
Cele new




Source : AungYeHtike,CRD-Cele Gabar

UNICODE

အုန်းမှုတ်ခွက်ကေလေးနဲ့လည်း ပရိသတ်ကိုအချစ်ပိုစေခဲ့တဲ့ မင်းသားချောလေးအောင်ရဲထိုက်

“ည” ဇာတ်ကားကစလို့ပရိသတ်တွေအချစ်ကိုဖမ်းစားလာသူလေးကတော့ အောင်ရဲထိုက်ပါ။အောင်ရဲထိုက်ကိုရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ဇာတ်ပို့အနေနဲ့မှတ်မှတ်ထင်ထင်ရှိသူတွေလည်းရှိကြမှာပါ။ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “ပျောက်ဆုံးနေသောအမှန်တရား” ဇာတ်ကားကြီးမှာဆိုရင် ဇွဲထက်အနေနဲ့ပရိသတ်ချစ်ခင်အားပေးမှုကိုများစွာရရှိခဲ့ပါပြီ။

ထပ်မံပြီးလည်း Canal+ ရုပ်သံလိုင်းက ပြသနေတဲ့”လိပ်ပြာ-အမှန်တရားရဲ့ဓားတစ်လက်” ဇာတ်လမ်းမှာလည်းပါဝင်ထားပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးနေရတာဖြစ်ပါတယ်။”သန်းခေါင်ယံ” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာလည်းပါဝင်ထားတာဖြစ်ပြီး ဇာတ်ရုပ်အတွက်လိုအပ်တဲ့အခါမှာလည်း ဆံပင်ကေအသစ်ကိုပြောင်းလိုက်တာဖြစ်ပါတယ်။ဒီကေလေးပြောင်းလိုက်တာနဲ့ပတ်သက်ပြီး “သန်းခေါင်ယံထဲက အလွမ်း” ဆိုပြီးတော့ အုန်းမှုတ်ခွက်ကေလေးကိုညှပ်ထားတဲ့ပုံလေးနဲ့အတူ ဖေ့ဘွတ်ခ်မှာတင်ထားတာဖြစ်ပါတယ်။

အောင်ရဲထိုက်ဟာဒီလိုဆံပင်စတိုင်နဲ့ဆိုရင်လည်း ချစ်စရာကောင်ချောလေးတစ်ယောက်ဖြစ်နေတယ်လို့ပြောရမှာပါ။ဒါနဲ့ပတ်သက်ပြီးပရိသတ်တော်တော်များများကတော့ သဘောကျနေတာလည်းဖြစ်ပါတယ်။ဇာတ်ရုပ်တိုင်းနဲ့ပီပြင်အာင်ကြိုးစားတတ်သူလေး အောင်ရဲထိုက်ကတော့ ဒီတစ်ခေါက် “သန်းခေါင်ယံ” ဇာတ်ကားကြီးမှာဘယ်လိုမျိုးအနုပညာစွမ်းရည်တွေချပြမလဲဆိုတာစိတ်ဝင်စားစရာပါပဲနော်….။

Cele new
ထိုင်းနိုင်ငံရဲ့ကြော်ငြာဘုရင်မတွေအဖြစ်သတ်မှတ်ခံထားရတဲ့ ထိုင်းမင်းသမီးချော (၅) ဦး

ထိုင်းမင်းသမီးချောလေးတွေကတော့ မြန်မာပရိသတ်တွေနဲ့မစိမ်းလှပါဘူး။နိုင်ငံတကာကိုထိုးဖောက်လာတဲ့ထိုင်းရုပ်ရှင်တွေနဲ့အတူ မင်းသမီးချောလေးတွေရဲ့တစ်နှစ်အတွင်းရိုက်ကူးရတဲ့ ကြော်ငြာအရေအတွက်ကလည်း အံ့မခန်းပါပဲ။ပြည်ပနာမည်ကြီးအမှတ်တံဆိပ်တွေနဲ့ပါအလုပ်လုပ်ကိုင်ရတဲ့အထိအောင်မြင်နေတဲ့ ထိုင်းနိုင်ငံရဲ့ကြေငြာဘုရင်မ (၅) ဦးကိုဖော်ပြပေးလိုက်ပါတယ်။ (၁) Yaya Urassaya Sperbund Yaya ကတော့ ထိုင်းနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သလို ကြေငြာဘုရင်မတွေမှာ နံပါတ်တစ်နေရာယူထားနိုင်သူတစ်ဦးပါ။ ပြည်တွင်း ပြည်ပနိုင်ငံတွေရဲ့အမှတ်တံဆိပ်ပေါင်းများစွာအတွက် Brand Embassador အဖြစ်လုပ်ကိုင်ဆောင်ရွက်နေသူတစ်ဦးလည်းဖြစ်ပါတယ်။Yaya ဟာ အချိုရည်၊အလှကုန်၊ရှန်ပူ၊စမတ်ဖုန်းတွေနဲ့အခြားသောအမှတ်တံဆိပ်တွေအတွက် ကြော်ငြာပေါင်း(၂၁၀)ကျော်ရိုက်ကူးထားသူပါ။ (၂) Aum Patchrapa Aum လို့ချစ်စနိုးခေါ်ကြတဲ့ ထိုင်းမင်းသမီးချောလေး Aum Patchrapa ကိုလည်း သိကြမှာပါ။တစ်နှစ်အတွင်းမှာ ကြော်ငြာပေါင်း (၁၁၃) ခုအထိရိုက်ကူးထားတာကြောင့် ဒုတိယနေရာမှာရပ်တည်နေနိုင်သူတစ်ဦးပါ။ (၃) Pancake Khemanit ရုပ်ရှင်ဇာတ်လမ်းတွဲများသစွာမှာသရုပ်ဆောင်ဖူးတဲ့မင်းသမီးချောလေး Pancake Khemanit ဟာလည်း ကြော်ငြာဘုရင်မတစ်ယောက်ပါပဲ။သူဟာလည်း နာမည်ကြီးအမှတ်တံဆိပ်များစွာအတွက် တစ်နှစ်အတွင်းမှာ ကြော်ငြာပေါင်း(၁၀၀) …

Cele new
ဩ‌စတေးလျနိုင်ငံမှာပညာသင်ကြားရင်း မြန်မာနိုင်ငံကမေမေလင်းဇာနည်ဇော်ကို အလွမ်းကြီးလွမ်းနေတဲ့ မြူလင်းကိုကို

လင်းဇာနည်ဇော်ကတော့ အနုပညာလောကမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်လောက်ကတည်းက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားပြီးဖြစ်တဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။အခုချိန်ထိ နုပျိုလှပမှုတွေကို ပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။လက်ရှိမှာလည်း ချစ်စရာကောင်းလှတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကိုဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ လင်းဇာနည်ဇော်ရဲ့ သမီးလေးဖြစ်တဲ့ မြူလင်းကိုကိုဟာဆိုရင် ချစ်စရာကောင်းလှတဲ့အပြင် ထူးချွန်ထက်မြတ်တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။မိဘအပေါ်သိတတ်လိမ္မာပြီး ကိုရီးယားမလေးတွေလို ချစ်စရာကောင်းတဲ့ သမီးလေး မြူလင်းကိုကိုကတော့ သြစတေးလျနိုင်ငံမှာ သွားရောက်ပညာသင်ကြားနေပါတယ်။မြူလင်းကိုကိုရဲ့ အလှကြောင့် လင်းဇာနည်ဇော်ကို ယောက္ခမကြီးလို့လည်း ယောက်ျားလေးပရိသတ်တွေရဲ့ စနောက်ခေါ်ဝေါ်ခြင်းက်ု ခံနေရပါသေးတယ်။ မြူလင်းကိုကိုကတော့ သူရဲ့တနေ့တာလုပ်ရှားမှုတွေကို ချစ်ပရိသတ်တွေအတွက် အမြဲ သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တင်လေးရှိပြီး လက်ရှိမှာတော့ ပရိသတ်ကြီးရေ မေမေလင်ဇာနည်ဇော်ကို အလွမ်းကြီးလွမ်းနေတဲ့အကြောင်းကို “Miss you Mum” ဆိုပြီး သူတို့သားအမိ(၂)ယောက်ပုံရိပ်လေးကို …

Cele new
ကောင်မလေးတွေကြွေသွားရလောက်အောင် အထာကျကျ သန့်ပြန့်လွန်းနေတဲ့ ထူးအောင်ရဲ့ပုံလေးများ

ချစ်ပရိသတ်ကြီးရေ….နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်အားပေးလျက်ရှိတဲ့ ထူးအောင်ကတော့ ယခုနောက်ပိုင်းမှာဆိုရင် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ မြန်မာပြည်ရောက် နိုင်ငံခြားမင်းသားတစ်ယောက်လို့ ထင်မှတ်ရလောက်အောင် ခန္ဓာကိုယ်အမိုက်စားကိုပိုင်ဆိုင်ထားပြီး ချောမောခန့်ညားတဲ့ ထူးအောင်ကတော့ ရုပ်ရှင်ဇာတ်ကားတွေမှာပါ ပါဝင်ရိုက်ကူးသရုပ်ဆောင်နေပြီဖြစ်ပါတယ်။ သူကတော့ အနုပညာအလုပ်တွေ ဇာတ်တိုက်လုပ်ကိုင် နေတာဖြစ်ပြီး သူရဲ့ အနုပညာ လှုပ်ရှားမှုပုံရိပ်တွေကိုလည်း ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ ကောင်မလေးတွေကြွေသွားရလောက်အောင် အထာကျကျ အမိုက်စားရိုက်ထားတဲ့ ပုံလေးတွေကို သူရဲ့ အကောင့်မှာဖော်ပြထားတာတွေ့ရပါတယ်။ထူးအောင်ကတော့ အနုပညာအလုပ်တွေဆက်တိုက်လုပ်နေသလို ခရီးတွေလည်းထွက်ရှိနေတာဖြစ်ပါတယ်။ အမြဲစမတ်ကျကာ ယောင်္ကျားပီသတဲ့ ဖက်ရှင်ဒီဇိုင်းပုံရိပ်တွေကြောင့် ဆယ်ကျော်သက် မိန်းကလေးတွေ ရဲ့ ချစ်ခင်အားပေးခြင်းခံနေရသူဖြစ်ပါတယ်။ကဲ..ချစ်ပရိတ်သတ်ကြီးတွက် ထူးအောင်ရဲ့ ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။ရှေ့ဆက်ပြီးလည်း ထူးအောင်ရဲ့ အနုပညာအလုပ်တွေကို ဆက်လက်အားပေးလိုက်ပါအုံးနော်။ သူငယ်ချင်းများ ဖတ်နိုင်ရန်..