
အနုပညာရပ်ဝန်း




Source: Big 5 Film Production,CRD-Cele Gabar

UNICODE

” ရုံတင်ခွင့်ရရှိသွားပြီဖြစ်တဲ့ ကိုရီးယား-မြန်မာချစ်ကြည်ရေး ရုပ်ရှင်ဇာတ်ကားကြီး “

ကိုရီယား-မြန်မာချစ်ကြည်ရေး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “တိမ်တွေပေါ်ကပန်း ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရိုက်ကူးပြီး မကြာခင်မှာပဲ ရုံတင်ခွင့်ရရှိသွားတဲ့ အကြောင်းကို “Please Share ! “တိမ်တွေပေါ်ကပန်း” ဆင်ဆာခွင့်ပြုချက်ရရှိ ပြီးဖြစ်ပါသည် (၁၉.၁၂.၂၀၁၉) ရက်နေ့တွင် မြန်မာနိုင်ငံတဝှမ်းလုံးရှိ JCGV ရုပ်ရှင်ရုံများ Paradiso ရုပ်ရှင်ရုံများ Red Radiance ရုပ်ရှင်ရုံ Mega Ace ရုပ်ရှင်ရုံများတွင် ပြသသွားမည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည် ” လို့ Big 5 Film Production ရဲ့ တရားဝင် လူမှုကွန်ရက် စာမျက်နာမှာ ဖော်ပြထားပါတယ်။

“တိမ်တွေပေါ်ကပန်း ” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ New York Film Academy (Los Angeles) မှ ပညာသင်ယူခဲ့တဲ့ ခေတ်လူငယ်တစ်ယောက်ရဲ့ရင်ခုန်သံတွေ နဲ့ ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။နိုင်ငံကျော်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဇင်ယော်မောင်မောင်ရဲ့ ခေါင်ဆောင်မှုအောက်ကနေ သားဖြစ်သူမင်းသန့်မောင်မောင်ရဲ့ New York Film Academy မှတတ်မြောက်လာတဲ့ အနုကပညာတွေနဲ့ ဘယ်လိုဖန်တီးပုံဖော်ထားလဲဆိုတာကတော့ ရင်ခုန်စရာဖြစ်သလို့ ဒီရုပ်ရှင်ဇာတ်ကားကြီးကတော့ မင်းသန့်မောင်မောင်၊မေသန်းနု၊ဇင်ယော်မောင်မောင်တို့ မိသားစုရဲ့ ပထမဆုံးအကြိမ်ပြန်လည်ဆုံစည်းပုံဖော်ထားတဲ့ အနုပညာတစ်ခုဆိုလဲမမှားပါဘူး။

ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ နိုင်ငံကျော်မင်းသမီးချောလေး ဝတ်မှုံရွှေရည်၊ကိုရီးယားမင်းသားချောလေး Ryu Sang-Wook၊ ပရိသတ်အချစ်တော်ကျော်ထက်အောင်တို့ကပါဝင်သရုပ်ဆောင်ထားပြီး ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၊ဘူဆန်မြို့တို့နဲ့ မြန်မာနိုင်ငံရှိ ချင်းတောင်တန်းရဲ့ အလှအပတွေကို နောက်ခံထားရိုက်ကူးထားတဲ့ နှစ်နိုင်ငံချစ်ကြည်ရေးရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ ကိုရီယား-မြန်မာချစ်ကြည်ရေး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “တိမ်တွေပေါ်ကပန်း ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ (၁၉.၁၂.၂၀၁၉)မှာ မြန်မာတစ်နိုင်ငံလုံးကိုရုံတင်ပြသသွားမှာတဲ့နော်။

အနုပညာရပ်ဝန်း
“တိုင်းတပါးမှာ အနုပညာအလုပ်တွေလုပ်ကိုင်ရင်း အောင်မြင်မှုရရှိနေတဲ့ မြန်မာနိုင်ငံသား အနုပညာရှင်များ”

မြန်မာနိုင်ငံမှာသာမက တိုင်းတပါးမှာပါ အနုပညာအလုပ်တွေလုပ်ကိုင်ရင်း အောင်မြင်မှုရရှိနေတဲ့ မြန်မာနိုင်ငံသား အနုပညာရှင်တွေကတော့ မိန်းကလေးတွေရဲ့အသည်းကျော် မိုရီဆာကီဝင်း၊ ကရင်တိုင်းရင်းသူလေး နော်မာသထူးဝါး၊ သရုပ်ဆောင်မင်သမီးချော လိုင်လာခန်း တို့ပဲဖြစ်ပါတယ်။ (၁) မိုရီဆာကီဝင်း အဝင်းလို့ လူသိများတဲ့ မြန်မာနိုင်ငံမှာမွေးပြီးဂျပန်မှာကြီးတဲ့ မြန်မာနိုင်ငံသားလေး မိုရီဆာကီဝင်းကတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး Boy Group တစ်ခုဖြစ်တဲ့ Prizma X အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး (၂၀၁၇)ခုနှစ်တွင် ဒါရိုက်တာကြည်ဖြူသျှင် ရိုက်ကူးသော ဂျပန် မြန်မာ ချစ်ကြည်ရေး ဇာတ်ကား ဇာတိမြေတွင် အဓိက ဇာတ်ကောင်အဖြစ် ပါဝင်ရိုက်ကူးခဲ့ရာမှစကာ မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေကို ဆက်တိုင်လုပ်ကိုင်လာပါတယ်။ (၂) နော်မာသထူးဝါး “အိမ်လေးတစ်လုံးလိုချင်တယ်” သီချင်းနဲ့ အောင်မြင်မှုတွေ ရရှိလာတဲ့ ချစ်စရာကောင်းတဲ့ …

အနုပညာရပ်ဝန်း
အနုပညာလောက အကြီးအကျယ် အရှက်ရစေတဲ့နေ့

အနုပညာလောက အကြီးအကျယ် အရှက်ရစေတဲ့နေ့ “ထာဝရနှောင်ကြိုး” ရုပ် ရှင် ဇာတ်ကားကြီး သည် ရုပ်ရှင်ချစ်ပြည်သူအများ၏ အားပေးချီးမြှောက်မှုကြောင့် ရုံတင်ဝင်ငွေ သိန်းပေါင်း ၂ သောင်း ၄ ထောင် ရရှိခဲ့ ခီဇနီးမောင်နှံက သူတို့ဇာတ်ကားကနေရရှိတဲ့ ၀င်ငွေကို တရားဝင်ကြေငြာသွားတယ်။ အံ့အားသင့်စရာကတော့ နိုင်ငံတော်ကို အခွန်သိန်း ၁၈၀၀ ကျော်ပေးဆောင်မယ်တဲ့။ ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးတဲ့ “ထာဝရနှောင်ကြိုး” ရုပ် ရှင် ဇာတ်ကားကြီး သည် ရုပ်ရှင်ချစ်ပြည်သူအများ၏ အားပေးချီးမြှောက်မှုကြောင့် ရုံတင်ဝင်ငွေ သိန်းပေါင်း ၂ သောင်း ၄ ထောင် ရရှိခဲ့တယ် လို့ ဒါရိုက်တာ ခရစ္စတီးနားခီ ကိုယ်တိုင် Fan Meeting မှာ …

‘ဟိုဘက်လှည့် မင်းသမီး’ လို့ troll နေကြတဲ့အပေါ် ဖြေရှင်းလိုက်တဲ့ အိချောပို
အနုပညာရပ်ဝန်း
‘ဟိုဘက်လှည့် မင်းသမီး’ လို့ troll နေကြတဲ့အပေါ် ဖြေရှင်းလိုက်တဲ့ အိချောပို

‘ဟိုဘက်လှည့် မင်းသမီး’ လို့ troll နေကြတဲ့အပေါ် ဖြေရှင်းလိုက်တဲ့ အိချောပို အနုပညာလောကမှာ ကာလတစ်ခုကြာ ရပ်တည်နေသူက အိချောပို ဖြစ်ပါတယ်။ ရုပ်ရှင်ကား တော်တော်များများမှာ သရုပ်ဆောင်ပြီး ဖြစ်သလို ခန္ဓာကိုယ် ကောက်ကြောင်း အလှကြောင့် ရေပန်းစားတဲ့ မင်းသမီးလည်း ဖြစ်ပါတယ်။ ဓာတ်ပုံတင်တိုင်းလည်း ဘေးတစ်စောင်းနဲ့ ကိုယ်တစ်ခြမ်းအသားပေး ပုံတွေပဲ တင်လေ့ရှိပါတယ်။ ပရိသတ်တွေကတော့ အိချောပိုကို “ဟိုဘက်လှည့် မင်းသမီး” ဆိုပြီး troll ကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အိချောပိုက ခုလို ဖြေရှင်းချက် ပေးသွားပါတယ်။ “အဲ့တာကတော့ ဓာတ်ပုံဆရာက အဲ့လိုပဲ ယူပြီး ရိုက်တာပေါ့နော်။ စူတို့ကတော့ ဒီတိုင်းပဲ နေတာပဲ။ ဓာတ်ပုံဆရာက သူ့မျက်လုံးထဲမှာ …