
Cele new




Source : Brave Empire Entertainment & Production,CRD-Moe – Cele Gabar

Unicode
လိပ်ပြာစံအိမ်ကဲ့သို့အောင်မြင်မှုတွေရရှိလာနိုင်တဲ့ ဝတ်မှုန်ရွှေရည်နဲ့ပိုင်တံခွန်တို့ရိုက်ကူးမယ့် အိမ်မက်မြစ်

(၂၀၁၉)ခုနှစ်အတွင်းမှာ အောင်မြင်မှုတွေများစွာရရှိထားတဲ့ လိပ်ပြာစံအိမ်ဇာတ်ကားကြီးလိုပဲ အောင်မြင်မှုတွေရရှိနိုင်တဲ့ ဇာတ်ကားသစ်ကြီးကို ပရိသတ်တွေရင်ခုန်ရတော့မှာပါ။ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးဖြစ်တဲ့ ဝတ်မှုန်ရွှေရည်နဲ့ပြည်ပနိုင်ငံတွေအထိအောင်မြင်မှုတွေရရှိထားတဲ့ ပိုင်တံခွန်တို့နှစ်ယောက်ကတော့ ရုပ်ရှင်ဇာတ်ကားအတူတူ ရိုက်ကူးတော့မှာပဲ ဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ အိမ်မက်မြစ်ဖြစ်ပါတယ်။

ဒီဇာတ်ကားကေိုတာ့ Brave Empire Entertainment & Production က ရိုက်ကူးထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Brave Empire ရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်ပြီး ပထမဇာတ်ကားကတော့ အောင်မြင်မှုများစွာရရှိထားတဲ့ လိပ်ပြာစံအိမ်ဖြစ်ပါတယ်။ ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့ အိမ်မက်မြစ်ကိုတော့ ဒီနေ့မက် ၈ နာရီခွဲမှာ ရုပ်ရှင်ကန်တော့ ပွဲပြုလုပ်ခဲ့ကာ မကြာမီမှာစတင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။

ဒီဇာတ်ကားမှာတော့ သရုပ်ဆောင် ပိုင်တံခွန်၊ အကယ်ဒမီ ဝတ်မှုန်ရွှေရည်၊မေမီကိကို၊ သီဟ နဲ့ နေရဲ တို့က အဓိကပါဝင်သရုပ်ဆောင်သွားကြမည်ဖြစ်ပါတယ်။ဒီဇာတ်ကားကို ရှမ်းပြည်နယ်မှာရှိတဲ့ သာယာအေးချမ်းလှတဲ့ ကလောမြို့လေးမှာ သွားရောက်ရိုက်ကူးမှာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေရင်ခုန်စွာမျှော်လင့်နေရမယ့် နောက်ထပ်ဇာတ်ကားသစ်ကြီးပါပဲနော်…

Cele new
အိမ်ထောင်ရေးမှာ သားသမီးက ချည်တိုင် မဟုတ်ဘူး ဆိုတဲ့ မြနှင်းရည်လွင်

အိမ်ထောင်ရေးမှာ သားသမီးက ချည်တိုင် မဟုတ်ဘူး ဆိုတဲ့ မြနှင်းရည်လွင် ရုပ်သံဇာတ်လမ်းတွဲကနေ မတူတဲ့ ဇာတ်ရုပ်တွေနဲ့ ပရိသတ် ပိုသိလာတဲ့ သရုပ်ဆောင် မြနှင်းရည်လွင် နဲ့ တွေ့ဆုံခိုက် သူမရဲ့ အနုပညာရေး အိမ်ထောင်ရေးကို မေးမြန်း ဖြစ်ခဲ့ပါတယ် ။ မေး – လတ်တလော အနုပညာလှုပ်ရှားမှုကို ပြောပါအုံး ။ ဖြေ – လတ်တလောမှာက မာယာလှည့်ကွက် ဇာတ်လမ်းတွဲကို MRTB4 နဲ့ ရိုက်ထားတယ် ။ နောက်ပြီး Program အတိုလေးတွေ ကြော်ငြာ လေးတွေ ရိုက်ဖြစ်တယ် ။ အခုနောက်ပိုင်း ဇာတ်ရုပ် နည်းသည် ဖြစ်စေ များသည် ဖြစ်စေ ရိုက်ဖြစ်နေတော့ …

Cele new
မင်းသမီးလုပ်နေလို့ တက်တူးထိုးတာကို လျော့ထားသေးတာပါဆိုတဲ့ သင်ဇာ

မင်းသမီး သင်ဇာဝင့်ကျော်ကတော့ ခပ်မိုက်မိုက် ဘော်ဒီကောက်ကြောင်းနဲ့ ချောမောလှပတဲ့ မင်းသမီးချောတစ်လက်ပဲဖြစ်ပါတယ်..။ ကာရိုက်တာတိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်ပြီး သူများနဲ့မတူတဲ့ ဖက်ရှင်ပုံစံတွေကြောင့် ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှုအများဆုံး ရရှိတဲ့ မင်းသမီးတစ်လက်ဆိုရင်လည်း မှားမယ်မထင်ပါဘူး..။ မြန်မာဆန်ဆန် ဝတ်စုံလေးတွေနြဲု့ကည့်ကောင်းသလို ခပ်မိုက်မိုက် ခပ်ဟော့ဟော့ စတိုင်လေးတွေနဲ့လည်း ပရိသတ်တွေကို စပရိုက်လုပ်တတ်သူပါ..။ သင်ဇာတစ်ယောက် ဖြစ်ရပ်မှန် ဇာတ်လမ်းကို ပြန်လည်ပုံဖော်မယ့် “ မြမြ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်မယ့်အကြောင်း သိခဲ့တဲ့အချိန်မှာတော့ ဝေဖန်မှုတွေအများကြီး ခံခဲ့ရတာပါ.. သင်ဇာကိုယ်တိုင်က တက်တူးထိုးရတာကို ကြိုက်နှစ်သက်တာဖြစ်ပြီး အမြဲလိုလို တက်တူထိုးဖို့စဉ်စားနေမိပြီး ထိုးရမယ့်နေရာနဲ့ ကိုယ်ထိုးချင်တဲ့ပုံ အချိန်အခါသင့်သွားခဲ့ရင် ထိုးဖြစ်သွားခဲ့တာလိုကလည်းဆိုပါတယ်။ သင်ဇာရဲ့ တက်တူးတွေကတော့ များသောအားဖြင့် မမြင်သာတဲ့ နေရာတွေမှာထိုးဖြစ်ပြီးတော့ မင်းသမီးလုပ်နေတာကြောင့် လူမြင်တဲ့နေရာတွေမှာ …

Cele new
မေသန်းနုအမှုနောက်ကွယ်က တရားလိုဒေါ်စန်းစန်းမြင့်ဖုံးကွယ်ထားတဲ့ အမှန်တရားတွေကို မျက်ရည်တွေနဲ့ရှင်းပြလာခဲ့တဲ့ အကယ်ဒမီ စင်ရော်မောင်မောင်

မေသန်းနုအမှုနောက်ကွယ်က တရားလိုဒေါ်စန်းစန်းမြင့်ဖုံးကွယ်ထားတဲ့ အမှန်တရားတွေကို မျက်ရည်တွေနဲ့ရှင်းပြလာခဲ့တဲ့ အကယ်ဒမီ စင်ရော်မောင်မောင် အကယ်ဒမီ ငါးဆုရှင် မေသန်းနုတစ်ယောက် ငွေကြေးလိမ်လည်မှုနဲ့ထောင်ဒဏ်တစ်နှစ် ကျခံခဲ့ရတာကိုတော့ ပရိသတ်ကြီး သိရှိပြီးဖြစ်မှာပါ …. ။ ဒီအမှုရဲ့ တရားလို ဒေါ်စန်းစန်းမြင့်ကတော့ သူမအနေနဲ့ မေသန်းနုကို အရမ်းချစ်ပေမယ့် သူမဘဝပျက်ရတဲ့ အတွက် တရားစွဲဆိုခဲ့ရတာဖြစ်ပြီး ငွေပြန်ရရင် အကုန်ကြေအေးပေးမှာဖြစ်တယ်လို့ ပြောဆိုခဲ့တာပဲဖြစ်ပါတယ် … ။ ယနေ့မှာတော့ မေသန်းနုရဲ့ ခင်ပွန်းဟောင်း အကယ်ဒမီ စင်ရော်မောင်မောင်ကတော့ မေသန်းနု အမှု နောက်ကွယ်က အကြောင်းအရာတွေကို ဖြေရှင်းလာခဲ့ပါတယ် …. ။ ဒေါ်စန်းစန်းမြင့်နဲ့ မေသန်းနု ဖြစ်ပွားနေတဲ့ အမှု ၃ ခုကိုလည်း သေချာစွာ ရှင်းပြခဲ့ကာ သိန်း …