ေယာက်ာ္းေတြကိုစိတ္နာ ဒီေနရာကို အတြဲလာ ကြဲေစ ဆိုတဲ့က်ိန္စာ (သို႔မဟုတ္) မိန္းမရဲ ေတာင္ေတာ္ သခင္မ သမိုင္းအေၾကာင္း

မိန္းမရဲ ေတာင္ေတာ္ သခင္မ သမိုင္းအေၾကာင္း
ေဆာင္းပါးက႑

ေယာက်ာ္းေတြကိုစိတ္နာ ဒီေနရာကို အတြဲလာ ကြဲေစ ဆိုတဲ့က်ိန္စာ (သို႔မဟုတ္) မိန္းမရဲ ေတာင္ေတာ္ သခင္မ သမိုင္းအေၾကာင္း

မိန္းမရဲေတာင္ရဲ႕ အလွ အပကို စိတ္ဝင္စားလို႔ သြားၾက ဘုရားဖူးၾက Facebookမွာ ပုံေတြ ခဏခဏေတြ႕ ေနရေပမယ့္.. အဲဒီေတာင္ရဲ႕သမိုင္းကို ေသခ်ာေရရာေအာင္ သိတဲ့သူက ခပ္ရွားရွား . က်ေနာ္စပ္စု စုံစမ္း ေမးျမန္းထားသေလာက္က ဒီလိုဗ်ိဳ႕……

နာမည္က နန္းဧကရီေမႊး ဘုရင့္ သမီးေတာ္ တစ္ပါးေပါ့ … အခ်စ္ဆိုတာက ဆန္းက်ယ္တယ္ေလ သူခ်စ္မိတာက ေက်းေတာသား …

ကုမၼာရ တဲ့ သူတို႔ ႏွစ္ဦး ခ်စ္ၾကည္ႏူးေနတာကို ဘုရင့္ ေ႐ြနားေတာ္ ေပါက္ၾကား အမ်က္ပြားေစခဲ့တာမဟုတ္လား ….

မဲ႐ိုးက ဟင္းအိုးကိုမွ အားမနာ ေက်းေတာသား ကုမၼာရ လူငႏြားကို သတ္ေစတဲ့ တစ္ခ်က္လႊတ္ အမိန႔္ …

ဒီသတင္း နန္းဧကရီေမႊးၾကားေတာ့ ရင္ဝကို ဆယ္ေပါင္တူနဲ႔ အထုခံရသလို ထင္ပါရဲ႕ ခ်စ္သူေမာင္ကို စိတ္ပူ နန္းေတာ္က ခိုးထြက္ အခ်စ္အတြက္ ေျခလွမ္းသြက္ခဲ့တယ္ ဆိုပါေတာ့ …

ကုမၼာရေက်းေတာသားကို လက္ဆြဲ ဘုရင္ႀကီးနဲ႔ ေဝးရာ ထြက္ေျပးရွာတယ္ေလ …

အခု မိန္းမရဲေတာင္ရဲ အေရွ႕ ဘက္ ႐ြာအခြန္ေတြကို ေကာက္တဲ့ ကင္းေတာင္ဆိုတဲ့ ေနရာအျဖတ္ … ဒီေနရာက ျဖတ္သန္းဖို႔ အဖိုးခ ေငြေတြ ေတာင္းေတာ့ ေပးစရာေငြက နတၳိ ကုမၼာရေက်းေတာ့သားေလး ေသြးပ်က္ၿပီထင္ပါရဲ႕ ….

အခ်စ္ဆိုတာကို ယုံၿပီး နန္းေတာ္က ထြက္ေျပး ဘုရင့္တပ္မေတာ္နဲ႔ ေဝးရာကို ေျပးခဲ့တဲ့ ဘုရင့္သမီးေတာ္ မ်က္ႏွာကိုမွ မေထာက္ ကင္းခြန္ေတာ္ မေဆာင္ႏိုင္လို႔ ရာဇဝတ္ေဘးေၾကာက္ၿပီး မင္းသမီးကို ခ်န္ထား သူ႔႐ြာေလးကို ျပန္သြားခဲ့တယ္ေလ …

ဘုရင့္သမီးေတာ္ နန္းဧကရိေမႊးအတြက္ အားကိုးစရာ မရွိ ဘုရင့္အမ်က္ေတာ္ ထိမွာကိုသိၿပီး ျမင့္မားတဲ့ ေတာင္ကို ကုတ္တက္ ေတာင္ရဲ႕ အေနာက္ဘက္ ေပ၆၀ခန႔္နက္တဲ့ ေရဝဲႀကီးထဲ စိတ္ကို ဒုန္းဒုန္းခ် အခ်စ္ကို စိတ္နာ ခုန္ခ်ေလရွာရဲ႕ …

အခ်စ္ကို ဦးစားေပး ငါက ေမာင္ေတာ္ကို ေ႐ြးခဲ့တာေတာင္ ငါ့အခ်စ္ကို မေထာက္ ကင္းခြန္ေၾကာက္လို႔ သစၥာေဖာက္ရက္တယ္တဲ့ …

အစိမ္းေသလို႔ မကြၽတ္တဲ့ဘဝ အခ်စ္ကို စိတ္နာ သူေပးတဲ့ က်ိန္စာက ဒီေနရာကို အတြဲလာ ကြဲေစတဲ့ဗ်ာ ….

အဲဒီေတာင္ကို အရင္က မိန္းမဝဲ ေတာင္လို႔ ေခၚေဝၚရာကေန ကာလေ႐ြ႕လ်ား မိန္းမရဲေတာင္အျဖစ္ ထင္ရွားခဲ့တာေလ ….

ထူးဆန္းတာက ရွိေသးတယ္ ေယာက္ေကာ္ ဘရေသ့ႀကီးေပါ့ သူ႔အိပ္မက္ေပးတဲ့ နန္းဧကရီေမႊးဆိုတဲ့ ရွမ္းမင္းသမီးေလက မိန္းမရဲေတာင္ဆိုတာကို ျမန္ျပည္တစ္လႊားမွာရွာ သာသနာျပဳေပးပါတဲ့ …

ေယာက္ေကာ္ ဘရေသ့ႀကီးလည္း အိပ္မက္အရ ေတာင္ေတာ္ကို လိုက္ရွာရင္း ေတာင္ေတာ္ရဲ႕ အေရွ႕ဘက္ ႐ြာငံ ေအာင္ပန္းကားလမ္းမႀကီးမွာ ကားက သူ႔အလိုလို စက္ရပ္လို႔ ကားပ်က္သြားခဲ့တယ္ဆိုပဲ …

ကားဆရာက ႀကိဳးစားျပဳျပင္ေပမဲ့ မရ ညေနညိဳေစာင္း ကားလမ္းေဘးခ်ဳံေတာထဲမွ အစိမ္းေရာင္ဝတ္ ရွမ္းမေလးတစ္ေယာက္ ထြက္လာတယ္ …

ဘရေသ့ ရွာေနတဲ့ မိန္းမရဲေတာင္ဆိုတာ ေဟာအခုျမင္ေနရတဲ့ ျမင့္မားတဲ့ေတာင္ေပါ့ ဒဲ့ စကားေျပာၿပီး ခ်ဳံေတာထဲျပန္ဝင္ ေပ်ာက္ကြယ္သြားေလရဲ႕ ဆန္းက်ယ္လွပါဘိ.

ဒီစာကို ေရးေနရင္းေတာင္ က်ေနာ္ၾကက္သီးေမႊးေတြ တျဖန္းျဖန္းထ ေၾကာက္စိတ္ေတြ ဝင္ေနမိတယ္ဆိုတာ

သမိုင္းအက်ဥ္း ေျပာျပေပးေသာ မိန္းမရဲေတာင္ေတာ္ ေဂါပက အဖြဲ႕မွ ဘႀကီးမႈံအားေက်းဇူးတင္ရွိပါတယ္ ….

ဖိုးသူေတာ္

Credit- Sai Naung ေတာင္တန္းေျမမွ မီးအိမ္ရွင္

Unicode

ယောကျာ်းတွေကိုစိတ်နာ ဒီနေရာကို အတွဲလာ ကွဲစေ ဆိုတဲ့ကျိန်စာ (သို့မဟုတ်) မိန်းမရဲ တောင်တော် သခင်မ သမိုင်းအကြောင်း

မိန်းမရဲတောင်ရဲ့ အလှ အပကို စိတ်ဝင်စားလို့ သွားကြ ဘုရားဖူးကြ Facebookမှာ ပုံတွေ ခဏခဏတွေ့ နေရပေမယ့်.. အဲဒီတောင်ရဲ့သမိုင်းကို သေချာရေရာအောင် သိတဲ့သူက ခပ်ရှားရှား . ကျနော်စပ်စု စုံစမ်း မေးမြန်းထားသလောက်က ဒီလိုဗျို့……

နာမည်က နန်းဧကရီမွှေး ဘုရင့် သမီးတော် တစ်ပါးပေါ့ … အချစ်ဆိုတာက ဆန်းကျယ်တယ်လေ သူချစ်မိတာက ကျေးတောသား …

ကုမ္မာရ တဲ့ သူတို့ နှစ်ဦး ချစ်ကြည်နူးနေတာကို ဘုရင့် ရွေနားတော် ပေါက်ကြား အမျက်ပွားစေခဲ့တာမဟုတ်လား ….

မဲရိုးက ဟင်းအိုးကိုမှ အားမနာ ကျေးတောသား ကုမ္မာရ လူငနွားကို သတ်စေတဲ့ တစ်ချက်လွှတ် အမိန့် …

ဒီသတင်း နန်းဧကရီမွှေးကြားတော့ ရင်ဝကို ဆယ်ပေါင်တူနဲ့ အထုခံရသလို ထင်ပါရဲ့ ချစ်သူမောင်ကို စိတ်ပူ နန်းတော်က ခိုးထွက် အချစ်အတွက် ခြေလှမ်းသွက်ခဲ့တယ် ဆိုပါတော့ …

ကုမ္မာရကျေးတောသားကို လက်ဆွဲ ဘုရင်ကြီးနဲ့ ဝေးရာ ထွက်ပြေးရှာတယ်လေ …

အခု မိန်းမရဲတောင်ရဲ အရှေ့ ဘက် ရွာအခွန်တွေကို ကောက်တဲ့ ကင်းတောင်ဆိုတဲ့ နေရာအဖြတ် … ဒီနေရာက ဖြတ်သန်းဖို့ အဖိုးခ ငွေတွေ တောင်းတော့ ပေးစရာငွေက နတ္ထိ ကုမ္မာရကျေးတော့သားလေး သွေးပျက်ပြီထင်ပါရဲ့ ….

အချစ်ဆိုတာကို ယုံပြီး နန်းတော်က ထွက်ပြေး ဘုရင့်တပ်မတော်နဲ့ ဝေးရာကို ပြေးခဲ့တဲ့ ဘုရင့်သမီးတော် မျက်နှာကိုမှ မထောက် ကင်းခွန်တော် မဆောင်နိုင်လို့ ရာဇဝတ်ဘေးကြောက်ပြီး မင်းသမီးကို ချန်ထား သူ့ရွာလေးကို ပြန်သွားခဲ့တယ်လေ …

ဘုရင့်သမီးတော် နန်းဧကရိမွှေးအတွက် အားကိုးစရာ မရှိ ဘုရင့်အမျက်တော် ထိမှာကိုသိပြီး မြင့်မားတဲ့ တောင်ကို ကုတ်တက် တောင်ရဲ့ အနောက်ဘက် ပေ၆၀ခန့်နက်တဲ့ ရေဝဲကြီးထဲ စိတ်ကို ဒုန်းဒုန်းချ အချစ်ကို စိတ်နာ ခုန်ချလေရှာရဲ့ …

အချစ်ကို ဦးစားပေး ငါက မောင်တော်ကို ရွေးခဲ့တာတောင် ငါ့အချစ်ကို မထောက် ကင်းခွန်ကြောက်လို့ သစ္စာဖောက်ရက်တယ်တဲ့ …

အစိမ်းသေလို့ မကျွတ်တဲ့ဘဝ အချစ်ကို စိတ်နာ သူပေးတဲ့ ကျိန်စာက ဒီနေရာကို အတွဲလာ ကွဲစေတဲ့ဗျာ ….

အဲဒီတောင်ကို အရင်က မိန်းမဝဲ တောင်လို့ ခေါ်ဝေါ်ရာကနေ ကာလရွေ့လျား မိန်းမရဲတောင်အဖြစ် ထင်ရှားခဲ့တာလေ ….

ထူးဆန်းတာက ရှိသေးတယ် ယောက်ကော် ဘရသေ့ကြီးပေါ့ သူ့အိပ်မက်ပေးတဲ့ နန်းဧကရီမွှေးဆိုတဲ့ ရှမ်းမင်းသမီးလေက မိန်းမရဲတောင်ဆိုတာကို မြန်ပြည်တစ်လွှားမှာရှာ သာသနာပြုပေးပါတဲ့ …

ယောက်ကော် ဘရသေ့ကြီးလည်း အိပ်မက်အရ တောင်တော်ကို လိုက်ရှာရင်း တောင်တော်ရဲ့ အရှေ့ဘက် ရွာငံ အောင်ပန်းကားလမ်းမကြီးမှာ ကားက သူ့အလိုလို စက်ရပ်လို့ ကားပျက်သွားခဲ့တယ်ဆိုပဲ …

ကားဆရာက ကြိုးစားပြုပြင်ပေမဲ့ မရ ညနေညိုစောင်း ကားလမ်းဘေးချုံတောထဲမှ အစိမ်းရောင်ဝတ် ရှမ်းမလေးတစ်ယောက် ထွက်လာတယ် …

ဘရသေ့ ရှာနေတဲ့ မိန်းမရဲတောင်ဆိုတာ ဟောအခုမြင်နေရတဲ့ မြင့်မားတဲ့တောင်ပေါ့ ဒဲ့ စကားပြောပြီး ချုံတောထဲပြန်ဝင် ပျောက်ကွယ်သွားလေရဲ့ ဆန်းကျယ်လှပါဘိ.

ဒီစာကို ရေးနေရင်းတောင် ကျနော်ကြက်သီးမွှေးတွေ တဖြန်းဖြန်းထ ကြောက်စိတ်တွေ ဝင်နေမိတယ်ဆိုတာ

သမိုင်းအကျဉ်း ပြောပြပေးသော မိန်းမရဲတောင်တော် ဂေါပက အဖွဲ့မှ ဘကြီးမှုံအားကျေးဇူးတင်ရှိပါတယ် ….

ဖိုးသူတော်

Credit- Sai Naung တောင်တန်းမြေမှ မီးအိမ်ရှင်

အလႈပ္
ေဆာင္းပါးက႑
အလႈပ္

အလႈပ္ တစ္ေန႔သ၌ ကြၽႏ္ုပ္ထံသို႔ ကြၽႏ္ုပ္၏မိတ္ေဆြႀကီးျဖစ္ေသာ ကိုေဖာင္တိန္သည္”ေသဖို႔အတြက္ ျပင္ဆင္ၿပီးၿပီလား” ဟု ႏႈတ္ဆက္စကားေျပာရင္း ေရာက္ရွိ၍လာေလ၏။ ကိုေဖာင္တိန္ႏွင့္ မေရွးမေႏွာင္းဆိုသလိုပင္ ေဗဒင္ေမးမည့္မိန္းမႀကီးတစ္ဦးသည္လည္း ေရာက္ရွိ၍လာျပန္ ေလ၏။ ထို႔ေၾကာင့္ ကြၽႏ္ုပ္သည္ ကိုေဖာင္တိန္ႏွင့္ စကားမေျပာႏိုင္ေသးပဲ ထိုမိန္းမႀကီးအား ေဗဒင္ေဟာေပးရန္အတြက္ ထိုမိန္းမႀကီး၏ ေမြးသကၠရာဇ္ကို ေမး၍ ဗလာစာအုပ္ေပၚတြင္ တြက္ခ်က္ျခင္းကို လုပ္ေနရ ေလ၏။ ထိုမိန္းမႀကီးသည္ ၎၏အနီးတြင္ ထိုင္ေနသည့္ ကိုေဖာင္တိန္အား ကြက္ၾကည့္ ကြက္ၾကည့္လုပ္ကာ ထိုင္ေနရသည္ကို မသတီသည့္ပုံျဖင့္ ခုံကိုအနည္းငယ္ေနေ႐ႊ႕၍ ထိုင္လိုက္ေလ၏။ ေဗဒင္တြက္သည့္ကိစၥ ၿပီးေသာအခါ ကြၽႏ္ုပ္သည္ ထိုမိန္းမႀကီးအား ေဗဒင္ေဟာေျပာေလ၏။ ေဗဒင္ေဟာသည္ ဆိုေသာ္လည္းပဲ ကြၽႏ္ုပ္က ေဗဒင္ေဟာရသည္ထက္ ထိုမိန္းမႀကီးက ၎င္း၏အေၾကာင္းကို ၎င္းကပင္ထိုင္ ၍ေျပာျပေနသည္ကို …

ေဆာင္းပါးက႑
“စိတ္ခိုင္လို႔ မငိုမိေအာင္ ထိန္းႏိုင္ရင္ ဖတ္ၾကည့္ပါ..

“စိတ္ခိုင္လို႔ မငိုမိေအာင္ ထိန္းႏိုင္ရင္ ဖတ္ၾကည့္ပါ.. သူနဲ႔ ကၽြန္မ စတင္သိခဲ့တာက… (facebook) မွာ သူနဲ႔ကၽြန္မက သူငယ္ခ်င္းေတြေပါ့…… ကၽြန္မ သူ႔ကို သတိထားမိတာက သူကအသည္းကြဲ ကဗ်ာေတြ စာေတြ ေရးေလ့ရွိတဲ့ သူမို႔ပါ။ သူကလူထူးဆန္းေလး တစ္ေယာက္ေပါ့ အခ်စ္နဲ႔ ပတ္သတ္ၿပီး ေၾကာက္လန႔္ နာက်င္ေနတဲ့ မယုံၾကည္တဲ့ လူတစ္ေယာက္လို သူ႔အခ်စ္ေၾကာင္းေတြကို (status)တင္ေလ့ ရွိတယ္။ ကၽြန္မ သူ႔ကိုဘယ္ဘဝက ေရစက္ေၾကာင့္မွန္မသိဘူး စိတ္ထဲက သနားမိ သံေယာဇဥ္ျဖစ္မိေနတယ္။ ကၽြန္မ တေန႔ တေန႔ သူ႔ (wall)ထဲ ဘယ္နခါမွန္မသိ ဝင္ၾကည့္မိတယ္။သူကေတာ့ သတိမထားမိဘူးေလ။ တေန႔မွာ ကၽြန္မအရဲစြန႔္ၿပီး (messenger)က စကားသြားေျပာခဲ့ပါတယ္။ အဲ့ဒီအခ်ိန္ကစလို႔ ကၽြန္မသူ႔အေၾကာင္းေတြ …

ေဆာင္းပါးက႑
“ကိုယ္တန္ဖိုးထား ျမတ္ႏုိးတဲ့အရာကပဲ ကိုယ့္ကို ဒုကၡျပန္ေပးတတ္တယ္”

“ကိုယ္တန္ဖိုးထား ျမတ္ႏုိးတဲ့အရာကပဲ ကိုယ့္ကို ဒုကၡျပန္ေပးတတ္တယ္” တကယ္လို႔သာ…… ၁။ တကယ္လို႔ မင္း ႏွစ္သက္တဲ့ လူတစ္ေယာက္ကုိ မက္ေဆ့ခ်္ပို႔လို႔ ေတာ္ေတာ္ၾကာၾကာ ေစာင့္ျပီး ျပန္မလာဘူးဆိုရင္ … ထပ္မပို႔ပါနဲ႔ေတာ့… သူ မင္းကို ဂရုမစုိက္လို႔ပါ…. အပင္ပန္းခံျပီး မေစာင့္ပါနဲ႔ေတာ့…..။ ၂။ တကယ္လို႔ တစ္ေယာက္တည္း ၀မ္းနည္းတဲ့အခါ… အခန္းေထာင့္ တစ္ေနရာ (သို႔မဟုတ္) အိပ္ရာထဲမွာလွဲျပီး ငိုခ်လိုက္ပါ… ကုိယ္ခ်င္းစာ သနားေပးမဲ့သူကို လိုက္မရွာေနပါနဲ႔…. ငိုျပီးတာနဲ ့ေပ်ာ္ရႊင္စြာ အသက္ဆက္ရွင္ပါ…..။ ၃။ တကယ္လို႔ လူတစ္ေယာက္က တျဖည္းျဖည္းနဲ႔ မင္းကို ဥပကၡာျပဳ လ်စ္လ်ဴရႈလာတယ္ဆုိရင္…သူနဲ ့ခြဲခြာဖို႔ ျပင္ဆင္ပါ….။ မင္းကိုနားမလည္တဲ့ လူတစ္ေယာက္ဟာ မင္းနဲ ့မလိုက္ဖက္ပါဘူး….။ ကိုယ္တန္ဖိုးထား …