
Cele new




Source: ဗိုလ်နေတိုး ရုပ်ရှင်ဇာတ်ကားကြီး,CRD-Cele Gabar

UNICODE

” စိတ်ထားဖြူစင်လွန်းတဲ့ တောင်ပေါ်သူလေး နန်းကြာညိုအဖြစ် မြင်တွေ့ရမည့် သက်မွန်မြင့် “

ချင်းတိုင်းရင်းသူလေးတစ်ယောက်ဖြစ်တဲ့ သက်မွန်မြင့်ကတော့ အနုပညာလောကမှာ အောင်မြင်နေတဲ့ နိုင်ငံကျော် သရုပ်ဆောင်တွေထဲကတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ နိုဝင်ဘာလ(၁၂)ရက်နေ့တွင် ရုံတင်ပြသမည့် “ဗိုလ်နေတိုး” ရုပ်ရှင်ဇာတ်ကားကြီးမှာ လူတဖက်သားကို အမြဲတမ်းကူညီတက်ပြီး စိတ်ထားဖြူစင်လွန်းတဲ့ တောင်ပေါ်သူလေး နန်းကြာညိုအဖြစ် ပါဝင်ထားပါတယ်။

သရုပ်ဆောင်ပိုင်းမှာ ဇာတ်လမ်းဇာတ်အိမ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်တာကြောင့် အကောင်းဆုံးအကယ်ဒမီဆုတွေကို “အာဒမ်ရယ် ဧဝရယ် ဒဿရယ်”၊”ချစ်လှစွာသောအမုန်း”ဆိုတဲ့ရုပ်ရှင်ဇာတ်ကားတွေနဲ့ သိမ်းပိုက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ဒီဇာတ်ကားကြီးမှာတော့ ချစ်သက်အပါအဝင် နိုင်ငံကျော်အနုပညာရှင်တွေဖြစ်တဲ့ နေတိုး၊ပိုင်ဖြိုးသုတို့ကလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ-စတီးလ်(ဒွေးမေတ္တာ) မှ ပုံဖော်ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားကြမ်းတစ်ကား ဖြစ်ပြီး ဒိတ်ဒိတ်ကြဲအနုပညာရှင်(၃)ဦးရဲ့ အားပြိုင်မှုတွေမြင်တွေ့ရမည့် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တာမို့ပရိသတ်ကြီးအတွက် သွားကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။

Cele new
COVID – 19 ကြောင့် လိုအပ်နေတဲ့ သူတွေကို လှူဒါန်းချင်တာကြောင့် သူ့ရဲ့မြန်မာငွေ20,000,000နီးပါးတန်တဲ့လက်ပတ်နာရီကို ရောင်းလိုက်တဲ့ ဆီနွန်

[Zawgyi] COVID – 19 ကြောင့် လိုအပ်နေတဲ့ သူတွေကို လှူဒါန်းချင်တာကြောင့် သူ့ရဲ့မြန်မာငွေ20,000,000နီးပါးတန်တဲ့လက်ပတ်နာရီကို ရောင်းလိုက်တဲ့ ဆီနွန် ကျွန်တော်ကဒီနေ့မှာတော့ ကျ‌တော်ရဲ့ 11,000.00US DOLLAR(သိန်းနှစ်ရာနီးပါးရှိတဲ့) Rolex Watch လက်ပတ်နာရီကို ရောင်းလိုက်ပီ ဖြစ်ပါတယ် အဲ့က ရလာမယ့် ပိုက်ဆံတွေကို ကျတော့်ရဲ့ ဖိလစ်ပိုင်နိုင်ငံကိုလှု ဒါန်းမှာဖြစ်ပါတယ်။ ဒါမှCOVID-19အတွက် သူတို့လိုအပ်နေတဲ့ Mask တွေ အသုံးအဆောင်တွေ ပစ္စည်းကိရိယာတွေကို လုံလုံလောက်လောက်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ကျွန်တော် တတ်နိုင်သလောက် နိုင်ငံကြီးသားပီသပြီး လှူဒါန်းတာဖြစ်ပါတယ်။ Photo -Sinon Loresca’sFB #Myanmar_Online_News [Unicode] COVID – 19 ကြောင့် လိုအပ်နေတဲ့ သူတွေကို လှူဒါန်းချင်တာကြောင့် သူ့ရဲ့မြန်မာငွေ20,000,000နီးပါးတန်တဲ့လက်ပတ်နာရီကို …

Cele new
ကင်ဆာနောက်ဆုံးအဆင့်ဖြစ်နေတဲ့သူက အသက်ရှင်နေသေးတယ်နော်လို့ အပြောခံခဲ့ရတာကြောင့် ဝမ်းနည်းနေတဲ့ မီးမီးခဲ

[Zawgyi] ကင်ဆာနောက်ဆုံးအဆင့်ဖြစ်နေတဲ့သူက အသက်ရှင်နေသေးတယ်နော်လို့ အပြောခံခဲ့ရတာကြောင့် ဝမ်းနည်းနေတဲ့ မီးမီးခဲ မီးမီးခဲကတော့ သြစတေးလျမှာ မိသားစုနဲ့အတူတူနေထိုင်ရင်း ရင်သားကင်ဆာဝေဒနာကို ခံစားခဲ့ရတာ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့်ရှိတဲ့ ကင်ဆာရောဂါကို ကြံ့ကြံ့ခံရင်း ဒီနေ့ဒီအချိန်ထိ အသက်ရှင်နေသေးတဲ့ မီးမီးခဲက သူမရဲ့ ပိုစ့်အောက်က ကောမန့်လေးတစ်ခုကြောင့် စိတ်မကောင်းဖြစ်ခဲ့ရကြောင်းကို အခုလိုပဲ ပြောပြထားပါတယ်။ “ကျွန်မဟာ Breast Cancer stage 4 ကို2017 စပြီးခံစားရပါတယ်။ အရိုးထဲကိုပြန် နှံ့သွားတဲ့အတွက် ရင်းသားကို ဖြတ်ထုတ်ဖို့ နောက်ကျခဲ့ရပါတယ်။ဓါတ်၇ခါနဲ့ chemo ကီမို ၅ ကြိမ်ပေးခဲ့ရပါတယ်။ ဒါ့ကြောင့် Australia ရဲ့ ဆေးကုထုံးအတိုင်းထိန်းချုပ်ကုသရင်း ခရီးဆက် အသက်ရှင်နေတာ ဒီနေ ထိပါပဲ။” “၂၀၁၈ မှာခေါင်းနဲ့လည်ပင်း …

Cele new
အနုပညာအလုပ်တွေ မလုပ်ရတဲ့အချိန် ခေါက်ဆွဲသုတ်ရောင်းတာ ရှက်စရာမဟုတ်ဘူးဆိုတဲ့ ငြိမ်းချမ်း

[Zawgyi] အနုပညာအလုပ်တွေ မလုပ်ရတဲ့အချိန် ခေါက်ဆွဲသုတ်ရောင်းတာ ရှက်စရာမဟုတ်ဘူးဆိုတဲ့ ငြိမ်းချမ်း သရုပ်ဆောင် ငြိမ်းချမ်းကတော့ COVID-19 ကာလမှာ မိသားစု စားဝတ်နေရေးအတွက်ခေါက်ဆွဲသုတ်ရောင်းနေရတယ်လို့ ဆိုပါတယ်။ အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် ဈေးရောင်းရတာမရှက်ဘူးလို့လည်း အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ “ ခေါက်ဆွဲသုပ်ကလည်း တစ်ခါမှ မရောင်းဖူးတော့ တကယ့် တကယ်ရောင်းတဲ့အချိန်မှာ လက်မှန်းက မတည့်တာတို့၊ ငန်သွားတာတို့ တော့ ကြုံတာပေါ့။ဒါတွေက နောက်တော့လည်း တဖြည်းဖြည်းနဲ့ အဆင်ပြေသွားမှာပါ။ အနုပညာရှင်တွေ အနေနဲ့ ဈေးပဲရောင်းရောင်း၊ ဆိုက်ကားပဲ နင်းနင်း မည်သူမဆို မိသားစု စားဝတ်နေရေးအတွက်တော့ လုပ်ကြရမှာပဲလေ။အနုပညာအလုပ်တွေကို လုပ်ခွင့်မရတဲ့အချိန်မှာ ဝင်ငွေ မရှိတဲ့အတွက် ဈေးရောင်းရတာပါ။ဒါကို လိုက်ပြီးပြောနေမယ် ဆိုရင်သူတို့လည်း လာမကျွေးနိုင်ဘူး။ အမြဲတမ်း ပံ့ပိုးပေးမလား။ ဈေးရောင်းတယ်ဆိုတာ …