LIFE STYLE
by Cherry Mon
Credit:We.Com
Unicode
ဘယ်ဘက်စောင်းအိပ်ခြင်းရဲ့ အကျိုးကျေးဇူး ၆ ခု
လူတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက် အိပ်တဲ့ ပုံစံအနေအထားချင်း မတူညီကြပါဘူး။ တချို့က ဘေး စောင်း၊ တချို့က မှောက်လျက် ၊ တချို့ပက်လက် အစရှိသဖြင့် ပုံစံအနေအထားအမျိုးမျိုးနဲ့ အိပ် စက်လေ့ရှိကြပါတယ်။
တချို့က တစ်ညလုံး ပုံစံတစ်မျိုးတည်းနဲ့ အိပ်ကြပေမဲ့ တချို့ကတော့ ဟိုလှည့်ဒီလှည့် အိပ်တတ် ပါ တယ်။
ဘယ်လိုအိပ်အိပ် အိပ်လို့ကောင်းဖို့က အရေးကြီးတယ်ဆိုပေမဲ့ အိပ်တဲ့အချိန်မှာ ခန္ဓာကိုယ်ဟာ လုံး၀ အနားယူ နေချိန်ဖြစ်ပြီး သင့် အတွက် ခွန်အားတွေ ပြန်လည်ဖြည့်တင်းချိန်ဖြစ်တာကြောင့် အရေးကြီးပါတယ်။
ဒါ့ပြင် အိပ်ချိန်မှာ သွေးလည်ပတ်မှုကောင်းဖို့နဲ့ အောက်ဆီဂျင်ကောင်းကောင်းရဖို့လည်း လို အပ် ပါ သေးတယ်။ အိပ်တဲ့ပုံစံ အနေ အထားပေါ်မူတည်ပြီး အကျိုးသက်ရောက်မှုလည်း ကွာ ခြား ပါ တယ်။
အဲဒီလိုအိပ်တဲ့ပုံစံတွေထဲ မှာ အကောင်းဆုံးကတော့ ဘယ်ဘက်စောင်းအိပ်ခြင်းလို့ ဆိုပါတယ်။ အဲဒါကြောင့် ဘယ် အိပ် စောင်း အိပ်ခြင်း ရဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အိပ်တဲ့အခါ မဟောက်စေခြင်း
ပက်လက်အိပ်တာဟာ ဟောက်သံထွက်စေဆုံး အနေအထားဖြစ်ပါတယ်။ အိပ်တဲ့အခါမှာ ပါးစပ်၊ လည်ပင်းနဲ့ လျှာတို့ သက် သောင့် သက် သာ ဖြစ်နေဖို့လိုအပ်ပါတယ်။
ဘက်ဘယ်ကို စောင်းအိပ်ခြင်းကတော့ အသက်ရှူဖို့ လွယ်ကူစေပြီး ဟောက်သံမထွက်စေပါဘူး။
၂။ ကိုယ်ဝန်ဆောင်များအတွက် ပိုမိုကောင်းမွန်ခြင်း
ကိုယ်ဝန်ဆောင်တွေဆိုတာဟာ နှစ်ဦးစာအတွက် သွေးလည်ပတ်နေရတာ ဖြစ်ပါတယ်။ အဲဒါ ကြောင့် ကိုယ် ဝန် ဆောင်တွေအနေနဲ့ ဘယ်ဘယ်စောင်းအိပ်ပေးခြင်းဟာ သွေးလည် ပတ်မှု ကောင်း မွန် စေပြီး မိခင်ရော ကလေးအတွက်ပါ အန္တရာယ်ကင်းကင်းနဲ့ သက်သောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။
၃။ အစာချေစနစ်ကို ကောင်းမွန်စေခြင်း
အိပ်ရာဝင်ခါနီး အစာစားတာဟာ မကောင်းဘူး၊ အစာမကြေဘူးလို့ ပြောကြပါတယ်။ အစာမကြေဘဲ တစ်ညလုံး သင့်ဗိုက်ထဲမှာ ရှိနေ တဲ့အစာတွေဟာ သင့်ကို ဝစေပါတယ်။ ဒါပေမဲ့ အဲဒါဟာ အ ပြည့် အ ဝ တော့ မ မှန် ပါ ဘူး။ အကြောင်းက အိပ်နေချိန်မှာလည်း အစာ ချေစနစ်က အလုပ် လုပ် နေပါ တယ်။
အိပ်နေချိန်မှာလည်း ခန္ဓာကိုယ် တွင်းမှာ အလုပ်လုပ်နေတာကြောင့် အိပ်ခါနီအစာစားပြီး လောင်စာ ဖြည့် ပေး ဖို့ လိုအပ် ပါတယ်။ ဒါပေမဲ့ အစာကြေဖို့လည်း လိုအပ်ပြန်ပါတယ်။ အစာအိမ် ဟာ ဝမ်းဗိုက် ရဲ့ဘယ် ဘက်ခြမ်း မှာ ရှိတာကြောင့် ဘယ်ဘက် ကိုစောင်း အိပ်မယ် ဆိုရင် အစာကို ပိုပြီး ကြေ လွယ် စေ ပါ တယ်။
၄။ နှလုံးအတွက် အနားယူရာရောက်ခြင်း
သင်အသက်ရှိနေသရွေ့ နှလုံးက မရပ်မနားခုန်နေရတာပါ။ သင်အိပ်နေပေမဲ့ သင့်နှလုံးကတော့ အလုပ်လုပ်နေ ရတုန်းပါပဲ။ ဘယ်ဘက်ကိုစောင်းအိပ်မယ်ဆိုရင် နှလုံးရဲ့အလုပ်ကို ပိုမို လွယ်ကူ အဆင် ပြေ စေပါတယ်။ အဲဒီလို ဘယ်ဘက် စောင်း အိပ်ခြင်း ဟာ မြေဆွဲအား ကနေ နှလုံးကို သွေး လည်ပတ် မှု ကောင်း မွန် အောင် ထောက် ကူ ပေး မှာ ဖြစ် ပါ တယ်။
၅။ ဇက်ကြောတက်တာကို သက်သာစေခြင်း
အိပ်တဲ့အနေအထားပုံစံမမှန်ရင် ဇက်နာတာတို့ အုံးလွဲတာတို့ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဘယ်ဘက် ကို စောင်း အိပ်မယ်ဆိုရင်တော့ ကျောရိုးတလျှောက်က ညောင်း ညာ ကိုက် ခဲ မှု တွေကို ပြေ လျော့ သက် သာ စေမှာ ပါ။ ဒါ့ပြင် သွေးလည်ပတ်မှုလည်း ကောင်း တာ ကြောင့် အ ကြော တွေ တောင့် တင်း မှု ကို သက် သာ စေနိုင် ပါ တယ်။
၆။ လေပူတက်တာကို သက်သာစေခြင်း
လေပူတက်တာကတော့ ညဘက်အစာစားခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ် ဘက်ကို စောင်း အိပ်မယ် ဆိုရင် တော့ အဲဒီလိုလေပူတက်တာကိုလည်း သက် သာစေ နိုင် ပါ တယ်။
by Cherry Mon
Ref; Health & Human Research
Credit:We.Com
ရုံးခန်းထဲမှာထမင်းခိုးချက်စားခဲ့ရတဲ့ ကောင်လေး
LIFE STYLE
ရှာရတဲ့ပိုက်ဆံတွေအကုန်လုံးကို မိခင်ကိုပို့ပေးပြီး ရုံးခန်းထဲမှာထမင်းခိုးချက်စားခဲ့ရတဲ့ ကောင်လေးရဲ့အဖြစ်
ရှာရတဲ့ပိုက်ဆံတွေအကုန်လုံးကို မိခင်ကိုပို့ပေးပြီး ရုံးခန်းထဲမှာထမင်းခိုးချက်စားခဲ့ရတဲ့ ကောင်လေးရဲ့အဖြစ် တစ်ချို့သော ယောက်ျားလေးတွေဟာ သူတို့ရဲ့မိဘတွေကို အတော်လေး ချစ်မြတ်နိုးကြပြီး ၊ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အမြဲ ကျေးဇူးဆပ်ချင်တတ်ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း Azri Walter အမည်ရှိတဲ့ လုပ်ငန်းရှင်တစ်ယောက်ဟာ ပိုက်ဆံချွေတာနိုင်ဖို့ ရုံးခန်းထဲ ထမင်းခိုးချက်နေခဲ့တဲ့ ဝန်ထမ်းကောင်လေးရဲ့ လူတိုင်းရင်ထဲ ထိမိစေမဲ့ အကြောင်းကို သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာ ပြန်လည်ဝေမျှခဲ့ပါတယ် ။ Azri ရဲ့ပြောပြချက်အရ ” ကျွန်တော်ရုံးခန်းရှိရာ အပေါ်ထပ်သို့ တက်သွားပြီး တံခါးဖွင့်လိုက်ချိန်မှာ ဘယ်သူမှမရှိပါဘူး ၊ ဒါပေမဲ့ မီးတွေက လင်းနေတယ် ၊ ပတ်ပတ်လည် လိုက်ကြည့်လိုက်တော့မှ စားပွဲခုံအောက်လေးမှာ အရိပ်လေးရွှေ့နေတာကို တွေ့ခဲ့လို့ ကြက်သီးတွေ …
မိဘ စော်ကား ဒဏ်(၁၀)ပါး
LIFE STYLE
မိဘ စော်ကား ဒဏ်(၁၀)ပါး
မိဘ စော်ကား ဒဏ်(၁၀)ပါး မိမိ မှန်သည်ဖြစ်စေ ၊ မှားသည်ဖြစ်စေ မိဘတွေများအား ဒေါသတကြီး၊ အော်ကြီး၊ ဟစ်ကျယ်ပြန်လှန်ပြောဆိုခဲ့မိလျှင် လက်ရှိ ပစ္စုန်ပ္ပန်ဘဝတွင်ဖေါ်ပြပါ ဒဏ်ဆယ်ပါးထဲက အနည်းဆုံး တစ်ပါးပါး သင့် တတ်ပါသည်။ အဆိုပါ ဒဏ်ဆယ်ပါးမှာ ၁။ ကြမ်းကြုတ်သော ဝေဒနာ ခံစားရခြင်း ၂။ ကိုယ်ခန္ဓာ ပျက်စီးခြင်း ၃။ အနာရောဂါ ဖြစ်ခြင်း ၄။ ရူးသွပ်ခြင်း ၅။ မင်းပြစ် မင်းဒဏ်သင့်ခြင်း ၆။ အကြီးအကျယ် စွပ်စွဲခံရခြင်း ၇။ မိဘ သားသမီး ဇနီးမယားများ ဆွေမျိုးများ ပျက်စီးခြင်း ၈။ စည်းစိမ်ချမ်းသာ ပျက်စီး ဆုံးရှုံးခြင်း ၉။ နေအိမ်စသည့် …
မိခင်ကို ဆိုင်းဖြင့်ထမ်း၍ မိုင် ၂၀၀၀၀ ကျော် ဘုရားဖူးခရီး ပို့ပေးသူ
LIFE STYLE
မိခင်ကို ဆိုင်းဖြင့်ထမ်း၍ မိုင် ၂၀၀၀၀ ကျော် ဘုရားဖူးခရီး ပို့ပေးသူ
မိခင်ကို ဆိုင်းဖြင့်ထမ်း၍ မိုင် ၂၀၀၀၀ ကျော် ဘုရားဖူးခရီး ပို့ပေးသူ အိန္ဒိယနိုင်ငံ မဒရာပရာဒက်ရှ်ပြည်နယ်သား ကိုင်လာ့ရှ်ဂီရိဗြဟ္မစာရီသည် ဖခင်၊ အစ်ကို၊ ညီမတို့ ဆုံးပါးသွားပြီးနောက် မိခင်ကို ရိုသေစွာ ကျွေးမွေးပြုစု စောင့်ရှောက်လာခဲ့သည်။ မိခင်၏ ဝေယျာဝစ္စမှန်သမျှ မငြီးမငြူ လုပ်ပေး သည်။ သို့သော် မိခင်၏ ပြင်းပြသော ဆန္ဒတစ်ခုကို ဖြည့်ဆည်းရန်မှာ သူ့အဖို့ အတော် ခက်ခဲနေရသည်။ မိခင် ကထက်ဒေဝီသည် အိန္ဒိယပြည် အနှံ့ရှိ ဗာရာဏသီ အပါအဝင် ဟိန္ဒူအထွတ်အမြတ်နေရာများ၊ ဘုရားကျောင်းများကို ရောက်ဖူးလိုသည်။ မွေးကတည်းက စက္ခုနှစ်ကွင်း အလင်းမရသော်လည်း ကထက်ဒေဝီသည် ယင်းနေရာများသို့ အရောက် သွားကာ အကြားအာရုံ၊ မနောအာရုံတို့ဖြင့် ဝတ်ပြုလိုလှသည်။ …