အလှအပရေးရာ Archives - Page 9 of 10 - SANTHITSA
အလှအပရေးရာ

မျက်နှာပေါ်က တင်းတိပ်တွေကို ပျောက်ကင်းစေမယ့် အိမ်တွင်း နည်းလမ်းများ….

မျက်နှာပေါ်က တင်းတိပ်တွေကို ပျောက်ကင်းစေမယ့် အိမ်တွင်း နည်းလမ်းများ…. တင်းတိပ် ဆိုတာ အရေပြားပေါ်မှာ တွေ့ရတတ်တဲ့ အညိုရောင် အစက်အပြောက်များ ဖြစ်ပါတယ်။ အမေရိကန် အရေပြား ပညာရှင်များ အဖွဲ့ရဲ့ အဆိုအရ ၄င်းဟာ အသားအရေ ပျက်စီးခြင်း လက္ခဏာ ဖြစ်ပါတယ် …။ တင်းတိပ် ဖြစ်ရခြင်း အကြောင်းအရင်းများ ကတော့ နေရောင် အလွန်အကျွံ ထိတွေ့ခြင်း၊ မျိုးရိုး၊ ဟော်မုန်း မညီမျှမှု တို့ကြောင့် ဖြစ်ပါတယ်။ တင်းတိပ်တွေက မျက်နှာတင်မှာ သာမက ခန္ဓာကိုယ် နေရာ အနှံ့ အပြားမှာ ဖြစ်ပေါ်တတ် ပါတယ်။ တင်းတိပ်တွေကို ဖယ်ရှားဖို့ အထူးကုသမှုတွေ ရှိပေမယ့် ဈေးအလွန်ကြီး ပါတယ် …

အလှအပရေးရာ

မိတ်ကပ်လိမ်းစရာမလိုဘဲ သဘာဝအတိုင်းလေး လှနေစေဖို့ လိုက်နာရမယ့် အချက် (၁၀) ချက်

မိတ်ကပ်လိမ်းစရာမလိုဘဲ သဘာဝအတိုင်းလေး လှနေစေဖို့ လိုက်နာရမယ့် အချက် (၁၀) ချက် မိန်းကလေးတွေအနေနဲ့ မိတ်ကပ်လိမ်းရတာက အချိန်ပေးရပြီး စိတ်ရှည်ရတဲ့ ကိစ္စတစ်ခုပါ။ မိတ်ကပ်လေးလိမ်းမှ ပိုထူးခြားသွားပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာပါတယ်။ မိတ်ကပ်ဘယ်လိုလိမ်းရင် ပိုလှမလဲဆိုပြီး Tutorial Video တွေလိုက်ကြည့်ရတာလည်း မိန်းကလေးတွေပါပဲ … ။ မိတ်ကပ်မလိမ်းဘဲ သဘာဝအတိုင်း လှနိုင်ဖို့ နည်းလမ်းတွေ ရှိပါတယ်။ မိတ်ကပ်ကို နေ့တိုင်းလိမ်းတာက သင့်အသားအရေအတွက် ရေရှည်မှာမကောင်းပါဘူး။ ဒီတော့ မိတ်ကပ်မလိမ်းဘဲ လှမြဲတိုင်း လှနေစေမယ့် နည်းလမ်းတွေကို သိထားဖို့ လိုပါတယ်နော် … ။ (1) တစ်ကိုယ်ရေသန့်ရှင်းမှုရှိပါစေ သန့်သန့်ရှင်းရှင်းနေတာက ကိုယ့်ရဲ့ စိတ်ကို လန်းဆန်းစေပါတယ်။ တစ်နေ့မှာတစ်ခါတော့ ပုံမှန်ရေချိုးပေးပါ။ …

အလှအပရေးရာ

ပျိုမေတိုင်း သိထားသင့်တဲ့ လွယ်ကူရိုးရှင်းစွာ ပြင်ဆင်ခြယ်သနည်း (၁၀) မျိုး

ပျိုမေတိုင်း သိထားသင့်တဲ့ လွယ်ကူရိုးရှင်းစွာ ပြင်ဆင်ခြယ်သနည်း (၁၀) မျိုး အလှအပကြိုက်တဲ့ ပျိုမေလေးတွေ လှသထက်လှအောင် ပြင်ဆင်ခြယ်သဖို့အတွက် လွယ်ကူရိုးရှင်းပြီး လုပ်ရလည်းလွယ်၊ အသုံးလည်းဝင်မယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် ….. (၁) အိုင်းလိုင်နာဆွဲတဲ့အခါမှာ အိုင်းလိုင်နာအရည်ကိုလည်း သုံးချင်တယ် လက်ကမငြိမ်လို့ ဆွဲတိုင်းလည်းမသပ်မရပ်ဖြစ်ရတယ်ဆိုတဲ့ သူလေးတွေအတွက် အကောင်းဆုံးနည်းလမ်းရှိပါတယ်။ အဲ့ဒါကတော့ အိုင်းလိုင်နာအရည်နဲ့ မဆွဲခင်မှာ ခဲတံလိုင်နာလေးနဲ့ တစ်ကြောင်းဆွဲလိုက်ပါ၊ အဲ့ဒီအပေါ်ကမှ အရည်အိုင်းလိုင်နာကိုထပ်ဆွဲပေးမယ်ဆိုရင် ညီညာလှပတဲ့ အိုင်းလိုင်နာမျဉ်းလေးကို ရပြီပဲ ဖြစ်ပါတယ် …။ (၂) မျက်တောင်ကော့တဲ့အခါမှာ မျက်တောင်ကော့ကိရိယာလေးနဲ့ ကော့ပေမယ့် ဘာမှထူးမလာဘူး၊ အဲ့ဒီထက် ပိုကော့ချင်တယ်ဆိုတဲ့သူလေးတွေကတော့ မျက်တောင်ကော့ကိရိယာကို ရေနွေးထဲမှာ ခဏလောက်စိမ်ပြီးမှ မျက်တောင်လေးတွေကို ကော့ပေးလိုက်ပါ။ ကော့ညွှတ်လှပတဲ့ မျက်တောင်လေးတွေကို …

အလှအပရေးရာ

ဆံပင်အရမ်းကျွတ်ပြီး ပါးနေသူတွေအတွက် ဆံပင်အုံထူလာစေမယ့် နည်းလမ်း (၆)

ဆံပင်အရမ်းကျွတ်ပြီး ပါးနေသူတွေအတွက် ဆံပင်အုံထူလာစေမယ့် နည်းလမ်း (၆) ခု ဆံပင်ဆိုတာ လူတစ်ယောက်အတွက် ရုပ်ရည်သွင်ပြင်အလှအပတစ်ခုတည်းအတွက် ရှိနေတာမဟုတ်ဘဲ၊ ခန္ဓာကိုယ်ရဲ့ဖွဲ့စည်းတည်ဆောက်ပုံ လိုအပ်ချက်အရ ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် တခြားသောအစိတ်အပိုင်းတွေလိုပဲ ထိခိုက်ပျက်စီးတတ်၊ အားနည်းတတ်လို့ သေချာလေးဂရုစိုက်ပေးဖို့လည်း လိုပါတယ်။ ဆံပင်တွေ အရမ်းကျွတ်ပြီး ပါးလာမယ်၊ ပြားကပ်နေမယ်ဆိုရင် လူလည်းမကျန်းမာတဲ့ပုံစံပေါက်နေပြီး ဘယ်လိုမှမလှနိုင်တာမို့ ဒီနည်းလေးတွေနဲ့ ပြန်ပြီး ဂရုစိုက်ပေးလိုက်ပါ …။ (၁) ကြက်ဥနဲ့ဒိန်ချဉ်ပေါင်းတင်နည်း   ကြက်ဥတစ်လုံးလုံးကို ဒိန်ချဉ်အနည်းငယ်နဲ့ရောမွှေပြီး ဦးရေပြားနဲ့ဆံပင်အနှံ့ လိမ်းပေးလိုက်ပါ။ တစ်နာရီလောက် ထားပြီး ရေအေးနဲ့ခေါင်းလျှော်ပေးပါ။ ချည်သားတဘက်လေးနဲ့ သုတ်ပြီး hair dryer မသုံးဘဲ သဘာဝအတိုင်း အခြောက်ခံပေးပါ။ တစ်ကြိမ်လုပ်ရုံနဲ့ ဆံပင်ကျွတ်တာ သိသိသာသာရပ်တန့်သွားပြီး တစ်ပတ်တစ်ကြိမ် …

အလှအပရေးရာ

အသားဖြူလိုသူတွေအတွက် (၇) ရက်အတွင်း အထိရောက်ဆုံး နည်းလမ်းများ….

အသားဖြူလိုသူတွေအတွက် (၇) ရက်အတွင်း အထိရောက်ဆုံး နည်းလမ်းများ…. မိန်းကလေး တော်တော်များများကတော့ အသားဖြူချင်ကြမှာပါ။ မိန်းလေးတွေဟာ သူတို့အသားရေကို တန်ဖိုးထားကြပြီး၊ ဖြစ်နိုင်သမျှ ပြစ်မျိုးမှဲ့မထင် နေလိုကြပါတယ်။ အခု D Nae Khit ကနေ ဖော်ပြပေးချင်တာကတော့ ပျိုမေတွေအတွက် (၇)ရက်အတွင်း အသားဖြူစေမယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။ (1) နွားနို့အစိမ်း နွားနို့အစိမ်းမှာ အသားအရေကို ကျေးဇူးပြုနိုင်တဲ့ ဓာတ်ပစ္စည်းတွေ များစွာပါဝင်ပါတယ်။ နွားနို့ကို ကမ္ဘာကျော် အလှဘုရင်မကြီး ကလီယိုပက်ထရာတောင် သုံးခဲ့တယ်လို့ ဆိုပါတယ်။ သူမကတော့ နွားနို့ကန်ထဲမှာ စိမ်တာပါတဲ့။ အခုလည်း နွားနို့ကို Pack ပုံစံမျိုး ခန္ဓာကိုယ်မှာ ပုံမှန်လိမ်းပေးပါ။ နေ့စဉ် ရေမချိုးခင် လိမ်းပြီး …

အလှအပရေးရာ

(၂၀)ကျော်တွေထက် အသက်(၃၀)ကျော်မမ တွေက ပိုဆွဲဆောင်မှုရှိနေရခြင်း အကြောင်းအရင်း(၇)ချက်

(၂၀)ကျော်တွေထက် အသက်(၃၀)ကျော်မမ တွေက ပိုဆွဲဆောင်မှုရှိနေရခြင်း အကြောင်းအရင်း(၇)ချက် ဒီနေ့ခေတ် အသက် ၃၀ ကျော်အမျိုးသမီးတွေဟာ ၂၀ ကျော်အရွယ်မိန်းကလေးတွေထက် ပိုပြီးလည်းလှ ပိုပြီးလည်းစမတ်ကျကြည့်ကောင်းနေကြတာကိုတွေ့ရပါတယ်။ အထူးသဖြင့် အပေါ်ယံလှနေတာမျိုးပဲမဟုတ်ဘဲ သူတို့ရဲ့ အပြုအမူ၊ အပြောအဆိုနဲ့ ခံယူချက် စတာတွေကလည်း လေးစားစရာကောင်းနေပြီး အဖက်ဖက်က ပြည့်စုံတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်နေတာမျိုးပါ။ အဲ့ဒီလိုမျိုး အဖက်ဖက်က ပြည့်စုံလှပတဲ့ အမျိုးသမီးလေးတွေဖြစ်နေတာဟာ ဒီအကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်နော်…. (၁) အသက်ကြီးလာပြီလို့တွေးပြီး စိတ်ဖိစီးတာမျိုးမရှိဘူး ” အသက် ၃၀ အရွယ်ကိုရောက်လာပြီဆိုတာနဲ့ ပတ်ဝန်းကျင်က အသက်ရလာပြီ၊ အိမ်ထောင် မပြုသေးဘူးလား၊ ကလေးမယူသေးဘူးလား စသဖြင့် မေးတတ်ကြပါတယ်။ ဒါပေမယ့် ဒီလိုသတ်မှတ်ချက်တွေကို ဂရုစိုက်မနေဘဲ အေးအေးဆေးဆေး လစ်လျူရှုနေနိုင်တဲ့အပြင် ကိုယ့်အတွက် …

အလှအပရေးရာ

မျက်နှာချွေးပေါက်ကျယ်တာကို သက်သာသွားစေမယ့် အလွယ်ကူဆုံး နည်းလမ်းလေးများ

မျက်နှာချွေးပေါက်ကျယ်တာကို သက်သာသွားစေမယ့် အလွယ်ကူဆုံး နည်းလမ်းလေးများ အမျိုးသမီးသမီးတွေက လှပဖို့အတွက် မိတ်ကပ်ပစ္စည်းတွေ အများကြီး သုံးကြပါတယ် …. ။ ညနေရောက်တဲ့အခါ မိတ်ကပ်ကို ဖျက်ကြပါတယ် … ။ အဲဒီလို မိတ်ကပ်လိမ်းလိုက်၊ ဖျက်လိုက်၊ scrub လုပ်လိုက်၊ mask အုပ်လိုက် လုပ်တဲ့အခါ ချွေးပေါက်တွေက ကျယ်လာပါတယ် … ။ မျက်နှာပေါ်က ချွေးပေါက်ကျယ်တွေကို ကျဉ်းသွားအောင် လွယ်လွယ်ကူကူ ပြုလုပ်နိုင်မယ့် နည်းလမ်းတွေ ရှိပါတယ် …  … ။ ချွေးပေါက်တွေက အဆီဂလင်းတွေကို ထုတ်ပေးပါတယ် … ။ အဆီဂလင်းတွေက အသားအရေကို ရေဓာတ်ဖြည့်ဖို့၊ oxygen ပို့ပေးဖို့အတွက် လိုအပ်ပါတယ် … …

အလှအပရေးရာ

ရက်ရက်စက်စက် သိသိသာသာကို အသားဖြူ မြန်စေတဲ့ အာလူးပြုတ် အစွမ်း

ရက်ရက်စက်စက် သိသိသာသာကို အသားဖြူ မြန်စေတဲ့ အာလူးပြုတ် အစွမ်း ထူးထူးဆန်းဆန်း မျက်နှာ ကို သိသိသာသာဖြူစေတဲ့ အာလူးပြုတ် အစွမ်း ဒီတစ်ခါတော့ ဈေးကြီး နာမည်ကြီး တဲ့ အလှကုန် တွေ သုံးစရာမလိုဘဲ မျက်နှာအသားအရေ ကို သိသိသာသာ ဖြူဝင်းစေနိုင်မယ့် မှော်ဆန်ဆန် အာလူးပြုတ် နည်းလမ်းအကြောင်းမျှ ဝေပေးပါရစေနော် … … ။ ဒီ နည်းလမ်း လေးဟာ သင့် မျက်နှာ ကို ခဏတာသာ ဖြူဝင်းစေတာမဟုတ်ဘဲ ထာဝရဖြူစေနိုင်တဲ့ နည်းလမ်း လို့တောင် တင်စားကြပါတယ် …. ။ ပထမဆုံး အာလူး ကို ဆေးကြောပြီး ပြုတ်လိုက်ပါ … …

အလှအပရေးရာ


မျက်ခုံးမွေးမရှိတဲ့ သူတွေအတွက် ထူထဲနက်မှောင်လာစေမယ့် သဘာဝနည်းလမ်းလေး မျက်ခုံးမွေးက လူတစ်ယောက်ရဲ့ မျက်နှာအလှကို ပိုထင်ရှားစေနိုင်တဲ့ အစွမ်းရှိတာကြောင့် မျက်ခုံးမွေး မလှရင် အလှအပက မပြည့်စုံဘူးလို့ပြောရမှာပဲဖြစ်ပါတယ် … ။ ဒါကြောင့် ပျိုမေတို့ မျက်နှာအလှကို ပေါ်လွင်ထင်ရှားစေမယ့် မျက်ခုံးမွေးလေးတွေ ထူထဲလှပလာအောင် လုပ်လို့ရမယ့် သဘာဝနည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ် … ။ သဘာဝနည်းလမ်းလေးတွေဖြစ်တာမို့ အသားအရေလည်း မပျက်စီးစေတာကြောင့် စိတ်ချလက်ချ လိုက်လုပ်နိုင်ပါတယ်နော် …. ။ (၁) ရှားစောင်းလက်ပက် ရှားစောင်းလက်ပက်အနှစ်ကို ယူပြီး မျက်ခုံးမွေးတလျှောက် လိမ်းပေးကာ (၃) မိနစ်လောက် နှိပ်နယ်ပေးရပါမယ်။ ပြီးရင် မိနစ်နှစ်ဆယ်လောက်ထားပြီး ရေအေးနဲ့ပြန်ဆေးပေးလိုက်ရုံပါပဲ။ ဒါလေးကို နေ့တိုင်းလုပ်ပေးမယ်ဆိုရင် ထူထဲလှပတဲ့ မျက်ခုံးလေးကို ရလာမှာပဲဖြစ်ပါတယ်။ …

အလွအပေရးရာ

သိတဲ့သူတွေ ပိုလှကုန်ပြီ..။ ဝက်ခြံအမာရွတ်များအတွက် ဆေးကောင်းနည်းလေး ပေးလိုက်ပါရစေနော်..။

သိတဲ့သူတွေ ပိုလှကုန်ပြီ..။ ဝက်ခြံအမာရွတ်များအတွက် ဆေးကောင်းနည်းလေး ပေးလိုက်ပါရစေနော်..။ Acne Scars ဝက်ခြံအမာရွတ် ၁။ ဆရာ မင်္ဂလာပါခင်ဗျာ။ လွန်ခဲ့တဲ့သုံးလလောက်ကစပြီး ကျွန်တော်အမျိုးသမီးဟာ မျက်နှာမှာဝတ်ခြံအဖုအထစ်များ လူမြင်မကောင်းအောင်ထွက်လာပါတယ်။ ယခုရက်အတွင်း နှာခေါင်းဘေးပါးပြင်ပေါ်တွင် မကျီးစေ့ခန့်ပမဏရှိ ဝတ်ခြံ အဖုထွက်လာပြီး မျက်စိပါကြည်လို့မကောင်းသောကြောင့် ဆေးကောင်းနည်းလမ်းကောင်းများလမ်းပြပေးပါခင်ဗျာ။ အသက် (၃၃)ရှိပါပြီ။ ကျေးဇူးတင်ပါတယ်ဆရာ။ ၂။ ဆရာဝက်ခြံပေါက်ပြီးရင် ချိုင့်တွေမကျန်အောင် ဘာလုပ်ရမလဲဆရာ။ ရှိပြီးသားချိုင့်တွေပျောက်အောင်ရော ဘာလုပ်ရမလဲ။ ၃။ ကျွန်တော်က အသက်၂ဝ ရှိပါပြီ။ မျက်နှာမှာ အခုတလော အကွက်မည်းတွေထွက်နေပါတယ်။ နားလည်သလောက် အင်တာနက်မှာရှာကြည့်တော့ zits လို့ခေါ်မလား၊ acne scars လို့ခေါ်မလား မသိဘူးခင်ဗျ။ အသားတွေက တဖြည်းဖြည်း အစားခံရသလိုဖြစ်နေလို့ပါ။ တဖြည်းဖြည်း …