အလွအပေရးရာ Archives - Page 5 of 10 - SANTHITSA
ငယ်ရွယ်စဉ် ဆံပင်ဖြူရခြင်း အကြောင်းရင်းများ
အလွအပေရးရာ

ငယ်ရွယ်စဉ် ဆံပင်ဖြူရခြင်း အကြောင်းရင်းများ

ငယ်ရွယ်စဉ် ဆံပင်ဖြူရခြင်း အကြောင်းရင်းများ “ဆရာရယ်။ ကျမသမီးလေးက ခုမှ ၉တန်းပဲ ရှိသေးတယ်။ ကြည့်ပါဦး။ ခေါင်းမှာ ဆံပင်ဖြူတွေ ပေါက်နေပြီ။ ဘယ်လိုလုပ်ရမလဲမသိဘူး။ ကလေးက အရွယ်လေးလည်း ရောက်လာပြီဆိုတော့ ရှက်တာပေါ့။ သူ့ခေါင်းကဆံပင်ဖြူတွေကို သူငယ်ချင်းတွေမြင်ရင် စကြလို့တဲ့။ ငိုတောင်ငိုရတယ်” အသက်ငယ်ရွယ်သူတွေမှာ ဆံပင်ဖြူပေါက်တာကလည်း အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါပဲ။ အသက်ကြီးလာလို့ သဘာဝအတိုင်း ဆံပင်တွေဖြူလာတာက ပြဿနာမရှိပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူပေါက်ရင်တော့ တော်တော် စိတ်ညစ်ကြရတယ်။ ခုလိုမျိုး ဆယ်ကျော်သက်အရွယ် ကျောင်းသူလေးဆိုတော့ ပိုဆိုးတာပေါ့။ လှချင်ပချင်တဲ့ အရွယ်ဆိုတော့ သူ့ခမျာ ရှက်ရှာမှာပေါ့လေ။ ကျနော့်သူငယ်ချင်းတွေထဲမှာလည်း အထက်တန်းကျောင်းသား အရွယ်လောက်ကတည်းက ဆံပင်ဖြူပေါက်တဲ့သူတွေ တွေ့ဖူးတယ်။ ဆေးကျောင်းတက်နေရင်းနဲ့ ဆံပင်တွေဖြူလာတဲ့ သူတွေလည်း …

၀က်ခြံကြောင့် အမာရွတ်ကျန်နေလျှင်
အလွအပေရးရာ

၀က်ခြံကြောင့် အမာရွတ်ကျန်နေလျှင်

၀က်ခြံကြောင့် အမာရွတ်ကျန်နေလျှင် ဝက်ခြံ ကြောင့် ကျန်ခဲ့တဲ့ အမာရွတ်တွေ တစ်ပတ်အတွင်း ပျောက်ကင်းအောင် (၁) မျက်နှာသစ်ပါ ဝက်ခြံဖြစ်တဲ့ အသားအေရဟာ အဆီပြန်တဲ့ အသားအရေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မနက် (အိပ်ရာထ မဟုတ်ပါ) ကျောင်းမသွားခင်၊ ရုံးမသွားခင် မျက်နှာသစ်ပေးပါ။ ညအိပ်ရာ ဝင်ခါနီး တစ်ကြိမ် မျက်နှာသစ်ပေးပါ။ (၂) အာလူးသုံးပါ အာလူးကို အကွင်းလေးတွေ လှီးပါ။ သို့မဟုတ် ချေလိုက်ပါ။ ပြီးရင် အမာရွတ်တွေကို အုပ်ထားပါ။ မိနစ် ၃၀ လောက်ကြာရင် ခွာပြီး မျက်နှာသစ်ပါ။ တစ်ပတ် နှစ်ကြိမ်လောက် ပြုလုပ်ပေးရင် ဝက်ခြံအမာရွတ်မှ မဟုတ်ပဲ အခြားအမာရွတ်တွေပါ သက်သာ ပျောက်ကင်းစေပါတယ်။ (၃) …

ဆံပင်ကို သဘာဝအတိုင်းဖြောင့်စင်းစေမယ့် ပေါင်းတင်နည်း
အလွအပေရးရာ

ဆံပင်ကို သဘာဝအတိုင်း ဖြောင့်စင်းစေမယ့် ပေါင်းတင်နည်း

ဆံပင်ကို သဘာဝအတိုင်း ဖြောင့်စင်းစေမယ့် ပေါင်းတင်နည်း သဘာဝအတိုင်း ဆံပင် ဖြောင့်စင်းစင်းလေးကို မကြိုက်တဲ့ မိန်းကလေး ဘယ်မှာရှိမှာလဲ၊ ဒါ့ကြောင့်လဲ အလှပြင်ဆိုင်တွေမှာ ဆံပင်ဖြောင့်တာ ခေတ်စားတာပေါ့နော် ။ဆံပင် ဖြောင့်ဖို့အတွက် ဓါတုပစ္စည်တွေ သုံးတာဟာ ဆံသားကို ပျက်ဆီးစေပါတယ်။ အဲ့ဒါကြောင့် သဘာဝနည်းလမ်း တစ်ခုကို မျှဝေ ပေးလိုက်ပါတယ်နော် ။ ပါဝင်ပစ္စည်း ငှက်ပျောသီးမှည့် (၂) လုံး ပျားရည် စားပွဲတင်ဇွန်း (၂) ဇွန်း ဒိန်ချဉ် စားပွဲတင်ဇွန်း (၂) ဇွန်း သံလွင်ဆီ စားပွဲတင်ဇွန်း (၂) ဇွန်း ကြက်ဥအကာ (၁) လုံး ပြင်ဆင်ခြင်း ငှက်ပျောသီးကို အခွံနွှာပြီး ပြဲသွားအောင် ဖိလိုက်ပါ။ …

ရှေးခေတ်အမျိုးသမီးတွေ သုံးခဲ့တဲ့ အလှအပ လျှို့ဝှက်ချက်များ
အလွအပေရးရာ

ရှေးခေတ်အမျိုးသမီးတွေ သုံးခဲ့တဲ့ အလှအပ လျှို့ဝှက်ချက်များ…

ရှေးခေတ်အမျိုးသမီးတွေ သုံးခဲ့တဲ့ အလှအပ လျှို့ဝှက်ချက်များ… ဒီနေ့လို အလှပြင်ပစ္စည်းတွေ မပေါ်သေးတဲ့ ဟိုးအရင်ခေတ်က အမျိုးသမီးတွေ သုံးခဲ့တဲ့ အလှအပ လျှို့ဝှက်ချက်တွေ ရှိပါတယ်။ အဲ့ ဒီ ထဲက တစ်ချို့ဟာဆိုရင် ဒီနေ့ထိ အသုံးဝင်နေဆဲ ဖြစ်ပါတယ်။ ဒီနေ့ထိ အသုံးဝင်နေတဲ့ ရှေးခေတ် အမျိုးသမီးတွေသုံးတဲ့ အလှအပ ထိပ်တန်း လျှို့ဝှက်ချက်တွေ ကတော့…. (၁) သံလွင်ဆီ… ရှေးခေတ်က ဆိုရင် သံလွင်ဆီကို “ရွှေ” လို့တောင် တင်စားကြပါတယ်။ သံလွင်ဆီကို အသားအရေနဲ့ ဆံပင်အတွက် creams, ရှန်ပူနဲ့ ဆေးဖက်ဝင်ဆီမွှေးအဖြစ် အသုံးပြုခဲ့ကြပါတယ် . . .။ (၂) ရေချိုးတာ… ရှေးခေတ်ရောမ အမျိုးသမီးတွေဟာ …

ဝက်ခြံ ကြောင့် စိတ်ညစ်နေပါသလား။
အလွအပေရးရာ

ဝက်ခြံ ကြောင့် စိတ်ညစ်နေပါသလား။ အောက်ပါနည်းလေးတွေအတိုင်းလုပ်ကြည့်ပါ။

ဝက်ခြံ ကြောင့် စိတ်ညစ်နေပါသလား။ အောက်ပါနည်းလေးတွေအတိုင်းလုပ်ကြည့်ပါ။ ဝက်ခြံ ပြောတော့သာ ဘာမှမဟုတ်သလို သူပေးတဲ့ ဒုက္ခက မသေးဘူးရယ်။ ဝက်ခြံက မျက်နှာမှာ အဓိက ထွက်တာဆိုပေမယ့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာလည်း ထွက်နိုင်ပါသေးတယ်နော်။ အဓိကကတော့ မျက်နှာမှာထွက်တဲ့ ဝက်ခြံတွေကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးတာတွေ၊ ကျဆင်းတာတွေဖြစ်ရတာပါ။ ဝက်ခြံထွက်နေရင် မိတ်ကပ်လူးရတာတောင် အဆင်မပြေဘူးနော်။ အလှကြိုက်တဲ့ လေဒီလေးတွေအတွက် ဝက်ခြံက ရန်သူတော်ကြီးပါပဲ။ ဒီရန်သူတော်ကြီးကို အမြစ်ပြတ် ချေမှုန်းဖို့ နည်းမျိုးစုံ ကြိုးစားပေမယ့် အခုထိ မအောင်မြင်သေးဘူး ဆိုရင်တော့ အတူတူ ချေမှုန်းကြည့်မလား။ ဝက်ခြံ တွေကို ဒီလိုချေမှုန်းပါ မျက်နှာမှာ ဝက်ခြံတစ်လုံး ပျောက်သွားတိုင်း ဖြစ်တဲ့ ပီတိက တော်တော်လေး …

ဝက်ခြံ တင်းတိတ် အမာရွတ်နဲ့ အဆီဖုတွေကြောင့် စိတ်ညစ်နေရရင်
အလွအပေရးရာ

ဝက်ခြံ တင်းတိတ် အမာရွတ်နဲ့ အဆီဖုတွေကြောင့် စိတ်ညစ်နေရရင်

ဝက်ခြံ တင်းတိတ် အမာရွတ်နဲ့ အဆီဖုတွေကြောင့် စိတ်ညစ်နေရရင် Hello မလှချင်တို့ရေ ဒီကမလှချင်နဲ့ အတူတူ လိုက်လုပ်ရအောင် သဘာဝနည်းလမ်းလေးတွေနဲ့ ပီးရင် အတူတူလှကြတာပေါ့ It’s skin care time!!! ဒီတစ်ပတ်တော့ အမေးများနေတဲ့ မေးခွန်းတွေ ထဲက တစ်ခုဖြစ်တဲ့ တင်းတိပ်တွေ ထွက်နေတယ် ဝက်ခြံ အမာရွတ်တွေ ရှိနေတယ် အဆီဖုတွေ ဖြစ်နေတယ်… အမဲစက်တွေကြောင့် စိတ်ညစ်နေ ရတယ် ဘာလုပ်ရမလဲ??? အကြံဉာဏ်ပေးပါဦး တင်ပေးပါဦး ဆိုသူတွေအတွက် လွယ်ကူ ရိုးရှင်းပြီး အကုန် အကျသက်သာတဲ့ သဘာဝအိမ်တွင်းနီးလေးကို ယူဆောင်လာပါပြီ…. ဒါကတော့ Potato Mask (အာလူးနဲ့ မျက်နှာပေါင်းခြင်း) ပါပဲ ပါဝင်ပစ္စည်းက အာလူး …

ချိုင်းမွေးတွေကို ရိတ်စရာမလိုဘဲ သဘာဝအတိုင်း ကျွတ်သွားစေမယ့် နည်းလမ်းကောင်းများ
အလွအပေရးရာ

ချိုင်းမွေးတွေကို ရိတ်စရာမလိုဘဲ သဘာဝအတိုင်း ကျွတ်သွားစေမယ့် နည်းလမ်းကောင်းများ

ချိုင်းမွေးတွေကို ရိတ်စရာမလိုဘဲ သဘာဝအတိုင်း ကျွတ်သွားစေမယ့် နည်းလမ်းကောင်းများ နွေရာသီက ဂါဝန်လက်ပြတ် ၊ အင်္ကျီလက်ပြတ် ၊ ဘောင်းဘီတို ၊ ဘီကီနီ တို့ဝတ်ရမယ့် အချိန်ပါ ။ ဒီအဝတ်အစားတွေ လှပေမယ့် ချိုင်း နဲ့ ခြေသလုံးရှိ အမွှေးတွေ ရှင်းနေမှ ကြည့်လို့ လှပါတယ်။ အမွှေးရိတ်တယ်ဆိုတာ အသားအရေကို ကြမ်းတမ်းစေတယ် ၊ ပြန်ပေါက်လာတဲ့ အမွှေးတွေက ကြမ်းလာတယ် ၊ အချိန်ခဏလေးနဲ့ ပြန်ပေါက်လာတယ်။ ဒါကြောင့် မွှေးရိတ်တံနဲ့ ရိတ်စရာမလိုဘဲ သဘာဝနည်းတွေကို သုံးပြီး အမွှေးချွတ်ပေးနိုင်မယ့် နည်းလမ်း (၃) မျိုးကို မျှဝေပေးလိုက်ပါတယ်။ (၁) သကြားနဲ့ သံပရိုရည် သကြား နဲ့ …

အရေးပေါ် ပေါင်းတင်နည်းအကြောင်း ဝေမျှပေးမယ်
အလွအပေရးရာ

အရေးပေါ် ပေါင်းတင်နည်းအကြောင်း ဝေမျှပေးမယ်

အရေးပေါ် ပေါင်းတင်နည်းအကြောင်း ဝေမျှပေးမယ် အလှပြင်ဖို့ အချိန်သီးသန့်လည်း မပေးဖြစ် အပျင်း ကလည်းထူ အစပ်လည်း လျော့မစားနိုင် ဒါပေမဲ့ အချိန်တန် မှန်ကြည့်တဲ့အခါ မျက်နှာပေါ်က အရေးကြောင်း အမဲစက် အဖုပိမ့်တွေ ထွက်လာရင် စိတ်အရမ်း ညစ်တတ်တဲ့ ကိုယ့်လို လူမျိုးတွေ အတွက် ရည်ရွယ်ပါတယ်… ခရမ်းချဉ် – ဝက်ခြံလျော့ပါး အာလူး – အဖုပိမ့် ချိုင့်ခွက် အသားပြန်ပြည့် ရှားစောင်းလက်ပတ် – အသားချောမွေ့ ဆန်ဆေးရည် – အရေးကြောင်းလျော့နည်းစေ သံပုရာ – အဆီပြန် သက်သာ (ဆိုးကျိုး အသားပါးလာစေတတ် ဝက်ခြံပေါက်နေသူများ မပြုလုပ်သင့် အရမ်းစပ်စေလို့ပါ ) အောင်မဲညိုအရည် – …

ဝက်ခြံနဲ့အဆီကြိတ်ကင်းစင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်လိုသူတိုင်း လိုက်နာရမယ့် အချက် (၇) ချက်
အလွအပေရးရာ

ဝက်ခြံနဲ့အဆီကြိတ်ကင်းစင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်လိုသူတိုင်း လိုက်နာရမယ့် အချက် (၇) ချက်

ဝက်ခြံနဲ့အဆီကြိတ်ကင်းစင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်လိုသူတိုင်း လိုက်နာရမယ့် အချက် (၇) ချက် မျက်နှာအသားအရေဟာ ပင်ကိုယ်ကောင်းနေမှ မိတ်ကပ်လိမ်းရင်လည်း လှမှာပါ။ ဒီလိုမှမဟုတ်ပဲ မျက်နှာအသားအရေဟာ အဆီကြိတ်တွေ၊ ဝက်ခြံတွေရှိနေရင် ဘယ်လောက်ပြင်ပြင် အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ ခုဖော်ပြပေးမှာကတော့ ဝက်ခြံနဲ့ အဆီကြိတ်ကင်းစင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်စေမယ့် အသားအရေ ထိန်းသိမ်းနည်း ပုံစံတွေပဲ ဖြစ်ပါတယ်။ (၁) မျက်နှာပေါ်ကအဖုတွေ၊ ဝက်ခြံတွေနဲ့ အဆီကြိတ်တွေကို ထိုးတာ၊ ဆိတ်တာ၊ ညှစ်တာမျိုး လုံးဝမလုပ်ပါနဲ့။ လက်ယောင်လိုက်တာတွေ၊ ပိုးဝင်တာတွေဖြစ်ရင် ပိုပြီးဆိုးလာမှာပါ။ (၂) အိပ်ရာမဝင်ခင်တိုင်း သေသေချာချာ မျက်နှာကို ဆေးကြောသန့်စင်ပါ။ မိတ်ကပ်လိမ်းထားရင်လည်း ပြောင်စင်အောင်ဖျက်ပြီး မျက်နှာသစ်ပေးပါ။ (၃) မိတ်ကပ် မလိမ်းပါနဲ့။ မိတ်ကပ်ဟာ …

ထူထဲရှည်လျားတဲ့ မျက်တောင်မွှေးလေးတွေ ပိုင်ဆိုင်နိုင်လိုလျှင်
အလွအပေရးရာ

ထူထဲရှည်လျားတဲ့ မျက်တောင်မွှေးလေးတွေ ပိုင်ဆိုင်နိုင်လိုလျှင်

ထူထဲရှည်လျားတဲ့ မျက်တောင်မွှေးလေးတွေ ပိုင်ဆိုင်နိုင်လိုလျှင် မျက်ဝန်းလေးကို ကြည့်လိုက်တာနဲ့ မျက်တောင်မွှေးလေး ထူထဲ ရှည်လျားနေတာမျိုး မဖြစ်ချင်ကြ ဘူးလားရှင့်။ သူများတွေ မျက်တောင်မွှေးလေး ထူထဲ လှပနေတာမြင်တော့ ကိုယ့်ဆီမှာလည်း အဲ့လို ထူထဲ ရှည်လျားတဲ့ မျက်တောင်မွှေးလေးတွေရှိရင် ကောင်းမှာပဲလို့ စိတ်ကူးယဉ်တတ် ကြတဲ့ ပျိုပျိုမေတို့ရဲ့ စိတ်ကူးအိပ်မက်ကို အမှန်တကယ် အကောင်အထည်ဖော်ဖို့ အချိန် ကျရောက်လို့လာပါပြီနော်။ ဘယ်လို နည်းလမ်းလေးတွေနဲ့ အကောင်အထည် ဖော်လို့ရမလဲ ဆိုတာကို ဆက်လေ့လာ ကြည့်လိုက်ရအောင်။ အုန်းဆီ အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ဝါဂွမ်းစလေးတို့ပဲ လိုအပ်ပါတယ်။ အရင်ဦးဆုံး မျက်တောင်မွှေးကို သန့်စင်အောင် ဆေးကြောထားပါ။ ဝါဂွမ်းစလေးကို အုန်းဆီထဲ ထည့်နှစ်လိုက်ပြီး အပေါ်မျက်တောင်မွှေးနဲ့ အောက်မျက်တောင်မွှေးလေးတွေကို …