
အနုပညာရပ်ဝန်း


(၁) မိုရီဆာကီဝင်း


(၂) နော်မာသထူးဝါး


(၃) လိုင်လာခန်း



CRD-Cele Gabar

UNICODE
“တိုင်းတပါးမှာ အနုပညာအလုပ်တွေလုပ်ကိုင်ရင်း အောင်မြင်မှုရရှိနေတဲ့ မြန်မာနိုင်ငံသား အနုပညာရှင်များ”

မြန်မာနိုင်ငံမှာသာမက တိုင်းတပါးမှာပါ အနုပညာအလုပ်တွေလုပ်ကိုင်ရင်း အောင်မြင်မှုရရှိနေတဲ့ မြန်မာနိုင်ငံသား အနုပညာရှင်တွေကတော့ မိန်းကလေးတွေရဲ့အသည်းကျော် မိုရီဆာကီဝင်း၊ ကရင်တိုင်းရင်းသူလေး နော်မာသထူးဝါး၊ သရုပ်ဆောင်မင်သမီးချော လိုင်လာခန်း တို့ပဲဖြစ်ပါတယ်။

(၁) မိုရီဆာကီဝင်း

အဝင်းလို့ လူသိများတဲ့ မြန်မာနိုင်ငံမှာမွေးပြီးဂျပန်မှာကြီးတဲ့ မြန်မာနိုင်ငံသားလေး မိုရီဆာကီဝင်းကတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး Boy Group တစ်ခုဖြစ်တဲ့ Prizma X အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး (၂၀၁၇)ခုနှစ်တွင် ဒါရိုက်တာကြည်ဖြူသျှင် ရိုက်ကူးသော ဂျပန် မြန်မာ ချစ်ကြည်ရေး ဇာတ်ကား ဇာတိမြေတွင် အဓိက ဇာတ်ကောင်အဖြစ် ပါဝင်ရိုက်ကူးခဲ့ရာမှစကာ မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေကို ဆက်တိုင်လုပ်ကိုင်လာပါတယ်။

(၂) နော်မာသထူးဝါး

“အိမ်လေးတစ်လုံးလိုချင်တယ်” သီချင်းနဲ့ အောင်မြင်မှုတွေ ရရှိလာတဲ့ ချစ်စရာကောင်းတဲ့ ကရင်မလေး နော်မာသထူးဝါးက ကိုရီးယားမှာ နေထိုင်တဲ့ မြန်မာ၊ ကရင်လူမျိုး လေးဖြစ်ပြီး သီချင်းဆိုကောင်းတဲ့ အဆိုတော်ပေါက်စလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ အရွယ်နဲ့မလိုက်အောင် ထူးချွန်လွန်းတဲ့ သီချင်းဆိုပါရမီကြောင့် မြန်မာနိုင်ငံမှာသာမက ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးရုပ်သံလိုင်း KBS နဲ့လည်း အစီအစဉ်မှာလည်း ပါဝင်နိုင်တဲ့အထိ အောင်မြင်မှုရရှိပါတယ်။သူဟာ ကိုရီးယားနိုင်ငံ ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာလည်း ပါဝင်ဖျော်ဖြေ တင်ဆက်ခဲ့ပါသေးတယ်။

(၃) လိုင်လာခန်း

သရုပ်ဆောင်မင်းသမီး လိုင်လာခန်းကတော့ ဒူဘိုင်းမြို့မှာ အလုပ်လုပ်ကိုင်ရင်း ဘောလိဝုဒ်ရုပ်ရှင်လောကသားတွေနဲ့ တွေ့ဆုံခဲ့ပြီး ဘောလီဝုဒ်ရုပ်ရှင်များမှာ ပါဝင်သရုပ်ဆောင်တဲ့ မင်းသမီးတစ်လက်အဖြစ် (၆)နှစ်ကျော်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ပြန်လာခဲ့ပြီး အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။ သူဟာ “ရာဇဝင်ရိုင်းသူများ”၊ “တိုက်ဆိုင်မှုရှိလျှင်” ရုပ်ရှင်ဇာတ်ကားကြီးများမှာ နိုင်ငံကျော်သရုပ်ဆောင်မင်းသားချော ပြေတီဦးနဲ့ (၂)ကားဆက်တိုက် တွဲဖက်သရုပ်ဆောင်ခဲ့ပါသေးတယ်။

ပရိသတ်ကြီးရေ မြန်မာနိုင်ငံမှာသာမက တိုင်းတစ်ပါးမှာပါ အောင်မြင်မှုရရှိနေတဲ့ မြန်မာနိုင်ငံသား အနုပညာရှင်တွေဖြစ်တဲ့ မြန်မာနိုင်ငံမှာမွေးပြီး ဂျပန်မှာကြီးတဲ့ မိုရီဆာကီဝင်း၊ ကိုရီယားနိုင်ငံမှာ နေထိုင်တဲ့ ကရင်တိုင်းရင်းသူလေး နော်မာသထူးဝါးနဲ့ သရုပ်ဆောင်မင်းသမီးချော လိုင်လာခန်းတို့ထဲက ပရိသတ်အကြိုက် အနုပညာရှင်က ဘယ်သူများလဲ။

“မွေးနေ့ရက်မြတ်လေးမှာ စုစုပေါင်းငွေကျပ်သိန်း(၆၀၀) လှူဒါန်းခဲ့တဲ့ နေခြည်ဦး
အနုပညာရပ်ဝန်း
“မွေးနေ့ရက်မြတ်လေးမှာ စုစုပေါင်းငွေကျပ်သိန်း(၆၀၀) လှူဒါန်းခဲ့တဲ့ နေခြည်ဦး”

“မွေးနေ့ရက်မြတ်လေးမှာ စုစုပေါင်းငွေကျပ်သိန်း(၆၀၀) လှူဒါန်းခဲ့တဲ့ နေခြည်ဦး” နေခြည်ဦးလို့ အများသိကြတဲ့ ချီချီကတော့ ဇန်နဝါရီလ(၂၅)ရက်မှာ အသက်(၂၈ )နှစ်ပြည့်ခဲ့ပြီ ဖြစ်ပြီး သူ့ရဲ့မွေးနေ့လေးမှာ စုစုပေါင်း အလှူငွေ ကျပ်သိန်း (၆၀၀)လှူဒါန်းခဲ့ပါတယ်။ ချီချီကိုတော့ Beauty Blogger တစ်ယောက်အနေနဲ့ ပရိသတ် စတင် သတိထားမိခဲ့တာ ဖြစ်ပြီး အများနဲ့မတူတဲ့ ကြိုးစားအားထုတ်မှုကြောင့် အချိန်တိုအတွင်းမှာ အောင်မြင်မှု တစ်ရှိန်ထိုး ရလာခဲ့သူလည်း ဖြစ်ပါတယ်။ နေခြည်ဦးကတော့ မကြာသေးခင်က ကျရောက်ခဲ့တဲ့ သူမွေးနေ့တုန်းက လုပ်ခဲ့တဲ့ အလှူလေးတွေကို ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်ဖို့ စုစည်း ဖော်ပြခဲ့တာပါ။ “အခမ်းနားဆုံး မွေးနေ့ပွဲ မဟုတ်ခဲ့ပေမယ့် အကြီးကျယ်ဆုံး အမွန်မြတ်ဆုံး ပီတိအဖြစ်ရဆုံး (၂၈) နှစ်မွေးနေ့ပွဲ ဖြစ်ခဲ့အတွက် …

အနုပညာရပ်ဝန်း
အနုပညာလောက အကြီးအကျယ် အရှက်ရစေတဲ့နေ့

အနုပညာလောက အကြီးအကျယ် အရှက်ရစေတဲ့နေ့ “ထာဝရနှောင်ကြိုး” ရုပ် ရှင် ဇာတ်ကားကြီး သည် ရုပ်ရှင်ချစ်ပြည်သူအများ၏ အားပေးချီးမြှောက်မှုကြောင့် ရုံတင်ဝင်ငွေ သိန်းပေါင်း ၂ သောင်း ၄ ထောင် ရရှိခဲ့ ခီဇနီးမောင်နှံက သူတို့ဇာတ်ကားကနေရရှိတဲ့ ၀င်ငွေကို တရားဝင်ကြေငြာသွားတယ်။ အံ့အားသင့်စရာကတော့ နိုင်ငံတော်ကို အခွန်သိန်း ၁၈၀၀ ကျော်ပေးဆောင်မယ်တဲ့။ ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးတဲ့ “ထာဝရနှောင်ကြိုး” ရုပ် ရှင် ဇာတ်ကားကြီး သည် ရုပ်ရှင်ချစ်ပြည်သူအများ၏ အားပေးချီးမြှောက်မှုကြောင့် ရုံတင်ဝင်ငွေ သိန်းပေါင်း ၂ သောင်း ၄ ထောင် ရရှိခဲ့တယ် လို့ ဒါရိုက်တာ ခရစ္စတီးနားခီ ကိုယ်တိုင် Fan Meeting မှာ …

အနုပညာရပ်ဝန်း
” ရုံတင်ခွင့်ရရှိသွားပြီဖြစ်တဲ့ ကိုရီးယား-မြန်မာချစ်ကြည်ရေး ရုပ်ရှင်ဇာတ်ကားကြီး “

ကိုရီယား-မြန်မာချစ်ကြည်ရေး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “တိမ်တွေပေါ်ကပန်း ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရိုက်ကူးပြီး မကြာခင်မှာပဲ ရုံတင်ခွင့်ရရှိသွားတဲ့ အကြောင်းကို “Please Share ! “တိမ်တွေပေါ်ကပန်း” ဆင်ဆာခွင့်ပြုချက်ရရှိ ပြီးဖြစ်ပါသည် (၁၉.၁၂.၂၀၁၉) ရက်နေ့တွင် မြန်မာနိုင်ငံတဝှမ်းလုံးရှိ JCGV ရုပ်ရှင်ရုံများ Paradiso ရုပ်ရှင်ရုံများ Red Radiance ရုပ်ရှင်ရုံ Mega Ace ရုပ်ရှင်ရုံများတွင် ပြသသွားမည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည် ” လို့ Big 5 Film Production ရဲ့ တရားဝင် လူမှုကွန်ရက် စာမျက်နာမှာ ဖော်ပြထားပါတယ်။ “တိမ်တွေပေါ်ကပန်း ” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ New York Film Academy (Los …