
အချစ်ရေး




CRD-Cele Gabar

UNICODE

“G-Fattနဲ့ တရားဝင်ပြတ်စဲသွားတဲ့ အကြောင်းကို ပြောပြလာတဲ့ နန်းဆုရတီစိုး”

ဘာဘီအရုပ်မလေးတစ်ရုပ်လို လှပပြီး ချစ်စရာကောင်းလှတဲ့ သရုပ်ဆောင် အဆိုတော် နန်းဆုရတီစိုးနဲ့ အဆိုတော် G-Fattတို့ကတော့ ရွှေလက်တွဲလာခဲ့တာ (၂)နှစ်ကျော် (၃)နှစ်နီးပါးရှိနေခဲ့ပြီး ချစ်စရာကောင်းလှတဲ့ မမနဲ့မောင်လေးစုံတွဲလေးတစ်တွဲပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ လအနည်းငယ်လောက်ကစပြီးတော့ ဒီချစ်စရာကောင်းတဲ့ စုံတွဲလေးဟာ ပြဿနာလေးတွေအနည်းငယ်ရှိနေခဲ့ပြီး စိတ်ဆိုးစိတ်ကောက်ဖြစ်နေခဲ့ကြပါသေးတယ်။သူတို့ စုံတွဲလေးကို အားပေးချစ်ခင်တဲ့ ပရိသတ်တွေက နှစ်ဦးသားပြန်လည်အဆင်ပြေဖို့ကို တောင်းဆိုမျှော်လင့်နေခဲ့ကြတာပါ။

သို့ပေမဲ့လည်း ပရိသတ်တွေ တောင်းဆိုမျှော်လင့်နေတဲ့ ဆန္ဒလေးကတော့ ပြည့်ဝလာနိုင်စရာအကြောင်းမရှိတော့ပါဘူး။ပျော်ပျော်ရွှင်ရွှင်နဲ့ ရွှေလက်တွဲလာတဲ့ သူတို့ စုံတွဲလေးဟာ ပြတ်စဲသွားပြီဖြစ်တဲ့ အကြောင်းကို နန်းဆုကိုယ်တိုင်က အင်တာဗျူးမှာ “ချစ်သူတွေလည်း မဟုတ်တော့သလို ရန်သူတွေတော့လည်း မဟုတ်ကြဘူး။အချင်းချင်းကတော့ အဆက်အသွယ်ရှိပါတယ်။အလုပ်နဲ့ပတ်သက်ပြီးတော့လည်း စကားတွေပြောဖြစ်ပါတယ်။နန်းဆုတို့ကတစ်ယောက်နဲ့တစ်ယောက် မုန်းတီးနာကျင်ပြီး ရန်သူတွေဖြစ်နေကြတဲ့ အနေအထားမဟုတ်ဘူး။ကိုယ့်အလုပ်ကိုယ်လုပ် သူအလုပ်သူကြိုးစားနေရင်းနဲ့ပဲ တစ်ယောက်နဲ့တစ်ယောက်လိုအပ်တာတွေရှိရင် စကားတွေပြောဖြစ်တယ်။အလုပ်နဲ့ပတ်သက်ပြီးတော့ စကားပြောဖြစ်ပါတယ်”လို့ ဖြေကြားခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေက ချစ်ခင်ရတဲ့ အတွဲလေးပြတ်သွားတာကြောင့် စိတ်မကောင်းဖြစ်စေခဲ့ရတဲ့ အတွက်ကိုလည်း “ပရိသတ်တွေကြားချင်နေတဲ့ ဒီ Relation နဲ့ပတ်သက်ပြီးတော့ ပရိသတ်တွေကြားချင်တဲ့အဖြေကို နန်းဆု မပြောပေးနိုင် မဖြေပေးနိုင်တဲ့ အတွက်နန်းဆုကိုယ်တိုင်လည်း စိတ်မကောင်းပါဘူး။ နန်းဆုကိုလည်း နားလည်ပေးပါ”လို့လည်း တောင်းပန်ထားပါသေးတယ်။ ပရိသတ်ကြီးရေ နန်းဆုကိုယ်တိုင်ဖြေကြားထားတဲ့ ဒီအင်တာဗျူးဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

ချစ်သူတွေကြားမှာ ဒီအိပ်မက်တွေ မက်ရင်တော့ သတိထားတော့…
အချစ်ရေး
ချစ်သူတွေကြားမှာ ဒီအိပ်မက်တွေ မက်ရင်တော့ သတိထားတော့…

ချစ်သူတွေကြားမှာ ဒီအိပ်မက်တွေ မက်ရင်တော့ သတိထားတော့… ချစ်သူတွေကြားမှာ စိတ်ထဲမှာ မသိစိတ်ကနေ နှစ်ယောက်ကြားမှာ ဖြစ်နေသော ပြသာနာတွေက အိပ်မက်မှာ ပေါ်လာလိမ့်ပါမယ် … ။ ဘယ်လို အိပ်မက်တွေ ဖြစ်မှာလဲ … ။ အိပ်မက်တွေကို သတိထား ကြည့်လိုက်ပါနော် … ။ ( 1 ) ချစ်သူနဲ့ ပျော်ရွှင် သာယာနေသော အိပ်မက် ချစ်သူနဲ့ ကွဲရန် နီးစပ်နေလို့ မြင်ရသော အိပ်မက် ဖြစ်ပါလိမ့်မယ်။ အိပ်မက်ဆိုတာ ပြောင်းပြန် စဉ်းစား ကြည့်ရပါတယ်။ ကိုယ်က ချစ်သူအပေါ်မှာ တကိုယ်ကောင်း ဆန်တာပဲဖြစ်ဖြစ်၊ အမြဲတမ်း အနိုင်ယူနေတာတွေက ပြသာနာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် …

ကောင်လေးတွေက ချစ်သူကောင်မလေးတွေကို ဒါတွေကြောင့် သဝန်တိုတတ်ပါတယ်
အချစ်ရေး
ကောင်လေးတွေက ချစ်သူကောင်မလေးတွေကို ဒါတွေကြောင့် သဝန်တိုတတ်ပါတယ်

ကောင်လေးတွေက ချစ်သူကောင်မလေးတွေကို ဒါတွေကြောင့် သဝန်တိုတတ်ပါတယ် တစ်ယောက်နဲ့ တစ်ယောက် အကြောင်းပါပြီး ချစ်သူတွေ ဖြစ်ကြတဲ့အခါ အပြန်အလှန် နားလည်ဖို့ကြိုးစားရင်း ယုံကြည်မှုတွေ တည်ဆောက်ကြပေမယ့် မကောင်းတာတွေ မဖြစ်စေချင်တဲ့ အတွက် စိတ်ပူတာ၊ သဝန်တိုတာ၊ စိုးရိမ်တာ စတဲ့ စိတ်ခံစားချက်တွေက သူ့အလိုလို ဖြစ်လာ တတ်ပါ တယ်။ အထူးသဖြင့် ယောကျာ်လေးတွေက သူတို့ရဲ့ကောင်မလေးတွေကို ချစ်မိတာအခါမှာ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက် အလိုလိုက် ကြသလို သဝန်တိုတာ စိတ်ပူလို့ ချုပ်ချယ်တာတွေ ရှိ ကြပါ တယ်။ ဒါက မယုံကြည်တာမျိုး မဟုတ်ပေမယ့် အနည်းနဲ့ အများတွေ ဖြစ်တတ်ကြ တာပါ။ ကိုယ့်ထက် တခြားသူကို ပိုဂရုစိုက်တာ ဒါကမနာလို …

အချစ်ရေး
လက်ထပ်ဖို့ ဆုံးဖြတ်ထားတဲ့ စုံတွဲတိုင်း မဖြစ်မနေ စဉ်းစားထားသင့်တဲ့ အကြောင်းအရာ(၅)မျိုး

လက်ထပ်ဖို့ ဆုံးဖြတ်ထားတဲ့ စုံတွဲတိုင်း မဖြစ်မနေ စဉ်းစားထားသင့်တဲ့ အကြောင်းအရာ(၅)မျိုး လူနှစ်ယောက် ချစ်သူတွေဖြစ်သွားဖို့ဆိုတာ သိပ်မခက်ပေမယ့် နှစ်ယောက်သားလက်တွဲပြီး အိမ်ထောင်ရေးအဆင်ပြေသာယာဖို့ဆိုရင်တော့ ထင်သလောက် မလွယ်လှပါဘူး …။ ပညာရှင်တွေရဲ့ လေ့လာမှုတွေအရ ချစ်သူစုံတွဲတွေ တော်တော်များများက အိမ်ထောင်ပြုဖို့အတွက်စဉ်းစားရာမှာ တချို့အချက်တွေကို ထည့်မစဉ်းစားမိတတ်ကြဘူးဆိုတာကို တွေ့ရပါတယ် …။ ဒါဆို စုံတွဲတွေအနေနဲ့ အိမ်ထောင်ပြုဖို့ စဉ်းစားတဲ့အခါ ဘယ်အချက်တွေကို မဖြစ်မနေထည့်စဉ်းစားဖို့ လိုသလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။ အိမ်ထောင်ပြုဖို့ စိတ်ကူးရှိတဲ့သူတိုင်း ဖတ်ထားလိုက်ပါနော် …။ (၁) ငွေကြေးနဲ့ပတ်သက်လို့ အိမ်ထောင်တစ်ခုထူထောင်တဲ့အခါ ငွေကြေးက အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် မိသားစုအတွက် လုံလောက်တဲ့ ပိုက်ဆံရှာဖို့လိုအပ်ပါတယ် …။ ဒါပေမယ့် ပိုက်ဆံရှာဖို့ကို ပထမဦးစားပေးအဖြစ် သတ်မှတ်ထားပြီး …