
တစ္ရက္ကို (၉)နာရီ အိပ္ေပးရင္ သိန္း(၂၀)ေက်ာ္ ေပးမယ္လို႔ အလုပ္ေခၚေနတဲ့ ကုမၸဏီ
အိႏိၵယ ကုမၸဏီ Wakefit Innovations Pvt.Ltd ဟာ အလုပ္ တစ္ခု ေခၚေနၿပီး၊ အခန္႔ခံရတဲ့ သူက လုပ္ရမွာ ဆုိလုိ တစ္ေန႔ကုန္ ဘာမွ မလုပ္ဘဲ၊ အနည္းဆုံး (၉) နာရီၾကာ အိပ္ႏုိင္ရမွာပဲ ျဖစ္ပါတယ္ …။
အခန္႔ရတဲ့ ဝန္ထမ္းေတြဟာ ကုမၸဏီက သီးသန္႔ ျပဳလုပ္ထားတဲ့ ေျခရာခံ အိပ္စက္ထဲမွာ အိပ္ရမွာ ျဖစ္ၿပီး၊ ေန႔ခင္းဘက္မွာသာ အိပ္ရမွာ ျဖစ္တာေၾကာင့္ ညဘက္ဆုိရင္ အိမ္ကုိ ျပန္အိပ္ႏုိင္ပါတယ္။ကုမၸဏီက ဒီအလုပ္ကုိ ေခၚရတာဟာ အိပ္စက္ပုံကုိ ေလ့လာဖုိ႔ ျဖစ္ၿပီး၊ က်န္းမားေရနဲ႔ ညီညြတ္တဲ့ အိပ္စက္နည္းကုိ လူထုအတြက္ ယူေဆာင္လာေပးဖုိ႔ ရည္ရြယ္ထားတယ္လုိ႔ ေဖာ္ျပသြား ခဲ့ပါတယ္ …။
အခန္႔ခံရတဲ့ ဝန္ထမ္းေတြဟာ ညအိပ္ရာ ဝင္တဲ့ အခ်ိန္မွာ ဝတ္ေနက် ညအိပ္ ဝတ္စုံကုိ ဝတ္ႏုိင္ၿပီး ေျခရာခံ အိပ္စက္မွာ တစ္ေန႔ကုိ (၉) နာရီၾကာနဲ႔ ရက္ေပါင္း (၁၀၀) ၾကာ အိပ္စက္ရမွာ ျဖစ္ပါတယ္ …။
WorldofBuzz သတင္းက အခန္႔ခံရတဲ့ ဝန္ထမ္းဟာ တစ္ေန႔ကုိ (၉) နာရီၾကာနဲ႔ ရက္ေပါင္း (၁၀၀) ၾကာ အိပ္ၿပီးရင္ ရင္းဂစ္ (၅,၈၀၀)၊ ျမန္မာေငြ သိန္း (၂၀) ေက်ာ္ ရႏုိင္မယ္လုိ႔ ေဖာ္ျပသြားပါတယ္။ အလုပ္ေခၚစာမွာ ေရးထာတာက “အိပ္ေနရုံပါပဲ။ ၾကာႏုိင္သေလာက္ အိပ္ပါ။ ႏွစ္ၿခိဳက္သေလာက္ အိပ္ပါ။ ႏုိင္လုိစိတ္ျပင္းျပသေလာက္ အိပ္ပါ။ အနားယူေနရုံပါပဲ”လုိ႔ ေရးထားတာ ျဖစ္ပါတယ္ …။
ေျခရာခံ အိပ္စက္က အိပ္ေနတဲ့ အခ်ိန္မွာ အိပ္ေနတဲ့ ပုံစံကုိ မွတ္ထားမွာ ျဖစ္ၿပီး၊ အိပ္ေနတဲ့ သူက သူ အိပ္ေနတဲ့ အခ်ိန္မွာ သူ႔ရဲ႕ ဖုန္း အပါအဝင္ အျခား ဘာပစၥည္းကုိမွ ကုိင္ခြင့္မရွိတာ ျဖစ္ပါတယ္။တစ္ဖက္က ၾကည့္ရင္ အိပ္ရတာ လြယ္ပါတယ္လုိ႔ ေျပာႏုိင္ေပမဲ့ တစ္ေန႔ကုိ (၉) နာရီၾကာ အိပ္ဖုိ႔က အလြယ္သလုိ၊ ရက္ (၁၀၀) ၾကာ၊ (၃) လခဲြေက်ာ္ အိပ္ေနရမွာကလည္း အလြန္ ခက္ခဲ ပါတယ္ …။ ။
Credit to Ko Khant (D Nae Khit Media)
Unicode
တစ်ရက်ကို (၉)နာရီ အိပ်ပေးရင် သိန်း(၂၀)ကျော် ပေးမယ်လို့ အလုပ်ခေါ်နေတဲ့ ကုမ္ပဏီ
အိန္ဒိယ ကုမ္ပဏီ Wakefit Innovations Pvt.Ltd ဟာ အလုပ် တစ်ခု ခေါ်နေပြီး၊ အခန့်ခံရတဲ့ သူက လုပ်ရမှာ ဆိုလို တစ်နေ့ကုန် ဘာမှ မလုပ်ဘဲ၊ အနည်းဆုံး (၉) နာရီကြာ အိပ်နိုင်ရမှာပဲ ဖြစ်ပါတယ် …။
အခန့်ရတဲ့ ဝန်ထမ်းတွေဟာ ကုမ္ပဏီက သီးသန့် ပြုလုပ်ထားတဲ့ ခြေရာခံ အိပ်စက်ထဲမှာ အိပ်ရမှာ ဖြစ်ပြီး၊ နေ့ခင်းဘက်မှာသာ အိပ်ရမှာ ဖြစ်တာကြောင့် ညဘက်ဆိုရင် အိမ်ကို ပြန်အိပ်နိုင်ပါတယ်။ကုမ္ပဏီက ဒီအလုပ်ကို ခေါ်ရတာဟာ အိပ်စက်ပုံကို လေ့လာဖို့ ဖြစ်ပြီး၊ ကျန်းမားရေနဲ့ ညီညွတ်တဲ့ အိပ်စက်နည်းကို လူထုအတွက် ယူဆောင်လာပေးဖို့ ရည်ရွယ်ထားတယ်လို့ ဖော်ပြသွား ခဲ့ပါတယ် …။
အခန့်ခံရတဲ့ ဝန်ထမ်းတွေဟာ ညအိပ်ရာ ဝင်တဲ့ အချိန်မှာ ဝတ်နေကျ ညအိပ် ဝတ်စုံကို ဝတ်နိုင်ပြီး ခြေရာခံ အိပ်စက်မှာ တစ်နေ့ကို (၉) နာရီကြာနဲ့ ရက်ပေါင်း (၁၀၀) ကြာ အိပ်စက်ရမှာ ဖြစ်ပါတယ် …။
WorldofBuzz သတင်းက အခန့်ခံရတဲ့ ဝန်ထမ်းဟာ တစ်နေ့ကို (၉) နာရီကြာနဲ့ ရက်ပေါင်း (၁၀၀) ကြာ အိပ်ပြီးရင် ရင်းဂစ် (၅,၈၀၀)၊ မြန်မာငွေ သိန်း (၂၀) ကျော် ရနိုင်မယ်လို့ ဖော်ပြသွားပါတယ်။ အလုပ်ခေါ်စာမှာ ရေးထာတာက “အိပ်နေရုံပါပဲ။ ကြာနိုင်သလောက် အိပ်ပါ။ နှစ်ခြိုက်သလောက် အိပ်ပါ။ နိုင်လိုစိတ်ပြင်းပြသလောက် အိပ်ပါ။ အနားယူနေရုံပါပဲ”လို့ ရေးထားတာ ဖြစ်ပါတယ် …။
ခြေရာခံ အိပ်စက်က အိပ်နေတဲ့ အချိန်မှာ အိပ်နေတဲ့ ပုံစံကို မှတ်ထားမှာ ဖြစ်ပြီး၊ အိပ်နေတဲ့ သူက သူ အိပ်နေတဲ့ အချိန်မှာ သူ့ရဲ့ ဖုန်း အပါအဝင် အခြား ဘာပစ္စည်းကိုမှ ကိုင်ခွင့်မရှိတာ ဖြစ်ပါတယ်။တစ်ဖက်က ကြည့်ရင် အိပ်ရတာ လွယ်ပါတယ်လို့ ပြောနိုင်ပေမဲ့ တစ်နေ့ကို (၉) နာရီကြာ အိပ်ဖို့က အလွယ်သလို၊ ရက် (၁၀၀) ကြာ၊ (၃) လခွဲကျော် အိပ်နေရမှာကလည်း အလွန် ခက်ခဲ ပါတယ် …။ ။
Credit to Ko Khant (D Nae Khit Media)