Cele new

ကာမ လိမ်လည်မှုဖြင့်တရားစွဲဆိုခံထားရသည့်သရုပ်ဆောင်မိုးအောင်ရင်အမှု၏နောက်ဆုံးအခြေအနေ

ကာမ လိမ်လည်မှုဖြင့်တရားစွဲဆိုခံထားရသည့်သရုပ်ဆောင်မိုးအောင်ရင်အမှု၏နောက်ဆုံးအခြေအနေ ပရိတ်သတ်ကြီးရေ ဒီကနေ့မှာတော့ သရုပ်ဆောင်မိုးအောင်ရင်ရဲ့ ရည်းစားဟောင်းဖြစ်သူ ခင်မြတ်နိုးက မိုးအောင်ရင်ကို ကာမလိမ်လည်မှုနဲ့တရားစွဲဆိုထားတဲ့ ရုံးချိန်းကို တက်ရောက်လာခဲ့ပါတယ် …. ။ ကာမလိမ်လည်မှုနဲ့သရုပ်ဆောင်မိုးအောင်ရင်ကို ရည်စားဟောင်းက ရန်ကင်းမြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့တာပဲဖြစ်ပါတယ် … ။ မိုးအောင်ရင်ရဲ့ ရည်းစားဟောင်းဖြစ်သူအမျိုးသမီးက နိုဝင်ဘာလ (၂၂) ရက်နေ့မှာ ရန်ကင်းမြို့နယ် တရားရုံးကို လာရောက်ပြီး သရုပ်ဆောင်မိုးအောင်ရင်ကသူမကို လက်ထပ်မယ်လို့ ကာမလိမ်လည်ရယူကာ လက်ထပ်ခြင်းမရှိတဲ့အတွက် လာရောက်ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ရန်ကင်းမြို့နယ်တရားရုံး သတင်းပြန်ကြားရေးအရာရှိထံမှ သိရှိရပါတယ် … ။ ပရိတ်သတ်ကြီးကလည်း ပြည်သူချစ် သရုပ်ဆောင်မိုးအောင်ရင်တစ် ယောက် အဆင်ပြေဖို့အတွက် ဝိုင်းပြီးဆုတောင်းပေးကြပါဦးနော်…. PHOTO Credit Cele Gabar Unicode …

Cele new

“အိမ်လာလည်တဲ့သူတွေကို အိမ်သာထဲမှာပါဓာတ်ပုံရိုက်ဖို့လှလှလေးပြင်ဆင်ပေးထားတဲ့ စမိုင်းလ်”

စမိုင်းလ်ကတော့ ပရိသတ်တွေနဲ့အထူးမိတ်ဆက်စရာမလိုလောက်အောင် ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်နေမှာပါနော်။ အစစအရာရာ လိုလေးသေးမရှိအောင် ဖြည့်ဆည်းပေးတတ်တဲ့ခင်ပွန်းကိုပိုင်ဆိုင်ထားတဲ့အပြင် တစ်နေ့ထက်တစ်နေ့ တိုးတိုးပြီးလှလာသူမို့ မိန်းကလေးတိုင်းလေးစားအားကျနေရသူတစ်ယောက်လည်း ဖြစ်ပါတယ်။ လိမ္မာရေးခြားရှိပြီး ချစ်ဖို့ကောင်းတဲ့သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပြီး အလှူရေစက် လက်နဲ့မကွာဆိုသလို အလှူအတန်းရက်ရောသူတစ်ယောက်လည်း ဖြစ်ပါတယ်။ စမိုင်းလ်ရဲ့လက်ရှိနေတဲ့အိမ်ကြီးကတော့ ခမ်းနားထည်ဝါလွန်းလှတာကြောင့် ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာဖြစ်ပါတယ်။ စမိုင်းလ်ကတော့ မိသားစုတွေနားခိုဖို့ နွေးထွေးတဲ့ရိပ်မြုံလေးတစ်ခုဖြစ်တဲ့ အိမ်ကိုတော့ အမြဲတစေနေချင်စဖွယ်ဖြစ်အောင် ထိန်းသိမ်းပြုပြင်လေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သူ့အိမ်ရဲ့အိမ်သာထဲမှာ ရိုက်ထားတဲ့ Mirror Selfie ပုံတချို့နဲ့အတူ “ကိုယ့်အိမ်လာတဲ့သူတွေ အိမ်သာထဲမှာပါ ဓာတ်ပုံရိုက်ဖို့လှလှလေးလုပ်ပေးထားတယ် လာလည်မလား” လို့ရေးသားပြီး မျှဝေခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အိမ်သာအခန်းကိုတောင် ခမ်းနားထည်ဝါအောင်ဆောက်ထားတာဖြစ်လို့ အံ့အားသင့်နေကြတာဖြစ်ပါတယ်။ပရိသတ်ကြီးအတွက်လည်း စမိုင်းလ်ရဲ့ခမ်းနားထည်ဝါလှတဲ့အိမ်လေးထဲက အိမ်သာခန်းပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။ Source – Smile စမိုင်းလ်,CRD-Cele Gabar …

လူမျိုးစွဲမထားကြရန်နှင့် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချကြရန် အောင်လအန်ဆန် တိုက်တွန်း
Cele new

လူမျိုးစွဲမထားကြရန်နှင့် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချကြရန် အောင်လအန်ဆန် တိုက်တွန်း

လူမျိုးစွဲမထားကြရန်နှင့် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချကြရန် အောင်လအန်ဆန် တိုက်တွန်း လူမျိုးစွဲမထားဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချကြဖို့ ONE Championship ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က တိုက်တွန်း လိုက် ပါ တယ် ။ One Championship မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်၊ ချင်းတိုင်းရင်းသား တီရယ်ထန်းနဲ့ ဗီယက်နမ်ကစားသမား မာတင်ငုရင်တို့ဟာ မလေးရှားရောက် ကချင်နဲ့ ချင်းတိုင်းရင်းသား လူငယ်တွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာရှိတဲ့ APW Bangsar ခန်းမမှာ တွေ့ဆုံစဉ် ပြောဆိုခဲ့ တာပါ ။ ဒီပွဲကို ကချင်နဲ့ ချင်း လူမှု အဖွဲ့အစည်း တွေနဲ့ ကျောင်းသား ကျောင်းသူ စုစုပေါင်း …

Cele new

“ပိုလန်းတဲ့ သူ့ပုံတွေက အင်စတာဂရမ်မှာ ရှိတယိလို့ ပရိသတ်ကို အသိပေးလိုက်တဲ့ ချီချီ”

ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေးအဖြစ် အောင်မြင်မှုတွေတစ်ဟုန်ထိုးရရှိလာတဲ့ Beauty Blogger နေခြည်ဦးကတော့ သူရဲ့ အလန်းစား ပုံရိပ်လေးတွေကို လူမှုကွန်ရက် စာမျက်နှာမှ မျှဝေလေ့ရှိသူပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ သူရဲ့ ပိုလန်းပြီး ပိုပေါ်တဲ့ဖော်တဲ့ပုံတွေကိုတော့ အင်စတာဂရမ် မှာ တင်ထားတာဖြစ်ပြီး အင်စတာဂရမ် မှာက အခုလိုပေါ်တာဖော်တာကို ဖက်ရှင်တစ်ခုအနေနဲ့ မြင်ပေးတဲ့အတွက် တင်ဖြစ်တာလို့ ပြောထားပါတယ်။ နေခြည်ဦးကတော့ နိုင်ငံတကာမှ ပရိသတ်တွေပိုလိုချင်လို့ အင်စတာဂရမ် ကိုအသုံးပြုတာဖြစ်ပြီး တင်တဲ့အခါမှာလည်း စာတွေဘာတွေ သေချာရေးပြီတင်ဖြစ်တယ်လို့ သိရပါတယ်။သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တဲ့သူကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးလာရသလို လက်ရှိမှာလည်း “အိပ်မက်တွေ မိုးထားတဲ့အိမ်” ရုပ်သံဇာတ်လမ်းတွဲကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။သူဟာ ဒီဇင်ဘာလမှာတော့ ကားရိုက်တွေကို(၁)လလောက် ခဏနားထားပြီး Blogger ဘက်ကို နည်းနည်းပိုပြီး လုပ်ဖြစ်သွားဖို့ရှိတယ်လို့ ဆိုထားပါတယ်။လာမည့် …

Cele new

“နိုင်ငံတကာမှ ပန်းလုပ်ငန်းရှင်များနဲ့ တွေ့ဆုံဆွေနွေး ခဲ့တဲ့ လွင်မိုး”

ရုပ်ရှင်လောကမှာ တစ်ခေတ်တစ်ခါက အောင်မြင်မှုတွေများစွာကို ပိုင်ဆိုင်ခဲ့တဲ့ မင်းသားကြီး လွင်မိုးကတော့ ယနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက်ပါ။လက်ရှိမှာတော့ ဟော်လန်၊အီရန်၊အင်ဒိုနီရှား၊သီရိလင်္ကာ၊ကိုရီယား စသည့်နိုင်ငံတကာမှ ပန်းလုပ်ငန်းရှင်များနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အကြောင်းကို “Holland, Iran, Indonesia, Philippine, Sri Lanka, Korea,နိုင်ငံတကာမှ ပန်းလုပ်ငန်း ရှင်များ The Florist By Yun ပန်းစိုက်ခင်းအားလေ့လာပြီး တွေ့ဆုံဆွေနွေး ခဲ့ကြ” လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှ ဖော်ပြထားပါတယ်။ သူကတော့ မှားတာကို မှားတဲ့အတိုင်းဝေဖန်ထောက်ရူပြတတ်လို့ ပရိသတ်တွေက အချစ်တွေပိုနေတဲ့ မင်းသားကြီးက ဝါရင့်သရုပ်ဆောင်တစ်ဦးပီပီ သူစိမ်းအိမ်ဇာတ်ကားကြီးမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို အခိုင်အမာရရှိခဲ့ပါသေးတယ်။လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို …

Cele new

Pre Wedding ပုံလေးတွေနဲ့ လူပျိုကြီးခန့်စည်သူ ဖုံးကွယ်ထားတဲ့ သတို့သမီးလေးရဲ့ သရုပ်မှန်

Pre Wedding ပုံလေးတွေနဲ့ လူပျိုကြီးခန့်စည်သူ ဖုံးကွယ်ထားတဲ့ သတို့သမီးလေးရဲ့ သရုပ်မှန် လူပျိုကြီးလို့ ပရိသတ်တွေ စနောက်နေကြတဲ့ သရုပ်ဆောင် ခန့်စည်သူကတော့ မိဘတွေကို အမြဲတမ်းကြီး ခြေဆုပ်လက်ကိုင် ဂရုမစိုက်နိုင်ဘဲ ခရီးတွေသွားပြီး ရုပ်ရှင်ရိုက်နေရတဲ့အတွက် အားတဲ့ အချိန်မှာမိဘနှစ်ပါးကို ဂရုစိုက်ပေးပြီး မိဘတွေလည်း စိတ်ချမ်းသာအောင် ထားနေရတာနဲ့ အိမ်ထောင်မပြုဖြစ်တော့တာလို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ ဖူးပါတယ် …။ ပရိသတ်တွေကလည်း ကိုခန့်တစ်ယောက် ဘယ်တော့လောက်လူပျိုကြီးဘဝက ကျွတ်မှာလဲ လို့ အမြဲစနောက် ကျီစယ်နေခဲ့ကြတာပါ ။မကြာသေးမီက ကိုခန့်က ပရိသတ်တွေ ကို Surprise အနေနဲ့ မင်္ဂလာဝတ်စုံနဲ့သတို့သမီးလေး ပုံရိပ်ကို ပရိသတ်ကို ချပြခဲ့ပါတယ် …။ ရှုတင်ရိုက်ကွင်းလား တကယ်ပဲ သတို့သမီးလောင်းလေးကို …

Cele new

နိုင်ငံတော်ကို မြန်မာငွေ သိန်းပေါင်း ၁၀၀၀ကျော် အခွန်ပေးဆောင်တော့မယ့် ခရစ္စတီးနားခီ

ခီမောင်နှံဟာ မြန်မာ့ရုပ်ရှင်လောကကို ဝင်ရောက်လာတာမကြာသေးပေမဲ့ သူတို့ရဲ့ ထူးခြားပြောင်မြောက်တဲ့ တင်ဆက်ပုံ လက်ရာတွေကြောင့် ရိုက်သမျှရုပ်ရှင်ကားတိုင်း အောင်မြင်ခဲ့တာ ဖြစ်ပါတယ်…လက်ရှိအချိန်မှာတော့ ရုပ်ရှင်ဇာတ်ကား ၃ ကားရိုက်ကူးထားခဲ့ပြီး ထိုကားတွေအားလုံးဟာလုံး ရုံပြည့်ရုံလျှံအားပေးမှုတွေရရှိခဲ့တာပါ… နောက်ဆုံးရိုက်ကူးခဲ့တဲ့ “ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားဟာလည်း ပရိသတ်တွေ အားပေးမှုရရှိခဲ့ပြီး ဝင်ငွေအလွန်ရခဲ့တဲ့ ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်….“ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကနေ ဝင်ငွေမြောက်များစွာရရှိခဲ့တာကြောင့် ထိုရရှိတဲ့ ဝင်ငွေထဲကနေ နိုင်ငံတော်ကို ကျပ် သိန်း ၁၀၀၀ကျော် အခွန်ဆောင်ရမယ်လို့ သိရပါတယ်…. လူမှုကွန်ရက်မှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ထိုဇာတ်ကားကနေ ဝင်ငွေ သိန်းပေါင်း ၂ သောင်း ၄ ထောင်ကျော်ရရှိခဲ့တယ်လို့ ဒါရိုက်တာ ခရစ္စတီးနားခီ ကိုယ်တိုင် Fan Meeting မှာ တရားဝင် …

Cele new

“ရုပ်ရှင်ကားကြီးတစ်ခုအတွက် ဆံပင်ပုံစံပြောင်းလိုက်ရပါပြီဆိုတဲ့ အိချောပို “

အိချောပိုကတော့ ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေနဲ့ ပုရိသတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားအောင်မြင်နေပြီး ပရိသတ်တွေရဲ့ အသည်းကို သိမ်းပိုက်ထားနိုင်သူတစ်ယောက်ပါ။သူ့ရဲ့ခန္ဓာကိုယ်အချိုးအစားကလည်း မြင်မြင်သမျှပုရိသတွေရဲ့ အသည်းကို လှုပ်ခတ်သွားနိုင်စေသူ တစ်ယောက်ဆိုလည်း မမှားပါဘူး။ယဉ်ယဉ်လေးပဲဝတ်ဝတ် ခေတ်ဆန်ဆန်လေးပဲဝတ်ဝတ် ချစ်စရာကောင်းနေသူတစ်ယောက်ဖြစ်သလို သူ့ရဲ့ သရုပ်ဆောင်မှုအပိုင်းမှာလည်း ပရိသတ်အခိုင်အမာရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်နော်။ လက်ရှိမှာတော့ အိချောပိုက “မာယာရထားမောင်းတဲ့မိန်းမ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိကသရုပ်ဆောင် တစ်ယောက်အနေနဲ့ပါဝင်သရုပ်ဆောင်သွားမယ်လို့သိရပါတယ်။ဒါ့အပြင်ဒီဇာတ်ကားကြီးမှာတော့ ရဲရင့်အောင် ၊အကယ်ဒမီထက်ထက်မိုးဦး၊နန်းဆုဦး၊ရွှေအိမ်စည်၊အကယ်ဒမီရဲအောင်၊အကယ်ဒမီ မေသဉ္ဇာဦး၊ ချမ်းမင်းရဲထွဋ် စတဲ့ အနုပညာရှင်မြောက်များစွာက ပါဝင်သရုပ်ဆောင်သွားမယ်လို့လည်း သိရပါသေးတယ်။ “မာယာရထားမောင်းတဲ့မိန်းမ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်အချစ်တွေကို ထပ်မံသိမ်းပိုက်နိုင်အောင် အိချောပိုကတော့ ကြိုတင်ပြင်မှုတွေပြုလုပ်နေတာဖြစ်ပြီး ယခုလို ပြင်ဆင်မှုတွေပြုလုပ်နေတယ် ဆိုတဲ့ အကြောင်းကို “မာယာရထား”ရုပ်ရှင်ကားအတွက် ချစ်ရတဲ့မမ Su Tin …

Cele new

“မျက်လုံးက မသက်သာသဖြင့် ထပ်မံခြစ်လိုက်ရတဲ့ မိုးယုစံ”

တစ်သားမွေးပြီး တစ်သွေးလှနေတဲ့ မေမေမိုးယုစံကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေသိပ်မလုပ်ဖြစ်တော့ဘဲ မိသားစုကိုအပြည့်အဝအချိန်ပေးဖို့ ကြိုးစားနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။သူဟာ မကြာသေးမီကမှ မျက်လုံးမှာပြဿနာဖြစ်နေတာဖြစ်ပြီး မျက်စိစွံသလိုဖြစ်ကာ အဖုပေါက်လာတာဖြစ်ပါတယ်။ အဲ့ဒီအဖုကနေ ပြည်ပေါက်ထွက်ခဲ့ပေမယ့် အဖုလေးကကျန်နေသေးတာမို့ ခြစ်ထုတ်လိုက်ရတယ်လို့ဆိုပါတယ်။ မိုးယုစံကတော့ မျက်လုံးမှာခြစ်ထုတ်ရမှာကို ကြောက်နေခဲ့တာဖြစ်ပြီး “ကြောက်ပါတယ်ဆိုမှ ဖြစ်လာတော့လည်းလုပ်ရတာပဲ” ဆိုပြီး သူ့မျက်လုံးရဲ့ခြစ်ထုတ်ပြီးတဲ့ ပုံရိပ်လေးနဲ့အတူ ပရိသတ်တွေကို အသိပေးခဲ့ပါသေးတယ်။လက်ရှိမှာတော့ မသက်သာသေးသဖြင့် ထပ်မံခြစ်လိုက်ရတဲ့အကြောင်းကို “သတ္တိခဲလေးဆိုတော့ နောက်တခါထပ်လုပ်ရတာပေါ့” လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ မျက်လုံးရဲ့ခြစ်ထုတ်ပြီးတဲ့ ပုံရိပ်လေးကို ဖော်ပြထားပါတယ်။ပရိသတ်တွေကတော့ သူတို့ရဲ့အနုပညာရှင်အတွက် စိုးရိမ်နေကြတာဖြစ်ပြီး မြန်မြန်သက်သာလာစေဖို့ ဆုတောင်းပေးခဲ့ကြတာဖြစ်ပါတယ်။မိုးယုစံကတော့ တစ်သားမွေးပြီး တစ်သွေးလှနေကာ အိမ်ထောင်ကျတဲ့နောက်ပိုင်းမှာ အနုပညာအလုပ်တွေသိပ်မလုပ်ဖြစ်တော့ဘဲ မိသားစုကိုအပြည့်အဝအချိန်ပေးဖို့ ကြိုးစားနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ မိုးယုကတော့ အများကြားမှာ …

Cele new

“ခရီးကပြန်လာတာ သားလေးအနားမကပ်လို့ ရင်ဘတ်တွေအောင့်အောင်ငိုလိုက်ရတယ်ဆိုတဲ့ မယ်လိုဒီ”

မယ်လိုဒီကတော့ တစ်ချိန်က အနုပညာလောကမှာ ပရိသတ်အားပေးမှုကို အခိုင်အမာရရှိခဲ့သူတစ်ယောက်ပါ။လက်ရှိမှာတော့ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတာဖြစ်ပြီး မိသားစုအပေါ်မှာ တာဝန်ကျေတဲ့ အိမ်ထောင်ရှင်မကောင်း တစ်ယောက်ပဲဖြစ်ပါတယ်။ မိခင်တစ်ယောက်နဲ့ မတူအောင်လည်း နုပျိုလှပနေတာဖြစ်ပြီး တစ်သားမွေး တစ်သွေးလှနေတဲ့ မိခင်တစ်ယောက်လို့ ဆိုလည်း မမှားပါဘူး ။ လက်ရှိမှာတော့ အလုပ်ကိစ္စတွေကြောင့် ခရီးထွက်ခဲ့ရတာဖြစ်ပြီး အိမ်ပြန်ရောက်တော့ သားလေး အနားမကပ်လို့ ရင်ဘတ်တွေအောင့်တဲ့ အထိငိုခဲ့ရတယ်ဆိုတဲ့ အကြောင်းကို “မနေ့ကခရီးကပြန်လာတာ သားကအနားမကပ် အတူမအိပ်တော့ ဒီအမေဝမ်းနည်းပြီးတစ်ညလုံး ရင်ဘတ်တွေအောင့်ငိုလိုက်ရတာ သားလေးသာမချစ်တော့ရင်ဆိုပြီး ခံစားရတာသေတော့မယ်။ ဒီမနက်တော့ မနက်စာ ကိုယ်တိုင်ကျွေး ရေချိုးပေး နေ့လည်အတူအိပ်ပေး ပြန်ဖားနေရတယ်။ အမလေး ဘဝကိုက တဖက်သတ်အချစ်ကြီးပါလားနော်” ဆိုပြီးသူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဒါ့အပြင် …