LIFE STYLE
၃။ သင့်ရဲ့ အားထားရာ
၅။ အပေးအယူမရှိတတ်ဘူး
CRD-Auntymay
UNICODE
ဘဝမှာသူငယ်ချင်းကောင်း BFF တစ်ယောက်ပိုင်ဆိုင်ထားပြီဆိုတာသေချာနေတဲ့ ၇ ချက်
ဘဝမှာ သူငယ်ချင်းကောင်းတွေပိုင်ဆိုင်ထားဖို့လိုအပ်ပါတယ်။ သူငယ်ချင်းကောင်းရှိထားတဲ့လူတစ်ယောက်က တော်တော်လေးကို ကံကောင်းနေပါပြီ။ ကိုယ့်ကို ပံ့ပိုးပေးမယ့်၊ အကြံဉာဏ်ပေးမယ့်၊ ကိုယ်စိတ်ညစ်တဲ့အချိန် ရင်ဖွင့်နိုင်မယ့်၊ အတူတူပေါနိုင်မယ့် သူငယ်ချင်းတစ်ယောက်ရှိထားသင့်ပါတယ်။ သင့်ဘဝမှာ BFF တစ်ယောက် ပိုင်ဆိုင်ထားပြီလား ဒီအချက်တွေနဲ့ ချိန်ကိုက်ကြည့်လိုက်ပါနော်
၁။ သင်စိတ်ညစ်နေတာကို သူတို့သိတယ်
သင့်မျက်နှာအရိပ်အကဲကို သူတို့နားလည်ပါတယ်။ သင်စိတ်ညစ်နေလား သူတို့ကြည့်တတ်ပါတယ်။ သင်ပြောစရာမလိုဘဲ သဘောပေါက်နေတယ်ဆိုရင်တော့ သူငယ်ချင်းကောင်းပါပဲ။
၂။ သူနဲ့အတူရှိရင် ပျော်ဖို့ကောင်းတယ်
အရမ်းခင်တဲ့သူငယ်ချင်းနဲ့ဆိုရင် ဘာလုပ်ရ လုပ်ရ ပျော်ဖို့ကောင်းနေတာပါပဲ။ ပျင်းဖို့ကောင်းလွန်းတဲ့ကိစ္စလုပ်ရင်လည်း သူငယ်ချင်းကောင်းနဲ့ဆိုရင် ပျော်စရာလေးရှာပြီး အတူတူလုပ်တတ်ပါသေးတယ်။
၃။ သင့်ရဲ့ အားထားရာ
သင်ဘာပဲလုပ်လုပ် သူငယ်ချင်းကောင်းက ထောက်ခံပေးဖို့ ပံ့ပိုးပေးဖို့ အဆင်သင့်ရှိနေတတ်ပါတယ်။ သင့်ဘဝတိုးတက်ဖို့အတွက်ဆိုရင် ထောက်ပံ့ပေးဖို့ အသင့်ရှိတတ်ကြပါတယ်။
၄။ သင်တို့နှစ်ယောက်သာနားလည်တဲ့စကားတွေရှိတယ်
ချစ်သူကို အရမ်းချစ်တတ်တဲ့ ယောကျာ်းလေးတွေဆိုတာ … ဒီလိုမျိုးပါသူငယ်ချင်းကောင်းတစ်ယောက်သာရှိရင် လူတွေမသိတဲ့ သူနဲ့ကိုယ်ကြားက လျှို့ဝှက်ဟာသလေးတွေရှိတတ်ပါတယ်။
၅။ အပေးအယူမရှိတတ်ဘူး
သင့်ကို ကူညီလိုက်တာဖြစ်ဖြစ်၊ သင့်ဘက်က ကူညီလိုက်တာဖြစ်ဖြစ် ပိုက်ဆံချေးတာက လွဲလို့ အပေးအယူမရှိတတ်ပါဘူး။ ကူညီပေးရရင်ကို ပျော်ရွှင်နေကြတာပါ။
၆။ နေ့တိုင်းစကားပြောဖြစ်တယ်
ဘယ်လောက်ပဲအလုပ်များပါစေ သူငယ်ချင်းကောင်းတစ်ယောက်က အချိန်ပေးပြီးတော့ကို စကားလာပြောတတ်ပါတယ်။ မတ်ဆေ့ပို့တာဖြစ်ဖြစ်၊ ဖုန်းခေါ်တာဖြစ်ဖြစ် အဆက်အသွယ်တစ်ခုရအောင် ကြိုးစားကြပါတယ်။
၇။ သင့်အကြောင်းကို မေးတတ်တယ်
သင့်ရဲ့ ငယ်သူငယ်ချင်းဆိုရင် သင့်အကြောင်း သူတို့သိမှာပါ။ သင်အဆင်ပြေရဲ့လား သင်ဘာတွေဖြစ်နေပြီလဲ သတိတရ မေးတတ်ကြပါတယ်။
ဘဝမှာ သူငယ်ချင်းကောင်းတစ်ယောက်ရဖို့ အရမ်းခက်ခဲပါတယ်။ ပိုင်ဆိုင်ထားတယ်ဆိုရင် သူငယ်ချင်းတွေအပေါ် အချိန်ပေးဖို့ မမေ့ပါနဲ့နော်။ သူငယ်ချင်းကောင်းပိုင်ဆိုင်ထားသူတို့အတွက် ဂုဏ်ယူပါတယ်။ သင့်သူငယ်ချင်းကောင်းတွေကိုလည်း Mention ခေါ်ဖို့ မမေ့နဲ့နော်။
LIFE STYLE
ယောက်ျားအများစု ရှိန်ကြတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ အမူအကျင့်များ
ယောက်ျားအများစု ရှိန်ကြတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ အမူအကျင့်များ ယောက်ျားလေးတွေက ဒီလိုအရည်အသွေးရှိတဲ့ အမျိုးသမီးတွေကို ရှိန်ကြပါတယ် …။ (၁) ယောက်ျားတွေရဲ့ အာရုံစိုက်ခံရဖို့ မကြိုးစားဘဲ ရှိရင်းစွဲအတိုင်း ပြုမူ ပြောဆိုဆက်ဆံတတ်တာ …။ (၂) ကိုယ်လိုချင်တာကို ရအောင်ယူတတ်တဲ့ စိတ်အား ထက်သန်မှုတွေရှိတာ …။ (၃) ကိုယ့်အား ကိုယ်ကိုးလိုစိတ် ရှိတာ …။ (၄) လုပ်သမျှကိုအကောင်းဆုံးလုပ်ဆောင်တတ်တာ။ ဘက်စုံ ထူးချွန်တာ ..။ (၅) မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်တာ …။ (၆) အခြားလူတွေရဲ့ ချစ်ခြင်းမုန်းခြင်းကို ဂရုမစိုက်ဘဲ ကိုယ်လုပ်ရမယ့်အရာတွေကိုပဲ အာရုံစိုက်ပြီး လုပ်တာ …။ (၇) ရဲရင့် ထက်မြက်တာ …
စိတ်ကူးယဉ်အချစ်ရုပ်ရှင်တွေက လက်တွေ့ဘဝအချစ်ရေးကိုထိခိုက်စေကြောင်းတွေ့ရှိ....
LIFE STYLE
စိတ်ကူးယဉ်အချစ်ရုပ်ရှင်တွေက လက်တွေ့ဘဝအချစ်ရေးကိုထိခိုက်စေကြောင်းတွေ့ရှိ….
စိတ်ကူးယဉ်အချစ်ရုပ်ရှင်တွေက လက်တွေ့ဘဝအချစ်ရေးကိုထိခိုက်စေကြောင်းတွေ့ရှိ…. စိတ်ပညာရှင်တွေက လူတွေရဲ့အချစ်ရေးနဲ့ပတ်သက်လို့လေ့လာကြတဲ့အခါ စိတ်ကူးယဉ်အချစ်ဇာတ်လမ်း၊ ရုပ်ရှင်တွေနဲ့ပတ်သက်လို့လည်း ထည့်သွင်းလေ့လာကြပါတယ်။ ပြီးတော့ ပညာရှင်တွေပြောစကားအရ လက်တွေ့နဲ့ကင်းကွာတဲ့ အချစ်ဇာတ်လမ်းတွေကိုကြည့်ပြီး ကိုယ့်ရဲ့အချစ်ရေးနဲ့နှိုင်းယှဉ်မိတဲ့အခါ အဆင်မပြေမှုတွေဖြစ်လာနိုင်တယ်ဆိုတာကို Bright Side မှာ ဒီလိုဖော်ပြထားပါတယ်။ အဲ့ဒီရုပ်ရှင်တွေထဲမှာ တကယ့်လက်တွေ့ဘဝမှာမတွေ့ရတဲ့ အပြုအမူတွေကိုတွေ့ရတယ် ရုပ်ရှင်တွေထဲမှာရိုက်ပြတာက အဆင်ပြေပျော်စရာကောင်းတဲ့အချစ်ရေးမျိုးတွေပိုများပြီး၊ အဆင်မပြေတဲ့အချစ်ရေးဆိုရင်တောင် စိတ်ပျက်စရာကောင်းတဲ့ပုံစံမျိုးမဟုတ်ဘဲ ၊ လွမ်းစရာ၊သနားစရာဖြစ်အောင်ရိုက်ပြတတ်ပါတယ်။ ချစ်သူနှစ်ယောက်စတွေ့ချိန်ကစ၊ ချစ်ရေးဆိုတဲ့အချိန်၊ ချစ်သူတွေဖြစ်သွားတဲ့အချိန်တွေက ပျော်စရာ၊ အားကျစရာမြင်ကွင်းမျိုးတွေဖြစ်တတ်ပြီး နောက်ဆုံး ကွဲသွားကြရင်တောင် ရင်ထဲတသသဖြစ်မယ့် အနေအထားမျိုးတွေဖြစ်ပါတယ်။ လက်တွေ့ဘဝထဲမှာက အဲ့လိုအခြေအနေတွေ သိပ်မဖြစ်နိုင်ဘူးလို့ ပညာရှင်တွေက သုံးသပ်ပါတယ်။ ဇာတ်ကောင်တွေက ခြောက်ပစ်ကင်းသဲလဲစင်ပုံစံမျိုးရိုက်ကူးထားတယ် ဇာတ်ကောင်တွေရဲ့ ကာရိုက်တာဆိုရင်လည်း ရုပ်ရည်ရော၊ စိတ်ဓာတ်ပါ ခြောက်ပစ်ကင်းသဲလဲစင်ပုံစံမျိုး၊ သူတို့ရဲ့ဘဝအခြေအနေကအစ အဆင်မပြေတဲ့ဘဝမျိုးဆိုရင်တောင် ကရုဏာသက်ဖွယ်ပုံစံမျိုး …
အသက် ၃၀ မတိုင်ခင် ချမ်းသာချင်ရင် အသက် ၂၀ ကျော်မှာ ဒါတွေလုပ်ပါ....
LIFE STYLE
အသက် ၃၀ မတိုင်ခင် ချမ်းသာချင်ရင် အသက် ၂၀ ကျော်မှာ ဒါတွေလုပ်ပါ….
အသက် ၃၀ မတိုင်ခင် ချမ်းသာချင်ရင် အသက် ၂၀ ကျော်မှာ ဒါတွေလုပ်ပါ…. လူတိုင်းဟာ ချမ်းသာကြွယ်ဝချင်ကြပါတယ်။ ဒါပေမယ့် တော်တော်များများဟာ ဒီအိပ်မက်ကို လက်တွေ့အကောင်အထည် မဖော်နိုင်ကြပါဘူး …။ အကြောင်းကတော့ ချမ်းသာကြွယ်ဝခြင်းဆိုတာ တစ်နေ့နေ့ဆိုတဲ့ စိတ်ကူးယဉ်သက်သက်နဲ့ မရပဲ လက်တွေ့အကောင်အထည်ဖော်မှ ရတဲ့အရာ ဖြစ်နေလို့ပါပဲ …။ ငယ်ရွယ်စဉ်မှာ ဒီအိပ်မက်ကိုလက်တွေ့ အကောင်အထည်ဖော်နိုင်လေလေ သူဌေးဖြစ်စောလေလေပါပဲ …။ ဒါကြောင့် ချမ်းသာချင်သူတိုင်း လက်တွေ့ကျင့်သုံးသင့်တဲ့ ဘဝသော့ချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော် …။ (၁) ဟိုရွှေ့သည်ရွှေ့မလုပ်ပါနဲ့ ဒီနေ့လုပ်လို့ရတဲ့အရာတစ်ခုကို မနက်ဖြန်မရွှေ့ပါနဲ့ဆိုတဲ့ စကားပုံအတိုင်းပဲ သင့်ရဲ့ အိပ်မက်တွေ၊ စိတ်ကူးတွေကို ချက်ချင်းပဲ အကောင်အထည်ဖော်ပါ …။ အချိန်ဆွဲတာ၊ အချိန်ရွှေ့တာတွေဟာ သင့်ဘဝတက်လမ်းကို …