COOKING
Unicode
ကလေးလူကြီး အားလုံးကြိုက်ပြီး ဝမ်းမှန်စေတဲ့ အိမ်တွင်းဒိန်ချဉ် လုပ်နည်းလေးနော်
ဒိန်ချဉ် လုပ်နည်းလေး မေးထားလို့ တင်ပေးလိုက်ပါတယ် ။ ။ ။ ။ ။
နွားနို့ ၁ ပိသာကို ဆူအောင်ကျိုပါ။ ကျိုတဲ့အခါ ဆူရုံလေးပဲ မထားပါနဲ့ ။ ကြာကြာလေး ကျိုပါ ။ တအားလည်း မပျစ်ပါစေနဲ့ ။
ပြီးရင် မီးဖို ပေါ်က ချပြီး အအေးခံပါ ။ လုံးဝ အေးသွား တဲ့အထိ မစောင့်ရပါ ။ ( နွေးနွေးလေးမှာ အချဉ် ကို ထည့်ရမှာမို့ပါ ) လက်ညိုးကို ထည့်ကြည့်လို့ အပူခံနိုင်တယ် ဆိုရုံလေးပေါ့ ။
အချဉ် ( ဟင်းခတ်ဇွန်း ၁ ဇွန်း ) ထည့်ပြီး မွှေပေးပါ ။
ပြီးရင် အုပ်ဆောင်းနဲ့အုပ်ပြီး မရွေ့လျားစေဘဲ ၂၄ နာရီ ထားပါ ။ အခန်းအပူချိန်မှာပဲ ထားရမှာပါ ။ ၂၄ နာရီပြည့်ရင် ဒိန်ချဉ် ဖြစ်ပါပြီ ။ သတိပြုရမှာတွေက လေလုံအောင် အိုးကို ပိတ်မထားရပါဘူး ။ ခဏခဏလည်း မမွှေရပါဘူး ။ အချဉ်ထည့်ချိန်မှာသာ မွှေပေးရတာပါ ။ အချဉ်ထည့်ချိန်မှာ လုံးဝအေးမနေရဘူး ။
အချဉ်ကို ဘယ်လို လုပ်ရတာလဲ ဆိုတော့ နွားနို့ အစိမ်း အကြမ်း ပန်းကန် ၁ လုံးစာကို ဘာမှမလုပ်ဘဲ ဘာမှ မထည့်ဘဲ အခန်း အပူချိန်မှာ ၂၄ နာရီထားရင် အချဉ် ဖြစ်ပါပြီ ။
အဲဒီ အချဉ်ကို အပေါ်ယံပဲ ဖြစ်ဖြစ် မွှေပြီးပဲ ဖြစ်ဖြစ် သုံးနိုင်ပါတယ် ။ ဒိန်ချဉ်ရပြီဆိုရင်တော့ နောက်ထပ် လုပ်မဲ့ ဒိန်ချဉ် အတွက် ဒိန်ချဉ် အဟောင်းကိုပဲ အချဉ် အဖြစ် သုံးနိုင်ပါတယ် ။
အချိုးအဆ ကတော့ နွားနို့ ၁ ပိဿာ အချဉ် ၁ ဇွန်းပါပဲ ( ဟင်းခတ်ဇွန်း ) ဒိန်ချဉ် ဖြစ်သွားပြီ ဆိုရင် ရေခဲ သေတာထဲမှာ အကြာကြီး ထားလို့ရပါတယ် ။
ဒိန်ချဉ်နဲ့ စားဖို့ သကြားရည်ပဲ ကျိုကျို ၊ ထန်းလျက်ရည်ပဲ ကျိုကျို ဆားလေး နည်းနည်း ထည့်ကျိုပါ ။ ရေကိုတော့ အများကြီးမထည့်ပါနဲ့ ။
သကြားရော ထန်းလျက်ရောက အပူပေးရင် ပျော်ပါတယ် ။ အိုးမကပ်ရုံသာ ရေထည့်ပါနော် ။ ကဲမိတ်ဆွေတို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဒိန်ချဉ်လေး လုပ်စားကြည့်မယ်နော် ။
သွေးတိုးရှိသူများ အတွက် အထူး သင့်လျော်တဲ့ ကြွက်နားရွက်မှို
COOKING
သွေးတိုးရှိသူများ အတွက် အထူး သင့်လျော်တဲ့ ကြွက်နားရွက်မှို
သွေးတိုးရှိသူများ အတွက် အထူး သင့်လျော်တဲ့ ကြွက်နားရွက်မှို တရုတ်ရိုးရာ တိုင်းရင်းဆေး သဘောအရ ကိုယ်တွင်း သွေးလည်ပတ်ခြင်းကို အထောက်အကူပြုသလို လူကိုဒုက္ခ ပေး နိုင်မယ့် ကိုလက်စထရောနည်းကာ သွေးတိုးသမားတွေ အတွက် အထူးသင့်တော်တဲ့ အမဲရောင်မှို ဒါမှမဟုတ် ဂျယ် လီဖန်းဂပ်စ် လို့ ခေါ်ကြပြီး မြန်မာနိုင်ငံ မှာတော့ ကြွက်နားရွက်မှိုလို့ ပြောလိုက်ရင် လူတိုင်း သိကြပါတယ် ။ ဆေးဖက် ဝင်ကြွက်နားရွက်မှိုကို တရုတ်လူမျိုး တွေက ဟင်းပွဲတွေမှာ မပါမဖြစ် ထည့်သုံးလေ့ရှိပါတယ် ။ ဒီပတ်တတော့ ဆေး ဖက်ဝင် ကြွက်နားရွက်မှိုကို လွယ်လွယ်ကူကူနဲ့ ဟင်းအရံ တခွက်အဖြစ် ဖန်တီးနိုင်မယ့် ချက်နည်းလေး ကတော့ ကြွက်နားရွက်မှို …
COOKING
ဖာလူဒါကို အိမ်မှာလုပ်နည်း အပြည့်အစုံလေးပါ
အိမ်မှာ မုန့်လက်ဆောင်းဖတ် ၊ ပူတင်း လုပ်ပြီးသား အဆင်သင့်ရှိနေတော့ ဖာလူဒါ လုပ်နည်း တင်ပေးမယ်နော်။ ပါဝင်ပစ္စည်းများ ၇ ပွဲ ရေခဲ သကြား ၂၀၀ ဂရမ် အနီရောင် အစာဆိုးဆေး  Rose Syrup နွားနို့ ကျိုပြီးအပျစ်  Cream Milk လီ တာဝက် သာကူစေ့ လက်တဆုတ်စာ မုန့်လက်ဆောင်းဖတ်။ ပူတင်း (Flour Pudding) ဖာလူဒါမှာသုံးရန် ရေခဲမုန့်။ Ready Made ရောင်စုံဂျယ်လီ။ ပြုလုပ်နည်း။ သကြားကို ရေလီတာဝက်ခန့် ထည့်ပြီး အရောင်အနည်းငယ်ထည့်ကာ ပျစ်လာအောင်ကျိုပါ ။ အနီရောင် အစာဆိုးဆေး Rose Syrups အရည်လေး ၂ …
COOKING
လှ’လှ’ပ’ပ လေးနဲ့ စား လို့ ရမယ့် ပင်ပွားကျောက်ကျော လုပ်နည်း
ပင်ပွားကျောက်ကျော ကျောက်ကျော ပြုလုပ်နည်းတွေ ရေးတာလည်း ဖန်တရာတေ နေဘီမို့..အခု ပင်ပွားကျောက်ကျော ဒီပုံစံလေး ရအောင် ဘယ်လို လုပ်လည်းဘဲ ရေးတော့မယ်။ ပင်ပွားတွေကို ပွလာအောင် ရေစိမ်ထားတယ်။ ကျောက်ကျောကို သကြားနဲ့ ရောကျိုတယ်။ ကျောက်ကျောရည်ကို အအေခံတဲ့အခါ ဗျက်ကျယ်ကျယ် ဗန်းထဲကိုလောင်းထည့်ပီး ပင်ပွားစေ့လေးတွေ ထည့်တယ်။ ပင်ပွားက ပေါ့တော့ အပေါ်ယံမှာ ပေါ်နေချင်တာ..ဗျက်ကျယ်တာကို သုံးလိုက်တော့ ကျောက်ကျောသား ပါးသွားလို့ အပေါ်မှာ တက်နေလို့ မရတော့။ မြန်မြန်ခဲအောင် ရေခဲသေတ္တာထဲမှာ အခဲခံပီး အတုံးလေးတွေ လှီးထားလိုက်တယ်။ လူရိုင်းခေါင်းတံဆိပ် အပြာရောင် အထုပ်ကို နောက်တအိုး သကြားနဲ့ ရောကျိုတယ်။ ကျောက်ကျောရည် အခဲခံဘို့ အဆင်သင့်ဖြစ်တဲ့အခါ အခဲခံမည့် ဗန်းထဲကို …