
ပရိသတ္စိတ္ဝင္စားမႈ ျမင့္တက္ေနတဲ့ မင္းသမီးၾကီး ဝါဝါဝင္းေရႊရဲ႕ ေျမးေခ်ာမေလး(၂)ေယာက္
သရုပ္ေဆာင္အကယ္ဒမီမင္းသမီးၾကီး ေဒၚဝါဝါဝင္းေရႊဟာ သူမရဲ႕ ေျမးေခ်ာေလး ၂ဦးကို ပရိသတ္နဲ႔ မိတ္ဆက္ေပးလိုက္ျပီး ပရိသတ္ေတြက ေျမးေခ်ာေလး ၂ဦးကို စိတ္ဝင္စားေနၾကပါတယ္။ သားငယ္ျဖစ္သူ ဝါဇင္ရဲ႕ အမ်ိဳးသမီးျဖစ္သူက သံရံုးက သံမွဴးျဖစ္တဲ့အတြက္ လက္ရွိမွာ စင္ကာပူႏိုင္ငံမွာ ေနထိုင္ေနတာျဖစ္ျပီး သမီးေလး (၂) ေယာက္ကိုလည္း ေမြးဖြားထားတာ ပဲျဖစ္ပါတယ္ …။
လက္တေလာလူမွုကြန္ယက္ေပၚမွာ ေရပန္းစားေနတဲ့ သရုပ္ေဆာင္ဝါဝါဝင္းေရႊရဲ႕ ေျမးမေလး (၂) ဦးကေတာ့ သားၾကီးဝင္းထြဋ္ဝင္းက ေမြးဖြားလာတဲ့ သမီးေခ်ာေလးႏွစ္ဦးျဖစ္ပါတယ္။ သူတို႔ေတြကေတာ့ ဝါေရႊႏြယ္ေသြးဝင္း နဲ႔ ဝင္းဝါပန္းျမတ္ေသြးတုိ႔ပဲ ျဖစ္ပါတယ္ …။
အသက္ ၁၅ ႏွစ္အရြယ္သာရွိေသးတဲ႔ ေျမးအငယ္မေလး ဝင္းဝါပန္းျမတ္ေသြးနဲ႔ အၾကီးမေလး ဝါေရႊႏြယ္ေသြးဝင္းတို႔ ၂ဦးဟာ ခ်စ္စဖြယ္မ်က္ႏွာေလးေတြကို ပိုင္ဆိုင္ထားၾကသူေတြျဖစ္ျပီး အဘြားျဖစ္သူ ေဒၚဝါဝါဝင္းေရႊရဲ႕ လွပမႈေတြကို အေမြရရွိထားၾကသူေလးေတြလည္း ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ အိမ္နာမည္ေတြက ဝါေသြးနဲ႔ ပန္းေသြးပါတဲ႔ …။
အန္တီေဒၚဝါဝါဝင္းေရႊဟာ အၾကီးမေလး ဝါေရႊႏြယ္ေသြးဝင္းကို သူမရဲ႕ ရုပ္ရွင္ဇာတ္ကားၾကီးျဖစ္တဲ႔ ရွင္ဥပဂုတၱ ဇာတ္ကားထဲမွာ ထည့္သြင္းရိုက္ကူးခဲ႔ေသးတာျဖစ္ျပီး ဝါေရႊႏြယ္ေသြးဝင္းေရာ ဝင္းဝါပန္းျမတ္ေသြးပါ အႏုပညာ ဝါသနာပါၾကတယ္လို႔ သိရပါတယ္ …။
အၾကီးမေလးက ေက်ာင္းမွာျပဳလုပ္တဲ႔ ဇာတ္လမ္းတို ပေရာ့ဂ်က္ေလးေတြမွာ ပါဝင္သရုပ္ေဆာင္ဖူးျပီး အဲဒီဇာတ္လမ္းကို သရုပ္ေဆာင္မင္းေမာ္ကြန္းရဲ႕ သမီးေလး ေလေျပေသြးက တြဲဖက္ဒါရိုက္တာအျဖစ္ ရိုက္ကူးထားတာပါတဲ႔။အငယ္မေလးကေတာ့ စႏၵရားတီးဝါသနာပါတယ္လို႔ ေဒၚဝါဝါဝင္းေရႊက ဆုိထားပါတယ္။ကဲ အန္တီေဒၚဝါဝါဝင္းေရႊရဲ႕ ေျမးေခ်ာေလးေတြကိုလည္း မၾကာခင္ အႏုပညာေလာကထဲမွာ ျမင္ရေတာ့မယ္ထင္ပါတယ္ေနာ္ …။ ။
Credit
Unicode
ပရိသတ်စိတ်ဝင်စားမှု မြင့်တက်နေတဲ့ မင်းသမီးကြီး ဝါဝါဝင်းရွှေရဲ့ မြေးချောမလေး(၂)ယောက်
သရုပ်ဆောင်အကယ်ဒမီမင်းသမီးကြီး ဒေါ်ဝါဝါဝင်းရွှေဟာ သူမရဲ့ မြေးချောလေး ၂ဦးကို ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်ပြီး ပရိသတ်တွေက မြေးချောလေး ၂ဦးကို စိတ်ဝင်စားနေကြပါတယ်။ သားငယ်ဖြစ်သူ ဝါဇင်ရဲ့ အမျိုးသမီးဖြစ်သူက သံရုံးက သံမှူးဖြစ်တဲ့အတွက် လက်ရှိမှာ စင်ကာပူနိုင်ငံမှာ နေထိုင်နေတာဖြစ်ပြီး သမီးလေး (၂) ယောက်ကိုလည်း မွေးဖွားထားတာ ပဲဖြစ်ပါတယ် …။
လက်တလောလူမှုကွန်ယက်ပေါ်မှာ ရေပန်းစားနေတဲ့ သရုပ်ဆောင်ဝါဝါဝင်းရွှေရဲ့ မြေးမလေး (၂) ဦးကတော့ သားကြီးဝင်းထွဋ်ဝင်းက မွေးဖွားလာတဲ့ သမီးချောလေးနှစ်ဦးဖြစ်ပါတယ်။ သူတို့တွေကတော့ ဝါရွှေနွယ်သွေးဝင်း နဲ့ ဝင်းဝါပန်းမြတ်သွေးတို့ပဲ ဖြစ်ပါတယ် …။
အသက် ၁၅ နှစ်အရွယ်သာရှိသေးတဲ့ မြေးအငယ်မလေး ဝင်းဝါပန်းမြတ်သွေးနဲ့ အကြီးမလေး ဝါရွှေနွယ်သွေးဝင်းတို့ ၂ဦးဟာ ချစ်စဖွယ်မျက်နှာလေးတွေကို ပိုင်ဆိုင်ထားကြသူတွေဖြစ်ပြီး အဘွားဖြစ်သူ ဒေါ်ဝါဝါဝင်းရွှေရဲ့ လှပမှုတွေကို အမွေရရှိထားကြသူလေးတွေလည်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အိမ်နာမည်တွေက ဝါသွေးနဲ့ ပန်းသွေးပါတဲ့ …။
အန်တီဒေါ်ဝါဝါဝင်းရွှေဟာ အကြီးမလေး ဝါရွှေနွယ်သွေးဝင်းကို သူမရဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ရှင်ဥပဂုတ္တ ဇာတ်ကားထဲမှာ ထည့်သွင်းရိုက်ကူးခဲ့သေးတာဖြစ်ပြီး ဝါရွှေနွယ်သွေးဝင်းရော ဝင်းဝါပန်းမြတ်သွေးပါ အနုပညာ ဝါသနာပါကြတယ်လို့ သိရပါတယ် …။
အကြီးမလေးက ကျောင်းမှာပြုလုပ်တဲ့ ဇာတ်လမ်းတို ပရော့ဂျက်လေးတွေမှာ ပါဝင်သရုပ်ဆောင်ဖူးပြီး အဲဒီဇာတ်လမ်းကို သရုပ်ဆောင်မင်းမော်ကွန်းရဲ့ သမီးလေး လေပြေသွေးက တွဲဖက်ဒါရိုက်တာအဖြစ် ရိုက်ကူးထားတာပါတဲ့။အငယ်မလေးကတော့ စန္ဒရားတီးဝါသနာပါတယ်လို့ ဒေါ်ဝါဝါဝင်းရွှေက ဆိုထားပါတယ်။ကဲ အန်တီဒေါ်ဝါဝါဝင်းရွှေရဲ့ မြေးချောလေးတွေကိုလည်း မကြာခင် အနုပညာလောကထဲမှာ မြင်ရတော့မယ်ထင်ပါတယ်နော် …။ ။
Credit