
အနုပညာရပ်ဝန်း













Unicode

ဟိုပေါ်ဒီပေါ်ဝတ်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူးဆိုတဲ့ ယွန်းယွန်း

မြန်မာဆန်ဆန် ဆံပင်ရှည်ရှည်လေးနဲ့ အားလုံးချစ်ကြတဲ့ ယွန်းယွန်းတစ်ယောက်ကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုစာလောက်က ကလေးသရုပ်ဆောင် ဘဝကနေပြီး အခုလို အရွယ်ရောက်လာလို့ လှသွေးကြွယ်တဲ့ အရွယ်ရောက်လာတဲ့အချိန်မှာလည်း ပရိသတ်တွေ ရဲ့ အားပေးချစ်ခင်မှုကိုရရှိထားသူတစ်ယောက်ပါ။ အခု Sunday ဂျာနယ်နဲ့အင်တာဗျူးမှာ ပြောပြသွားတဲ့ အကြောင်းတချို့ကိုပြောချင်လွန်းလို့ ပရိသတ်တွေသိအောင်ပြောပြပေးလိုက်ပါတယ် ခင်ဗျာ။

ယွန်းယွန်းက သူ့ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး “သမီးကလေ ပွဲတစ်ခုခုတက်ရင် သူတို့နဲ့ Brand နဲ့ ပတ်သက်တဲ့အရောင် လိုက်ဖက်တဲ့ဟာမျိုး အမြဲတမ်းသေချာစဉ်းစားပြီးတော့ ဒီဇိုင်နာက နဲ့တိုင်ပင်တယ် မေမေတို့နဲ့တိုင်ပင်တယ် ပြီးတော့ ကြိုပြီးတော့ ချုပ်ပေးတယ်ပေါ့နော် ။

တချို့ Invitation တွေကကျ နီးမှာလာတော့ စီစဉ်ချိန်မရဘူး ။ အဲ့ခါ ကျရင်တော့ သိပ်ပြီးတော့ မလုပ်နိုင်ဘူးပေါ့ ဒါပေမယ့်လည်း ပေါ့ပေါ့ပါးပါးဖြစ်မယ့် ဖက်ရှင်မျိုးများသောအားဖြင့် ပရိသတ် နဲ့တွေ့မှာ ဆိုရင် ပိုပြီးတော့ လုံခြုံတဲ့ဟာမျိုးပိုပြီးတော့ ရွေးဖြစ်ပါတယ် ။

ကိုယ်ကိုယ်တိုင်က ဝတ်နေကျမဟုတ်တဲ့ ဟိုပေါ်ဒီပေါ်နည်းနည်းဝတ်လိုက်လို့ရှိရင် ကိုယ်ကိုယ်တိုင်က နေရတာ သက်သောင့်သက်သာ မရှိဘူးပေါ့နော် ။ ကုန်းကုန်းကြီးဖြစ်နေတာ ဆွဲချနေတာတို့ ကိုယ်ကိုယ်တိုင် အပြင်မှာအဆင်မပြေရင် ကင်မရာထဲမှာလည်း အဆင်မပြေဘူးပေါ့နော် ။

မလှဘူးဆိုတာကတော့ ကိုယ်ကိုယ်တိုင် အပြင်မှာ အဆင်ပြေ အသက်ရှူချောင်ပြီးတော့ ထသွားထလာ အဆင်ပြေမယ့်ဟာမျိုးဝတ်တဲ့အခါကျတော့ ကြည့်ရတဲ့သူတွေလည်း ကိုယ့်ကို မြင်ရတာ အဆင်ပြေတယ် ။ လုံခြံတာတော့ ရွေးချယ်တာ များပါတယ်။ မြန်မာ ဝတ်စုံဆိုရင် အဆန်းလေးတွေထွင်ပြီးရိုက်ရတာ ကြိုက်တယ် ။ မျိုးစုံချုပ်ပြီးတော့ ဝတ်တယ် ၊

အဲ့ဒီလိုမျိုးပေါ်တာမပေါ်တာထက် ကိုယ့်အသားကို သူများကို ပြလိုက်တာထက် မပြလိုက်တာထက် ကိုယ်ကိုယ်တိုင်စိတ်ကျေနပ်ရဲ့လား ကိုယ်ကိုယ်တိုင်လှနေရဲ့လား ပြီးရင် ကိုယ့် Look ကိုယ်ရောကိုယ် Confidence ရှိလားပေါ့ အဲ့ဒီလိုမျိုး ပေါ်မှာပိုပြီးတော့ အရေးကြီးတယ်လို့ ညီမထင်တယ် ။

ဥပမာ ဖော်လို့ Confidence ရှိတဲ့သူကလည်း ဖော်ရတယ် အဲ့ဒါကြည့်လို့ကောင်းတယ် လှတယ် ။ ညီမလိုမျိုးဖော်လို့ Confidence မရှိတဲ့သူက ဖော်ရင်ကြည့်လို့မလှဘူးကွာ အဲ့ဒီလိုမျိုး လုံးဝ Confidence ရှိတယ်သူရှိတယ် ကိုယ့်အလှတွေပြတော့မှ Confidence ရှိတဲ့သူရှိတယ်ပေါ့ ။

ကိုယ့်ပေါ်မှာပဲ မူတည်တယ် ညီမကတော့ ကိုယ်အဆင်ပြေပြီးတော့ အဲ့ဒီလိုမျိုး ပရိသတ်တွေနဲ့ ရင်းရင်းနီးနီးပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ်နေလို့ရမယ့်ပုံမျိုးကိုပိုရွေးတယ်”ဆိုပြီး ပြောပြသွားခဲ့ပါတယ် ။

credit ပြောချင်လွန်းလို့

အနုပညာရပ်ဝန်း
“တိုင်းတပါးမှာ အနုပညာအလုပ်တွေလုပ်ကိုင်ရင်း အောင်မြင်မှုရရှိနေတဲ့ မြန်မာနိုင်ငံသား အနုပညာရှင်များ”

မြန်မာနိုင်ငံမှာသာမက တိုင်းတပါးမှာပါ အနုပညာအလုပ်တွေလုပ်ကိုင်ရင်း အောင်မြင်မှုရရှိနေတဲ့ မြန်မာနိုင်ငံသား အနုပညာရှင်တွေကတော့ မိန်းကလေးတွေရဲ့အသည်းကျော် မိုရီဆာကီဝင်း၊ ကရင်တိုင်းရင်းသူလေး နော်မာသထူးဝါး၊ သရုပ်ဆောင်မင်သမီးချော လိုင်လာခန်း တို့ပဲဖြစ်ပါတယ်။ (၁) မိုရီဆာကီဝင်း အဝင်းလို့ လူသိများတဲ့ မြန်မာနိုင်ငံမှာမွေးပြီးဂျပန်မှာကြီးတဲ့ မြန်မာနိုင်ငံသားလေး မိုရီဆာကီဝင်းကတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး Boy Group တစ်ခုဖြစ်တဲ့ Prizma X အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး (၂၀၁၇)ခုနှစ်တွင် ဒါရိုက်တာကြည်ဖြူသျှင် ရိုက်ကူးသော ဂျပန် မြန်မာ ချစ်ကြည်ရေး ဇာတ်ကား ဇာတိမြေတွင် အဓိက ဇာတ်ကောင်အဖြစ် ပါဝင်ရိုက်ကူးခဲ့ရာမှစကာ မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေကို ဆက်တိုင်လုပ်ကိုင်လာပါတယ်။ (၂) နော်မာသထူးဝါး “အိမ်လေးတစ်လုံးလိုချင်တယ်” သီချင်းနဲ့ အောင်မြင်မှုတွေ ရရှိလာတဲ့ ချစ်စရာကောင်းတဲ့ …

အနုပညာရပ်ဝန်း
အနုပညာလောက အကြီးအကျယ် အရှက်ရစေတဲ့နေ့

အနုပညာလောက အကြီးအကျယ် အရှက်ရစေတဲ့နေ့ “ထာဝရနှောင်ကြိုး” ရုပ် ရှင် ဇာတ်ကားကြီး သည် ရုပ်ရှင်ချစ်ပြည်သူအများ၏ အားပေးချီးမြှောက်မှုကြောင့် ရုံတင်ဝင်ငွေ သိန်းပေါင်း ၂ သောင်း ၄ ထောင် ရရှိခဲ့ ခီဇနီးမောင်နှံက သူတို့ဇာတ်ကားကနေရရှိတဲ့ ၀င်ငွေကို တရားဝင်ကြေငြာသွားတယ်။ အံ့အားသင့်စရာကတော့ နိုင်ငံတော်ကို အခွန်သိန်း ၁၈၀၀ ကျော်ပေးဆောင်မယ်တဲ့။ ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးတဲ့ “ထာဝရနှောင်ကြိုး” ရုပ် ရှင် ဇာတ်ကားကြီး သည် ရုပ်ရှင်ချစ်ပြည်သူအများ၏ အားပေးချီးမြှောက်မှုကြောင့် ရုံတင်ဝင်ငွေ သိန်းပေါင်း ၂ သောင်း ၄ ထောင် ရရှိခဲ့တယ် လို့ ဒါရိုက်တာ ခရစ္စတီးနားခီ ကိုယ်တိုင် Fan Meeting မှာ …

အနုပညာရပ်ဝန်း
” ရုံတင်ခွင့်ရရှိသွားပြီဖြစ်တဲ့ ကိုရီးယား-မြန်မာချစ်ကြည်ရေး ရုပ်ရှင်ဇာတ်ကားကြီး “

ကိုရီယား-မြန်မာချစ်ကြည်ရေး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “တိမ်တွေပေါ်ကပန်း ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရိုက်ကူးပြီး မကြာခင်မှာပဲ ရုံတင်ခွင့်ရရှိသွားတဲ့ အကြောင်းကို “Please Share ! “တိမ်တွေပေါ်ကပန်း” ဆင်ဆာခွင့်ပြုချက်ရရှိ ပြီးဖြစ်ပါသည် (၁၉.၁၂.၂၀၁၉) ရက်နေ့တွင် မြန်မာနိုင်ငံတဝှမ်းလုံးရှိ JCGV ရုပ်ရှင်ရုံများ Paradiso ရုပ်ရှင်ရုံများ Red Radiance ရုပ်ရှင်ရုံ Mega Ace ရုပ်ရှင်ရုံများတွင် ပြသသွားမည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည် ” လို့ Big 5 Film Production ရဲ့ တရားဝင် လူမှုကွန်ရက် စာမျက်နာမှာ ဖော်ပြထားပါတယ်။ “တိမ်တွေပေါ်ကပန်း ” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ New York Film Academy (Los …