သားသမီးကို ဖ်က္ဆီးလိုက္ေသာ မိဘထဲမွာ သင္မပါဝင္ဖို႔ ေရွာင္သင့္တဲ့ အခ်က္ေတြ

သားသမီးကို ဖ်က္ဆီးလိုက္ေသာ မိဘထဲမွာ သင္မပါဝင္ဖို႔ ေရွာင္သင့္တဲ့ အခ်က္ေတြ
LIFE STYLE

သားသမီးကို ဖ်က္ဆီးလိုက္ေသာ မိဘထဲမွာ သင္မပါဝင္ဖို႔ ေရွာင္သင့္တဲ့ အခ်က္ေတြ

၁ ။ အိမ္ေထာင္ေရး ေဖာက္ျပန္တတ္ေသာဖခင္

ဖခင္က အိမ္ေထာင္ေရး ေဖာက္ျပန္ေတာ့ မိခင္နဲ႔ခဏခဏ ျပႆနာတက္တယ္ ။ အိမ္မွာေန႔တိုင္းဆိုသလို တိုက္ပြဲျဖစ္ေနေတာ့ ဘယ္သူ႔မွ သားသမီးကို မၾကည့္အားဘူး ။ သားသမီးေတြရဲ႕စိတ္ကို အရမ္း ထိခိုက္ ေစပါတယ္ ။

ကိုယ့္အေဖကိုၾကည့္ၿပီး အိမ္ေထာင္ျပဳမဲ့အ႐ြယ္ ေရာက္ေနတဲ့ မိန္းခေလးတစ္ေယာက္ အိမ္ေထာင္ေရးအေၾကာင္း လုံးဝမစဥ္းစားရဲတာကို ေတြ႕ဖူးတယ္ ။

၂ ။ စိတ္ႀကီးတဲ့ဖခင္

နည္းနည္းဆို ဆူၿပီ၊ ထစ္ကနဲဆို လက္ပါၿပီ၊ ( ၆ ) ႏွစ္ေအာက္ခေလး ဒီလိုဖခင္မ်ိဳးနဲ႔တိုးရင္ ခ်စ္စရာ အမူအက်င့္ေလးေတြ ေပ်ာက္ဆုံးၿပီး ထုံထုံအအ ျဖစ္သြားမွာပဲ ။ ကေလးရဲ႕စိတ္ဟာ အလြန္ ႏုနယ္လြန္းလွပါတယ္ ။ ကေလးေတြအတြက္ အယုံၾကည္ရဆုံးနဲ႔ အားအကိုးရဆုံးဆိုလို႔ မိဘပဲရွိပါတယ္ ။

၃ ။ ေဆးလိပ္ေသာက္တတ္ေသာဖခင္

အခ်ိဳ႕ကသားသမီးေရွ႕မေရွာင္ ေဆးလိပ္ေသာက္တတ္ၾကပါတယ္။ ေဆးလိပ္ဆိုတာ ေသာက္တဲ့လူတင္ မကပဲ ေဘးမွာရွိတဲ့ လူေတြကိုပါ က်န္းမာေရး ထိခိုက္ေစပါတယ္။

ေဆးလိပ္ေသာက္တတ္ေသာဖခင္ဟာ ေဆးလိပ္ေသာက္တတ္ေသာ သားကို ပိုမိုေမြးထုတ္တတ္ပါတယ္။ ဖခင္ကိုအထင္ႀကီးေတာ့ အတုျမင္ အတတ္သင္ေတာ့တာပါပဲ။

၄ ။ ဂိမ္းေဆာ့ဝါသနာပါေသာဖခင္

ဖခင္က ဂိမ္းေဆာ့ဝါသနာပါရင္ သားသမီးကို တိုက္႐ိုက္ ကူးစက္တတ္ပါတယ္ ။ သားသမီးေတြဟာ ဂိမ္းရဲ႕ဆြဲေဆာင္မူကို ျငင္းဆန္ႏိုင္စြမ္း မရွိပါဘူး ။ ဖခင္က ဂိမ္းေဆာ့ေနမယ္ ။

သားသမီးက လိုက္ေဆာ့မယ္ ။ ကေလးရဲ႕ပညာေရးဘယ္ေလာက္ ထိခိုက္တယ္ဆိုတာ ေျပာေနစရာေတာင္ မလိုေတာ့ပါဘူး ။

၅ ။ အၿမဲ ပ်က္ကြက္တတ္ေသာဖခင္

မိဘဆရာေတြ႕ဆုံပြဲ ၊ အားကစားပြဲ၊ ေက်ာင္းအႀကိဳအပို႔၊ ကေလးေမြးေန႔ စသည္တို႔မွာ ဖခင္ကခဏခဏ ပ်က္ကြက္ေနရင္ ကေလးကို စိတ္ထိခိုက္ေစတတ္ပါတယ္ ။ အတန္းေဖၚေတြက အေဖအၿမဲလာႀကိဳၿပီး ကိုယ့္အေဖက်ေတာ့ အၿမဲမအားဘူးလို႔ပဲ ေျပာေနတယ္။

ဖခင္ေမတၱာနဲ႔ မိခင္ေမတၱာဟာ တခါတေလမွာ ကြာျခားတတ္ပါတယ္ ။ ဖခင္ေမတၱာဟာ ကေလးေတြ မိမိကိုယ္မိမိ ယုံၾကည္ခ်က္ တည္ေဆာက္တဲ့ေနရာမွာ အလြန္အေထာက္အကူျဖစ္ပါတယ္ ။

Credit to: Aung Ko Latt

Unicode

သားသမီးကို ဖျက်ဆီးလိုက်သော မိဘထဲမှာ သင်မပါဝင်ဖို့ ရှောင်သင့်တဲ့ အချက်တွေ

၁ ။ အိမ်ထောင်ရေး ဖောက်ပြန်တတ်သောဖခင်

ဖခင်က အိမ်ထောင်ရေး ဖောက်ပြန်တော့ မိခင်နဲ့ခဏခဏ ပြဿနာတက်တယ် ။ အိမ်မှာနေ့တိုင်းဆိုသလို တိုက်ပွဲဖြစ်နေတော့ ဘယ်သူ့မှ သားသမီးကို မကြည့်အားဘူး ။ သားသမီးတွေရဲ့စိတ်ကို အရမ်း ထိခိုက် စေပါတယ် ။

ကိုယ့်အဖေကိုကြည့်ပြီး အိမ်ထောင်ပြုမဲ့အရွယ် ရောက်နေတဲ့ မိန်းခလေးတစ်ယောက် အိမ်ထောင်ရေးအကြောင်း လုံးဝမစဉ်းစားရဲတာကို တွေ့ဖူးတယ် ။

၂ ။ စိတ်ကြီးတဲ့ဖခင်

နည်းနည်းဆို ဆူပြီ၊ ထစ်ကနဲဆို လက်ပါပြီ၊ ( ၆ ) နှစ်အောက်ခလေး ဒီလိုဖခင်မျိုးနဲ့တိုးရင် ချစ်စရာ အမူအကျင့်လေးတွေ ပျောက်ဆုံးပြီး ထုံထုံအအ ဖြစ်သွားမှာပဲ ။ ကလေးရဲ့စိတ်ဟာ အလွန် နုနယ်လွန်းလှပါတယ် ။ ကလေးတွေအတွက် အယုံကြည်ရဆုံးနဲ့ အားအကိုးရဆုံးဆိုလို့ မိဘပဲရှိပါတယ် ။

၃ ။ ဆေးလိပ်သောက်တတ်သောဖခင်

အချို့ကသားသမီးရှေ့မရှောင် ဆေးလိပ်သောက်တတ်ကြပါတယ်။ ဆေးလိပ်ဆိုတာ သောက်တဲ့လူတင် မကပဲ ဘေးမှာရှိတဲ့ လူတွေကိုပါ ကျန်းမာရေး ထိခိုက်စေပါတယ်။

ဆေးလိပ်သောက်တတ်သောဖခင်ဟာ ဆေးလိပ်သောက်တတ်သော သားကို ပိုမိုမွေးထုတ်တတ်ပါတယ်။ ဖခင်ကိုအထင်ကြီးတော့ အတုမြင် အတတ်သင်တော့တာပါပဲ။

၄ ။ ဂိမ်းဆော့ဝါသနာပါသောဖခင်

ဖခင်က ဂိမ်းဆော့ဝါသနာပါရင် သားသမီးကို တိုက်ရိုက် ကူးစက်တတ်ပါတယ် ။ သားသမီးတွေဟာ ဂိမ်းရဲ့ဆွဲဆောင်မူကို ငြင်းဆန်နိုင်စွမ်း မရှိပါဘူး ။ ဖခင်က ဂိမ်းဆော့နေမယ် ။

သားသမီးက လိုက်ဆော့မယ် ။ ကလေးရဲ့ပညာရေးဘယ်လောက် ထိခိုက်တယ်ဆိုတာ ပြောနေစရာတောင် မလိုတော့ပါဘူး ။

၅ ။ အမြဲ ပျက်ကွက်တတ်သောဖခင်

မိဘဆရာတွေ့ဆုံပွဲ ၊ အားကစားပွဲ၊ ကျောင်းအကြိုအပို့၊ ကလေးမွေးနေ့ စသည်တို့မှာ ဖခင်ကခဏခဏ ပျက်ကွက်နေရင် ကလေးကို စိတ်ထိခိုက်စေတတ်ပါတယ် ။ အတန်းဖေါ်တွေက အဖေအမြဲလာကြိုပြီး ကိုယ့်အဖေကျတော့ အမြဲမအားဘူးလို့ပဲ ပြောနေတယ်။

ဖခင်မေတ္တာနဲ့ မိခင်မေတ္တာဟာ တခါတလေမှာ ကွာခြားတတ်ပါတယ် ။ ဖခင်မေတ္တာဟာ ကလေးတွေ မိမိကိုယ်မိမိ ယုံကြည်ချက် တည်ဆောက်တဲ့နေရာမှာ အလွန်အထောက်အကူဖြစ်ပါတယ် ။

Credit to: Aung Ko Latt

လွတဲ့ မိန္းကေလးေတြပဲ ၾကံဳေနရတဲ့ ေန႔စဥ္ အခက္အခဲေလးမ်ား
LIFE STYLE
လှတဲ့ မိန်းကလေးတွေပဲ ကြုံနေရတဲ့ နေ့စဉ် အခက်အခဲလေးများ

လှတဲ့ မိန်းကလေးတွေပဲ ကြုံနေရတဲ့ နေ့စဉ် အခက်အခဲလေးများ အလှအပကို လူတိုင်းက သဘောကျ တတ်ပါ တယ်။ ဒါကြောင့် လှတာ ကောင်းတယ်လို့ ယူဆနေပေမယ့် တကယ်တော့ လှတာက မကောင်းဘူးလို့ တွေးသူတွေလည်း ရှိနေပါတယ်။ အများအမြင်မှာ လှတယ်လို့ သတ်မှတ်ခံထားရတဲ့ မိန်းကလေးတွေ ကတော့ လှတာကြောင့် အခက်အခဲတွေကို နေ့စဉ် ခံစားနေရပါတယ်။ သူတို့ ကြုံနေရတာတွေ ကတော့…. (၁) လူတွေရဲ့ အာရုံစိုက်ခံရလွန်းတယ် လှတဲ့သူကို ကြည့်တာ ဘာထူးဆန်းလဲလို့ ပြောကြလေ့ ရှိပါတယ်။ ဒါပေမယ့် လှတဲ့သူတွေလည်း လူပါပဲ။ အမြဲ ကိုယ်ဘာလုပ်လုပ် လူတွေက စိတ်ဝင်စားပြီး ပြောဆိုနေရတာ သူတို့အတွက်တော့ အမြဲ ကြုံနေလို့ …

အသက္ ၁၆ ႏွစ္ မွ ၂၄ ႏွစ္အတြင္း မိန္းကေလးမ်ားသာ ဖတ္ရန္…
LIFE STYLE
အသက္ ၁၆ ႏွစ္ မွ ၂၄ ႏွစ္အတြင္း မိန္းကေလးမ်ားသာ ဖတ္ရန္…

အသက္ ၁၆ ႏွစ္ မွ ၂၄ ႏွစ္အတြင္း မိန္းကေလးမ်ားသာ ဖတ္ရန္… ညီ မ ေလး ေရ …. လွ ပ တဲ့ မ်က္ ႏွာ တစ္ ခု က တစ္ ခ်ိန္ က် ရင္ အို မင္း သြား လိမ့္ မယ္ … ။ စြဲ မက္ စ ရာ ခ ႏၶာ ကိုယ္ ေကာက္ ေၾကာင္း ေတြ က လည္း တစ္ ခ်ိန္ က် ရင္ ေျပာင္း လဲ …

ေရခ်ိဳးတဲ့ ဗြီယိုဖိုင္ကိုတင္ပီး ေဈးဗန္းခင္းတဲ့ ႐ုပ္သံ လူၾကည့္မ်ားေန
LIFE STYLE
ေရခ်ိဳးတဲ့ ဗြီယိုဖိုင္ကိုတင္ပီး ေဈးဗန္းခင္းတဲ့ ႐ုပ္သံ လူၾကည့္မ်ားေန

ေရခ်ိဳးတဲ့ ဗြီယိုဖိုင္ကိုတင္ပီး ေဈးဗန္းခင္းတဲ့ ႐ုပ္သံ လူၾကည့္မ်ားေန အြန္လိုင္းမွာ ဆယ္ေက်ာ္သက္ေတြၾကား ေရပန္းစားလာတာကေတာ့ ေဈးဗန္းခင္းတာပါ။ ေဈးဗန္းခင္းတိုင္းလည္း Rs ခ်ိတ္ခြင့္ ရတာမဟုတ္၊ အခင္းမတတ္ရင္လည္း ေသာက္ရွက္ ကြဲတတ္ပါတယ္။ ပါးေလးေဖာင္း လက္ႏွစ္ေခ်ာင္းေထာင္တဲ့ ေခတ္ကလည္း ကုန္ခဲ့ပါပီ။ အခုက Tik Tok ေတာ့မွာ ဖင္ေကာက္ ရင္ေကာ့ရာကတစ္ဆင့္ ဖင္ေဖာ္ ရင္ေဖာ္ပီး ခင္းႏိုင္မွ ေတာ္ကာၾကတာကလား။ ခက္တာက ျမန္မာဆန္ဆန္ နန္းဆန္ဆန္ေလး တင္လိုက္ျပန္ေတာ့ Likeက ဆယ္ေယာက္ေတာင္ ျပည့္တာမဟုတ္။ တင္ရတာ ရွက္ေတာင္ ရွက္စရာ။ ဟိုမွာ ႐ုပ္က သေခါ၊ ေျပာင္းဖူးေမႊးေရာင္ အေမႊးနဲ႔ ကမေတြမ်ား ေပါင္တစ္ဝက္ေလာက္ေဖာ္ လည္ေလးဟိုက္ပီး က ျပလိုက္တာ …