LIFE STYLE

သင်ကရင့်ကျက်သူတစ်ယောက်ဖြစ်နေမှန်း သိနိုင်မယ့်အချက်(၆)ချက်

လူတစ်ယောက် ရင့်ကျက်တယ်၊ မရင့်ကျက်ဘူးဆိုတာ အသက်နဲ့မဆိုင်ပါဘူး။ ရင့်ကျက်တယ်၊ မရင့်ကျက်ဘူးဆိုတာ သူတို့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ပဲဆိုင်ပါတယ်။ သူတို့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကနေရလိုက်တဲ့သင်ခန်းစာတွေက သူတို့ကို ရင့်ကျက်လာစေတာပါ။ သင် ဒီအချက်တွေနဲ့ကိုက်ညီနေတယ်ဆိုရင်တော့ ရင့်ကျက်နေပါပြီ ။ (၁) ခွင့်လွှတ်လာတယ် သင့်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခဲ့တဲ့သူတွေ၊ သင့်ကို အကြောင်းအမျိုးမျိုးနဲ့စိတ်ညစ်အောင်လုပ်ခဲ့တဲ့သူတွေကို ခွင့်လွှတ်တတ်လာတယ်။ သင့်အပေါ် သူတို့လုပ်ခဲ့တဲ့ကိစ္စတွေအားလုံးကို “ဒီကိစ္စတွေက ဘာမှမဟုတ်တော့ပါဘူးလေ” ဆိုပြီး ခွင့်လွှတ်လာတတ်ကြတယ်။ ရင့်ကျက်လာရင် အလိုလိုနေရင်း ခွင့်လွှတ်တတ်တဲ့စိတ်က ပေါ်လာတာပါ။ (၂) သည်းခံတတ်လာတယ် လူတစ်ယောက် သင့်ကို တိုက်ခိုက်လာရင်တောင် သည်းခံတတ်လာတယ်။ သူ့လမ်းနဲ့သူသွားမှာပါလို့တွေးပြီး သည်းခံတတ်လာတယ်။ ဘယ်သူကိုမဆို၊ ဘယ်အရာကိုမဆို သည်းခံတတ်လာတယ်။ အရင်က အဲ့လောက်သည်းမခံခဲ့တဲ့ကိစ္စတွေကိုလည်း သည်းခံတတ်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ သည်းမခံနိုင်လို့ …

ENTERTAINMENT

ဖျော်ဖြေနေတုန်း ဗိုက်အောင့်တဲ့ ဝေဒနာကို ခံစားခဲ့ရတယ် ဆိုတဲ့ အိမ့်ချစ်

ချစ်တဲ့ပရိသတ်တွေကို ဖျော်ဖြေရတဲ့နေရာမှာ အားကျိုးမာန်တက်ဖျော်ဖြေတက်ပြီး အကောင်းဆုံး တင်ဆက်တက်တဲ့ အဆိုတော်မလေးအိမ့်ချစ်ဟာ ဒီဇင်ဘာလ ၃၁ရက်နေ့ညက ဖျော်ဖြေပွဲမှာ ဗိုက်အောင့်တဲ့ဝေဒနာကို အပြင်းအထန်ခံစားခဲ့ရတယ်လို့ ဆိုပြီး ပြောပြလာပါတယ်။ တစ်ဆက်ထဲမှာလဲ ဘာကြောင့်ဖြစ်ရတာလဲ ဆိုတာကိုလဲ ပြောပြခဲ့ပါတယ်။ သူမပြောပြခဲ့တာကတော့ ” ဗိုက်အရမ်းအောင့်နေလို့ ဖျော်ဖြေတဲ့နေရာမှာ လိုအပ်ချက်တြွေဖစ်သွားခဲ့ရင်တောင်းပန်ပါတယ်။ အကောင်းဆုံးဖြစ်အောင်တော့တင်ဆက်ခဲ့ပါတယ်။ တတိယအပုဒ်မှာထဲကအောင့်တာ ပြီးတဲ့ထိပဲ ခုတော့ခုနကထက်သက်သာလာပါပြီ စိတ်ပူနေကြမှာစိုးလို့ပါရှင့် Happy New Year to you all..!!”“ဗိုက်ကလေ တချို့ဖြစ်ဖူးတဲ့သူတွေသိမယ်ထင်တယ်ရှင့်ရေသောက် ပြီးစင်ပေါ်တက်ခုန်လိုက်တော့ တခါတလေ အရမ်းပြေးလိုက်လမ်းမြန်မြန်လျှောက်လိုက်ရင်ဝမ်းဗိုက်ထောင့်နားကနေစူးပြီးအောင့်သလိုမျိုးအောင့်တာ ဆက်မကနိုင်လို့ ” “နဲနဲကတာလျော့ ပြီးဆိုလိုက်တာပါ လှုပ်လေပိုနာလေဖြစ်လာလို့ပါ အားလုံး နားလည်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင့်Happy New Year to you all Comments …

LIFE STYLE

စိတ်ပျော့တဲ့ ကောင်မလေးတွေ မဖြစ်မနေ သိထားရမယ့် အချက်လေးတွေ

လူအမျိုးမျိုး စိတ်အထွေထွေဆိုသလိုပဲ စိတ်ခံစားလွယ်တဲ့ စိတ်နုတဲ့ ကောင်မလေးတွေလည်း လောကမှာ တကယ် ရှိပါတယ်။ စိတ်နုတာက ကောင်းလည်း ကောင်းပေမဲ့ ကောင်းလည်း မကောင်းပါဘူး။ စိတ်နုတဲ့သူတွေက လောကကြီးကို သူများထက် ပိုပြီး ရင်ဆိုင်နေရတဲ့ အခြေအနေလည်း ကြုံတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုရင် စိတ်နုတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်နုတဲ့ ကောင်မလေးတွေ သိထားရမယ့်အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်…။ (၁) အယုံမလွယ်ပါနဲ့ စိတ်နုတဲ့ကောင်မလေးတော်တော်များများက ယုံလွယ်ကြပါတယ်။ အဓိကက ကိုယ့်လိုပဲ သဘောထားပြီး ယုံကြတာပါ။ လူတွေက ကိုယ် စိတ်ထဲထင်သလို မဟုတ်တဲ့အခါ ခံစားရတာက ကိုယ်ပဲ ဖြစ်တာပါ။ ခံစားရတာက ပင်ပန်းပါတယ်။ စိတ်ပင်ပန်းတဲ့အခါ လူပါ ပင်ပန်းတတ်ပါတယ်။ ဒါ့အပြင် စိတ်ပင်ပန်းတာက …

ခရီးသွားတိုင်း ကားမူးတတ်သူတွေအတွက် အဖိုးတန် နည်းလမ်းလေးတွေ
HEALTH

ခရီးသွားတိုင်း ကားမူးတတ်သူတွေအတွက် အဖိုးတန် နည်းလမ်းလေးတွေ

ခရီးသွားတိုင်း ကားမူးတတ်သူတွေအတွက် အဖိုးတန် နည်းလမ်းလေးတွေ ကားမူးတာက အတော်ကို ခံရခက်တဲ့ ဝေဒနာပါ … ။ ဘယ်သွားသွား လိုရာခရီး မရောက်မချင်း လှိမ့်နေအောင် ခံနေရတာလည်း အတော်ဆိုးပါတယ် … ။ တစ်ချို့ဆို ခရီးထွက်ဖို့တောင် ရှောင်လေ့ရှိပါတယ် .. ။ ခရီးကလည်း ထွက်ရင် ကားကလည်း မမူးချင်ဘူးဆိုရင်တော့ လမ်းခရီးမှာ အဆင်ပြေနေစေဖို့ ဒီနည်းလမ်းတွေကို လုပ်လို့ ရပါတယ်နော် … ။ (1) ချင်း ချင်းက ကားမူးတဲ့ဝေဒနာအတွက်တော့ နည်းမျိုးစုံနဲ့ နာမည်ကြီးပါတယ်။ ချင်းက ကားမူးတဲ့ ဝေဒနာမျိုးကို သက်သာစေတဲ့အတွက် ချင်းကို သေးသေးလေးတွေ စားပေးတာလည်း လုပ်လို့ ရသလို ချင်းလက်ဖက်ရည်အဖြစ် …

Cele new

မေမြင့်မိုရ်ဟာ (၂၀၁၉)ခုနှစ်မှာ ဒုတိယမြောက် Star Award ကို ထပ်မံသိမ်းပိုက်ဦးမလား

မင်းသမီးချောလေးမေမြင့်မိုရ်ကတော့ MRTV-4 ကရုပ်သံဇာတ်လမ်းတွဲတွေမှာ ပရိသတ်ကြိုက်နှစ်သက်မှုများစွာရရှိထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။(၂၀၁၂) ခုနှစ်ကတည်းက အနုပညာလောကကိုလျှောက်လှမ်းခဲ့တာဖြစ်ပြီး (၂၀၁၃)ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ ပန်းနုသွေး ဇာတ်လမ်းတွဲမှာ ပရိသတ်ကအားပေးမှုအခိုင်အမာရရှိခဲ့တာပါ။ အဲ့ဒီကစပြီး ဇာတ်လမ်းတွဲများစွာမှာပါဝင်ခဲ့သလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်ခွင့်ရရှိလာတာဖြစ်ပါတယ်။မြန်မာစာနယ်ဇင်းကောင်စီက ကြီးမှူးပြီးမနှစ်ကစတင်ကျင်းပတဲ့ Star Awards ဆုပေးပွဲကြီးမှာဆိုရင် မိုးပန်းပွင့်ရဲ့သင်္ကေတ ဇာတ်ကားနဲ့ Rising Star Award (Female) ဆုကိုရရှိခဲ့တာပါ။အောင်မြင်မှုအရှိန်မြင့်နေဆဲ မင်းသမီးလေးကတော့ အခုနှစ်အတွင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ဆက်တိုက်ဆိုသလို ပါဝင်သရုပ်ဆောင်နေရတာပါ။ ဒါ့အပြင် MRTV-4 ကနေထုတ်လွှင့်တဲ့ ပျောက်ဆုံးနေသောအမှန်တရား ဇာတ်လမ်းတွဲမှာလည်း အဓိကဇာတ်ဆောင်ဖြစ်တဲ့ မေထက်ချိုအဖြစ် ပါဝင်ထားပါသေးတယ်။တစ်နေ့တစ်ခြားပိုမိုကောင်းမွန်လာတဲ့ မေမြင့်မိုရ်ရဲ့သရုပ်ဆောင်ချက်တွေကို ပရိသတ်တွေကကြိုက်နှစ်သက်ကြသလို (၂၀၁၉) ခုနှစ်မှာကျင်းပမယ့် Star Awards ဆုပေးပွဲမှာလည်း ရင်ခုန်စရာပါပဲ။မေဟာ(၂၀၁၉)ခုနှစ်မှာ ဒုတိယမြောက် Star …

HEALTH

စိတ်ဖိစီးမှုတွေ အရမ်းများ နေပြီဆိုတာကို ပြတဲ့ လက္ခဏာများ

စိတ်ဖိစီးမှုတွေ အရမ်းများ နေပြီဆိုတာကို ပြတဲ့ လက္ခဏာများ နေ့စဉ်လှုပ်ရှားရုန်းကန်နေကြရသော ၀န်ထမ်းများ၊ကျောင်းသားများမှသည် လုပ်ငန်းရှင်များ၊ကာယအလုပ်သမားများသာမက အိမ်ရှင်မများပါမကျန် လူတိုင်းလိုလို စိတ်ဖိစီးတတ်ကြပါတယ်။သာမန်စိတ်ဖိစီးမှုမျိုးက အရေးမကြီးပေမယ့် အခုဖော်ပြမယ့်လက္ခဏာတွေရှိနေပြီဆိုပါက သင်ဟာစိတ်ရောလူပါအနားယူသင့်တဲ့ အချိန်ဆိုတာ သိသင့်ပါတယ် …။ (၁) ခေါင်းကိုက်ခြင်း သင်အနားယူဖို့လိုအပ်နေပြီဖြစ်ကြောင်းကို သင့်ဦးခေါင်းကတဆင့် ကိုယ်ခန္ဒာက အချက်ပြပေးပါတယ်။သင့်စိတ်ဖိစီးမှုများပြားနေပြီဆိုပါက ဦးခေါင်း၊လည်ပင်းနဲ့မျက်စိတို့ အပြင်းအထန်ကိုက်ခဲတတ်ပါတယ်။ အလွန် စိတ်ဖိစီးမှုများပြားပါက ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကိုပါ ခံစားရမှာ ဖြစ်ပါတယ် …။ (၂) အစာမကြေဖြစ်ခြင်း သင့်ဦးနှောက်သည် အချိန်ကြာမြင့်စွာအလုပ်လုပ်ရပါက ပထမဦးစွာ အစာခြေစနစ်အပေါ်တွင် သက်ရောက်မှုရှိစေပါတယ်။ထိုအခါ ဗိုက်နာခြင်း နဲ့ အူပြဿနာများခံစားလာရမှာ ဖြစ်ပါတယ် …။ (၃) မကြာခဏ အအေးမိခြင်း စိတ်ဖိစီးမှုကြောင့် သင့်နှလုံးခုန်နှုန်းမြန်ဆန်စေပါတယ်။သွေးလှည့်ပတ်မှုလဲ မြန်ဆန်လာစေပါတယ်။ထို့ကြောင့် ကိုယ်ခံအားစနစ်ကို …

KNOWLEDGE

စာတစ်ကြောင်းနဲ့ထောင် ၃ နှစ်ကျနိုင်တဲ့ ၆၆(ဃ) ဥပဒေ Facebook သုံးသူတိုင်းသိထားသင့်လို့ ရှဲပေးကြပါ

စာတစ်ကြောင်းနဲ့ထောင် ၃ နှစ်ကျနိုင်တဲ့ ၆၆(ဃ) ဥပဒေ Facebook သုံးသူတိုင်းသိထားသင့်လို့ ရှဲပေးကြပါ Facebookမှာစာတစ်ကြောင်းနဲ့ ထောင် ၃ နှစ်ကျနိုင်သော ၆၆( ဃ )Facebook သုံးသူတိုင်းသိထားသင့်လို့ ရှဲပေးကြပါ။ ၆၆။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ၃နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်၂ရပ်လုံးဖြစ်စေချမှတ်ရမည်။ (က) ဆက်သွယ်ရေး ကွန်ယက်အတွင်းသို့ ယင်း၏ပိုင်ရှင် (သို့မဟုတ်) စီမံခန့်ခွဲခွင့်ရှိသူ၏ ခွင့်ပြုချက်မရှိပဲ ဝင်ရောက်နှောင့်ယှက်ခြင်း၊ စံချိန်စံညွှန်း သတ်မှတ်ချက်ကိုဖြစ်စေ၊ မူလအနေ အထားကိုဖြစ်စေပြောင်းလဲခြင်း (သို့မဟုတ်) ဖျက်ဆီးခြင်း။ (ခ) ဆက်သွယ်ရေးကွန်ယက်ကို ထိခိုက်စေရန် ဗိုင်းရပ်စ် (သို့မဟုတ်) အခြားနည်းနဲ့ ဝင်ရောက်စေခြင်း။ …

KNOWLEDGE

၂၀၂၀ကို ယူမသွားသင့်တဲ့ အရာ (၈)ခု…

၂၀၂၀ကို ယူမသွားသင့်တဲ့ အရာ (၈)ခု… (1) ကျိုးပဲ့နေတဲ့ ဆက်ဆံရေး ဆက်သွယ်မိတဲ့ အခါတိုင်း သင့်စိတ်ကို တွေဝေစေတဲ့ ဆက်ဆံရေး၊ လက်ရှိ သင်နေထိုင်နေတဲ့ ဘဝပုံစံကို လမ်းချော်သွားစေမယ့် ဆက်ဆံရေးတွေ အားလုံးကို နောက်မှာ ထားခဲ့ပါ။ အချစ်ရေး၊ အလုပ်အကိုင်တွေမှာ ဒီလိုဆက်ဆံရေးမျိုးရှိရင် လုံးဝထားခဲ့လိုက်ပါ ။ (2) အများနောက်လိုက်ခြင်း အများက လုပ်တာနဲ့ လိုက်လုပ်တဲ့ အကျင့်ကို ထားခဲ့ပါ။ အများက လူတစ်ယောက်ကို ဝေဖန်နေပြီဆို လိုက်ဝေဖန်စရာမလိုပါဘူး။ လူတွေ ပြောင်းနေကြတဲ့ ဖေ့ဘွတ် ပရိုဖိုင်ကိုလည်း ပြောင်းစရာ မလိုပါဘူး။ သင်တကယ် ကြိုက်မှသာ လုပ်ပါ … ။ (3) ကြိုးစားရမှာ ကြောက်ခြင်း …

NEWS

၁၁ ကြိမ်မြောက် အောင်ဘာလေ ထီပေါက်စဉ်တိုက်ရန်

၁၁ ကြိမ်မြောက် အောင်ဘာလေ ထီပေါက်စဉ်တိုက်ရန် ယခုထွက်ပေါ်လာသော အောင်ဘာလေ ဆုကြီးများ စာရင်း ဆုငွေကျပ် သိန်းတစ်သောင်းခွဲ ဆု —————————————- င- ၂၀၄၅၈၈ ဆုငွေကျပ် သိန်းတစ်သောင်း ———————————- ဏ ၉၅၄၆၂၅ သိန်းငါးထောင်ဆု ———————- ဍ ၃၅၃၇၈၇ ကဃ ၁၁၁၉၃၈ သိန်းနှစ်ထောင်ဆုများ ———————— လ ၇၉၃၁၉၃ ဝ ၆၉၃၉၆၆ ဟ ၂၇၂၉၈၃ ဎ ၂၁၁၉၁၇ သိန်းတစ်ထောင်ဆုများ ————————– ထ ၈၃၀၃၈၆ ဇ ၅၉၄၀၄၄ က ၁၀၆၃၂၃ ကဂ ၅၈၀၀၉၈ ဆ ၄၅၄၀၉၄ ဆ ၂၄၁၆၆၆ အ …

KNOWLEDGE

သောက်မိသူကို အသက်သေစေတဲ့ အထိဖြစ်စေနိုင်တဲ့ မစ်ရှိတ် အအေးဘူးက အလုံးလေးတွေရဲ့ အန္တရာယ်

သောက်မိသူကို အသက်သေစေတဲ့ အထိဖြစ်စေနိုင်တဲ့ မစ်ရှိတ် အအေးဘူးက အလုံးလေးတွေရဲ့ အန္တရာယ် အအေးဆိုင်တွေမှာ မစ်ရှိတ်တွေ သောက်တဲ့အခါ သာကူစိအကြီးစားကြီးလို အိကျိအိကျိ နဲ့ အလုံးလေးတွေကို တွေ့မြင်ဖူးကြမှာပါ။ အထူးသဖြင့် Bubble Tea လိုအအေးတွေမှာ တွေ့ရပါတယ်။ သူက စားလို့လည်းကောင်းတယ်။ ဒါကြောင့် လူငယ်တွေ တော်တော်များများထဲက မိန်းကလေးတွေ ကတော့ ပိုပြီးနှစ်သက်ကြပါတယ် …။ အဲ့ဒီ Bubble အလုံးလေးတွေကိုတော့ ပီလောပီနံ နဲ့ ပြောင်းမှုန့် ရောကြိုပြီးတော့ သကြားနဲ့ သမအောင် လုံးထားတဲ့ အလုံးလေးတွေဖြစ်ပါတယ်။ အလုံး ၁ လုံးတိုင်းမှာ ၁၄ ကယ်လိုရီ ပါဝင်ပါတယ်။ အချိုရည်တစ်ဗူးဆိုရင် အလုံး ၁၀၀ နီးပါးပါတာမို့ …