ENTERTAINMENT
Source: Esther Dawt Chin Sung,CRD-Cele Gabar
UNICODE
“ပရိသတ်တွေဆီမှ ရရှိခဲ့တဲ့ လက်ဆောင်လေးတွေကြောင့် အပျော်ကြီးပျော်နေတဲ့ အက်စတာ”
မြန်မာအိုင်ဒေါ ပြိုင်ပွဲဝင် ပရိသတ်အချစ်တော် ချင်းတိုင်းရင်းသူလေး အက်စတာဒေါ့သ်ချင်းဆုန်ကတော့ နိုဝင်ဘာလ (၃၀)ရက်နေ့တွင် ကျင်းပခဲ့တဲ့ မြန်မာအိုင်ဒေါ ပြိုင်ပွဲဝင်တွေရဲ့ Fan Meeting ပွဲလေးမှာ ချစ်တဲ့ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ရပြီး ချစ်ပရိသတ်တွေဆီမှရရှိခဲ့တဲ့ လက်ဆောင်လေးတွေကြောင့် အပျော်ကြီးပျော်နေတဲ့အကြောင်းကို ” ဘဝမှာ အချစ်ဆုံးတွေစီကနေလက်ဆောင်ရခြင်းအမှတ်တရဓာတ်ပုံ အားလုံးကျေးဇူးပါရှင့်။ဒါတောင်အရုပ်နှစ်ခုကျန်သေးတယ်။ မယူရသေးလို့ ယူပီးရင်ထက်ပြမယ်နော်” လို့ သူရဲ့ ချစ်ပရိသတ်တွေနဲက ဖွဲ့စည်းထားတဲ့ We Love Esther Dawt Chin Sung (ဆုန်ဆုန်) ဆိုတဲ့ We Love Group လေးမှာ မျှဝေခဲ့တာလည်းဖြစ်ပါတယ်။
အက်စတာကတော့ Myanmar Idol Season (4) ပြိုင်ပွဲကြီးရဲ့ ပရိသတ်အကြားမှာ နိုင်ငံကျော်အဆိုတော် ဆုန်သင်းပါရ် လိုလင်းလက်လာမည့် ကြယ်ပွင့်လေးလို့ ချီးမွမ်းခြင်းခံနေရသူလည်းဖြစ်ပါတယ်။သူကတော့ ပြိုင်ပွဲကြီးစတင်ကတည်းက ပရိသတ်တွေသာမက နိုင်ငံကျော် အနုပညာရှင်များဖြစ်တဲ့ အဆိုတော်ယုန်လေးနဲ့ တေးရေး၊တေးဆို ညီမင်းခိုင်တို့ရဲ့ အားပေးထောက်ခံချီးကျူးမှုကို ရရှိထားပြီး နိုင်ငံကျော်အနုပညာရှင်တွေဖြစ်တဲ့ မင်းသမီးချောလေး သက်မွန်မြင့်၊ဒါရိုက်တာ ကိုပေါက်တို့ကလည်း ဝန်းရံနေကြပါသေးတယ်။သူ့ရဲ့ ထူးခြားတဲ့ အဆိုစွမ်းရည်နဲ့ အမှားအယွင်း၊လိုအပ်ချက်မရှိအောင်သီဆိုတတ်မှုကြောင့် Winner ဖြစ်ကိုဖြစ်ရမယ်လို့ အခိုင်အမာ ထင်ကြေးပေးခြင်းခံနေရတဲ့ ပြိုင်ပွဲဝင်တစ်ဦးလည်းဖြစ်ပါတယ်။
ပရိသတ်ကြီးရေ ချစ်တဲ့ပရိသတ်တွေမှ ဆုန်ဆုန်လို့ ချစ်စနိုးခေါ်ခံနေရတဲ့ ချင်းတိုင်းရင်သူလေး အက်စတာဒေါ့သ်ချင်းဆုန်ဟာ သူရဲ့ ချစ်ပရိသတ်တွေ ဆီမှရရှိလိုက်တဲ့ လက်ဆောင်လေးတွေကြောင့် အပျော်ကြီးပျော်နေတာလည်းဖြစ်ပါတယ်။
ENTERTAINMENT
မြမြဇာတ်ကားဟာ အနုပညာမဟုတ်ဘူးလို့ ကျောက်စိမ်းစက်ရုံဘက်မှဝေဖန်မှုအပေါ် တုံ့ပြန်လိုက်တဲ့ ထုတ်လုပ်သူ ဒေါ်စန္ဒာလွင်
နာမည်ကြီးဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ “မြမြ” ရုပ်ရှင်ဟာ မကြာခင်မှာ စတင်ပြသတော့မှာပဲ ဖြစ်ပါတယ်…ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးပြီး ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ အဆိုပါဇာတ်ကားမှာ နာမည်ကြီးသရုပ်ဆောင်ဖြစ်တဲ့ သင်ဇာဝင့်ကျော်လည်းပါဝင်သရုပ်ဆောင်ထားတာမို့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုက မြင့်တက်နေတာပါ…. ဒီအချိန်မှာ ဇာတ်လမ်းထဲမှာပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကွက်တွေကို ကျောက်စိမ်းစက်ရုံက တာဝန်ရှိသူတွေ သွားကြည့်မှာဖြစ်ပြီး စက်ရုံထိခိုက်နစ်နာပါက လိုအပ်သလိုဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ စက်ရုံတာဝန်ရှိသူဦးဇော်ဇော်အောင်က အင်တာဗျူးတစ်ခုကနေ ပြောဆိုထားပါတယ်..ဒါနဲ့ ပတ်သက်လို့ ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးက ဒေါ်စန္ဒာလွင်ကနေ အင်တာဗျူးတစ်ခုကနေ ပြန်လည်ပြောဆိုလာခဲ့ပါတယ်…ဒါကတော့ မြမြဇာတ်ကားဟာ စက်ရုံရဲ့ နာမည်တို့ နစ်နာမှုတွေ မပါရှိဘဲ စက်ရုံအပေါ်ထိခိုက်နစ်နာမှု မရှိဘူးဆိုရင် သူပြောထားခဲ့တဲ့ စကားတွေအတွက် တာဝန်ယူသင့်တယ် လို့ဆိုလာခဲ့တာပါ…. ဒါ့အပြင် မြမြဇာတ်ကားဟာ အနုပညာမဟုတ်ဘူးလို့ ဝေဖန်ခဲ့တဲ့အပေါ်မှာလည်း ဇာတ်လမ်းကို ဆင်ဆာတင်ပြီးမှ …
ENTERTAINMENT
“ကိုယ်နဲ့ မရိုက်ဖူးတဲ့ နာမည်ကြီး မင်းသား မော်ဒယ် အတော်ရှားတယ်ဆိုတဲ့ ပိုပို”
နိုင်ငံကျော်အမျိုးသမီးအဆိုတော် ပိုပိုကတော့ သူ့ရဲ့သီချင်း MTV တွေကို ပရိသတ်တွေကြားရေပန်းစား မင်းသား၊မော်ဒယ်တွေနဲ့ ရိုက်ကူးလေ့ရှိပြီး တွဲမရိုက်ဖူးတဲ့ နာမည်ကြီး မင်းသား မော်ဒယ် အတော်ရှားတဲ့အကြောင်းကို “တစ်ခါတစ်လေ MV ပြန်ကြည့်ရင် သိပ်ကျေနပ်တယ်။ကိုယ်နဲ့ မရိုက်ဖူးတဲ့ နာမည်ကြီး မင်းသား မော်ဒယ် အတော်ရှားသား လို့စ် နောက် ဘယ်သူတွေနဲ့ ထပ်ရိုက်ရင်ကောင်းမလဲ??” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ ပိုပိုဟာ တေးစီးရီးအယ်ဘမ်တွေနဲ့ တစ်ကိုယ်တော်တေးစီးရီးတော်တော်များများကို ထွက်ရှိအောင်မြင်ထားသူတစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင်အရည်အချင်းကောင်းတွေနဲ့ ဘဝကို ရဲရဲရင်ဆိုင်ကျော်ဖြတ်နေတဲ့ အဆိုတော်မလေးတစ်ယောက်လို့ ဆိုလည်းမမှားပါဘူး။ပိုပိုရဲ့ သီချင်းတော်တော်များများကလည်း ပရိသတ်တွေရဲ့ ခံစားချက်နဲ့ ထပ်တူကျခဲ့သလို ပိုပိုကိုယ်တိုင်ကလည်း ခံစားချက်အပြည့်နဲ့ သီဆိုထားခဲ့တာဖြစ်ပါတယ်။အဆိုတော်ကိုယ်စီတိုင်းမှာရှိတဲ့ ပန်းတိုင်လေးတစ်ခုဖြစ်တဲ့ One Lady Show …
ENTERTAINMENT
“ပထမဦးဆုံးရတဲ့အနုပညာကြေးလေးနဲ့ အမေ့ကို ရွှေဆွဲကြိုးကြီးဝယ်ပေးခဲတဲ့ တန်ခွန်ကျော်”
နာဂတိုင်းရင်းသားလေးတစ်ယောက်ဖြစ်တဲ့ တန်ခွန်ကျော်ကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးကနေတစ်ဆင့် ပရိသတ်ရဲ့ချစ်ခြင်းမေတ္တာကို ရရှိခဲ့သူတစ်ယောက်ပါ။ပြိုင်ပွဲစဉ်တစ်လျှောက်လုံးမှာ တစ်ကြိမ်သာရတဲ့ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အသုံးပြုရတဲ့ Channel 9 Wild Card Winner ဆုရှင်ဖြစ်ခဲ့ပြီး ပြိုင်ပွဲကြီးကို တစ်ဖန်ပြန်လည်ဝင်ရောက်လာရသူလည်းဖြစ်ပါတယ်။ မြန်မာအိုင်ဒေါပြိုင်ပွဲစဉ်ကြီးပြီးဆုံးသွားခဲ့တဲ့အချိန်မှာတော့ ကိုယ်စီဂီတခရီးလမ်းကို လျှောက်လှမ်းလာခဲ့တဲ့သူတွေထဲမှာ တန်ခွန်ကျော်တစ်ယောက်လည်း အပါအဝင်ဖြစ်ပြီး မကြာသေးခင်ကမှ တောင်ကြီးမြို့မှာကျင်းပတဲ့ Miss Universe Taunggyi & Pathein ပြိုင်ပွဲကြီးမှာ သွားရောက်သီဆိုခဲ့ပါသေးတယ်။အခြားပွဲတွေအတွက် ကမ်းလှမ်းမှုတွေလည်း ရှိနေပြီဖြစ်ပြီး မိဘအပေါ်သိတတ်လိမ္မာတဲ့သားလေးဖြစ်တဲ့ တန်ခွန်ကျော်ကတော့ မနေ့က အမေများနေ့မှာ မိခင်ဖြစ်သူအတွက် ရွှေဆွဲကြိုးကြီးဝယ်ပေးခဲ့တာဖြစ်ပါတယ်။ “အမေများနေ့အထိမ်းအမှတ် အဦးဆုံးရတဲ့ အနုပညာကြေးလေးနဲ့ အမေ့ကိုလက်ဆောင်လေးဝယ်ပေးနိုင်ခဲ့ပါပြီ။ကျေးဇူးရှင်တွေအားလုံးကို ဝမ်းသာစေချင်လို့ တင်ပေးလိုက်ပါတယ်ဗျ။ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါတယ်ဗျ” ဆိုပြီး သူ့ရဲ့ကျေးဇူးရှင်ပရိသတ်ကြီး ဝမ်းသာရအောင် ပို့စ်လေးတင်ပြီး မျှဝေပေးခဲ့တာဖြစ်ပါတယ်။မိဘအပေါ်သိတတ်လွန်းတဲ့ …