
LIFE STYLE












credit-popolay.com

Unicode

ထမင်းများများစားခြင်းက ကိုယ်အလေးချိန်လျော့ကျစေကြောင်း လေ့လာတွေ့ရှိ

သုတေသီများ၏ နောက်ဆုံးလေ့လာတွေ့ရှိချက် အသစ်အရ ထမင်းများများ စားခြင်းက အဝလွန်ရောဂါကို တားဆီးနိုင်ပြီး ကိုယ်အလေးချိန်လျှော့ချရာမှာ ထိရောက်စေကြောင်း သိရှိရသည်။

စကော့တလန်နိုင်ငံ ဂလက်စဂိုမြို့မှာ ပြုလုပ်တဲ့ အဝလွန်ခြင်းဆိုင်ရာ ဥရောပကွန်ဂရက်တွင် တင်ပြခဲ့တဲ့ စာတမ်းအရ ဂျပန်နိုင်ငံအပါအဝင် ဆန်စားကြတဲ့ အာရှနိုင်ငံသားတွေဟာ ဆန်စားသုံးမှုနဲပါးတဲ့ နိုင်ငံကလူတွေထက် အဝလွန်ရောဂါဖြစ်ပွားမှု နည်းပါးတာကို တွေ့ရှိခဲ့ပြီးနောက် ဆန်(ထမင်း)ပို၍ စားခြင်းက အဝလွန်ရောဂါ ကာကွယ်ရေးရဲ့ အခြေခံဖြစ်ကြောင်း သုတေသီတွေ တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်

ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကာဗိုဟိုက်ဒရိတ်ကို လျှော့ချတဲ့ ကိုယ်အလေးချိန်ထိန်းနည်းအဖြစ် ဆန်(ထမင်း)စား ကို အကန့်အသတ်နဲ့ စားတာဟာ လူသိများတဲ့ နည်းလမ်းဖြစ်ပေမယ့် အဝလွန်ရောဂါအတွက် ထမင်းရဲ့ အကျိုးသက်ရောက်မှုကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ သုတေသီတွေက ဆိုပါတယ်။

သုတေသီတွေဟာ နိုင်ငံပေါင်း ၁၃၆ နိုင်ငံက လူတစ်ဦးခြင်းစီရဲ့ တစ်နေ့တာ ထမင်းစားနှုန်းကို ဂရမ်နဲ့ တိုင်းတာတွက်ချက်ပြီး လေ့လာခဲ့ကြတာဖြစ်ပါတယ်

ယူကေက လူတွေဟာ တစ်ရက်ကို ထမင်း ၁၉ ဂရမ်သာ စားသုံးကြပြီး ကနေဒါ၊ စပိန်နဲ့ အမေရိကန်အပါအဝင် အခြားနိုင်ငံအတော်များများက ဒီထက် လျှော့နည်းစွာ စားကြတာကို တွေ့ရပါတယ်။

သုတေသီတွေရဲ့ တွက်ချက်မှုအရ လူတစ်ယောက်ဟာ တစ်ရက်လျှင် ထမင်း ၅၀ ဂရမ် စာသုံးမည်ဆိုပါက ကမ္ဘာပေါ်မှာ ဖြစ်ပွားနေတဲ့ အဝလွန်ရောဂါကို ၁% လျှော့ချပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ် အဆိုပါ သုတေသနပရော့ဂျက်ကို ဦးဆောင်သူ ဂျပန်နိုင်ငံ လစ်ဘရယ်အာ့တ်ကောလိပ်မှ ပရော်ဖက်ဆာ တိုမိုကို အီမီယာ က…..

”ထမင်းကို အဓိကအစားအစာအဖြစ် စားသောက်တဲ့ နိုင်ငံတွေမှာ အဝလွန်ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းတာကို တွေ့ရတယ်” လို့ ဆိုပါတယ်။ဒါကြောင့်မို့ ဂျပန်စတိုင် စားသောက်ခြင်းနဲ့ ထမင်းကိုအခြေခံတဲ့ အာရှရဲ့ စားသောက်မှုပုံစံဟာ အဝလွန်ရောဂါကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်

“အဝလွန်ရောဂါကို ကာကွယ် တိုက်ဖျက်ဖို့ဆိုရင် အနောက်နိုင်ငံက တိုင်းပြည်တွေလည်း ဆန်(ထမင်း)ကို ပိုပြီး စားဖို့လိုပါတယ်”“ဆန်ဟာ အဆီပါဝင်မှုနည်းသလို၊ အမျှင်ဓာတ်၊ အဟာရနဲ့ ကောက်ပဲသီးနှံတွေမှာ ပါဝင်တဲ့……

ဓာတ် ပေါင်း တွေ များ စွာ ပါ ဝင် တာ ကြောင့် စား ပြီး တဲ့ အ ခါ တင်း တိမ် မှု ကို ဖြစ် စေ ပြီး အ လွန်အ ကျွံ စား မိ တာ မျိုး မ ဖြစ် စေ ဘူး” လို့ ဖြည့် စွက် ပြော ကြား ခဲ့ ပါ တယ်။

credit-popolay.com

ရုံးခန်းထဲမှာထမင်းခိုးချက်စားခဲ့ရတဲ့ ကောင်လေး
LIFE STYLE
ရှာရတဲ့ပိုက်ဆံတွေအကုန်လုံးကို မိခင်ကိုပို့ပေးပြီး ရုံးခန်းထဲမှာထမင်းခိုးချက်စားခဲ့ရတဲ့ ကောင်လေးရဲ့အဖြစ်

ရှာရတဲ့ပိုက်ဆံတွေအကုန်လုံးကို မိခင်ကိုပို့ပေးပြီး ရုံးခန်းထဲမှာထမင်းခိုးချက်စားခဲ့ရတဲ့ ကောင်လေးရဲ့အဖြစ် တစ်ချို့သော ယောက်ျားလေးတွေဟာ သူတို့ရဲ့မိဘတွေကို အတော်လေး ချစ်မြတ်နိုးကြပြီး ၊ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အမြဲ ကျေးဇူးဆပ်ချင်တတ်ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း Azri Walter အမည်ရှိတဲ့ လုပ်ငန်းရှင်တစ်ယောက်ဟာ ပိုက်ဆံချွေတာနိုင်ဖို့ ရုံးခန်းထဲ ထမင်းခိုးချက်နေခဲ့တဲ့ ဝန်ထမ်းကောင်လေးရဲ့ လူတိုင်းရင်ထဲ ထိမိစေမဲ့ အကြောင်းကို သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာ ပြန်လည်ဝေမျှခဲ့ပါတယ် ။ Azri ရဲ့ပြောပြချက်အရ ” ကျွန်တော်ရုံးခန်းရှိရာ အပေါ်ထပ်သို့ တက်သွားပြီး တံခါးဖွင့်လိုက်ချိန်မှာ ဘယ်သူမှမရှိပါဘူး ၊ ဒါပေမဲ့ မီးတွေက လင်းနေတယ် ၊ ပတ်ပတ်လည် လိုက်ကြည့်လိုက်တော့မှ စားပွဲခုံအောက်လေးမှာ အရိပ်လေးရွှေ့နေတာကို တွေ့ခဲ့လို့ ကြက်သီးတွေ …

မိဘ စော်ကား ဒဏ်(၁၀)ပါး
LIFE STYLE
မိဘ စော်ကား ဒဏ်(၁၀)ပါး

မိဘ စော်ကား ဒဏ်(၁၀)ပါး မိမိ မှန်သည်ဖြစ်စေ ၊ မှားသည်ဖြစ်စေ မိဘတွေများအား ဒေါသတကြီး၊ အော်ကြီး၊ ဟစ်ကျယ်ပြန်လှန်ပြောဆိုခဲ့မိလျှင် လက်ရှိ ပစ္စုန်ပ္ပန်ဘဝတွင်ဖေါ်ပြပါ ဒဏ်ဆယ်ပါးထဲက အနည်းဆုံး တစ်ပါးပါး သင့် တတ်ပါသည်။ အဆိုပါ ဒဏ်ဆယ်ပါးမှာ ၁။ ကြမ်းကြုတ်သော ဝေဒနာ ခံစားရခြင်း ၂။ ကိုယ်ခန္ဓာ ပျက်စီးခြင်း ၃။ အနာရောဂါ ဖြစ်ခြင်း ၄။ ရူးသွပ်ခြင်း ၅။ မင်းပြစ် မင်းဒဏ်သင့်ခြင်း ၆။ အကြီးအကျယ် စွပ်စွဲခံရခြင်း ၇။ မိဘ သားသမီး ဇနီးမယားများ ဆွေမျိုးများ ပျက်စီးခြင်း ၈။ စည်းစိမ်ချမ်းသာ ပျက်စီး ဆုံးရှုံးခြင်း ၉။ နေအိမ်စသည့် …

မိခင်ကို ဆိုင်းဖြင့်ထမ်း၍ မိုင် ၂၀၀၀၀ ကျော် ဘုရားဖူးခရီး ပို့ပေးသူ
LIFE STYLE
မိခင်ကို ဆိုင်းဖြင့်ထမ်း၍ မိုင် ၂၀၀၀၀ ကျော် ဘုရားဖူးခရီး ပို့ပေးသူ

မိခင်ကို ဆိုင်းဖြင့်ထမ်း၍ မိုင် ၂၀၀၀၀ ကျော် ဘုရားဖူးခရီး ပို့ပေးသူ အိန္ဒိယနိုင်ငံ မဒရာပရာဒက်ရှ်ပြည်နယ်သား ကိုင်လာ့ရှ်ဂီရိဗြဟ္မစာရီသည် ဖခင်၊ အစ်ကို၊ ညီမတို့ ဆုံးပါးသွားပြီးနောက် မိခင်ကို ရိုသေစွာ ကျွေးမွေးပြုစု စောင့်ရှောက်လာခဲ့သည်။ မိခင်၏ ဝေယျာဝစ္စမှန်သမျှ မငြီးမငြူ လုပ်ပေး သည်။ သို့သော် မိခင်၏ ပြင်းပြသော ဆန္ဒတစ်ခုကို ဖြည့်ဆည်းရန်မှာ သူ့အဖို့ အတော် ခက်ခဲနေရသည်။ မိခင် ကထက်ဒေဝီသည် အိန္ဒိယပြည် အနှံ့ရှိ ဗာရာဏသီ အပါအဝင် ဟိန္ဒူအထွတ်အမြတ်နေရာများ၊ ဘုရားကျောင်းများကို ရောက်ဖူးလိုသည်။ မွေးကတည်းက စက္ခုနှစ်ကွင်း အလင်းမရသော်လည်း ကထက်ဒေဝီသည် ယင်းနေရာများသို့ အရောက် သွားကာ အကြားအာရုံ၊ မနောအာရုံတို့ဖြင့် ဝတ်ပြုလိုလှသည်။ …