KNOWLEDGE

ဒီပို့လေးကို ဖတ်ခွင့်ရတာတောင် မဖတ်ပဲ ကျော်သွားရင် သင် ချမ်းသာဖို့ ဘယ်တော့မှ မဖြစ်နိုင်တော့ပါ။

ဒီပို့လေးကို ဖတ်ခွင့်ရတာတောင် မဖတ်ပဲ ကျော်သွားရင် သင် ချမ်းသာဖို့ ဘယ်တော့မှ မဖြစ်နိုင်တော့ပါ။ လူတိုင်းလူတိုင်း ချမ်းသာစမယ့်နည်းလမ်း (၁၃) ခု လူတွေ ဘယ်လိုချမ်းသာလာနိုင်လဲဆိုတာကို သိဖို့ နာမည်ကျော်ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ Napoleon Hill ဟာ နှစ်(၂၀)အတွင်းမှာ ကိုယ့်ထူးကိုယ်ချွန် သန်းကြွယ်သူဌေး (၅၀၀)ကျော်ကို လေ့လာခဲ့ပါတယ်။ Napoleon Hill ရဲ့ အဆိုအရ လူတိုင်းချမ်းသာလာဖို့အတွက် အဆင့် (၁၃)ခုရှိတယ်လို့ ဆိုပါတယ်။ ဒီအဆင့် (၁၃)ခုကတော့ – ၁။ လိုချင်တပ်မက်စိတ် (လိုချင်စိတ်ရှိရမယ်) အခုလက်ရှိ အရမ်းချမ်းသာနေသူတွေအားလုံးက ဒီအခြေအနေထိမရောက်ခင်မှာ စိတ်ကူးတွေ၊ မျှော်လင့်ချက်တွေ၊ အစီအစဉ်နဲ့ လိုချင်စိတ်ဆန္ဒတွေနဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ တကယ်ချမ်းသာ မလာခင်ကတည်းက စိတ်ကူးနဲ့ …

HEALTH

ပူတာအို ရေခဲတောင်ပေါ်က ပိုးကောင်ဆေးပင်လေးများ

ပူတာအို ရေခဲတောင်ပေါ်က ပိုးကောင်ဆေးပင်လေးများ ရေးသားသူ – ချော(အစိမ်းရောင်လွင်ပြင်) ဒီတစ်ပတ် စိတ်ဝင်စားမိတဲ့ အကြောင်းအရာလေးတစ်ခုကို ရေးချင်ပါတယ်။ အဲဒါကတော့ ကျွန်မတို့ ကချင်ပြည်နယ်ရဲ့ ရေခဲတောင်ပေါ်မှာ ပေါက်ဖွားပြီး ဆေးဘက်ဝင် တန်ဖိုးကြီးလှတဲ့ ရှီးပဒီးလို့ခေါ်ကြသော အကောင်တစ်ပိုင်း၊ နွယ်ပင်တစ်ပိုင်း အကြောင်းကို လက်လှမ်းမီသလောက် ရှာဖွေကြည့်ထားတာလေး ဖော်ပြချင်ပါတယ်။ ရေခဲတွေ ဖုံးလွမ်းနေတဲ့ တောင်တန်းကြီးတွေမှာ ဆေးဘက်ဝင်တဲ့ ရှားပါးသစ်ပင်များနဲ့ တိရိစ္ဆာန်များကို တွေ့ရှိရပါတယ်။ ဆောင်းမှာ ပိုးကောင်၊ နွေမှာ သစ်ပင် လို့ ခေါ်ကြတဲ့ ထူးထူးဆန်းဆန်း ဖြစ်ပေါ်လာတဲ့ ဒီ ရှီးပဒီးဟာ အလွန်မြင့်မားတဲ့ ရေခဲတောင်တွေမှာသာ တွေ့ရှိရပါတယ်။ ပေပေါင်း များစွာ မြင့်မားတဲ့ ရေခဲတောင်တွေ ရှိရာ ဒေသဖြစ်တဲ့ …

KNOWLEDGE

B သွေး ပိုင်ရှင်များရဲ့ စိတ်နေစိတ်ထား

B သွေးများဟာ တစ်ယောက်တည်းအေးအေးဆေးဆေးနေချင်ကြသူများဖြစ် ကြပါတယ်။ အားတဲ့အချိန်တိုင်းအခန်းထဲမှာတစ်ယောက်တည်း နေရင်း ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတတ်ပါတယ်။ သိပ်မခင်တဲ့သူငယ်ချင်းတွေနဲ့တွေ့ရင်ခပ်တည်တည်နေတတ်ပြီး အရမ်းခင်တဲ့သူငယ်ချင်းတွေနဲ့တွေ့ရင်တော့နားညဉ်းအောင်ပြောတတ်တာ B သွေးတွေပါ။ လူတိုင်းကိုမခင်တတ်လို့မာနကြီးတယ်လို့အထင်ခံရတတ်ပြီးပေါင်းကြည့်မှတကယ်ကိုရိုးသားဖြူစင်ကြတာပါ။ မိသားစုထဲမှာပဲ့ဖြစ်ဖြစ်သူငယ်ချင်းအပေါင်းအသင်းကြားထဲမှာဖြစ်ဖြစ်ကိုယ့်ကိုပိုဂရုစိုက် ပိုချစ်တာလိုချင်တတ်ကြပါတယ်။ အလိုလိုက်ခံရရင်လည်းအရမ်းပျော်တတ်ကြပါတယ်အရမ်းခင်တဲ့လူတွေအပေါ်တကယ့်စိတ်ရင်းမပါဘဲချစ်စနိုးနဲ့အနိုင်ကျင့်တတ်သလို ကိုယ့်ကိုအနိုင်ကျင့်ရင်လည်းအလျော့ပေးတတ်ပါတယ်။ ခဏခဏစိတ်ကောက်တတ်ပီးဘယ်သူမှပြန်ချော့စရာမလိုပဲအလိုလိုစိတ်ကောက်ပြေသွားတတ်တာလည်း B သွေးတွေပါပဲ။ ၀မ်းနည်းလွယ်ပီးမျက်ရည်အကျမြန်တတ်ပါတယ် ပျော်စရာကိစ္စတစ်ခုကိုအကြာကြီးမခံစားတတ်ပေမယ့် ၀မ်းနည်းစရာကိစ္စနဲ့ကြုံလာပါကပြန်တွေးလိုက် စိတ်မကောင်းဖြစ်လိုက်မျက်ရည်ကျလိုက်ဖြစ်နေတတ်ကြပါတယ်။ အရမ်းကြိုက်တဲ့သီချင်းတစ်ပုဒ်ကိုပဲ ထပ်ခါထပ်ခါနားထောင်တတ်တာလည်း B သွေးတွေရဲ့စရိုက်တစ်မျိုးပါ။ စိတ်ဝင်စားတဲ့အကြောင်းအရာတစ်ခုကိုအချိန်ခဏလေးနဲ့တတ်မြောက်ပေမယ့် စိတ်မ၀င်စားတဲ့အကြောင်းအရာဆိုပါကမည်သို့ပင်အကျိုးရှိစေကာမူလှည့်မကြည့်တတ်ကြပါ။ အချစ်ရေးနဲ့ပတ်သက်လာရင်တော့အားနည်းချက်အနည်းငယ်ရှိတတ်ကြပါတယ်။ သံသယစိတ်အနည်းငယ်ဝင်တတ်ပီးကိုယ့်ကိုယ်ကိုယ်လည်းမယုံကြည်တတ်ကြပါဘူး။ အချစ်ရေးထက်မိသားစုအရေးကို ပိုဦးစားပေးတတ်ကြပါတယ်။ မိသားစုအတွက်အမြဲကြိုးစားနေပီးစိတ်ချမ်းသာပျော်စေချင်တာ B သွေးတွေပါ။ B. သွေးပိုင်ရှင်များရဲ့အကြောင်းတစိတ်တပိုင်း.. B. သွေးပိုင်ရှင်တွေဟာဒေါသထွက်နေတဲ့အချိန်ဆိုရင်မိုးမမြင်လေမမြင်ပါပဲ..သူတို့စိတ်ထဲမှာရှိတဲ့အတိုင်းလုပ်တတ်ကြတယ်။ အရာဝတ္ထုတခုခုကိုအာရုံရနေရင်ဘေးပတ်ဝန်းကျင်ကိုသတိမထားကြတော့ဘူး..သူတို့လုပ်နေတဲ့အရာကိုပဲအာရုံစိုက်လုပ်နေတတ်ကြတယ်။ လူတယောက်ကိုချစ်မိပြီဆိုရင်လဲအသဲအသန်ပါပဲသူတို့ချစ်မိနေတဲ့သူဘယ်လောက်ပဲဆိုးသွမ်းနေပါစေအဲဒီဆိုးသွမ်းမှူ့တွေကိုမမြင်နိုင်ကြတော့ဘူး။ လိမ်ပြောနေတာကိုသိနေရင်တောင်ဖြေပြီးတွေးတတ်ကြတယ်။ လုပ်စရာရှိတာကိုသူတို့အသိဥာဏ်နဲ့စဉ်းစားပြီးသွားလုပ်မဲ့အချိန်မှာတယောက်ယောက်ကကိုယ်သွားလုပ်မဲ့အရာကိုလက်ညှိုးထိုးခိုင်းလိုက်ရင် စိတ်ထဲမှာ သိပ်မကျေနပ်ကြဘူး ဘုဂလန့်တိုက်ချင်ကြတယ်။ သူတို့စာဖတ်နေတဲ့အချိန် TV …

HEALTH

ဆီးအရောင်က ပြောပြနေတဲ့ ကျန်းမာရေး အခြေအနေ

ဆီးအရောင်က ပြောပြနေတဲ့ ကျန်းမာရေး အခြေအနေ ခန္ဓာကိုယ်ရဲ့ စွန့်ပစ်ပစ္စည်းတစ်ခုဖြစ်တဲ့ ဆီးအရောင်ကိုကြည့်ပြီး လူတစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေကို အကြမ်းဖျဉ်း ခန့်မှန်းနိုင်ပါတယ်။ ၁။ ကြည်လင်တဲ့ အရောင်ရှိသောဆီး – ရေကို လိုအပ်တာထက် ပိုပြီး သောက်သုံးမိနေကြောင်း ဖော်ပြပါတယ်။ ဘာအန္တရာယ်မှ မရှိပါဘူး။ ၂။ ကောက်ရိုးရောင်မှ ပယင်းရောင် ရှိသောဆီး – အ၀ါရောင်ဖျော့ဖျော့ ရှိတဲ့ဆီးက ကျန်းမာရေးကောင်းမွန်ကြောင်း ဖော်ပြနေပြီး အ၀ါရောင် ရင့်ရင့်ရှိတဲ့ ဆီးကတော့ ရေနှင့် အသီး အရွက်ကို ဦးစားပေး စားသင့်ကြောင်း ဖော်ပြနေပါတယ်။ ၃။ ပန်းရောင် (သို့) အနီရောင် ရှိသောဆီး – ဆရာဝန်နှင့် ပြသသင့်တဲ့ အခြေအနေ …

KNOWLEDGE

ဟားဗတ်တက္ကသိုလ်က သုတေသီတွေပြောပြတဲ့ လူတစ်ယောက် ကို အဓိက ကျရူံးစေတဲ့ အကြောင်းတရားများ

ဟားဗတ်တက္ကသိုလ်က သုတေသီတွေပြောပြတဲ့ လူတစ်ယောက် ကို အဓိက ကျရူံးစေတဲ့ အကြောင်းတရားများ ၁။ ချီတုံချတုံ ဖြစ်ခြင်း ( ၁၃ % ) ဘာကိုမှ ပြတ်ပြတ်သားသား မဆုံးဖြတ်ရဲ၊ ဟိုယောင်ယောင်၊ ဒီယောင်ယောင်၊ ဟိုဟာလုပ်ရင် ကောင်းနိုးနိုး၊ ဒီဟာလုပ်ရင် ကောင်းနိုးနိုးနဲ့ အချိန်ကုန် အသက်ကြီးသွားတဲ့ လူများတစ်ပုံကြီးပါ။ မှားမှာကြောက်လို့၊ ဆုံးရူံးမှာ ကြောက်လို့ ဆိုတဲ့စိတ်မျိုးဟာ ချီတုံချတုံကို ဖြစ်ပေါ် စေပါတယ်။ ဘယ်အရာမဆို ၁၀၀% သေချာမှ လုပ်မယ်ဆိုရင် အခွင့်အရေး အဲဒီနေရာမှာ မရှိတော့ပါဘူး။ ၂။ အချိန်ဆွဲခြင်း ( ၉%) လုပ်မယ်၊ လုပ်မယ်၊ မနက်ဖန်စမယ် ဆိုပြီး မပြီးဆုံးနိုင်တဲ့ မနက်ဖန်ဖြစ်နေရင် …

အချစ်ရေး

အခိုင်မြဲဆုံး အချစ်တွေကို တည်ဆောက်နိုင်ဖို့အတွက် လိုက်နာသင့်တဲ့ Relationship Goals (၁၀) ချက်

လူရယ်လို့ဖြစ်လာရင် ကိုယ်ကချစ်ဖို့နဲ့ အချစ်ခံရဖို့အတွက် လိုချင်တပ်မက်မှုတွေနဲ့အတူ အရင်းနှီးဆုံး RSတစ်ခုကို ပိုင်ဆိုင်ချင်ကြတာ ဓမ္မတာပါပဲ။ သင်ကိုယ်တိုင်လည်း ကိုယ့်ရဲ့လက်ရှိ RS ကိုခိုင်မြဲဖို့ကြိုးစားနေသူ ဖြစ်ရင် သို့မဟုတ် အသက်စက်စက် အချစ်ရေးလေး တစ်ခုရှိတယ် ဆိုရင်တော့ ယခုဖော်ပြမယ့် အကြံပေးချက်တွေက သင့်အတွက် များစွာအထောက်အကူဖြစ်စေပါလိမ့်မယ်။ ဆက်ဆံရေး ပြေပြစ်ပါစေ ဆက်ဆံရေးပြေပြစ်ကောင်းမွန်မှသာ ချစ်သူနှစ်ဦးကြား နှောင်ကြိုးခိုင်မြဲမယ်ဆိုတာကို အထူးပြောနေစရာ မလိုပါဘူး။ တစ်ယောက်ကိုတစ်ယောက် စိတ်ချင်းဆက်သွယ်ဖို့၊ အတွေးထဲမှာ နေရာယူဖို့အတွက် သာမာန်နှုတ်ဆက်စကားလေးကနေ စတင်ပါတယ်။ ချစ်သူကို ကိုယ်ကစပြီး Hi ဖို့အတွက် ဘယ်တော့မှဝန်မလေးပါနဲ့။ ကိုယ့်စိတ်ထဲမှာ ခံစားနေရတာတွေကိုလည်း ပွင့်ပွင့်လင်းလင်းပြောဆိုပေးပါ။ ပွင့်လင်းပြီးပြေပြစ်တဲ့ ဆက်ဆံရေးဟာ စိတ်ချင်းရစ်နွယ်ဖို့အတွက် အဓိကသော့ချက်တစ်ခု ဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် နားလည်ပေးပါ …

RELIGIOUS

သမိုင်းဝင်ကြီးလေးကြီး၏ သမိုင်းကြောင်း

သမိုင်းဝင်ကြီးလေးကြီး၏ သမိုင်းကြောင်း ဘိုးတော်ဗဒုံမင်းသည် သူ၏ ဘုန်းတန်ခိုးကြီးမားခြင်းကို ပြသရန်အတွက် မင်းကွန်းအရပ်ဒေသတွင် သမိုင်းဝင်ကြီးလေးကြီးကို ဖန်တီးဆောက်လုပ်ခဲ့သည်။ မင်းကွန်းအရပ်ဒေသရှိ ကြီးလေးကြီးဆိုသည်မှာ (၁) ပုထိုးတော်ကြီး ၊ (၂) မင်းကွန်းခေါင်းလောင်းကြီး ၊ (၃) ခြသေ့င်္ကြီး နှင့် (၄) ရေကန်ကြီး (ကြက်ထောင့်ကန်) တို့ဖြစ်သည်။ ကြီးလေးကြီး အနက် ပုထိုးတော်ကြီး နှင့် မင်းကွန်းခေါင်းလောင်းကြီးမှာ အထင်ရှားဆုံးဖြစ်သည်။ ၉၅ပေ အမြင့်တည်ဆောက်ထားသော ခြင်္သေ့ကြီးများမှာ ငလျှင်ဒါဏ်ကြောင့်ပြိုပျက်ခဲ့ရပြီး ယခုအခါ ကိုယ်ထည်ပိုင်းသာကျန်ရစ်တော့သည်။ ပေ(၄၂၀) အကျယ်၊ အနက် (၃၁) ပေ၊ (၈) လက်မ အတိုင်းအတာဖြင့် ၁၈၁၇ခုနှစ်တွင် တူးဖော်ခဲ့သည့် ရေကန်ကြီးမှာမူ လူသိအနည်းဆုံးဖြစ်ပြီး ပုထိုးတော်ကြီးနှင့် ငါးမိုင်ခန့်အကွာတွင် …

RELIGIOUS

သေမည့်နေ့ကိုရွှေ့ပစ်နိုင်သောကုသိုလ်များ

သေမည့်နေ့ကိုရွှေ့ပစ်နိုင်သောကုသိုလ်များ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က ဗေဒင်ကျွမ်းကျင်သော ပုဏ္ဏားမိသားစုရှိရာတွင် ပုဏ္ဏားကြီးသည် မိမိကိုယ်ကို ဗေဒင်တွက်ကြည့်ရာ … အသက် (၆၀)ပြည့်သည့်နေ့တွင် သေရမည်ကို သိလေ၏။ ထိုအခါ မြတ်စွာဘုရားကို မကိုးကွယ်သော်လည်း သေရမည်ကို ကြောက်လန့်၍ ဘုရားထံ သွားလေ၏။ ဘုရားရှင်ထံရောက်သော် မြတ်စွာဘုရားက ” မှန်၏။ အသက် (၆၀) နေမွန်းတည့်ချိန်တွင် သေမည်။ သေလျှင် မြောက်ဘက် တောတန်းတွင် မျောက်ဖြစ်လိမ့်မည် ” ဟု ဟောကြား လိုက်လေသည်။ ပုဏ္ဏားလည်း အိမ်ပြန်ပြီး မျောက်ဘဝ၌ စားရန် တောတန်းတွင်— ■ ဥယျာဉ် စိုက်၏။ ■ နေရန် ဇရပ်ဆောက်၏။ ■ ရေတွင်း …

NEWS

မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဆရာကြီးဦးထွန်းလွင်ကွယ်လွန်

မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဆရာကြီးဦးထွန်းလွင်ဟာ လွန်ခဲ့သောစနေနေ့က ဆေးကုသမှုခံယူနေတယ်ဆိုပြီး လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ဂရန်းဟံသာ ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့တာ ဖြစ်ပီး ယနေ့ည အချိန်မှာတော့ ဆရာကြီး ကွယ်လွန် သွားခဲ့ပီ ဖြစ်ပါတယ် ပရိသတ် အချို့ကလည်း ဆရာကြီး ကွယ်လွန်သွားတာဟာ မိုးလေဝသ နှင့်သက်ဆိုင်သော နေရာတွေမှာ အကြီးမားဆုံး ဆုံးရှုံးမှု ကြီးတစ်ခု ဖြစ်တယ်ဆိုပြီး ဆရာကြီးရဲ့ Wall မှာ ဝင်ရောက် ရေးသား နေကြတာ ဖြစ်ပါတယ်။ မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင် သည် ယနေ့ (နိုဝင်ဘာ ၄ ရက်) ညနေ ၆ နာရီ ၅၇ မိနစ်အချိန်တွင် ကွယ်လွန်သွားခဲ့ကြောင်း ကျန်ရစ်သူမိသားစုမှ သူ၏လူမှုကွန်ရက်စာမျက်နှာတွင် …

အရမ်းနာမည်ကြီးနေတဲ့ တိမ်ပင်လယ်ဆီကိုအလည်သွားပြီ
Cele new

အရမ်းနာမည်ကြီးနေတဲ့ တိမ်ပင်လယ်ဆီကိုအလည်သွားပြီ

အရမ်းနာမည်ကြီးနေတဲ့ တိမ်ပင်လယ်ဆီကိုအလည်သွားပြီ အရမ်းနာမည်ကြီးနေတဲ့ တိမ်ပင်လယ်ဆီကိုအလည်သွားပြီး အသည်းယားစရာကောင်းတဲ့ဒန်းလေးစီးခဲ့တဲ့မအေးသောင်းအသည်းယားစရာကောင်းတဲ့ဒန်းလေးစီးခဲ့တဲ့မအေးသောင်း ပုရိသတွေရဲ့အချစ်တော်တစ်ဦးဖြစ်တဲ့ မအေးသောင်းကတော့ တစ်ခေတ်တစ်ခါကတည်းက ပရိသတ်တွေရဲ့ရင်ထဲမှာနေရာယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ တစ်ချိန်က အေးဝတ်ရည်သောင်းဆိုတဲ့နာမည်လေးနဲ့ ကျော်ကြားအောင်မြင်ခဲ့တဲ့ သူမက အခုချိန်မှာတော့ မအေးသောင်းအဖြစ် တစ်ကျော့ပြန်ရေပန်းစားနေတာ ဖြစ်ပါတယ်။ မအေးသောင်းက တင်းရင်းကျစ်လျစ်တဲ့ ကိုယ်လုံးလှလှလေးကို ပိုင်ဆိုင်ထားသူမို့ ဘာဝတ်ဝတ်ပေါ်လွင်လှပနေတာလည်း ဖြစ်ပါတယ်။ မအေးသောင်းက အသက် (၃၀) ကျော်အရွယ် အမျိုးသမီးတစ်ဦးလို့မထင်ရလောက်အောင် အရွယ်တင်နုပျိုလွန်းသူလေးလည်း ဖြစ်ပါတယ်။ အမြဲတမ်းပျော်ရွှင်နေတတ်တဲ့ မအေးသောင်းက ခရီးသွားခြင်းကိုနှစ်သက်သူပီပီ မကြာခဏဆိုသလို ခရီးတွေထွက်လေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း မအေးသောင်းတစ်ယောက် လတ်တလောမှာနာမည်ကြီးနေတဲ့ နောင်ချိုမြို့က တိမ်ပင်လယ်တွေရှိတဲ့နေရာလေးကို အလည်သွားခဲ့ပါတယ်။ ဖြူဖွေးစွတ်နေတဲ့ တိမ်ပင်လယ်ကြီးနဲ့အတူ သဘာဝရဲ့အလှတရားတွေကိုခံစားပြီး ရိုက်ကူးထားတဲ့ မအေးသောင်းရဲ့ပုံလေးတွေကလည်း တကယ့်ကိုလှပလွန်းလှပါတယ်။ မအေးသောင်းက …