ကုသိုလ်တွေလုပ်ရင်း အချိန်တွေကုန်ဆုံးဖို့ ကြိုးစားမယ့် ဦးမိုးဒီ
ဘာသာရေး

ကုသိုလ်တွေလုပ်ရင်း အချိန်တွေကုန်ဆုံးဖို့ ကြိုးစားမယ့် ဦးမိုးဒီ

မိုးဒီက သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်တကြီး သတင်းမေးခဲ့ကြတဲ့ အနုပညာလောကသားတွေနဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။ အခုလက်ရှိမှာတော့ ရန်ကုန်မှာ ဆေးကုသမှု ခံယူနေတယ်လို့ ပြောပါတယ်။ ဟာသသရုပ်ဆောင် မိုးဒီရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ပရိသတ်တွေက စိုးရိမ်တကြီးရှိလှပါတယ်။ မကြာသေးခင်ကလည်း ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးနေရင်းနဲ့ အမောဖောက်တယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ခံစားချက်တွေကို ဓူဝံကနေ ပြောပြလာပါတယ်။ ‘’ကုသိုလ်ပဲ လုပ်ရမှာ။ နေဖို့ထက် သေဖို့ပေါ့။ သေဖို့အချိန်က နီးသွားပြီလေ။ နေခဲ့တဲ့ အချိန်ကလည်း များသွားပြီ။ ဘယ်နေ့မှာ ဘဝနိဂုံးချုပ်မလဲ မသိဘူးပေါ့။ မသေခင်မှာ တတ်နိုင်သမျှ ကုသိုလ်များများရအောင်လို့ လုပ်ရင်း ဒီလိုပဲ အချိန်တွေကို …