ကွတ်ခိုင်မြို့ကို လက်နက်ကြီးများနှင့် တိုက်ခိုက်ဖို့လာတဲ့ သူပုန်အဖွဲ့ အကျ အဆုံး များ စွာဖြင့်ထွက်ပြေးနေရ

ကွတ်ခိုင်မြို့ကို လက်နက်ကြီးများနှင့် တိုက်ခိုက်ဖို့လာတဲ့ သူပုန်အဖွဲ့ အကျအဆုံးများစွာဖြင့် ခွေးပြေးဝက်ပြေး ထွက်ပြေးနေရ
NEWS

ကွတ်ခိုင်မြို့ကို လက်နက်ကြီးများနှင့် တိုက်ခိုက်ဖို့လာတဲ့ သူပုန်အဖွဲ့ အကျ အဆုံး များ စွာဖြင့်ထွက်ပြေးနေရ

AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များက ကွတ်ခိုင်မြို့အား အဝေးမှလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် ချဉ်းကပ် လာသဖြင့် တပ်မတော်စစ်ကြောင်း များကပြန်လည် တိုက်ခိုက်ခဲ့မှု ကြောင့် အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေး…..

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် သိန်းနီမြို့နယ်နှင့် ကွမ်းလုံမြို့နယ်အတွင်းရှိ တံတား များအား AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များက မိုင်းခွဲဖျက်ဆီးမှုများ ပြုလုပ် လျက် ရှိပြီး ကွတ်ခိုင်မြို့အား အဝေးမှလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် ချဉ်းကပ် လာသ ဖြင့်….

တပ် မ တော် စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်ခဲ့မှုကြောင့် အကျအဆုံးများစွာဖြင့် ဆုတ်ခွာ ထွက် ပြေးသွား ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။

လမ်းပန်းဆက်သွယ်မှုပြတ်တောက်

AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များက ဩဂုတ် ၁၇ ရက် ညနေ ၅ နာရီခန့်တွင် လား ရှိုး-သိန်းနီ-ကွမ်းလုံပြည်ထောင် စုလမ်း မကြီးပေါ်ရှိ နားတီးကျေးရွာအထွက် အရှည်ပေ ၅၀၊ အကျယ် ၂၅ ပေရှိ ၃၁ မိုင် ကွန်ကရစ်တံတားကို ထပ်မံမိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် တံတား မှာ ပျက်စီးခဲ့ပြီး လမ်း ပန်း ဆက်သွယ်မှုများ ပြတ်တောက်သွားခဲ့ကြောင်း သိရသည်…..

ထိတွေ့တိုက်ပွဲလေးကြိမ်ဖြစ်ပွား

ထို့ပြင် ယနေ့နံနက် ၁၀ နာရီခန့်တွင် ကွတ်ခိုင်မြို့အား အဝေးမှလက်နက်ကြီးများဖြင့် ပစ်ခတ် တိုက် ခိုက်ရန် မြို့၏အနောက်တောင် ဘက် နေ ရာသုံးနေရာမှ လက်နက်ကိုင်အင်အား ၁၅၀ ခန့် ချဉ်း ကပ် လာ ရာ တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်ခဲ့သဖြင့် အကျအဆုံးများစွာဖြင့် ဆုတ်ခွာ ထွက်ပြေး သွား ကြောင်း…..

လားရှိုး-ကွတ်ခိုင်-နမ့်ဖတ်ကာ- မူဆယ်နှင့် သိန်းနီ – ကွမ်းလုံသွားပြည်ထောင်စု လမ်းမကြီး တစ် ဝိုက် ၌ လည်း လုံခြုံရေးနှင့်နယ်မြေစိုး မိုး ရေး ဆောင်ရွက်နေသော တပ်မတော် စစ် ကြောင်း များ နှင့် လက် နက် ကိုင်အဖွဲ့များ ထိတွေ့တိုက်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များဩဂုတ် ၁၅ ရက် နံနက် ၅ နာရီခွဲခန့်တွင် ပြင်ဦးလွင် မြို့ရှိ တပ်မတော် နည်းပညာ တက္ကသိုလ်၊ နောင်ချိုမြို့အထွက် ပြင်ဦး လွင်တိုးဂိတ် ရှမ်းပြည် နယ် မြောက် ပိုင်း နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်း ရဲစခန်း၊ ကျောက်မဲမြို့ အ ထွက် နောင်ချိုတိုးဂိတ်၊ မူး ယစ် ဆေး ဝါးစစ်ဆေး ရေးဂိတ်နှင့်…….

နယ်မြေခံတပ်ရင်းဌာနချုပ်တစ်ခုတို့ကို လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက် နှောင့် ယှက် ပစ်ခတ် တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ နှစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင် သုံး ဦး ကျဆုံးပြီး အ ပြစ်မဲ့အရပ်သားပြည်သူ ၁၃ ဦးနှင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးဒဏ်ရာရ ရှိ ခဲ့သည်။

ယင်းနေ့ ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့၏လက်နက်ငယ် ၁၇ လက်၊ ကျည်အိမ်ခြောက်ခု၊ ကျည် ၁၃၁၂ တောင့်၊ မူးယစ် ဆေးဝါးရှာဖွေရေးကိရိယာ တစ်ခု၊ ဓာတုဗေဒစမ်းသပ်ရှာဖွေရေးကိရိယာတစ်ခု…..

လက်ကိုင် စ ကား ပြော စက်လေးလုံးတို့ဆုံးရှုံးခဲ့ပြီး မော်တော် ယာဉ် သုံးစီးမီး လောင် ပျက်စီးခဲ့ ကြောင်း ၊ ဂုတ် တွင်း တံတား မိုင်းခွဲ ဖျက် ဆီး ခံရမှုကြောင့် ကြမ်းခင်းများပျက်စီးသွားခဲ့ပြီး ယာဉ်များ သွား လာ၍ မ ရ ဘဲ ဖြစ်ခဲ့ရသည်။

စစ်ကူများသွားရောက်ပူးပေါင်းခဲ့

သို့ဖြစ်၍ တပ်မတော်စစ်ကြောင်းများက ဂုတ်တွင်းရဲကင်းစခန်း၊ နောင်ချိုတိုးဂိတ်နှင့် အေးရှား ဝေါလ် တိုး ဂိတ်တို့ အား စစ်ကူများ သွား ရောက် ပူးပေါင်းခဲ့ပြီး….

ဆက်လက် နယ်မြေရှင်းလင်းစဉ် တပ် မ တော် နည်း ပညာ တက္ကသိုလ်၏ အရှေ့ဘက် ပြင်ဦးလွင်-လားရှိုးကား လမ်း၏ အရှေ့ဘက်ခြမ်း ရှိ တောင် ကုန်း ပေါ်မှဘက်ထရီအိုး…….

ဝိုင်ယာကြိုးများနှင့် ချိတ်ဆက်ထားသည့် Type 63 ၁107 မီလီမီတာ အမျိုးအစားဒုံးသီးခြောက်လုံး၊ ရှော့တိုက်ဒုံးများ ပစ်ခတ်ရန် AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များက……

အသင့် ပြုလုပ် ထား သည့် နေရာများနှင့် ဘက်ထရီအိုးတစ်လုံးတို့ကို တွေ့ရှိခဲ့ရသည်။ ထို့ပြင် နောင်ချိုမူး ယစ် ဆေး ဝါးစစ် ဆေးရေး ဂိတ်နှင့် ဂုတ်တွင်းရဲ ကင်း စခန်းနေရာများတွင် တပ်မတော် စစ်ကြောင်း များ နှင့် ထိ တွေ့ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

လက်တုံ့ပြန်သည့်အကြမ်းဖက်လုပ်ရပ်

AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဇူလိုင် ၂၅ ရက်က ကွတ်ခိုင်မြို့နယ် ရှောက် ဟော် ကျေးရွာ အရှေ့တောင် ဘက်ချောင်းဆုံနေရာတစ်ဝိုက် မူးယစ်ဆေးဝါး စုစု ပေါင်း တန် ဖိုး ငွေ ကျပ် ကျပ် ၁၆ ဘီလီယံကျော်နှင့်မူးယစ်ဆေးဝါး ရိုက်စက် အပါအ ဝင် ဆက်စပ် ပစ္စည်း များ၊ ဘိန်း ချက် စခန်း များအားလည်းကောင်း…..

ဩဂုတ် ၈ ရက်တွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရက်ခုံ တိုင်ကျေးရွာမှ မူးယစ် ဆေးဝါး တန် ဖိုး ငွေကျပ် ကျပ် ၅ ဘီလီယံခန့်၊ ခဲ ယမ်းနှင့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း တပ် မ တော်က သိမ်းဆည်း ရရှိခဲ့သည့် အပေါ် မကျေနပ်သဖြင့် လက်တုံ့ပြန်သည့် အနေဖြင့်……

ယခုကဲ့သို့ အကြမ်း ဖက် လုပ်ရပ်များ ကျူးလွန်လာခဲ့ခြင်း ဖြစ်ကြောင်း ဩဂုတ် ၁၅ ရက်က တပ်မတော် ကာ ကွယ် ရေး ဦး စီး ချုပ် ရုံးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ သတင်းထုတ်ပြန်ချက် များ အပေါ် အ ခြေ ခံ ပြီး သတင်းများ ထုတ် ပြန်ထားရှိပြီးဖြစ်သည်။

လုံခြုံရေးလုပ်ငန်းများဆောင်ရွက်

မိုင်းခွဲဖျက်ဆီးခံခဲ့ရသော တံတားများ အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ရေးနှင့် လမ်းပန်း ဆက် သွယ်မှု မပြတ်တောက်စေရေး အပါ အဝင်……

၎င်း ဒေသများ၏ နယ်မြေ တည်ငြိမ် အေးချမ်း ရေးနှင့် တ ရား ဥပဒေစိုးမိုးရေး တို့အတွက်တပ်မတော်စစ်ကြောင်းများက လိုအပ် သည့်  လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MRTV

ဗိုက်ထဲက နာကျင်ကြောင်းပြောကြားနေတဲ့ လူတစ်ယောက်ကို ခွဲစိတ်လိုက်တဲ့အခါမှာ ရွှေချောင်း၁၂ချောင်းတွေ့ရှိ
NEWS
ဗိုက်ထဲက နာကျင်ကြောင်းပြောကြားနေတဲ့ လူတစ်ယောက်ကို ခွဲစိတ်လိုက်တဲ့အခါမှာ ရွှေချောင်း၁၂ချောင်းတွေ့ရှိ

ဗိုက်ထဲက နာကျင်ကြောင်းပြောကြားနေတဲ့ လူတစ်ယောက်ကို ခွဲစိတ်လိုက်တဲ့အခါမှာ ရွှေချောင်း၁၂ချောင်းတွေ့ရှိ ဗိုက်ထဲက နာကျင်ကြောင်းပြောကြားနေတဲ့ လူတစ်ယောက်ကို ခွဲစိတ်လိုက်တဲ့အခါမှာ ရွှေချောင်း၁၂ချောင်းထွက်လာလို့ အိန္ဒိယက ဆရာဝန်တွေ အံ့သြခဲ့ရတယ်လို့ဆိုပါတယ်။ အသက် ၆၃ နှစ် အရွယ် ယောက်ျားတစ်ယောက်ဟာ ရေဘူးအဖုံးကို မျိုခြမိခဲ့ခြင်းကြောင့် ခန္ဓာကိုယ်ထဲမှ ဖယ်ရှားခြင်းကြောင်းပြောကာ ဒေလီမြို့က ဆေးရုံတစ်ရုံကို ယခုလ အစောပိုင်းက ရောက်ရှိလာတယ် လို့ဆိုပါတယ်။ ဗိုက်ထဲက နာကျင်ကြောင်းနဲ့ အန်လည်း အန်ကြောင်းပြောနေတဲ့ ဒီလူကိုခွဲလိုက်တဲ့အခါ ရေဘူးဖုံးထွက်မလာဘဲ ရွှေချောင်းတွေထွက်လာလို့ ဆရာဝန်တွေ ရှော့ခ်ဖြစ်သွားခဲ့ပါတယ်။ “ကျွန်တော်တို့ အိပ်စ်ရေးရိုက်ကြည့်တော့ ရေဘူးဖုံး မဟုတ်သလိုဘဲဗျ။ ရွှေချောင်းတွေက တစ်ခုနောက် တစ်ခုထပ်နေတော့ သတ္တုချောင်း တစ်ခုလိုဖြစ်နေတာ။ သူ့ ဗိုက် ထဲ မှာ …

သက်ငယ် မုဒိမ်းကောင်များ ဆေးထိုး၍ သင်းကွပ်စေထောင်ကလွတ်သော်လည်း စောင့်ကြည့်ခံရမယ့် ဥပဒေ ယူကရိန်းတွင် ထုတ်ပြန်
NEWS
သက်ငယ် မုဒိမ်းကောင်များ ဆေးထိုး၍ သင်းကွပ်စေထောင်ကလွတ်သော်လည်း စောင့်ကြည့်ခံရမယ့် ဥပဒေ ယူကရိန်းတွင် ထုတ်ပြန်

သက်ငယ် မုဒိမ်းကောင်များ ဆေးထိုး၍ သင်းကွပ်စေထောင်ကလွတ်သော်လည်း စောင့်ကြည့်ခံရမယ့် ဥပဒေ ယူကရိန်းတွင် ထုတ်ပြန် နှစ်စဉ် သက်ငယ် မုဒိမ်းမှု ထောင်ချီဖြစ်နေတဲ့ အတွက်ကြောင့်ယူကရိန်း တရားသူကြီးချုပ်က ဥပဒေကဲ့သို့အာဏာတည်သော အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ သက်ငယ် မုဒိမ်းကောင်ကိုထောင်ထဲကို မပို့ခင် #လိင်စိတ်လျော့ကျစေတဲ့ဆေး ထိုး၊သင်းကွပ်ပြီး ယောက်ျား မဟုတ် မိန်းမ မဟုတ် ဘဝနဲ့နေစေရမယ်လို့ အမိန့် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် သက်ငယ်မုဒိမ်းကောင်တွေ ထောင်က လွတ်လာရင်လည်းရဲများရဲ့ စောင့်ကြည့်ခြင်းကို တစ်သက်လုံး ခံရပါလိမ့်မယ်။သူတို့ရဲ့ခန္ဓာကိုယ်ထဲကို အာရုံခံ ကရိယာ ထည့်သွင်းထားပြီး အမြဲ ထောက်လှမ်း ခံနေရမှာ ဖြစ်ပါတယ်။ သူတို့ဆီမှာတော့ သက်ငယ် မုဒိမ်းမှုကို သေဒဏ်ပေးတယ် ဆိုတာ …

ရခိုင်ပြည် မြောက်ဦး ရှေးဟောင်းဒေသကို ၂၀၂၁ ခုနှစ်မှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အဖြစ် ကြေညာနိုင်မည်
NEWS
ရခိုင်ပြည် မြောက်ဦး ရှေးဟောင်းဒေသကို ၂၀၂၁ ခုနှစ်မှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အဖြစ် ကြေညာနိုင်မည်

ရခိုင်ပြည် မြောက်ဦး ရှေးဟောင်းဒေသကို ၂၀၂၁ ခုနှစ်မှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အဖြစ် ကြေညာနိုင်မည် ရခိုင်ပြည်နယ် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် မြောက်ဦးဒေသကို ၂၀၂၁ ခုနှစ်မှာ ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ဖြစ်ဖို့ လာမည့် စက်တင်ဘာလမှာ UNESCO ထံသို့ မူကြမ်းတင်သွင်းတော့မှာဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းလွင်က ပြောပါတယ်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာတော့ ကမ္ဘာ့ အမွေအနှစ် အဆိုပြုစာတွဲကို အချောသတ်ရေးဆွဲပြီး တင်ပြနိုင်တော့မှာ ဖြစ်တာကြောင့် ၂၀၂၁ ခုနှစ်ဇူလိုင်လမှာတော့ မြောက်ဦးဒေသကို ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ဒေသအဖြစ် ကြေညာနိုင်မယ်လို့ ဆိုပါတယ်။ “ မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ဖို့ ဆက်တိုက်လုပ်နေပါတယ်။တော်တော်လေး ခရီးရောက်နေပါပြီ။ ရခိုင်မှာ ပဋိပက္ခတွေ …