ဗေဒင်

ရာသီခွင်တွေထဲမှာ အထူးခြားဆုံးနဲ့ အကောင်းဆုံး ရာသီဖွားဖြစ်တဲ့ ဓနုရာသီဖွားအကြောင်း

ရာသီခွင်တွေထဲမှာ အထူးခြားဆုံးနဲ့ အကောင်းဆုံး ရာသီဖွားဖြစ်တဲ့ ဓနုရာသီဖွားအကြောင်း ဓနုရာသီဖွားတွေဟာ တစ်နှစ်တာရာသီခွင်တွေထဲမှာ အထူးခြားဆုံးနဲ့ အကောင်းဆုံးရာသီဖွားတွေလို့ ပြောလို့ရပါတယ် ….. ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုကောင်းတဲ့အချက်တွေအားလုံးကို ပိုင်ဆိုင်ထားလို့ပါ …. ။ (၁) သင်ယူနိုင်စွမ်းအရမ်းကောင်းတယ် ဓနုရာသီဖွားတွေဟာ သဘာဝအရ ကိုယ်တိုင်သင်ယူနိုင်စွမ်းကောင်းပြီး အရာရာကို သင်လွယ်တတ်လွယ်ကြပါတယ် … ။ သူတို့သိပြီးတတ်ပြီးသား အရာတွေကိုလည်း အလဟဿအဖြစ်မခံဘဲ ကောင်းကောင်းအသုံးချတတ်တဲ့သူတွေပါ …. ။ (၂) မျှဝေတတ်တယ် သူငယ်ချင်းတွေ၊ မိသားစုတွေ လိုအပ်တာရှိရင် ဖြည့်ဆည်းပေးတတ်ပြီး အကူအညီလိုရင် ပေးဖို့ အသင့်ရှိနေတဲ့သူပါပဲ … ။ (၃) စစ်မှန်တယ် သူတို့မမှားရင် လုံးဝမတောင်းပန်တတ်သလို၊ သူတို့တောင်းပန်ပြီဆိုရင်လည်း တကယ်စိတ်ထဲကပါလို့ တောင်းပန်တာပါ …

အလှအပရေးရာ

ကိုယ်တွေ နေ့တိုင်းသုံးနေတဲ့ သွားတိုက်ဆေး ဒီလိုအစွမ်းထက်မှန်း သိပြီးပီလား

ကိုယ်တွေ နေ့တိုင်းသုံးနေတဲ့ သွားတိုက်ဆေး ဒီလိုအစွမ်းထက်မှန်း အခုမှသိရလို့ ကျေးဇူးပါ သွားတိုက်ဆေးကို မနက်တိုင်းသွားသန့်ရှင်းတောက်ပြောင်ဖို့နဲ့ ခံတွင်းနံ့ကင်းစင်ဖို့အတွက်ပဲ အသုံးပြုလို့ရတာမဟုတ်ဖူးနော်… သွားတိုက်ဆေးနဲ့ အခြားဖြေရှင်းလို့ရမယ့် နည်းလမ်းအချို့လည်း ရှိပါသေးတယ်.. (၁) အမဲစက်နဲ့ အမဲကွက်ပြသာနာများ သွားတိုက်ဆေး ၁ ဇွန်း နှင့် သံပုရာရည် ၂ စက် တို့ကို ရောမွှေပြီး ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အမဲစက်နှင့် အမဲကွက်များပေါ်သို့ ပွတ်လိမ်းပေးပြီး ၁၀ မိနစ် (သို့) ၁၅ မိနစ်ခန့် ထားပါ။ ပြီးလျှင် ရေဆေးချလိုက်ပါ။ (၂) ၀က်ခြံပြသာနာများ သွားတိုက်ဆေးကို နားကြပ်တံ သို့ ဂွမ်းတံလေးနဲ့ ယူပြီး ၀က်ခြံပေါက်နေသည့် နေရာများကို ပါးပါးလေးပွတ်လိမ်းပေးပါ။ နာရီအနည်းငယ် သို့ …

အချစ်ရေး

အချစ်မှာ နစ်မြောသွားတဲ့အခါ ဒီလိုအမှားမျိုးတွေကို လုပ်မိတတ်ပါတယ် ..

အချစ်မှာ နစ်မြောသွားတဲ့အခါ ဒီလိုအမှားမျိုးတွေကို လုပ်မိတတ်ပါတယ် .. တစုံတယောက်ကို ရူးရူးမူးမူးချစ်မိတဲ့အခါ လူတွေဟာ အမှားအမှန်ကို ခွဲခြားသိမြင်နိုင်စွမ်း မရှိတော့တဲ့အထိ ဖြစ်တတ်ပါတယ် … ။ အရမ်းကြီးလွန်းတဲ့ အမှားတွေကို လုပ်တာမျိုး မဟုတ်ပေမယ့် အချစ်တခုတည်းအတွက်နဲ့ တခြားသော တန်ဖိုးရှိတဲ့ အရာတွေကို လက်လွှတ်မိတတ်ကြပါတယ် … ။ ဒီအမှားတွေကိုဖော်ပြပေးလိုက်ပါတယ်နော် …. ။ (၁) သူငယ်ချင်းအပေါင်းအသင်းတွေကို မေ့လျော့ကုန်တယ် ချစ်သူရည်းစား မရခင်တည်းက ကိုယ်နဲ့မခွဲ တတွဲတွဲရှိခဲ့တဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေကို ရည်းစားလည်းရရော လျစ်လျှူရှုမေ့လျော့ထားမိတတ်ကြပါတယ် … ။ ကိုယ့်ရည်းစားနဲ့ပဲ တချိန်လုံးအတူတူရှိနေပြီး သူငယ်ချင်းတွေကိုတော့ ပစ်ပယ်ထားတာမျိုးဟာ နောင်တချိန်မှာ နောင်တရနေရမယ့် အရာတခုပါပဲ … ။ …

HEALTH

ဓမ္မတာလာစဉ် သွေးခဲတွေဆင်းရခြင်း အကြောင်းရင်း (၅) ချက်

ဓမ္မတာလာစဉ် သွေးခဲတွေဆင်းရခြင်း အကြောင်းရင်း (၅) ချက် အမျိုးသမီးတိုင်း လစဉ်ဓမ္မတာလာစဉ်မှာ တစ်လနဲ့တစ်လ အ ခြေအနေတွေ မတူညီပါဘူး …. ။ ကျန်းမာရေးအခြေအနေကိုလိုက်ပြီး ပမာဏ နည်းတာ၊ များတာ၊ သွေးအရောင် ရင့်တာ၊ သွေးခဲတာ စသဖြင့် ဖြစ်တတ်ပါတယ် …. ။ ဓမ္မတာလာစဉ်မှာ သွေးခဲတယ်ဆိုတာ ဘာလဲ၊ ဘာကြောင့်ဖြစ်တာလဲ ဆိုတာကို သိချင်နေတဲ့ ပျိုမေတို့အတွက် ဓမ္မတာလာစဉ်သွေးခဲရခြင်း အကြောင်းရင်းတွေကို ဖော်ပြလိုက်ပါတယ်နော်….. (၁) မ မျိုးဥ မှားယွင်းကြွေခြင်း” မ မျိုးဥက သန္ဓေအောင်ပြီး သန္ဓေသားအဆင့်မရောက်ခင်မှာပဲ အကြောင်းအမျိုးမျိုးကြောင့် မမျိုးဥက ကြွေသွားပါတယ်။ အဲ့ဒီအခါ သ န္ဓေသားမဖြစ်သေးတဲ့ ဆဲလ်တွေကသွေးခဲတွေအဖြစ် …

Cele new

“အိမ်မပြန်ဖြစ်လောက်အောင် ဖျော်ဖြေရေးခရီးတွေဆက်နေတဲ့ ပန်းရောင်လေး”

ဖခင်ဖြစ်သူ ဂရေဟမ်ဆီက အနုပညာသွေးအပြည့်အဝပါလာခဲ့တဲ့ ပန်းရောင်ခြယ်လေးကတော့ အနုပညာခရီးလမ်းမှာ အတော်ပေါက်ရောက်နေပြီဆိုရမှာပါ။ ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုရရှိနေတာဖြစ်ပြီး သူ့ရဲ့တစ်ကိုယ်တော်အခွေဖြစ်တဲ့ “Solo”ကိုလည်း ထွက်ရှိဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ဒါ့အပြင် ကုန်ပစ္စည်းတော်တော်များများရဲ့ brand ambassador အဖြစ်ခန့်အပ်ခြင်းခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာ Samsung ရဲ့ brand ambassadorတစ်ယောက်အနေနဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ချစ်စရာအပြုံးလေးနဲ့ အသံချိုချိုလေးကို ပိုင်ဆိုင်ထားတဲ့ ပန်းရောင်ခြယ်ကတော ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုရရှိနေတဲ့အပြင် သရုပ်ဆောင်ပိုင်းကိုပါ စတင်လုပ်ဆောင်လာပြီဖြစ်ပါတယ်။ လက်ရှိပြသနေတဲ့ “လိပ်ပြာ”ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ပထမဆုံး သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပေမယ့် သူ့ရဲ့ကြိုးစားအားထုတ်မှုကြောင့် ပရိသတ်လက်ခံအားပေးမှုရရှိနေတယ်ဆိုလည်း မမှားပါဘူး။ ဒါ့အပြင် ရုပ်ရှင်ဇာတ်ကားကြီး ကမ်းလှမ်းမှုတွေလည်း ရှိနေပြီဖြစ်ပါတယ်။ ပန်းရောင်ဟာ တစ်ကိုယ်တော်အခွေ ထွက်ရှိဖို့ကြိုးစားနေဆဲမှာပဲ ဖျော်ဖြေပွဲများစွာကိုလည်း သွားရောက်ဖျော်ဖြေနေရတာဖြစ်ပါတယ်။ အခုလည်း …

cele news

“အမာခံပရိသတ်တွေရဲ့ လက်ဆောင်တွေကို ဝမ်းသာဂုဏ်ယူစွာနဲ့ချပြလိုက်တဲ့ ရေမွန်”

ရေမွန်ဟာ မြန်မာနိုင်ငံကလူငယ်တွေကြားမှာ အောင်မြင်ကျော်ကြားလူကြိုက်များနေတဲ့ Idiots အဖွဲ့ရဲ့အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ သူဟာကိုယ်တိုင်ကိုယ်ကျ သီချင်းတွေကို ရေးစပ်သီဆိုလေ့ရှိပြီး တစ်ပုဒ်ဆိုတစ်ပုဒ် ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာရေပန်းစားလောက်အောင် ဂီတမှာ ထူးချွန်သူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဝန်းရံအားပေးတဲ့ ပရိသတ်အခိုင်အမာရရှိနေတဲ့အနုပညာရှင်တစ်ယောက်ဆိုလည်း မမှားပါဘူး။ ရေမွန်ဟာလက်ရှိမှာ သီချင်းပေါင်းများစွာ ထွက်ရှိထားတာဖြစ်ပြီး “ငါသေလို့ရတယ်” “ချန်ခဲ့” “ဝမ်းနည်းတတ်တဲ့ချစ်သူ” “မင်းနဲ့နီးဖို့” “တွေ့ရတာဝမ်းသာတယ်” စတဲ့သီချင်းတွေဟာအချိန်တွေဘယ်လောက်ပြောင်းပြောင်း ပရိသတ်ကြားမှာ မရိုးနိုင်တဲ့သီချင်းတွေအဖြစ်ကျန်ရှိနေတာဖြစ်ပါတယ်။လက်ရှိမှာ Tuborg beer ရဲ့ brand ambassador အဖြစ်ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။ဒါ့အပြင် အခုလာမယ့် တန်ဆောင်မုန်းလပြည့်နေ့ညမှာ ကျင်းပမယ့် “ဆေးပေါင်းခတဲ့ည” ဖျော်ဖြေပွဲကြီးမှာလည်း ပါဝင်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။ အနုပညာရှင်တွေကို အခိုင်အမာဝန်းရံနေကြတဲ့ ပရိသတ်ကြီးတွေထဲမှာ ရေမွန်ရဲ့ပရိသတ်တွေကလည်း ခေသူတွေမဟုတ်ဘူးလို့ဆိုရမှာပါ။ ရေမွန်ပုံပန်းချီကားတွေကစပြီး အကျီင်္တွေ စားဖို့မုန့်တွေအထိ အသေးစိတ်ဂရုစိုက်ပြီး သူတို့ချစ်တဲ့အနုပညာရှင်ကို …

Cele new

Now & Ever ဇာတ်ကားနဲ့ပက်သက်ပြီး ပြင်သစ်နိုင်ငံကနေ တကူးတကချီးကျူးမှုခံခဲ့ရတဲ့ ခီမောင်နှံ

မြန်မာဇာတ်ကားကောင်းတွေကိုပဲဖန်တီးပြီး ပရိသတ်တွေကိုအကောင်းမွန်ဆုံးတွေပဲ ချပြတတ်တဲ့ ခီမောင်နှံရဲ့ တတိယမြောက် ဖန်တီးမှုဖြစ်တဲ့ ” Now & Ever ” ဇာတ်ကားနဲ့ပက်သက်ပြီး ပြင်သစ်နိုင်ငံက ရုပ်ရှင်နဲ့ပက်သက်တဲ့လုပ်ငန်းရှင်တစ်ယောက်က ချီးကျူးဂုဏ်ပြုစာအပြင် အလုပ်နဲ့သက်ဆိုင်တဲ့စာလွှာလေးပါ ဒါရိုက်တာခရစ္စတီးနာခီဆီကိုရောက်လာခဲ့ပါတယ်။ ကြိုးစားမှုရဲ့ရလာဒ်ဆိုတာအမြဲတမ်းချိုမြိန်နေခဲ့ပါတယ်ပရိသတ်ကြီးရေ။ အချစ်ရဲ့ရသတွေကို အပြည့်အဝခံစားရမယ့် ဒီဇာတ်ကားလေးကို ပရိသတ်တွေကလည်း တော်တော်လေးအကြိုက်တွေ့ ခဲ့ပြီး ဒုတိယအပတ်ဆက်လက်ရုံတင်ပြသခွင့် ရရှိခဲ့ပြီပဲဖြစ်ပါတယ်။ ပရိသတ်တွေကြည့်ရတာ တန်အောင်အပြည့်အဝကြိုးစားခဲ့တာမို့ စေတနာရောင်ပြန်ဟပ်တယ်လို့ပဲ ဆိုရမှာပေါ့နော်။ ပြင်သစ်ကနေလှမ်းပို့လိုက်တဲ့ စာလေးကို ဒါရိုက်တာခရစ္စတီးနားခီက ” ပြင်သစ်လူမျိုး ရုပ်ရှင် business ထဲကသူ ရုပ်ရှင်ကြည့် ပြီး ပို့လာတဲ့စာပါ business အကြောင်းပါတာတော့ဖျက်ထားပါ တယ် ကျမရဲ့ ခွန်အားတိုးစာ မို့ အဖွဲ့သားတွေရော fan တွေ …

KNOWLEDGE

“အိမ်​မက်​မက်​တတ်​ရင်​… သိမ်းထားပါ”

“အိမ်​မက်​မက်​တတ်​ရင်​… သိမ်းထားပါ” (က) မှ (မ) ထိ [ က ] နှင့်ပက်သက်သော အိပ်မက်များ ——————————————— ၁။ ကြာမျိုးငါးပါးအနံ့ကို ရှုရသည်ဟု မြင်မက်မူ တည်ကြည့်စွာ ဂုဏ်သတင်းကျော်စောရအံ့။ ၂။ ကြာညိုပန်းကို ပန်ရသည်ဟု မြင်မက်မူု မယားကောင်းရအံ့။ ၃။ ကြာသွတ်အိုးနှင့် ရေချိုးရသည်ဟု မြင်မက်မူ သူတစ်ပါးတို့၏မှီခိုရာ ဖြစ်အံ့။ ကြာသွတ်အိုးမြင်မက်မူ စည်းစိမ်များအံ့။ ၄။ ကြာပန်းစသည်မြင်မက်မူ ဖျားနာအံ့။ ၅။ ကျွဲစီးရသည်ဟု မြင်မက်မူ ကျေးကျွန်ရအံ့။ ၆။ ကျွဲ၊ နွား၊ ဝက်၊ မြေခွေး၊ လင်းတ တိရစ္ဆာန်တို့ကို မြင်မက်မူ ဥပါဒ်ရောက်အံ့။ ၇။ ကျွဲ၊ နွား၊ …

LIFE STYLE

နိုဝင်ဘာလမှာ မွေးဖွားသူလေးတွေရဲ့ မွေးရာပါအမူအကျင့်နဲ့ သူမတူတဲ့ အားသာချက်များ

နိုဝင်ဘာလမှာ မွေးဖွားသူလေးတွေရဲ့ မွေးရာပါအမူအကျင့်နဲ့ သူမတူတဲ့ အားသာချက်များ Zawgyi ဖြင့်ဖတ်ရန် မွေးလတွေဟာ လူတစ်ယောက်ရဲ့ အမူအကျင့်နဲ့ အားသာချက်လေးတွေပေါ်မှာ အများကြီးသက်ရောက်မှုရှိတယ်ဆိုတာ အားလုံးလည်းကြားဖူးကြမှာပါ။ ခုဖော်ပြပေးမှာကတော့ နိုဝင်ဘာလမှာမွေးဖွားတဲ့သူလေးတွေရဲ့ မွေးရာပါအမူအကျင့်နဲ့ အားသာချက်လေးတွေပဲဖြစ်ပါတယ် …. ။ (၁) နိုဝင်ဘာဖွားတွေဟာ ထူးခြားတဲ့သူတွေပါ။ သူများတွေနဲ့ လုံးဝမတူသလို၊ ခန့်မှန်းရခက်ပြီး လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေတဲ့သူတွေပါ။ သူတို့ရဲ့ အတွေးအခေါ်၊ အမြင်တွေဟာလည်း သူများတွေနဲ့ လုံးဝကွဲပြားတဲ့အတွက် အမြဲလိုလို သူမျာ်းတွေနဲ့ ကွဲပြားတတ်ကြပါတယ် … ။ (၂) နိုဝင်ဘာဖွားတွေဟာ အရမ်းသစ္စာရှိတဲ့သူတွေဖြစ်ပါတယ်။ တစ်ယောက်ကိုချစ်ပြီဆိုရင် စွဲစွဲလန်းလန်း ချစ်တတ်သူတွေဖြစ်ပြီး အချစ်ကြီးတဲ့သူတွေဖြစ်ပါတယ်။ ဘယ်လောက်ပဲခံစားရပါစေ ဘယ်တော့မှ နောက်ပြန်မဆုတ်တတ်သလို၊ နောင်တလည်း မရကြပါဘူး …. …

Cele new

“မျက်လုံး သွေးကြောပေါက်သွားတာကြောင့် ပရိသတ်တွေကိုစိုးရိမ်ပူပန်မှုများစေခဲ့တဲ့ ဟိန်းဝေယံ”

ပရိသတ်တွေရဲ့အခိုင်အမာအားပေးမှုကို ရရှိနေတဲ့ဟိန်းဝေယံကတော့ ဗွီဒီယိုဇာတ်ကားပေါင်းမြောက်များစွာနဲ့ ရုပ်ရှင်ကားကြီးတွေကိုလည်း ရိုက်ကူးထားပြီး အောင်မြင်မှုလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေသူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်လာပြီး အနုပညာအလုပ်တွေနဲ့ မအားလပ်တဲ့သူတစ်ယောက်ဆိုလည်းမမှားပါဘူး။ ဒါ့အပြင် မကြာမီမှာ ရိုက်ကူးတော့မယ် ရုပ်ရင်ဇာတ်ကားကြီးဖြစ်တဲ့ “တစ်ဦးတည်းသော က္ကတ္ထိယ”ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ရွှေထူး၊ဝတ်မှုန်ရွှေရည်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဟိန်းဝေယံဟာ အမာခံပရိသတ်အင်အားတောင့်တင်းပြီး အားပေးသူပရိသတ်အများအပြားရရှိနေတဲ့ မင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။ ဟိန်းဝေယံဟာ ဒီနေ့(၆.၁၀.၂၀၁၉)မှာတော့ မျက်လုံးသွေးကြောပေါက်ဆိုပြီး သွေးတွေနဲ့ရဲနေတဲ့ မျက်လုံးပုံကိုတင်ခဲ့တာဖြစ်ပြီး ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ အကြောင်းအရင်းကိုတော့ ပြောပြထားခြင်းမရှိပါဘူး။သူ့ကို အားပေးတဲ့ ပရိသတ်တွေကတော့ ဟိန်းဝေယံကို မြန်မြန်ပြန်ကောင်းလာဖို့ဝိုင်းပြီးဆုတောင်းပေးကြတဲ့အပြင် ဆေးခန်းသွားပြဖို့ ဖုန်းသုံးတာတွေလျော့ဖို့စတဲ့ အကြံပြုစကားတွေပြောကြားကာ စိုးရိမ်ပူပင်နေကြတာပဲဖြစ်ပါတယ်။ ဟိန်းဝေယံကို အားပေးတဲ့ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်။ မြန်မြန်ပြန်ကောင်းပါစေနော် ကိုဟိန်းဝေယံရေ…. Source – Heinn Wai Yan,CRD-Cele Gabar …