
Cele new




UNICODE
“အောင်ရဲထွေးရဲ့ နောက်ဆုံးအနုပညာမှတ်တိုင်ဖြစ်ခဲ့တဲ့ ဒိုင်ယာရီရုပ်ရှင်ဇာတ်ကားကြီး”

အောင်ရဲထွေးကတော့ လူမှုကွန်ရက်စာမျက်နာထက်ကနေ ပရိသတ်တွေကို ရယ်မောပျော်ရွှင်ရအောင် ဟာသဗီဒီယိုလေးတွေကို ဖန်တီးတင်ဆက်ပေးလေ့ရှိတဲ့သူတစ်ယောက်ပါ။ နောက်ပိုင်းမှာ အနုပညာလောကထဲမှာ သရုပ်ဆောင်အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါဝင်ရိုက်ကူးရတဲ့ အထိအောင်မြင်မှုတွေရရှိခဲ့တာလည်း ပရိသတ်တွေသိရှိပြီးဖြစ်မှာပါ။အောင်မြင်မှုတွေစတင်ရရှိလာချိန်မှာပဲ လူတစ်စုရဲ့ ဝိုင်းဝန်းရိုက်နှက်ခြင်းကို ခံခဲ့ရတာကြောင့် လွန်ခဲ့တဲ့ (၂)နှစ်ကျော် ဇန်နဝါရီလ (၂)ရက်နေ့မှာပဲ ကွယ်လွန်သွားခဲ့ပြီး

ဒီသတင်းကြောင့် သူရဲ့ပရိသတ်တွေတော်တော်လေး စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ပရိသတ်တွေကတော့ သူ့ရဲ့ ဟာသဗီဒီယိုလေးတွေနဲ့ အတူအောင်ရဲထွေးကို ဒီနေ့အချိန်ထိ သတိရလွမ်းဆွတ်နေကြပါသေးတယ်။အောင်ရဲထွေးရဲ့ အနုပညာဖန်တီးမှုတွေကို လွမ်းဆွတ်နေတဲ့ ပရိသတ်တွေအတွက်ကိုတော့ အောင်ရဲထွေးရဲ့ နောက်ဆုံးအနုပညာမှတ်တိုင်တစ်ခုဖြစ်ခဲ့တဲ့ “ဒိုင်ယာရီ”လို့အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ မကြာမီပရိသတ်တွေ ရှေ့ကိုရောက်ရှိလာတော့မှာပါ။

အောင်ရဲထွေးရဲ့ အကိုဖြစ်သူက သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “အောင်ရဲထွေးဟာ သူအရမ်းကြိုးစားခဲ့သော ရုပ်ရှင်၊ သူသရုပ်ဆောင်ရတာ အားရခဲ့သောရုပ်ရှင်၊ သူ့ပရိသတ်များအတွက် သူအကောင်းဆုံးချပြခဲ့သောရုပ်ရှင်၊ သူ့အတွက် ဒီကားရဲ့နောက်မှာ၊ ထပ်ရှိမနေခဲ့သော ရုပ်ရှင်ကား၊ သူ့အတွက် မှတ်တိုင်တစ်ခုဖြစ်လာတဲ့၊”ဒိုင်ယာရီ” ရုပ်ရှင်ဇာတ်ကားကြီးပါ။ တာဝန်ကျေပါတယ် ညီလေးရေ၊ပရိသတ်တွေ ကျေနပ်မှာပါ”ဆိုပြီး ဖော်ပြထားတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ အောင်ရဲထွေးရဲ့ ပရိသတ်တွေအတွက်တော့ အောင်ရဲထွေးကို အလွမ်းဖြေလို့ရမယ့် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်လိမ့်မယ်ထင်ပါတယ်။

Source – Nay Zin Latt,CRD-Cele Gabar

နန်းစန္ဒာလှထွန်းကို လေးစားရတဲ့ အကြောင်းကို ဖွင့်ထုတ်ပြောပြလိုက်တဲ့ ခြူးလေး
Cele new
နန်းစန္ဒာလှထွန်းကို လေးစားရတဲ့ အကြောင်းကို ဖွင့်ထုတ်ပြောပြလိုက်တဲ့ ခြူးလေး

နန်းစန္ဒာလှထွန်းကို လေးစားရတဲ့ အကြောင်းကို ဖွင့်ထုတ်ပြောပြလိုက်တဲ့ ခြူးလေး ယခုနောက်ပိုင်း ဇာတ်လမ်းတွဲတွေကနေ တဆင့် ပရိသတ် အသိအမှတ်ပြု အားပေးခြင်း ခံလာရတဲ့ မင်းသမီးချောလေး ခြူးလေးကိုတော့ သိကြမယ်ထင်ပါတယ်။ ဇာတ်လမ်းတွဲတွေရဲ့ ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တာကြောင့်လည်း ပိုပိုပြီး အောင်မြင်လာကာ ပရိသတ်အားပေးခြင်း ကို ခံနေရတာ ဖြစ်ပါတယ်။ ခြူးလေးကတော့ ကလေးလေး တယောက်လို ချစ်စရာ ကောင်းလွန်းတာကြောင့် ပုရိသတွေ ဝန်းရံခြင်းကို ခံနေရတာ ဖြစ်ပါတယ်။ ခြူးလေးကတော့ သူ့ရဲ့ပရိသတ်တွေအတွက် အမြဲတမ်းလိုလို ဓာတ်ပုံတွေ ဗီဒီယိုလေးတွေ တင်ပေးတတ်ပြီး သူ့ရဲ့ ဗီဒီယိုတွေကလည်း ပရိသတ် အားပေး ဝန်းရံခြင်းကို ခံနေရတာ ဖြစ်ပါတယ်။ သူငယ်ချင်း နန်းစန္ဒာလှထွန်း ပါဝင်ထားတဲ့ …

Corona virus နဲ့ပက်သတ်ပြီး အပြောင်အပျက် လုပ်သူများကို ပြင်းပြင်းထန်ထန် ရှုံ့ချလိုက်တဲ့ Sinon Loresca
Cele new
Corona virus နဲ့ပက်သတ်ပြီး အပြောင်အပျက် လုပ်သူများကို ပြင်းပြင်းထန်ထန် ရှုံ့ချလိုက်တဲ့ Sinon Loresca

Corona virus နဲ့ပက်သတ်ပြီး အပြောင်အပျက် လုပ်သူများကို ပြင်းပြင်းထန်ထန် ရှုံ့ချလိုက်တဲ့ Sinon Loresca ဖိလစ်ပိုင် LGBT မော်ဒယ်တစ်ဦးဖြစ်တဲ့ Sinon Loresca က မြန်မာပရိသတ်တွေရဲ့ နှလုံးသား ကို သိမ်းပိုက်ထားတဲ့ သူတစ်ဦးပါ။ စိတ်သဘောထား ကောင်းတာထက် ပိုအောင် လူသားချင်း စာနာတတ်တဲ့ နှလုံးသားပိုင်ရှင် တစ်ယောက် ဖြစ်တာကြောင့် မြန်မာပရိသတ်တွေရဲ့ လေးစားမှုတွေကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ မြန်မာပြည်ကြီးနဲ့ မြန်မာလူမျိုးတွေကို ချစ်တဲ့ Sinon Loresca က ယခုဆိုရင် မြန်မာရုပ်ရှင် ဇာတ်ကားတွေမှာလည်း ပါဝင်ရိုက်ကူး လာတော့မှာကို မြင်တွေ့ရမှာပါ။ Corona virus နဲ့ ပက်သတ်ပြီး ဟာသအနေနဲ့ …

တလွဲမြင်ခံလိုက်ရတာကြောင့် စိတ်မကောင်းဖြစ်နေတဲ့ အိမ့်ချစ်
Cele new
တစ်ပြားတစ်ချပ်မှမယူပဲ မေတ္တာဖြင့်ဖျော်ဖြေပေးပေမယ့် တလွဲမြင်ခံလိုက်ရတာကြောင့် စိတ်မကောင်းဖြစ်နေတဲ့ အိမ့်ချစ်

တစ်ပြားတစ်ချပ်မှမယူပဲ မေတ္တာဖြင့်ဖျော်ဖြေပေးပေမယ့် တလွဲမြင်ခံလိုက်ရတာကြောင့် စိတ်မကောင်းဖြစ်နေတဲ့ အိမ့်ချစ် အိမ့်ချစ်ကတော့ ဒီနှစ်သင်္ကြန်မှာတော့ ကန်တော်ကြီး မျှော်စင်ကျွန်မှာ EFD Thingyan 2020 မှာ နိုင်ငံကျော် အဆိုတော်တွေဖြစ်တဲ့ ဇော်ဝင်းထွဠ်၊ ဝေလ၊ Wanted၊ Eternal Gosh၊ ဝိုင်းစုခိုင်သိန်း၊ အိုင်ရင်းဇင်မာမြင့် တို့နဲ့အတူ ပါဝင် ဖျော်ဖြေ သွားမှာတဲ့နော်။ သူဟာ လာမည့်(၂၀၂၀) သင်္ကြန်မှာတော့ အမိုက်စားသင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ် မှာတင်ဆက်သွာမှာလည်းဖြစ်ပါတယ်။ အိမ့်ချစ် ဖခင်ဖြစ်သူ နိုင်ငံကျော်အဆိုတော်ကြီး ဦးချစ်ကောင်းရဲ့ အနုပညာအမွေတွေကို ဆက်ခံရင်း သူရဲ့ထူးခြားလှတဲ့ အသံကာလာကြောင့် ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာ ရရှိထားပါတယ်။ အိမ့်ချစ်ကတော့ နိုင်ငံကျော် အဆိုတော်တစ်ယောက် ဖြစ်တာကြောင့် ဖျော်ဖြေရေး ပွဲတွေကိုလည်း အဆက်မပြတ် …