သွားရည်ယိုစရာ ငါးပိချက် ငါးပိရည် ချက်နည်းပေါင်းစုံ - SANTHITSA


COOKING









ပုဇွန်ကိုအခွံခွာထားပါ ငရုတ်သီးစိမ်းကြမ်းကြမ်းလှီးထားပါ ငါးပိရည်ကြိုထားပါ ကြက်သွန်ဖြူနီထောင်းထားပါ ဆီအိုးထဲမှာဆီအနည်းငယ်ထည့်ပါ ဆီပူလာရင်ကြက်သွန်ဖြူနီ ထောင်းထားတာထည့်ပါ ပုဇွန်ထည့်ပါ နနွင်းထည့်ပါ ငရုတ်သီးစိမ်းထည့်ပြီးမွှေးလာရင် ငါးပိရည်ကြိုထားတာ အရည်စစ်ထည့်ပါ အပေါ့အငန် စိတ်ကြိုက်ထည့်ပြီး နံနံပင်လေးအုပ်ပြီးရင်တော့ ပုဇွန်ငါးပိချက်စပ်စပ်လေး ရပါင်္ပြီရှင်။






ငါးခြောက်ကြော်လေးတွေထည့်ပါ ငါးပိရည်ကြိုထားတာ စစ်ထည့်ပါ အပေါ့အငန်စိတ်ကြိုက်ထည့်ပါ ပြီးမှငရုတ်သီးစိမ်း ထည့်မွှေပေးပါ အဖုံးခနအုပ်ပေးထားပြီး ဆူလာရင်တော့ ငါးခြောက်ဟင်း စပ်စပ်လေးရပါပြီရှင်။



7)သရက်သီးစိမ်းသုတ်







Thank you very much Ma Kyi Kyi
credit to original

Unicode

သွားရည်ယိုစရာ ငါးပိချက် ငါးပိရည် ချက်နည်းပေါင်းစုံ

ကျမချက်ခဲ့ဖူးသော ငါးပိချက်ငါးပိရည် စုစည်းမှုအပိုင်း(၁)ပါ။ ပုံလေးတွေအောက်မှာ ကျမရဲ့ချက်နည်းလေးတွေ ရေးပေးထားပါတယ်ရှင့်။

1) ငါးပိရည်စိမ်းစိမ်းလေးဖျော်ကြစို့

ငါးငါးပိရည် ကြိုတော့မယ်ဆိုရင် ရေနွေးဆူအောင်တည်ပါ ဆူလာရင်နနွင်းမှုန့်ထည့်ပါ ကျမကတော့နနွင်းမှုန့်အနံ့ကြိုက်လို့ ပိုထည့်ထားပါတယ်။

ဝါဝါမွှေးမွှေးလေးပေါ့ ပြီးမှ ငါး ငါးပိထည့်ပြီး ၃မိနစ်မီးအေးအေးနဲ့ကြိုပါတယ် ပြီးမှငရုတ်သီးစိမ်းရယ် ကြက်သွန်ဖြူရယ်ကို ဆားထည့်လှော်ထားတာကို ထောင်းပြီး ငါး ငါးပိရည်ထဲထည့်ပါတယ် ငါးပိရည်အရသာ ပိုရဖို့ ငါးပြုတ်ပြီးသားတွေ ထပ်မထည့်ပါဘူးရှင် ကြိုက်ရင်တော့ ထည့်လို့ရပါတယ်ရှင်။

2) နံနံပင်ထောင်းလေးပါရှင်

ပထမဆုံးငါးပိစိမ်းစားကင်ထားပါ ငရုတ်စိမ်းရယ် ကြက်သွန်ဖြူရယ် လှော်ပြီးထောင်းပါ ငါးပိစိမ်းစား ပုဇွန်ခြောက်ထည့်ထောင်းပါ အပေါ့အငန် စိတ်ကြိုက်ထည့်ပါ ပြီးမှနံနံပင်လှီးထားတာ ဖွဖွထည့်ထောင်းပြီးရင်တော့ အရမ်းမွှေးတဲ့ နံနံပင်ထောင်းစပ်စပ်လေး ရပါပြီရှင် ကျမကတော့အစပ်ကြိုက်သူမို့ ကုလားအော်သီးလှော်ပြီး ထည့်ထောင်းပါတယ်ရှင့်။

3) ဒါလေးကတော့ပုဇွန်ငရုတ်သီးစိမ်းငါးပိချက်ပါရှင်

ပုဇွန်ကိုအခွံခွာထားပါ ငရုတ်သီးစိမ်းကြမ်းကြမ်းလှီးထားပါ ငါးပိရည်ကြိုထားပါ ကြက်သွန်ဖြူနီထောင်းထားပါ ဆီအိုးထဲမှာဆီအနည်းငယ်ထည့်ပါ ဆီပူလာရင်ကြက်သွန်ဖြူနီ ထောင်းထားတာထည့်ပါ ပုဇွန်ထည့်ပါ နနွင်းထည့်ပါ ငရုတ်သီးစိမ်းထည့်ပြီးမွှေးလာရင် ငါးပိရည်ကြိုထားတာ အရည်စစ်ထည့်ပါ အပေါ့အငန် စိတ်ကြိုက်ထည့်ပြီး နံနံပင်လေးအုပ်ပြီးရင်တော့ ပုဇွန်ငါးပိချက်စပ်စပ်လေး ရပါြင်္ပီရှင်။

4) ဒါကတော့ ငါးကျည်းငါးပိချက်ပါရှင့်

ပထမဆုံးငါးကျည်းကို ရေစင်စင်ဆေးပြီး တုံးထားပါ နနွင်းငံပြာရည်နယ်ထားပါ ကြက်သွန်ဖြူနီကြိတ်ထားပါ ငရုတ်သီးစိမ်းထောင်းထားပါ ငါးငါးပိကြိုပြီးအရည်စစ်ထားပါ ဆီနဲနဲမှာကြက်သွန်ဖြူနီ ဆီသပ်ပါ ငါးကျည်းတုံးထားတာထည့်ပါ

အနံ့မွှေးလာရင် ငရုတ်သီးစိမ်းထည့်မွှေပါ ငါးပိရည်စစ်ထားတာထည့်ပါ အပေါ့အငန် စိတ်ကြိုက်ဖြစ်ရင်တော့ ငါးကျည်းငါးပိချက်မွှေးမွှေးလေး ရပါပြီရှင်။

5) ဒါကတော့ ငါးကွန်းရှပ်ခြောက်အစပ်ချက်ပါရှင်

ငါးကွန်းရှပ်ကို အနေတော်တုံးထားပါ ကြက်သွန်ဖြူနီ ငရုတ်ပုကြိတ်ထားပါ ငရုတ်သီးစိမ်းမညက်တညက်ကြိတ်ထားပါ ဆီအိုးပူလာရင် ငါးခြောက်များထည့်မွှေပါ အနံ့မွှေးလာရင်ဆယ်ထားပါပြီးရင် ခုနကဆီထဲကို ကြက်သွန်ဖြူနီ ငရုတ်ပုကြိတ်ထားတာကို ဆီသပ်ပါ

ငါးခြောက်ကြော်လေးတွေထည့်ပါ ငါးပိရည်ကြိုထားတာ စစ်ထည့်ပါ အပေါ့အငန်စိတ်ကြိူက်ထည့်ပါ ပြီးမှငရုတ်သီးစိမ်း ထည့်မွှေပေးပါ အဖုံးခနအုပ်ပေးထားပြီး ဆူလာရင်တော့ ငါးခြောက်ဟင်း စပ်စပ်လေးရပါပြီရှင်။

6) ဒါကတော့ပဲပုတ်ထောင်းပါရှင်

ပဲပုတ်ကို မီးကင်ပြီးထောင်းထားပါ ငရုတ်သီးစိမ်း ကြက်သွန်ဖြူလှော်ပြီး ထည့်ထောင်းထားပါ အပေါ့အငန်စိတ်ကြိုက်ထည့်ပြီး ပဲဆီရွှဲရွှဲလေးဆမ်းပြီးရင်တော့ ပဲပုတ်နံ့လေးသင်းသင်းနဲ့ ခါးဆိမ့်မွှေးစပ်ပဲပုတ်ထောင်းလေး ရပါပြီရှင်။

7)သရက်သီးစိမ်းသုတ်

ဒါကတော့ သရက်သီးစိမ်းကို ပါးပါးလေးလှီးထားကို ငါးပိစိမ်းစားကင်ရယ် ကြက်သွန်ဖြူရယ် ငရုတ်လှော်ထောင်းထားတာနဲ့ကို ငံပြာရည်ရွှဲရွှဲနဲ့ နယ်ထားတာပါရှင် ရေနွေးကြမ်းလေးနဲ့ဆိုဂွတ်ပါတယ်ရှင်။

8) ဒါကတော့ ချဉ်ပေါင်ကြော်ပါရှင်

ချဉ်ပေါင်ရွက်ဆီလိပ်နေအောင် မွှေပေးပါပြီးရင် ဆီအိုးထဲဆီပူလာရင် ငရုတ်ခြောက်ရယ် ကြက်သွန်ဖြူနီရယ် ရောထောင်းထားတာ ဆီသပ်ပါ ပုဇွန်ခြောက်ထည့်မွှေပါ ချဉ်ပေါင်ရွက်မွှေထားတာထည့်ပါ ငါးပိစိမ်းစားရေဖျောထည့်ပါ အပေါ့အငန်စိတ်ကြိုက်ပြင်ပြီး ဆီပြန်လာရင်တော့ ချဉ်ပေါင်ကြော် အိအိမွှေးမွှေးလေး ရပါပြီရှင်။

9) ဒါကတော့ ကိုင်းခရမ်းချဉ်သီး ငါးပိချက်ပါရှင့်

ခရမ်းချဉ်သီးများကို ပါးပါးလျီး၍လှိမ့်နေအောင်မွှေထားပါ ငါးကြင်းပြုတ်ပြီးနွှင်ထားပါ ကြက်သွန်ုဖြူနီ ငရုတ်သီးခြောက် ထောင်းထားပါ ငရုတ်သီးစိမ်းထောင်းထားပါ ငါးပိရည်ကြိုပြီး အရည်စစ်ထားပါ ဆီအိုးတည်ပြီး ပူလာရင်ကြက်သွန်ဖြူနီ ငရုတ်ထောင်းထားတာ ထည့်မွှေပါ။

ငါးပြုတ်နွင်ထားတာထည့်ပါ ကိုင်းခရမ်းချဉ်သီးမွှေထားတာထည့်ပါ မွှေပေးပြီးလို့အနံ့မွှေးပြီးခြောက်လာရင် ငါးပိရည်ကြိုထည့်ပါ ငရုတ်သီးစိမ်းကြိတ်ထားတာထည့်ပါ အပေါ့အငန်စိတ်ကြိုက်ထည့်ပါ ပြီးရင်တော့ ကိုင်းခရမ်းချဉ်သီး ငါးပိချက်မွှေးမွှေးစပ်စပ်လေး ရပါပြီရှင်။

သွေးတိုးရှိသူများ အတွက် အထူး သင့်လျော်တဲ့ ကြွက်နားရွက်မှို
COOKING
သွေးတိုးရှိသူများ အတွက် အထူး သင့်လျော်တဲ့ ကြွက်နားရွက်မှို

သွေးတိုးရှိသူများ အတွက် အထူး သင့်လျော်တဲ့ ကြွက်နားရွက်မှို တရုတ်ရိုးရာ တိုင်းရင်းဆေး သဘောအရ ကိုယ်တွင်း သွေးလည်ပတ်ခြင်းကို အထောက်အကူပြုသလို လူကိုဒုက္ခ ပေး နိုင်မယ့် ကိုလက်စထရောနည်းကာ သွေးတိုးသမားတွေ အတွက် အထူးသင့်တော်တဲ့ အမဲရောင်မှို ဒါမှမဟုတ် ဂျယ် လီဖန်းဂပ်စ် လို့ ခေါ်ကြပြီး မြန်မာနိုင်ငံ မှာတော့ ကြွက်နားရွက်မှိုလို့ ပြောလိုက်ရင် လူတိုင်း သိကြပါတယ် ။ ဆေးဖက် ဝင်ကြွက်နားရွက်မှိုကို တရုတ်လူမျိုး တွေက ဟင်းပွဲတွေမှာ မပါမဖြစ် ထည့်သုံးလေ့ရှိပါတယ် ။ ဒီပတ်တတော့ ဆေး ဖက်ဝင် ကြွက်နားရွက်မှိုကို လွယ်လွယ်ကူကူနဲ့ ဟင်းအရံ တခွက်အဖြစ် ဖန်တီးနိုင်မယ့် ချက်နည်းလေး ကတော့ ကြွက်နားရွက်မှို …

COOKING
ကလေးလူကြီး အားလုံးကြိုက်ပြီး ဝမ်းမှန်စေတဲ့ အိမ်တွင်းဒိန်ချဉ် လုပ်နည်းလေးနော်

ကလေးလူကြီး အားလုံးကြိုက်ပြီး ဝမ်းမှန်စေတဲ့ အိမ်တွင်းဒိန်ချဉ် လုပ်နည်းလေးနော် ဒိန်ချဉ် လုပ်နည်းလေး မေးထားလို့ တင်ပေးလိုက်ပါတယ် ။ ။ ။ ။ ။ နွားနို့ ၁ ပိသာကို ဆူအောင်ကျိုပါ။ ကျိုတဲ့အခါ ဆူရုံလေးပဲ မထားပါနဲ့ ။ ကြာကြာလေး ကျိုပါ ။ တအားလည်း မပျစ်ပါစေနဲ့ ။ ပြီးရင် မီးဖို ပေါ်က ချပြီး အအေးခံပါ ။ လုံးဝ အေးသွား တဲ့အထိ မစောင့်ရပါ ။ ( နွေးနွေးလေးမှာ အချဉ် ကို ထည့်ရမှာမို့ပါ ) လက်ညိုးကို ထည့်ကြည့်လို့ အပူခံနိုင်တယ် ဆိုရုံလေးပေါ့ ။ …

COOKING
ဖာလူဒါကို အိမ်မှာလုပ်နည်း အပြည့်အစုံလေးပါ

အိမ်မှာ မုန့်လက်ဆောင်းဖတ် ၊ ပူတင်း လုပ်ပြီးသား အဆင်သင့်ရှိနေတော့ ဖာလူဒါ လုပ်နည်း တင်ပေးမယ်နော်။ ပါဝင်ပစ္စည်းများ ၇ ပွဲ ရေခဲ သကြား ၂၀၀ ဂရမ် အနီရောင် အစာဆိုးဆေး  Rose Syrup နွားနို့ ကျိုပြီးအပျစ်  Cream Milk လီ တာဝက် သာကူစေ့ လက်တဆုတ်စာ မုန့်လက်ဆောင်းဖတ်။ ပူတင်း (Flour Pudding) ဖာလူဒါမှာသုံးရန် ရေခဲမုန့်။ Ready Made ရောင်စုံဂျယ်လီ။ ပြုလုပ်နည်း။ သကြားကို ရေလီတာဝက်ခန့် ထည့်ပြီး အရောင်အနည်းငယ်ထည့်ကာ ပျစ်လာအောင်ကျိုပါ ။ အနီရောင် အစာဆိုးဆေး Rose Syrups အရည်လေး ၂ …