုးစားနေရလို့ ပြင်နိုင်ဆင်နိုင်မှာလည်း မဟုတ်ပါဘူး …။ ဒါပေမယ့် ဗီယက်နမ်နိုင်ငံက မိန်းကလေးတစ်ယောက်ကတော့ သူမဆေးရုံ တက်နေရချိန်မှာ သူမရဲ့ချစ်သူကောင်လေး လာကြည့်မယ်လို့ သိလိုက်တဲ့အခါ ချက်ချင်းပဲ မိတ်ကပ်တွေ အပြေးအလွှားလိမ်းပြီး ဆေးရုံမှာစောင့်နေခဲ့ပါတယ် …။ Wangmei က သူမရဲ့ချစ်သူက လာမယ်ဆိုတာသိလို့ တအားတွေ စိတ်လှုပ်ရှားပြီး Facebookမှာတောင် “My boyfriend is coming to see me”လို့ တင်လိုက်ပါသေးတယ် …။ …

KNOWLEDGE

သင့်လက်ထဲမှာ ပိုက်ဆံမပြတ်အောင်သိထားသင့်တဲ့ အဖိုးတန်နည်းလမ်း (၄) မျိုး

သင့်လက်ထဲမှာ ပိုက်ဆံမပြတ်အောင်သိထားသင့်တဲ့ အဖိုးတန်နည်းလမ်း (၄) မျိုး တစ်လတာဝင်ငွေကို စုမိဖို့နေနေသာသာ လကုန်ခါနီးတာနဲ့ လက်ထဲငွေမလောက်တာမျိုး ကြုံကြိုက်ဖူးမှာပါ။ဒါမျိုးမဖြစ်ဖို့အတွက် ငွေယိုပေါက်တွေကို သေချာရှာဖွေပြီး လစဉ်စုမယ့်ငွေပမာဏကို(အနည်းအကျဉ်းဖြစ်စေ)သတ်မှတ်သင့်ပါတယ်။မြင်သမျှ ၀ယ်ချင်နေပါက သင် တပြားမှ စုမိမှာမဟုတ်ပါဘူး။ငွေကိုစုဆောင်းနိုင်မယ့် နည်းလမ်းတွေကိုလေ့လာကြည့်ရအောင်… (1) ၅၀/၃၀/၂၀ နည်း -ပုံမှန်ဝင်ငွေရှိပေမယ့် ငွေမစုမိသူများအတွက်ရည်ရွယ်ပါတယ် …။ သင့်တစ်လတာဝင်ငွေကို ၃ ပုံခွဲပါ …။ ၅၀ရာနှုန်းကို လစဉ်ကုန်ကျစရိတ်အတွက် (ထမင်းစရိတ်၊အိမ်စရိတ်၊ဘေလ်စသည်) ဖယ်ပါ …။ ၃၀ရာနှုန်းကို သိပ်အရေးမကြီးပေမယ် လိုအပ်သောအရာများအတွက်သုံးစွဲပါ(အဝတ်အစား၊ အသုံးအဆောင်) ၂၀ရာနှုန်းကို အနာဂတ်အတွက်စုဆောင်းပါ …။ (2) ရိုးစင်းသောနည်း တအားစစ်စစ်စီစီမစုချင်သူများအတွက်ရည်ရွယ်ပါတယ် …။ လစဉ်ဝင်ငွေကို ၂ပိုင်းခွဲပါ။ တစ်ပိုင်းကို မဖြစ်မနေသုံးရမယ့်အရာတွေအတွက်ဖယ်ပါ။ နောက်တစ်ပိုင်းကို သင့်သွားလာလည်ပတ်စရိတ်၊အပျော်အပါးကိစ္စများအတွက်ထားပါ။ …