
အနုပညာရပ်ဝန်း










Unicode
အနုပညာလောက အကြီးအကျယ် အရှက်ရစေတဲ့နေ့
“ထာဝရနှောင်ကြိုး” ရုပ် ရှင် ဇာတ်ကားကြီး သည် ရုပ်ရှင်ချစ်ပြည်သူအများ၏ အားပေးချီးမြှောက်မှုကြောင့် ရုံတင်ဝင်ငွေ သိန်းပေါင်း ၂ သောင်း ၄ ထောင် ရရှိခဲ့
ခီဇနီးမောင်နှံက သူတို့ဇာတ်ကားကနေရရှိတဲ့ ဝင်ငွေကို တရားဝင်ကြေငြာသွားတယ်။ အံ့အားသင့်စရာကတော့ နိုင်ငံတော်ကို အခွန်သိန်း ၁၈၀၀ ကျော်ပေးဆောင်မယ်တဲ့။

ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးတဲ့ “ထာဝရနှောင်ကြိုး” ရုပ် ရှင် ဇာတ်ကားကြီး သည် ရုပ်ရှင်ချစ်ပြည်သူအများ၏ အားပေးချီးမြှောက်မှုကြောင့် ရုံတင်ဝင်ငွေ သိန်းပေါင်း ၂ သောင်း ၄ ထောင် ရရှိခဲ့တယ် လို့ ဒါရိုက်တာ ခရစ္စတီးနားခီ ကိုယ်တိုင် Fan Meeting မှာ တရားဝင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဲ့တော့ ပြန်စဉ်းစားမိတာက လွန်ခဲ့တဲ့ ၂၀၁၇ တုန်းက ကျုပ်တို့မြန်မာအနုပညာရှင်တွေရဲ့ အခွန်ဆောင်ခဲ့မှုတွေပါ . . .

တစ်နှစ်လုံးအတွက် သိန်း ၂၀ အထက်ဆောင်တာက အနုပညာလောက တစ်ခုလုံး(ရုပ်ရှင်ဂီတပေါင်း) မှ ၄ ဦးပဲရှိတယ်။ ၁၀ သိန်းအထက်ဆောင်တာက ၂ ဦးပဲရှိတယ် …။ ၁ သိန်းအောက် ၃ ဦးအပါအဝင် စုစုပေါင်း အခွန်ဆောင်တာ ၁၆ ဦးပဲရှိတယ် …။ကျန်တဲ့သူတွေက လုံးလုံးကိုမဆောင်လို့ ဆောင်ပေးကြပါ တောင်းယူရတဲ့အဖြစ် ပါ …။

၅ ရက်လောက်ရိုက်တဲ့ ရုပ်ရှင်ကားတစ်ကားက ထုတ်လုပ်သူက သိန်းသောင်းချီမြတ်တယ် ။ ဒါရိုက်တာနဲ့ သရုပ်ဆောင်မင်းသား မင်းသမီးတွေက ထိုင်ထလုပ်ယုံနဲ့ သိန်းရာချီ ထောင်ချီရကြတယ် ။ နာမည်ကြီး အဆိုတော်တွေ တီးဝိုင်းတွေ တစ်ပွဲ သိန်းထောင်ချီဝင်ကြတယ် …။

ဒါပေမယ့် သူတို့တစ်သက်လုံးအခွန်ဆောင်လာတာက မနေ့တနေ့ကမှ ရုပ်ရှင်လောကထဲဝင်လာတဲ့ ခီဇနီးမောင်နှံရဲ့ အစွန်းထွက်တောင်မရှိဘူး . . .။ အခွန်ရှောင်ကြလို့ ရုပ်ရှင်လောကတိုးတက်လား ရုပ်ရှင်လောကသားတွေ တိုးတက်လားဆိုတော့ အရံတွေဘဝက သူတောင်းစားသာသာဖြစ်နေကြရတဲ့ ဘဝတွေ ပေါကား အခြောက်ကား ဟာသကားတွေရိုက်ပြီး ပြည်သူကို ဂျင်းထည့် အခွန်ရှောင်ကြတဲ့ အနုပညာရှင်တွေ ရှက်ကြစမ်းဗျာ …။

အနုပညာလောကထဲမှာ ခုလို ဘယ်လောက်ရတယ် ဘယ်လိုအခွန်ဆောင်တယ် ဘယ်သူပြောရဲကြလဲ …? ကျုပ်ကတော့ ခီဇနီးမောင်နှံရဲ့ ယခုလုပ်ရပ်ကိုတော့ တကယ်လေးစားသွားပြီ ကျုပ်တို့အားလုံးလေးစား အတုယူကြရမယ်ဗျ …။ သူတို့ဇာတ်ကားထွက်တိုင်း ဝန်ထမ်းတွေကိုလိုက်ပြတယ်။ နောက်ထွက်သမျှလည်း အားပေးမယ် …။

လမ်းကြောင်းမှန်စွာ မယိုင်မလဲလျှောက်လှမ်းနိုင်ပါစေဗျာ . . .

Original- ကျော်ကြီး(MDY)

“မွေးနေ့ရက်မြတ်လေးမှာ စုစုပေါင်းငွေကျပ်သိန်း(၆၀၀) လှူဒါန်းခဲ့တဲ့ နေခြည်ဦး
အနုပညာရပ်ဝန်း
“မွေးနေ့ရက်မြတ်လေးမှာ စုစုပေါင်းငွေကျပ်သိန်း(၆၀၀) လှူဒါန်းခဲ့တဲ့ နေခြည်ဦး”

“မွေးနေ့ရက်မြတ်လေးမှာ စုစုပေါင်းငွေကျပ်သိန်း(၆၀၀) လှူဒါန်းခဲ့တဲ့ နေခြည်ဦး” နေခြည်ဦးလို့ အများသိကြတဲ့ ချီချီကတော့ ဇန်နဝါရီလ(၂၅)ရက်မှာ အသက်(၂၈ )နှစ်ပြည့်ခဲ့ပြီ ဖြစ်ပြီး သူ့ရဲ့မွေးနေ့လေးမှာ စုစုပေါင်း အလှူငွေ ကျပ်သိန်း (၆၀၀)လှူဒါန်းခဲ့ပါတယ်။ ချီချီကိုတော့ Beauty Blogger တစ်ယောက်အနေနဲ့ ပရိသတ် စတင် သတိထားမိခဲ့တာ ဖြစ်ပြီး အများနဲ့မတူတဲ့ ကြိုးစားအားထုတ်မှုကြောင့် အချိန်တိုအတွင်းမှာ အောင်မြင်မှု တစ်ရှိန်ထိုး ရလာခဲ့သူလည်း ဖြစ်ပါတယ်။ နေခြည်ဦးကတော့ မကြာသေးခင်က ကျရောက်ခဲ့တဲ့ သူမွေးနေ့တုန်းက လုပ်ခဲ့တဲ့ အလှူလေးတွေကို ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်ဖို့ စုစည်း ဖော်ပြခဲ့တာပါ။ “အခမ်းနားဆုံး မွေးနေ့ပွဲ မဟုတ်ခဲ့ပေမယ့် အကြီးကျယ်ဆုံး အမွန်မြတ်ဆုံး ပီတိအဖြစ်ရဆုံး (၂၈) နှစ်မွေးနေ့ပွဲ ဖြစ်ခဲ့အတွက် …

အနုပညာရပ်ဝန်း
“တိုင်းတပါးမှာ အနုပညာအလုပ်တွေလုပ်ကိုင်ရင်း အောင်မြင်မှုရရှိနေတဲ့ မြန်မာနိုင်ငံသား အနုပညာရှင်များ”

မြန်မာနိုင်ငံမှာသာမက တိုင်းတပါးမှာပါ အနုပညာအလုပ်တွေလုပ်ကိုင်ရင်း အောင်မြင်မှုရရှိနေတဲ့ မြန်မာနိုင်ငံသား အနုပညာရှင်တွေကတော့ မိန်းကလေးတွေရဲ့အသည်းကျော် မိုရီဆာကီဝင်း၊ ကရင်တိုင်းရင်းသူလေး နော်မာသထူးဝါး၊ သရုပ်ဆောင်မင်သမီးချော လိုင်လာခန်း တို့ပဲဖြစ်ပါတယ်။ (၁) မိုရီဆာကီဝင်း အဝင်းလို့ လူသိများတဲ့ မြန်မာနိုင်ငံမှာမွေးပြီးဂျပန်မှာကြီးတဲ့ မြန်မာနိုင်ငံသားလေး မိုရီဆာကီဝင်းကတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး Boy Group တစ်ခုဖြစ်တဲ့ Prizma X အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး (၂၀၁၇)ခုနှစ်တွင် ဒါရိုက်တာကြည်ဖြူသျှင် ရိုက်ကူးသော ဂျပန် မြန်မာ ချစ်ကြည်ရေး ဇာတ်ကား ဇာတိမြေတွင် အဓိက ဇာတ်ကောင်အဖြစ် ပါဝင်ရိုက်ကူးခဲ့ရာမှစကာ မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေကို ဆက်တိုင်လုပ်ကိုင်လာပါတယ်။ (၂) နော်မာသထူးဝါး “အိမ်လေးတစ်လုံးလိုချင်တယ်” သီချင်းနဲ့ အောင်မြင်မှုတွေ ရရှိလာတဲ့ ချစ်စရာကောင်းတဲ့ …

အနုပညာရပ်ဝန်း
” ရုံတင်ခွင့်ရရှိသွားပြီဖြစ်တဲ့ ကိုရီးယား-မြန်မာချစ်ကြည်ရေး ရုပ်ရှင်ဇာတ်ကားကြီး “

ကိုရီယား-မြန်မာချစ်ကြည်ရေး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “တိမ်တွေပေါ်ကပန်း ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရိုက်ကူးပြီး မကြာခင်မှာပဲ ရုံတင်ခွင့်ရရှိသွားတဲ့ အကြောင်းကို “Please Share ! “တိမ်တွေပေါ်ကပန်း” ဆင်ဆာခွင့်ပြုချက်ရရှိ ပြီးဖြစ်ပါသည် (၁၉.၁၂.၂၀၁၉) ရက်နေ့တွင် မြန်မာနိုင်ငံတဝှမ်းလုံးရှိ JCGV ရုပ်ရှင်ရုံများ Paradiso ရုပ်ရှင်ရုံများ Red Radiance ရုပ်ရှင်ရုံ Mega Ace ရုပ်ရှင်ရုံများတွင် ပြသသွားမည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည် ” လို့ Big 5 Film Production ရဲ့ တရားဝင် လူမှုကွန်ရက် စာမျက်နာမှာ ဖော်ပြထားပါတယ်။ “တိမ်တွေပေါ်ကပန်း ” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ New York Film Academy (Los …