
NEWS





အုပ်စု (က)ရဲ့ အုပ်စုဗိုလ်အဖြစ် ဆီမီးဖိုင်နယ် တတ်ရောက်နိုင်ခဲ့တဲ့ မြန်မာအသင်း1




အုပ်စု (က)ရဲ့ အုပ်စုဗိုလ်အဖြစ် ဆီမီးဖိုင်နယ် တတ်ရောက်နိုင်ခဲ့တဲ့ မြန်မာအသင်း2



အုပ်စု (က)ရဲ့ အုပ်စုဗိုလ်အဖြစ် ဆီမီးဖိုင်နယ် တတ်ရောက်နိုင်ခဲ့တဲ့ မြန်မာအသင်6း


Unicode

ကမ္ဘောဒီးယားတို့ကို နောက်ကျဂိုးနဲ့ အသဲခွဲပြီး ရှုံးပွဲမရှိဘဲ အုပ်စု (က)ရဲ့ အုပ်စုဗိုလ်အဖြစ် ဆီမီးဖိုင်နယ် တတ်ရောက်နိုင်ခဲ့တဲ့ မြန်မာအသင်း

၃၀ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းပါဝင်သော အုပ်စု က ၏ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ကမ္ဘောဒီးယားတို့၏ ပွဲစဉ်ကို မြန်မာစံတော်ချိန် ညနေ၆နာရီခွဲအချိန်တွင် ဖိလစ်ပိုင်နိုင်ငံ၌ ယှဉ်ပြိုင်ကစားခဲ့ကြသည်။

မြန်မာအသင်းသည် အုပ်စုပထမပွဲစဉ်တွင် မလေးရှားအသင်းအား တစ်ဖက်တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ထားပြီး အုပ်စု ဒုတိယပွဲစဉ်တွင် အိမ်ရှင် ဖိလစ်ပိုင်အသင်းကို အနိုင်ယူ ထားနိုင်ခဲ့ပါတယ်။

အုပ်စု တတိယပွဲစဉ်တွင်လည်း တီမောအသင်းကို အနိုင်ရယူ ထားနိုင်ခဲ့သည်။ အုပ်စုဗိုလ်ဖြင့် ဆီမီးဖိုင်နယ်တတ်ရောက်ရန် ယခုပွဲစဉ်ကို မဖြစ်မနေ အနိုင် ကစားသွားရမည် ဖြစ်သည့်အတွက် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင် ကစားခဲ့ကြသည်။

အုပ်စု (က)ရဲ့ အုပ်စုဗိုလ်အဖြစ် ဆီမီးဖိုင်နယ် တတ်ရောက်နိုင်ခဲ့တဲ့ မြန်မာအသင်3း

မြန်မာအသင်းသည် ယခုပွဲတွင် ယခင်ပွဲစဉ်က လူစာရင်းများကို အနည်းငယ် အပြောင်းအလဲလုပ်ကာ ပွဲထွက်လာခဲ့သည်။ ကမ္ဘောဒီးယား အဖွင့်ဂိုးကို ပွဲချိန် ၂၁ မိနစ်တွင် ဆူဖာနက်က ပိတ်သွင်းယူခဲ့သည်။

မြန်မာအသင်းအတွက် ချေပဂိုးကို မြတ်ကောင်းခန့်၏ အကွက်မြင်မြင် ဖန်တီး ပေးပို့မှုမှဆင့် လွင်မိုးအောင် ပင်နယ်တီ ဧရိယာအစပ်မှ ဂိုးသမား၏ ညာဘက်ထောင့်ထဲကို လှလှပပ ကန်သွင်း ယူသွားခဲ့သည်။ ပထမပိုင်းအပြီးတွင် တစ်ဖက်တစ်ဂိုးစီ သရေဖြစ်ခဲ့သည်။

ဒုတိယပိုင်းတွင် တစ်လှည့်စီ အခွင့်အရေးကိုယ်စီ ရရှိခဲ့ကြပြီး အပြန်အလှန် တိုက်စစ်ဆင်ကာ ကစားခဲ့ကြသည်။ ဒုတိပိုင်းတွင် မြန်မာအသင်းနည်းပြ ပိုပေါ့၏ လူစားလဲမှု မှန်ကန်ခဲ့ပြီး အောင်ကောင်းမာန် ဝင်လာသည်နှင့် တစ်ဖက်အသင်း ခံစစ်နှင့် ဂိုးသမားကို အလုပ်ရှုပ်စေခဲ့သည်။

အုပ်စု (က)ရဲ့ အုပ်စုဗိုလ်အဖြစ် ဆီမီးဖိုင်နယ် တတ်ရောက်နိုင်ခဲ့တဲ့ မြန်မာအသင်း4

မြန်မာအသင်းအတွက် အဖိုးတန် အနိုင်ဂိုးကိုတော့ ၈၇မိနစ်တွင် အောင်ကောင်းမာန်မှ သွင်းယူ ပေးနိုင်ခဲ့သည်။ ပွဲအပြီးတွင် မြန်မာအသင်းမှ ၂-၁ ဖြင့် အနိုင်ရရှိခဲ့သည်။

ယခုပွဲ အနိုင်ရရှိခဲ့ခြင်းကြောင့် ၄ပွဲကစား ၃ပွဲနိုင် ၁ပွဲသရေ ရမှတ် ၁၀မှတ်ဖြင့်အုပ်စု (က)၏ အုပ်စုဗိုလ်အဖြစ် ဆီးမီးဖိုင်နယ် တတ်ရောက် နိုင်ခဲ့ပြီဖြစ်သည်။ ယနေ့ပွဲတွင် ကမ္ဘောဒီးယားအသင်းသည် မြန်မာအသင်းကို အကောင်းဆုံး ဖိအာပေး ကစားနိုင်ခဲ့သော်လည်း မြန်မာအသင်း၏ နောက်တန်း ဂိုးသမားတို့က သတိကြီးစွာ ရှင်းထုတ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ယနေ့တွင် နည်းပြပိုပေါကို ချီးကျူးဂုဏ်ပြု ရမည်ဖြစ်သည်။ ၎င်း၏ လူစားလဲမှုနှင့် နည်းဗျူဟာ မှန်ကန်မှုတို့ကြောင့် ကမ္ဘောဒီးယားတို့ကို အလဲထိုး နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။တစ်ဖက်အုပ်စုမှ ဗီယမ်နမ် ၊ထိုင်း ၊အင်ဒိုနီးရှားတို့ထဲမှ အုပ်စု ဒုတိယရရှိသူနဲ့ ဆီမီးဖိုင်နယ်တွင် တွေ့ဆုံရမည်ဖြစ်သည်။

အဖိုးတ န် သစ်ပင်ကျောက်ရုပ်ကြွင်းကြီး
NEWS
အဖိုးတ န် သစ်ပင်ကျောက်ရုပ်ကြွင်းကြီးကို တရုတ် ကုမ္ပဏီ လက်ထဲ မရောက်အောင် တားဆီး ပေးကြပါ

အဖိုးတ န် သစ်ပင်ကျောက်ရုပ်ကြွင်းကြီးကို တရုတ် ကုမ္ပဏီ လက်ထဲ မရောက်အောင် တားဆီး ပေးကြပါ မကွေးတိုင်း ဝန်ကြီးချုပ် ကလည်းခွင့် မပြုသလို၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ကလည်း ခွင့်မပြုဘူးလို့ သိရပါတယ်။ တိုင်းရဲမင်းကြီး အနေနဲ့လည်း ခရိုင်အဆင့် မြို့နယ်အဆင့် ရဲမင်းကြီးတွေ ကွင်းဆင်း စေပြီး ရဲ အစောင့်ထားပေးခဲ့ ပါတယ်။ ဒါပေမဲ့ သရီးဂျိတ် ကုမ္ပဏီ အနေနဲ့ လက်မလျှော့ သေးပါဘူး၊ နေပြည်တော်ကပဲ ခွင့်ပြုမိန့် ပါသလိုလို လုပ်ကွက်ပဲ ရထါးပြိး တွေ့ရှိလို့ သယ်ဆောင် မလိုလို အခြေအနေ ရှိပါတယ်။ မက်လောက်စရာ လားလို့ မေးရင် မက်လောက်တာထက် ပိုနိုင် ပါတယ်။ …

မလေးရှားကစားသမားက သက်ထားသူဇာကို မနိုင်မှန်းသိလို့အရှုံးပေး
NEWS
မလေးရှားကစားသမားက သက်ထားသူဇာကို မနိုင်မှန်းသိလို့အရှုံးပေး

မလေးရှားကစားသမားက သက်ထားသူဇာကို မနိုင်မှန်းသိလို့အရှုံးပေး ဆီးဂိမ်းစ်ပြိုင်ပွဲ၏ ကြက်တောင်အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ၂၀၁၇ ဆီးဂိမ်းစ် ငွေတံဆိပ်ဆုရှင် မလေးရှားကစားသမား Soniia Cheah Su Ya ကို (၁၈-၂၁)၊(၂၁-၁၅)၊ (၁၂-၅) (တတိယပွဲတွင် ပြိုင်ဘက်မှ အရှုံးပေး) ဖြင့် အနိုင်ယူခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။ ကွာတားဖိုင်နယ်ပွဲစဉ်များကို ဒီဇင်ဘာ(၇)ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။ ဆီးဂိမ်းစ်ပြိုင်ပွဲ၏ ကြက်တောင်အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ၂၀၁၇ ဆီးဂိမ်းစ် ငွေတံဆိပ်ဆုရှင် မလေးရှားကစားသမား Soniia Cheah Su Ya ကို (၁၈-၂၁)၊(၂၁-၁၅)၊ (၁၂-၅) (တတိယပွဲတွင် ပြိုင်ဘက်မှ အရှုံးပေး) ဖြင့် အနိုင်ယူခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်သို့ …

 Tik Tokဆော့နေသည့်ဇနီးအားဓါတ်လိုက်နေသည်ဟုထင်ပြီးဝါးဆစ်ပိတ်ဖြင့်ရိုက်၍ကယ်တင်ရာမှဇနီးဖြစ်သူသေဆုံး
NEWS
Tik Tok ဆော့နေသည့်ဇနီးအားဓါတ်လိုက်နေသည်ဟုထင်ပြီးဝါးဆစ်ပိတ်ဖြင့်ရိုက်၍ကယ်တင်ရာမှဇနီးဖြစ်သူသေဆုံး

 Tik Tok ဆော့နေသည့်ဇနီးအားဓါတ်လိုက်နေသည်ဟုထင်ပြီးဝါးဆစ်ပိတ်ဖြင့်ရိုက်၍ကယ်တင်ရာမှဇနီးဖြစ်သူသေဆုံး မြင်းခြံမြို့နယ် ဝဲလောင်ကျေးရွာ တွင် နေထိုင်သူ မခင်စိန်သန်း သည် လင်ယောင်္ကျား မရှိခိုက် TikTok ဖွင့်၍ ဝါယာကြိုးကို မိုက်အဖြစ် အသုံး ပြုကာ Rapper ကျားကြီး၏ သီချင်းကို သီဆိုပြီး rap အက ကနေသည် ကို အလုပ်မှ ပြန်လာသော မောင်အောင်တင့် က ဓါတ် လိုက် နေ သည် ဟု ထင်ပြီး အနီးရှိ ၃ပေခန့်ရှိသည့် ဝါးဆစ်ပိတ်နှင့် ရိုက်နှက် ကယ်တင်စဉ် ဦးခေါင်းကို ရိုက်မိပြီး ဇနီးဖြစ်သူမှာ နေရာတွင်းပင် သေဆုံးသွားခဲ့သောကြောင့် ဝဲလောင်နယ်မြေ ရဲကင်းသို့ လာရောက် ဖမ်းဆီးခံ …