အလွအပေရးရာ Archives - Page 2 of 10 - SANTHITSA
အလွအပေရးရာ

မျက်နှာကို ရေခဲနှင့်ပွတ်ခြင်းက အသားအရည်ကို ဒီလိုကောင်းကျိုးတွေပေးတယ်

မျက်နှာကို ရေခဲနှင့်ပွတ်ခြင်းက အသားအရည်ကို ဒီလိုကောင်းကျိုးတွေပေးတယ် မျက်နှာကို ကုသပုံကုသနည်း အမျိုးမျိုးရှိသည့်အနက် မှ ဒီတစ်ခါမှာတော့ ရေခဲဖြင့်ကုသနည်းလေးကို တင်ပြပေးလိုက်ပါတယ်။ ဒီနည်းလေးဟာ လူတိုင်းလည်း အလွယ်တကူလုပ်နိုင်ပြီး အချိန်နှင့်ငွေလည်း များစွာမကုန်စေတဲ့ နည်းလေးပဲဖြစ်ပါတယ်။ လိုအပ်တာကတော့ ရေခဲတုံးပင်ဖြစ်ပါတယ်။ (၁) အသားအရည်ကို ကြည်လင်စေနိုင်ပါတယ် ရေခဲတုံးဖြင့် မျက်နှာကို ပွတ်တိုက်ပေးခြင်းအားဖြင့် သွေးလည်ပတ်မူကို အထောက်အကူပြုစေမှာဖြစ်ပြီး မျက်နှာကိုသိသိသာသာ ကြည်လင်လာစေမှာ ဖြစ်ပါတယ်။ (၂) မျက်နှာပေါ်မှအရာများကို ဖယ်ရှားနိုင်ခြင်း မျက်နှာပေါ်မှာရှိတဲ့ အမည်းစက်များ၊ ဝက်ခြံများသာမက ရောင်ရမ်းခြင်းနှင့် မျက်နှာနီမြန်းခြင်းကို သက် သာစေနိုင်ပါတယ်။ (၃) မျက်လုံးအောက်က အရေအကြောင်းများကို ကုသပေးနိုင်ပါတယ် ညဘက်မအိပ်ခင်မှာ သခွားသီးဖြင့်ရောစပ်ကာ အသုံးပြုခြင်းဖြင့် မျက်လုံးအောက်မှ အရေးအကြောင်းများကို ဖယ်ရှားပေးနိုင်ပါတယ်။ …

အလှအပရေးရာ

မျက်ခုံးမွှေး ထူထူလေးတွေကို ပိုင်ဆိုင်စေမယ့် သဘာဝနည်းလမ်းများ

မျက်ခုံးမွှေး ထူထူလေးတွေကို ပိုင်ဆိုင်စေမယ့် သဘာဝနည်းလမ်းများ မျက်ခုံးမွေးထူထူလေးကို ပိုင်ဆိုင်ချင်ပါသလား? မျက်ခုံးမွေးထူထူလေးက လူတစ်ယောက်ကို ကြည့်ကောင်းသွားစေပါတယ်။ မျက်နှာခုံးမွေးပါးနေရင် မျက်နှာခုံးမွေးဆွဲတံကို အသုံးပြုပြီး ခြယ်သရတာလည်း တစ်ဒုက္ခပါပဲ။ မျက်ခုံးမွေးထူထူလေးပိုင်ဆိုင်ထားရင် အချိန်ကုန်စရာမလိုဘဲ သင့်ကို ဆွဲဆောင်မှုရှိသွားစေမှာပါ။ သဘာဝပစ္စည်းတွေ အကူအညီနဲ့ မျက်ခုံးမွေးထူထူလေး ဖြစ်အောင် ကြိုးစားကြည့်လို့ရပါတယ်။ အဲဒီ သဘာဝပစ္စည်းလေးတွေ ကတော့… ၁။ အုန်းဆီဒီအစွမ်းထက်ဆီက အလှအပထိန်းသိမ်းရေးအတွက် အကျိုးကျေးဇူးများစွာရှိတာကို သိထားပြီးသားပါ။ မျက်ခုံးမွေးထူထူလေးဖြစ်ဖို့ဆိုရင် အုန်းဆီနွေးနွေးလေးလိုအပ်ပြီး မျက်ခုံးမွေးပေါ်ကို စက်ဝိုင်းပုံစံ ပွတ်လိမ်းလိုက်ပါ။ တစ်ညလုံး လိမ်းထားရမှာပါ။ အုန်းဆီက အမွေးအမှင်သန်အောင် ကူညီပေးပြီး အသားရေကို စိုပြေစေပါတယ်။ ၂။ ကြက္ဆူဆီ…. ဒီဆီက အဆီဓာတ်အက်ဆစ်၊ ဗီတာမင်ဓာတ်တွေ၊ အန်တီအောက်စီဒန့်ဓာတ်တွေ ပြည့်ဝနေပါတယ်။ …

မိုးတွင်းကာလအတွက် ဆံသားထိန်းသိမ်းမှုဆိုင်ရာနည်းလမ်းလေးများ
အလွအပေရးရာ

မိုးတွင်းကာလအတွက် ဆံသားထိန်းသိမ်းမှုဆိုင်ရာနည်းလမ်းလေးများ

မိုးတွင်းကာလအတွက် ဆံသားထိန်းသိမ်းမှုဆိုင်ရာနည်းလမ်းလေးများ မိုးတွင်းကာလဆိုတာ ဦးရေပြားပေါ်မှာ ယားယံမှုတွေကို ဖြစ်ပေါ်စေတဲ့ ကာလပါ။ အုန်းဆီကို အနွေးဓာတ်ပေးပြီး ဦးရေပြားပေါ် လိမ်းခြယ်နှိပ်နယ်ပေးပါ။ ဆံပင်ကို မိုးရေ မစိုအောင် ဂရုစိုက်ပါ။ စိုသွားရင် ရှန်ပူနဲ့ ချက်ချင်း ခေါင်းလျှော်ပြီး အခြောက်ခံပါ။ မိုးတွင်းကာလမှာ ရှန်ပူအပျော့စားနဲ့ ခေါင်းလျှော်ပါ။ Conditioner ကိုလည်း သုံးပေးပါ။ မိုးတွင်း တလျှောက်လုံး ဆံပင် အရောင်ဆိုးခြင်းကို ရှောင်ကြဉ်ပါ။ ဆံသားတောက်ပမှုကို ထိန်းသိမ်းဖို့ ဓာတုပစ္စည်း မပါတဲ့ သဘာဝထုတ်ကုန်တွေကို အသုံးပြုပါ။ လှပဖို့ အားစိုက်ထုတ်နေရတဲ့ ပုံစံထက် သဘာဝကျတဲ့ ဆံပင်ပုံစံမျိုး ညှပ်ပါ။ ခေါင်းလျှော်ပြီးရင် လေမှုတ်စက်မသုံးဘဲ တဘက်နဲ့ အခြောက်ခံပြီး အစိုဓာတ် ထိန်းသိမ်းပေးပါ။ သိမှတ်သင့်တဲ့ …

ဆံပင်အတိုထားခြင်းရဲ့ အားသာချက်လေးတွေ
အလွအပေရးရာ

ဆံပင်အတိုထားခြင်းရဲ့ အားသာချက်လေးတွေ

ဆံပင်အတိုထားခြင်းရဲ့ အားသာချက်လေးတွေ မိန်းမတို့ဘုန်း ဆံထုံးဆိုတဲ့ ဆိုရိုးစကားအတိုင်း မိန်းကလေးအများစုဟာ ဆံပင်အရှည်ထားရတာကို နှစ်သက်ကြသလို မိန်းကလေးတွေနဲ့ဆံပင်အရှည်ဆိုတာ ခွဲထားလို့မရတဲ့ စံနှုန်းတစ်ခုလို သဘောထား သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ခေတ်ကာလ ပြောင်းလဲလာတာနဲ့အမျှ မိန်းကလေးတွေဟာ ဆံပင်အရှည်ကို ဆက်ပြီး မြတ်မြတ်နိုးနိုးထား ကြတဲ့သူတွေလည်း ရှိသလို ခေတ်ရေစီးအရရော ရာသီဥတုနဲ့ လိုက်လျောညီထွေ ရှိဖို့ပါ ဦးစားပေးစဉ်းစားလာကြတဲ့အခါမှာ တချို့က ဆံပင်ခပ်တိုတို ကပ်ကပ်လေးတွေ ညှပ်လာတာ တွေ့မြင်ရပါတယ်။ ဆံပင်အတိုဟာ ဖက်ရှင်ရှူထောင့်က ကြည့်ရင်လည်း ခေတ်ဆန်ပြီး အမြင်တစ်မျိုး ဆန်းသလို ကျန်းမာရေးရှူထောင့်က ကြည့်ရင်လည်း အများကြီး ကောင်းကျိုးပေးနိုင်တာ တွေ့ရပါတယ်။ ဒါကြောင့် မိန်းကလေးတွေအနေနဲ့ ဆံပင်အရှည်ထားတာနဲ့လည်း လိုက်ဖက်တင့်တယ်သလို ဆံပင်အတိုကပ်ကပ်လေးတွေ ညှပ်ဖို့ဆန္ဒရှိတယ် ဆိုရင်လည်း …

သင့်အသားအရေ ခြောက်ကပ်ကပ်မဖြစ်ပဲ စိုပြေနေစေဖို့ ရှောင်ရမယ့် အချက် (၇) ချက်
အလွအပေရးရာ

သင့်အသားအရေ ခြောက်ကပ်ကပ်မဖြစ်ပဲ စိုပြေနေစေဖို့ ရှောင်ရမယ့် အချက် (၇) ချက်

သင့်အသားအရေ ခြောက်ကပ်ကပ်မဖြစ်ပဲ စိုပြေနေစေဖို့ ရှောင်ရမယ့် အချက် (၇) ချက် အမြဲတမ်း အသားအရေ စိုစိုလေးဖြစ်စေဖို့ ဒီအချက်တွေကို ရှောင်ပါ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာလှပနေဖို့ ရေဓါတ်ပြည့်ဝဖို့ လိုအပ်ပါတယ်။ ဒါပေမယ့်သင်က creamတွေ lotion တွေ လိမ်းပေမယ့် ရေဓါတ်ခန်းခြောက်နေသလို၊ မစိုမပြေ ဖြစ်နေပါလိမ့်မယ်။ နေ့စဉ်လုပ်မိနေတဲ့ အပြုအမူတချို့ကြောင့်လည်း အသားအရေ ခြောက်ကပ်ကပ် ဖြစ်နေတာပါ။ ၁။ ရေအများအပြား သောက်ခြင်း ရေကို လိုတာထက် ပိုသောက်မိတာကလည်း အသားအရေကို ပျက်စီးစေပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာဖို့ ရေဓါတ်ပြည့်နေရမယ် ဆိုပေမယ့် ရေဓါတ်လွန်ကဲတဲ့အခါ မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တွေ ဆုံးရှုံးသွားပါတယ်။ အဲဒါကြောင့် ရေကို တစ်နေ့သောက်သင့်တဲ့ ပမာဏထက်ပိုပြီး မသောက်သင့်ပါဘူး။ …

ဝမ်းဗိုက် က အဆီ တွေကို ချေဖျက်ပေးနိုင်ပြီး ကိုယ်ဟန် အနေအထား မှန်စေမယ့် လေ့ကျင့်ခန်း
အလွအပေရးရာ

ဝမ်းဗိုက် က အဆီ တွေကို ချေဖျက်ပေးနိုင်ပြီး ကိုယ်ဟန် အနေအထား မှန်စေမယ့် လေ့ကျင့်ခန်း

ဝမ်းဗိုက် က အဆီ တွေကို ချေဖျက်ပေးနိုင်ပြီး ကိုယ်ဟန် အနေအထား မှန်စေမယ့် လေ့ကျင့်ခန်း မင်္ဂလာပါရှင်။ ဝမ်းဗိုက် က အဆီ တွေကို လျှော့ချ ချင်လို့ ရတဲ့အပြင် တခြား ကျန်းမာရေး ဆိုင်ရာ အကျိုးကျေး ဇူး တွေ များစွာ ရှိနေတဲ့ လေ့ကျင့်ခန်း တစ်ခုကို မျှဝေပေးချင်ပါတယ်။ အချိန်တကူးတက ပေးစရာမလိုဘဲ အိမ်မှာပဲ အဆင်ပြေသလို လုပ်လို့ရပါတယ်။ အခုပုံမှာ ပြထားတဲ့ လေ့ကျင့်ခန်း လေးပါ။ ကြည့်ရင်ခက်တယ်လို့ ထင်ရပေမယ့် တကယ်တော့ လွယ်လွယ်လေးပါပဲ။ သင့်ကျန်းမာရေး အတွက်ရော အလှအပ အတွက်ပါ များစွာ အကျိုးကျေးဇူးရှိနေလို့ Reverse Push-up ဆိုတဲ့ …

သနပ်ခါးလိမ်းတဲ့ မိန်းခလေးတိုင်း သိဖို့ အရေးကြီးတဲ့ အချက်လေးတွေ
အလွအပေရးရာ

သနပ်ခါးလိမ်းတဲ့ မိန်းခလေးတိုင်း သိဖို့ အရေးကြီးတဲ့ အချက်လေးတွေ

သနပ်ခါးလိမ်းတဲ့ မိန်းခလေးတိုင်း သိဖို့ အရေးကြီးတဲ့ အချက်လေးတွေ မေမေ ပြောပြတဲ့ ပျိုမေတို့ အကြိုက် သနပ်ခါး ကျောက်ပျဉ် သနပ်ခါး ကျောက်ပြင် အသစ်ဆို ရေလေး ဆေးလိုက်ပြီး သနပ်ခါးတုံး သွေးထည့်လိုက်တာပဲ… အဲသလို လုပ်လို့မရပါဘူး… ကျောက်သား အစစ်ကို ထွင်းထားတဲ့ ကျောက်ပျဉ် ဖြစ်ဖြစ် ဘိလပ်မြေ လိုမျိုးကို ပုံပြုထားတဲ့ ကျောက်ပျဉ်ဖြစ်ဖြစ် ပထမဦးဆုံး အသုံးမပြုခင်မှာ ဝယ်လာတဲ့ ကျောက်ပျဉ်ကို ရေစင်စင်ဆေးပြီး ကျောက်ပျဉ်ကို ရေပုန်းထဲကို ထည့်ပြီး ရေနဲ့ တစ်ည စိမ်ထားပါ… နောက်တစ်ရက်မှာ နနွန်းတက်နဲ့ ဆီ + ဆားနဲ့ကို သွေးပြီး တစ်နေကုန် နေလှမ်းထားရပါတယ်… ဆီခြောက်တော့မှ သနပ်ခါးကျောက်ပျဉ်ကို …

"ဝါကျင့်နေတဲ့သွားလေးတွေကိုဖြူဝင်းလာစေမယ့် သဘာဝနည်းလမ်းလေးများ"
အလွအပေရးရာ

“ဝါကျင့်နေတဲ့သွားလေးတွေကိုဖြူဝင်းလာစေမယ့် သဘာဝနည်းလမ်းလေးများ”

“ဝါကျင့်နေတဲ့သွားလေးတွေကိုဖြူဝင်းလာစေမယ့် သဘာဝနည်းလမ်းလေးများ” အလွန်လှပတဲ့ အပြုံးဆိုတာ သွားလေးတွေအပေါ်လည်း အလွန်မူတည်ပါတယ်။ ကံမကောင်းစွာပဲ ဆေးလိပ်သောက်တာမျိုး ၊ ကဖင်းဓါတ် အများအပြား သောက်သုံးတာမျိုးနဲ့ သွားစစ်ဆေးမှု ပုံမှန်မလုပ်တဲ့ အခါမျိုးမှာ သွားလေးတွေ ထိခိုက်လာတတ်ပါတယ်။ နေ့စဉ် ကျွန်တော်တို့ ပြုလုပ်နေတဲ့ အကျင့်ဆိုးတွေကြောင့် သွားတွေဝါပြီး ညစ်ထေး လာလေ့ရှိပါတယ်။ ဒီပြဿနာကို ဘယ်လိုရှင်းရမလဲ ဆိုတာကို အခုပဲ ပြောပြသွားတော့မှာပါ။ ၁- ဘေကင်ပေါင်ဒါ ဘေကင်ပေါင်ဒါဟာ နေရာတော်တော်များများမှာ အသုံးဝင်တဲ့ အရာတစ်ခုဆိုလည်း မမှားပါဘူး။ ဘေကင်ဆော်ဒါတစ်ဇွန်း ကို ဆားအနည်းငယ်နဲ့ ရောပြီး သွားပွတ်တံမှာ ထည့်ပြီး တိုက်မယ်ဆိုရင် သွားလေးတွေ ဖြူဝင်းလာမှာပါ။ ၂- ရှားစောင်းလက်ပတ် နဲ့ ဂလေစရင်း အလှဆီ …

Mask ဝတ်ရတဲ့အတွက် မိန်းကလေးတွေ မိတ်ကပ်ဘယ်လိုလိမ်းကြမလဲ
အလွအပေရးရာ

” Mask ဝတ်ရတဲ့အတွက် မိန်းကလေးတွေ မိတ်ကပ်ဘယ်လိုလိမ်းကြမလဲ “

” Mask ဝတ်ရတဲ့အတွက် မိန်းကလေးတွေ မိတ်ကပ်ဘယ်လိုလိမ်းကြမလဲ ” အခု လိုကပ်ရောဂါကာလအတွင်းမှာ Mask ဟာ ကိုယ့်ကိုယ်ကိုယ် ဘေးကင်းဖို့ ကာကွယ်ပေးမယ့် အရာလို ဖြစ်နေပါတယ်။ Mask တွေက ကိုဗစ်အန္တရာယ်ကနေ သင့်ကို ကာကွယ်ပေးနေတဲ့အတွက် အပြင်ထွက်တဲ့ အခါတိုင်း Mask တပ်နေကြရပါတယ်။ Mask ဝတ်ထားရတဲ့အတွက် မျက်နှာတစ်ဝက်နီးပါးကို ဖုံးထားတာ ဖြစ်တာကြောင့် မိန်းကလေးတွေ မိတ်ကပ်လိမ်းရတာ အဆင်မပြေ ဖြစ်ရပါတယ်။ မိန်းကလေးတွေက Mask ဝတ်တဲ့အခါ မိတ်ကပ်လိမ်းတဲ့ နေရာမှာ အခက်ကြုံကြရပါတယ်။ Mask မဖုံးတာဆိုလို့ မျက်လုံး၊ မျက်ခုံး၊ မျက်တောင့်တွေပဲ ရှိပါတော့တယ်။ Mask ဝတ်ရမှာမို့ မိတ်ကပ် ဘယ်လိုလိမ်းရမလဲ အခက်ကြုံနေတဲ့ …

ပန်းရောင်နှုတ်ခမ်းသားလေးရရှိဖို့ အလွယ်ကူအထိရောက်ဆုံး သဘာဝနည်းလမ်း သုံးမျိုး
အလွအပေရးရာ

ပန်းရောင်နှုတ်ခမ်းသားလေးရရှိဖို့ အလွယ်ကူအထိရောက်ဆုံး သဘာဝနည်းလမ်း သုံးမျိုး

ပန်းရောင်နှုတ်ခမ်းသားလေးရရှိဖို့ အလွယ်ကူအထိရောက်ဆုံး သဘာဝနည်းလမ်း သုံးမျိုး နှုတ်ခမ်းသား ခြောက်သွေ့ပြီး ညိုနေလို့ စိတ်ညစ်နေပါသလား။ အခုတလော ခေတ်စားနေတဲ့ matte နှုတ်ခမ်းနီတွေနဲ့၊ အခြားနှုတ်ခမ်းနီတွေက နှုတ်ခမ်းသားကို ခြောက်သွေ့စေပါတယ်။ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကတော့ နှုတ်ခမ်းသားလေးတွေကို နူးညံ့လာစေတဲ့အပြင် ပန်းရောင်သန်းစေနိုင်တဲ့ သဘာဝနည်းလမ်းလေးတွေဖြစ်ပါတယ်။ (၁) သံပုရာ သံပုရာကို အမဲစက်တွေ လျော့နည်းစေဖို့ အသုံးပြုကြသလို နှုတ်ခမ်းသားညိုတဲ့ သူတွေ အတွက်လည်း အထူးကောင်းမွန်ပါတယ်။ ညိုနေတဲ့ နှုတ်ခမ်းသားတွေကို သဘာဝအတိုင်း ပန်းရောင် သမ်းလာစေပါတယ်။ အသုံးပြုနည်း သံပုရာသီးကို အရည်ညှစ်ပြီး ညအိပ်ရာ မဝင်ခင် နှုတ်ခမ်းပေါ်ကို လိမ်းပေးပါ။ ဒီရိုးရှင်းတဲ့ နည်းလေးကို တစ်လလောက် ပုံမှန်လေး လုပ်ပေးပါ။ နောက်တစ်နည်းကတော့ သံပုရာခြမ်းလေးကို …