
Uncategorized





UNICODE
မင်္ဂလာဆောင်ရင်သူငယ်ချင်းတွေက Suprise လေးလုပ်ပေးကြပါလို့ပြောလိုက်တဲ့ ပိုးကြာဖြူခင်

ပိုးကြာဖြူခင်ကတော့ MRTV-4 ဇာတ်လမ်းတွဲတွေကနေလူသိများလာတဲ့ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်ပါတယ်။မိုးကောင်းကင်အိမ်မက် ဇာတ်လမ်းတွဲလေးမှာဆိုရင် ဆိုင်းမိုင်အဖြစ်နဲ့လူသိများတာကြောင့် ဆိုင်းမိုင်လို့လည်း ချစ်စနိုးခေါ်ခြင်းခံရသူပါ။ဇာတ်လမ်းတွဲတွေမှာသရုပ်ဆောင်ထားပြီး ပရိသတ်ချစ်ခင်မှုများစွာရရှိထားသလို အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားပါသေးတယ်။

ပိုးကြာဖြူခင်ကတော့ You Are My Life ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်တွေရဲ့ အားပေးမှုမြောက်များစွာရရှိထားသူပါ။အခုဆိုရင် မအားလပ်နိုင်အောင် သီချင်းတွေလှည့်လည်ဖျော်ဖြေနေရတာလည်း ဖြစ်ပါတယ်။မင်္ဂလာပွဲလေးတစ်ပွဲမှာ surprise အနေနဲ့သွားရောက်ဖျော်ဖြေရင်း ပျော်ရွှင်နေတဲ့ ပိုးကြာဖြူခင်ကတော့ သူငယ်ချင်းတွေကို သူ့အလှည့်မှာလည်း surprise လုပ်ပေးဖို့ပြောလိုက်ပါတယ်။

အဲ့ဒီအကြောင်းကို “ဒီနေ့လေးက အရမ်းမင်္ဂလာရှိတဲ့ နေ့လေးပါ။ကြို့ပင်ကောက် က မင်္ဂလာစုံတွဲလေးကို ကိုယ်တိုင် surprise လုပ်ပြီး မင်္ဂလာသီချင်းလေးတွေ သွားဆိုပေးဖြစ်ခဲ့တယ်လေ မင်္ဂလာစုံတွဲလေးတော့မသိ ကိုယ်ကတော့ အပျော်တွေကူးစပ်ပြီး ရင်တွေတောင် ခုန်တယ် ကိုယ့်အလှည့်ကျရင်လဲ ဘော်ဒါတွေ ဝိုင်းပြီး surprise လုပ်ပေးကြဦးနော်” လို့ ဖေ့ဘွတ်မှာရေးသားထားတာပါ။ပိုးကြာဖြူခင်ကတော့ အင်တာဗျူးတွေမှာ ချစ်သူထားဖို့အချိန်မရှိဘူးလို့ပြောနေပေမဲ့ မင်္ဂလာဆောင်ဖို့အကြံရှိနေပုံပါပဲနော်….

Source : PoeKyarPhyuKhin,CRD-CELE GABAR

အလုပ်ဆင်းခါနီး (၁၀)မိနစ်ကို ဘယ်လိုအသုံးပြုမလဲ!
Uncategorized
အလုပ်ဆင်းခါနီး (၁၀)မိနစ်ကို ဘယ်လိုအသုံးပြုမလဲ!

အလုပ်ဆင်းခါနီး (၁၀)မိနစ်ကို ဘယ်လိုအသုံးပြုမလဲ! လုပ်ငန်းခွင် ထဲမှာ တစ်နေ့တာရဲ့ နောက်ဆုံးအချိန် (၁၀)မိနစ်က အရေးအကြီးဆုံးဖြစ်ပါတယ်။ ဒီအချိန်ဟာ နောက်တစ်နေ့အတွက် ပြင်ဆင်ရမယ့်အချိန်၊ အလုပ်နေရာကို စီစဉ်ရမယ့်အချိန်၊ အီးမေးလ်ကို Sign out လုပ်ပြီး အလုပ်ချိန်(၈)နာရီအတွင်း ဘာတွေလုပ်ခဲ့လဲဆိုတာကို ပြန်ကြည့်ရမယ့်အချိန်ဖြစ်ပါတယ်။ နောက်ဆုံးမှာ လုပ်ငန်းခွင်ကနေ ယုံကြည်မှုအပြည့်နဲ့ ထွက်သွားနိုင်ဖို့လိုပါတယ်။ ဒါ့ကြောင့် အလုပ်ဆင်းခါနီး နောက်ဆုံး(၁၀)မိနစ်မှာ ဘာတွေလုပ်သင့်လဲဆိုတာကို ဖော်ပြလိုက်ပါတယ်။ ၁။ နောက်နေ့လုပ်ဆောင်ရမည့်အလုပ်စာရင်းကို ပြင်ဆင်ဖြည့်စွက်ပါ။ အလုပ်ဆင်းခါနီး နောက်ဆုံး(၁၀)မိနစ်အတွင်းမှာ မနက်ဖြန်မှာ လုပ်ဆောင်ရမယ့် အလုပ်တွေကို စာရင်းလုပ်ပါ။ ဒီနေ့လုပ်ပြီးသွားတဲ့အလုပ်တွေကိုလည်း အမှတ်ခြစ်ထားလိုက်ပါ။ ဒါဆိုရင် နောက်တစ်နေ့မှာ လုပ်စရာရှိတာတွေကို ရှင်းရှင်းလင်းလင်း သိမြင်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ၂။ အရေးမကြီးသည့် အစည်းအဝေးနဲ့တွေ့ဆုံပွဲတွေကို …

Uncategorized
သင့်ရဲ့ချစ်သူကသစ္စာမရှိပဲဖောက်ပြန်တဲ့အခါ လုပ်သင့်တဲ့အရာများ

သင့်ရဲ့ချစ်သူကသစ္စာမရှိပဲဖောက်ပြန်တဲ့အခါ လုပ်သင့်တဲ့အရာများ သင့်ချစ်သူက သင့်ကိုလိမ်လည်လှည့်ဖြားနေပြီ ၊ သစ္စာဖောက်သွားပြီဆိုတာသိလိုက်ရတဲ့အချိန်ဟာ အရမ်းကိုကြေကွဲစရာကောင်းပါတယ်။ ဒါပေမဲ့လည်းဒါဟာဘဝရဲ့အဆုံးသတ်မဟုတ်ပါဘူး။ သူငါ့ကိုဘာကြောင့်ဒီလိုလုပ်ရတာလဲ?ဘာအတွက်ဒီလိုသစ္စာဖောက်ရတာလဲ? ဆိုတဲ့အတွေးတွေ သင့်ခေါင်းထဲမှာပြည့်ကျပ်နေနိုင်ပါတယ်။ဒါပေမဲ့သင်လုပ်ရမှာက သင်သူ့ဆီကနေဘယ်ခွဲထွက်မလဲဆိုတာပါပဲ ။ဒီတော့သင့်ချစ်သူလိမ်လည်နေတာသိတာနဲ့ ဘာလုပ်မလဲ ? ဋ္ဌဘယ်လိုခွဲထွက်မလဲ? (၁) သင့်ရဲ့ခြွင်းချက်ကြောင့်ဆိုတာမျိုးမတွေးပါနဲ့။ အရင်တည်းက မိန်းကလေးတစ်ယောက်ကိုလိမ်လည်ဖူးတဲ့ယောက်ျားတစ်ယောက်ဟာ နောက်ထပ်လိမ်လည်ဖို့လွယ်ပါတယ်။ သင့်ချစ်သူဟာလည်းဒီလိုလူမျိုးဆိုရင် သင့်ကိုလိမ်တာမဆန်းပါဘူး။ ဒီလိုလူမျိုးမဟုတ်ရင်တောင် အကြောင်းကြောင်းကြောင့် သင့်ကိုလိမ်ညာနေနိုင်ပါတယ်။ ဒါဟာသင့်အမှားမဟုတ်ပါဘူး။ သင်မထိန်းသိမ်းနိုင်လို့မဟုတ်ပါဘူး။ (၂) သင်ဟာဒါတွေကိုဖြစ်စေတဲ့ အကြောင်းအရင်းလို့မထင်ပါနဲ့။ သင့်ချစ်သူသင့်ကိုလှည့်ဖြားသွားတာဟာ သင့်အမှားကြောင့်မဟုတ်ပါဘူး။ သင့်မှာချို့ယွင်းချက်တွေရှိနေခဲ့မယ်ဆိုရင်တောင်၊ ဒါကိုသိရက်နဲ့သင့်ကိုရွေးချယ်ခဲ့တာသင့်ချစ်သူပါ။ ဒါ့အတွက်သင့်အမှားမဖြစ်နိုင်ပါဘူး ။သင်ဟာချစ်သူမိန်းကလေးကောင်းတစ်ယောက်ဖြစ်နေရက်နဲ့တောင်၊ ဆက်လိမ်လည်နေမယ်ဆိုရင်တော့ ဒါဟာသင့်အမှားမဟုတ်ဘူးဆိုတာပိုတောင်သေချာသွားပါပြီ။ (၃) ဆုံးဖြတ်ချက်ချပါ။ သင့်ချစ်သူလိမ်ညာတာသိတာနဲ့ သူနဲ့ဆက်ပတ်သတ်သင့်၊ မပတ်သတ်သင့် ဆုံးဖြတ်ချက်ချဖို့လိုပါပြီ။ သင့်ချစ်သူဟာတကယ်နောင်တကြီးစွာနဲ့ပဲဖြစ်ဖြစ်၊ အပေါ်ယံကြောသဘောလောက်ပဲဖြစ်ဖြစ် တောင်းပန်ပါလိမ့်မယ်။ ဒီအချိန်မှာသင့်ခံစားချက် ၊သင့်သတ္တိ၊ …

Uncategorized
အသက် (၅၀) မှာ အကောင်းဆုံး ရပ်တည်နေနိုင်ဖို့ အခုလုပ်သင့်သော အရာများ

အသက် (၅၀) မှာ အကောင်းဆုံး ရပ်တည်နေနိုင်ဖို့ အခုလုပ်သင့်သော အရာများ အသက် (၅ဝ) အရွယ် ရောက်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ဘယ်လိုပုံစံမျိုးနဲ့ ပြန်မြင်ချင်ပါသလဲ။ သင့်အသက် (၅ဝ)မှာ သင်ကိုယ်တိုင် မျှော်လင့်မထားတဲ့ ပုံစံမျိုးနဲ့ သင့်ကိုယ်သင်ပြန်မြင်ရဖို့ အောက်ဖော်ပြပါ အမူအကျင့်လေးတွေ ရှိနေရင် ခုပဲ ပြုပြင်လိုက်ပါနော် … (၁) ဒီနေ့လုပ်ရမယ့် အရာတွေကို မနက်ဖြန် မရွှေ့ဆိုင်းပါနဲ့ …။ (၂) ကျန်းမာရေးကို ဘာမှမဖြစ်ခင် ကြိုတင် ဂရုစိုက်ပါ …။ (၃) ကိုယ်ရှာ နိုင်တာထက် ဘယ်တော့မှ ပိုမသုံးပါနဲ့ …။ (၄) ဆင်ခြေပေးတတ်တဲ့ အကျင့်တွေကို ဖျောက်ပစ်လိုက်ပါ …။ (၅) …