ညေရာက္တာနဲ႔ကိုယ္ထင္ျပတဲ့ သရဲျဖစ္သြားတဲ့ ဘုန္ႀကီး ဦးနႏၵ (ျဖစ္ရပ္မွန္)

ညေရာက္တာနဲ႔ကိုယ္ထင္ျပတဲ့ သရဲျဖစ္သြားတဲ့ ဘုန္ႀကီး ဦးႏၵ (ျဖစ္ရပ္မွန္)
ညေရာက္တာနဲ႔ကိုယ္ထင္ျပတဲ့ သရဲျဖစ္သြားတဲ့ ဘုန္ႀကီး ဦးႏၵ (ျဖစ္ရပ္မွန္)

ညရောက်တာနဲ့ကိုယ်ထင်ပြတဲ့ သရဲဖြစ်သွားတဲ့ ဘုန်ကြီး ဦးနန္ဒ (ဖြစ်ရပ်မှန်)

ပေါက်ခေါင်းမြို့နယ် ရွာတစ်ရွာက စာတတ်ပေတတ် ဘုန်းကြီး ဦးနန္ဒ တဲ့ အသံကောင်း။ အပြောကောင်း။ အဟောကောင်း ဓမ္မကထိက တစ်ပါးဖြစ်လို့ ပေါက်ခေါင်းမြို့နယ်တဝိုက်သာရေး၊ နာရေး ကိစ္စတွေမှာ ပွဲတိုင်းကျော် ဖြစ်ခဲ့ပါတယ်။ ပစ္စည်းလေးပါးပေါများရုံမကပဲ ဝတ္ထုကြေးငွေများပါ စုမိလာတော့ ဦးနန္ဒ တစ်ပါး သူခိုး ဓါးပြ ရန်ကိုကြောက်လာပါတယ်။

ဒါနဲ့ပဲ သပိတ်ကြီးတစ်လုံးမှာ ဝတ္ထုငွေတွေ အပြည့်ထည့်ပြီး သူ့ကျောင်းလှေခါးအောက်မှာ မြေကျင်းတူးပြီးမြုပ်ထားလိုက်ပါတယ်။ သူခိုး ဓါးပြထက် နှစ်ဆဆိုးတဲ့ လောဘဆိုတဲ့ တရားဆိုးကြီး သူ့သန္တာန်မှာရောက်လာပြီ ဆိုတာ သူ့ခမျာ မသိရှာဘူး။

တနေ့ အသက်လေးဆယ်ကျော်မှာပဲ ဟောပြောရလွန်းလို့ ဖြစ်လာတဲ့လေနာရောဂါနဲ့ပဲ ပျံလွန်တော်မူခဲ့ပါတယ်။ ရဟန်းတော်တစ်ပါးဖြစ်တဲ့အတွက် ပုံမှန်အတိုင်းဆိုရင် အထက် နတ်ဘုံကို ပျံတော်မူရမှာပါ။ အခုတော့ လှေကားအောက်မှာ မြုပ်ထားတဲ့ ငွေသပိတ်အပေါ် စွဲလမ်းတဲ့ လောဘကြောင့် ကျောင်းဝိုင်းထဲမှာပဲ သံပရာခွံဦးထုပ်ဖြူဆောင်းရတဲ့ ဘုန်းကြီးတစ္ဆေသွားဖြစ်ပါတယ်။

စာတတ်ပေတတ် ဘုန်းကြီးဘဝက လာတာဆိုတော့ ငွေသပိတ်ကိုစွဲလမ်းတဲ့လောဘကြောင့် အခုလိုဘဝရောက်ရတယ် ဆိုတာသေချာသိတယ်။ ဒါကြောင့် သူ့ကျွတ်လမ်း လွတ်လမ်းကိုရှာတဲ့အနေနဲ့ နောက်တက်တဲ့ ကျောင်းထိုင်ဘုန်းကြီးကို ကိုယ်ထင်ပြပြီးအကူအညီတောင်းဖို့ ကြိုးစားတယ်။

ဒါပေမယ့် နောက်တက်တဲ့ကျောင်းထိုင်ဘုန်းကြီးတွေက ကြောက်တတ်သူတွေဆိုတော့ သရဲခြောက်တယ်ဆိုပြီး ထွက်ထွက်ပြေးကြတာနဲ့ သူ့ဆန္ဒမပြည့်ဝခဲ့ဘူး။

ဒီလိုနဲ့ နှစ်အတန်ကြာတော့ သတ္တိရှိတဲ့ဒကာတစ်ယောက် ဦးနန္ဒ ကျောင်းကို ရောက်လာပါတယ်။ လာတာက သူ့ငယ်ချင်းအိမ်ကို လာတာပါ။ သူငယ်ချင်းမရှိပဲ ဇနီးသည်တစ်ယောက်ပဲ ရှိတဲ့အိမ်မှာ ညအိပ်ရမှာ မသင့်တော်လို့ ဦးနန္ဒကျောင်းကို လာအိပ်ခြင်းပါပဲ။

ညရောက်တာနဲ့ ကိုယ်ထင်ပြတဲ့ ဦးနန္ဒကို ဒကာက သတ္တိကောင်းသူဆိုတော့ ဘာမပြောညာမပြော ချက်ချင်းထပြီး နပန်းလုံးတယ်။ ပြီးတော့ သရဲခေါင်းမှာဆောင်းထားတဲ့ ဦးထုပ်ဖြူကို ဖြုတ်ယူမိသွားတာနဲ့ သရဲဟာ အားအင်ကုန်ခမ်းပြီး ကြမ်းပြင်ပေါ်ပုံကျသွားတယ်။

အဲ့ဒီ အခါကျမှ ဦးနန္ဒ တစ်ဖြစ်လဲ သရဲက ဒကာတော် သတ္တိကောင်းတဲ့သူနဲ့ တွေ့ရလို့ အားရဝမ်းသာဖြစ်ရပါတယ်။ ငါဟာ ဒီကျောင်းက ပျံလွန်တော်မူသွားခဲ့တဲ့ ကျောင်းထိုင်ဘုန်းကြီးပါ။ လှေကားအောက်မှာမြုပ်ထားတဲ့ ငွေသပိတ်ကိုစွဲခဲ့လို့မကျွတ်မလွတ်ဖြစ်နေရတာပါ။ဒကာ ငါ့ကိုကူညီပါ။

အဲဒီ ငွေသပိတ်ကိုဖေါ်ယူပြီးသံဃာတွေပင့်ဆွမ်းတွေ သင်္ဃန်းတွေလှူပြီးကျွန်ု်ပ်ကို အမျှပေးပါ။ ကျန်တာကို ဒကာသုံးပါလို့ ပြောတဲ့အတွက် ဒကာကလည်း ပြောတဲ့အတိုင်းလုပ်ပေးတယ်။ အဲ့ဒီတော့မှ သရဲဘဝက လွတ်သွားခဲ့ရပါတယ်။

ဇာတ်လမ်းကတော့ ဒါပါပဲ မေတ္တာရှင်(ရွှေပြည်သာ)ရဲ့ အသေမြတ်ချင် သေနည်းသင် စာအုပ်က ထုတ်ယူဖေါ်ပြတာပါ။ ဘုန်းကြီးကလည်း လောဘနဲ့ သေတယ်။ ဒိဌိလည်း မပယ်ရသေးတော့ ငါစွဲ စွဲပြီးသေလို့ သရဲဖြစ်တာပါ။ တကယ်ပယ်ရ သတ်ရမှာက ဒိဌိ ဖြစ်ပါတယ်။

ဓါတ်တော်ကျသွားပြီဖြစ်တဲ့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတော်တွေမှာလည်း ဟောကြားထားပါတယ်။ တခြားသော ဆရာတော်များလည်း သစ္စာတရားဟောရင် ဒီတိုင်းဟောပါတယ်။ သစ္စာ တကယ်သိဖို့ဆိုတာ အရင်ဆုံး သောတာပန်တည်ပြီး ဒိဌိဖြုတ်ဖို့ဖြစ်ပါတယ်။ ဝီစိကိစ္ဆာက သူ့အလိုလိုသေသွားရော။

နာမ်နဲ့ ရုပ်ပဲရှိတယ်။ ငါဆိုတာမရှိဘူး။ ပုဂ္ဂိုလ် သတ္တဝါ မရှိဘူး။ယောက်ျား မိန်းမ မရှိဘူးဆိုတာ ကွဲကွဲပြားပြားဖြစ်သွားတဲ့ အရိယာမှာ ငါဆိုတဲ့ သက္ကာယဒိဌိ မရှိတော့လို့ လောဘဖြစ်ပေမယ့် အစွဲမရှိဘူး။ ဒိဌိ ဦးဆောင်ခြင်း မရှိတော့ဘူး။

သမီးတော် တရားစခန်း ဝင်စဉ်က ဦးပဇင်း ဦးဣဿရိယက ပလ္လင်ပေါ်ကနေမေးဖူးပါတယ်။ ဘုန်းကြီးနဲ့လူ ဘယ်သူက ပိုပြီး လောဘ ကြီးသလဲတဲ့။ အောက်ကသံဃာတော်တွေက ဖြေမဖြေတော့မသိဘူး။ အမျိုးသားရော အမျိုးသမီးယောဂီတွေရော ဝိုင်းပြီးအော်ကြတာ။

ဘုန်းကြီး အဲ့လိုဝိုင်းအော်တော့ ဦးပဇင်း မျက်လုံးပြူးသွားတယ်။ ဟမ် တဲ့ ဆက်လည်းပြောပါတယ်။ ဘုန်းကြီးလောဘအနန္တ တဲ့။ ဒါပေမယ့် လူတွေရဲ့ လောဘကတော့ ဘုရားတောင် ခြေရောလက်ရော မြောက်ထားရလောက်အောင်ကြီးတယ်တဲ့။ အသောမသတ်နိုင်ကြပုံများ ပြောပါတယ်။

သို့သော် အရိယာဖြစ်သွားတဲ့ ပုဂ္ဂိုလ်တွေအတွက်တော့ လောဘကို လောဘမှန်းသိတဲ့အတွက် အစွဲအလမ်းမဖြစ်ပါဘူး။ဘုန်းကြီးဦးနန္ဒ ကတော့ အစွဲအလမ်းကြောင့် သရဲဖြစ်တယ်လို့ သက်သေပြသွားခဲ့ပါပြီ။စွဲစွဲလမ်းလမ်းဖြစ်စေတဲ့ ဒိဌိ ကို ပယ်သတ်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

Credit : တတိယမြောက်သမီးတော် ဆိုဒ်မှ တစ်ဆင့်မျှဝေသည်။Credit: manawmaya journal

Zawgyi

ညေရာက္တာနဲ႔ကိုယ္ထင္ျပတဲ့ သရဲျဖစ္သြားတဲ့ ဘုန္ႀကီး ဦးနႏၵ (ျဖစ္ရပ္မွန္)

ေပါက္ေခါင္းၿမိဳ႕နယ္ ႐ြာတစ္႐ြာက စာတတ္ေပတတ္ ဘုန္းႀကီး ဦးနႏၵ တဲ့ အသံေကာင္း။ အေျပာေကာင္း။ အေဟာေကာင္း ဓမၼကထိက တစ္ပါးျဖစ္လို႔ ေပါက္ေခါင္းၿမိဳ႕နယ္တဝိုက္သာေရး၊ နာေရး ကိစၥေတြမွာ ပြဲတိုင္းေက်ာ္ ျဖစ္ခဲ့ပါတယ္။ ပစၥည္းေလးပါးေပါမ်ား႐ုံမကပဲ ဝတၳဳေၾကးေငြမ်ားပါ စုမိလာေတာ့ ဦးနႏၵ တစ္ပါး သူခိုး ဓါးျပ ရန္ကိုေၾကာက္လာပါတယ္။

ဒါနဲ႔ပဲ သပိတ္ႀကီးတစ္လုံးမွာ ဝတၳဳေငြေတြ အျပည့္ထည့္ၿပီး သူ႔ေက်ာင္းေလွခါးေအာက္မွာ ေျမက်င္းတူးၿပီးျမဳပ္ထားလိုက္ပါတယ္။ သူခိုး ဓါးျပထက္ ႏွစ္ဆဆိုးတဲ့ ေလာဘဆိုတဲ့ တရားဆိုးႀကီး သူ႔သႏၲာန္မွာေရာက္လာၿပီ ဆိုတာ သူ႔ခမ်ာ မသိရွာဘူး။

တေန႔ အသက္ေလးဆယ္ေက်ာ္မွာပဲ ေဟာေျပာရလြန္းလို႔ ျဖစ္လာတဲ့ေလနာေရာဂါနဲ႔ပဲ ပ်ံလြန္ေတာ္မူခဲ့ပါတယ္။ရဟန္းေတာ္တစ္ပါးျဖစ္တဲ့အတြက္ ပုံမွန္အတိုင္းဆိုရင္ အထက္ နတ္ဘုံကို ပ်ံေတာ္မူရမွာပါ။အခုေတာ့ ေလွကားေအာက္မွာ ျမဳပ္ထားတဲ့ ေငြသပိတ္အေပၚ စြဲလမ္းတဲ့ ေလာဘေၾကာင့္ ေက်ာင္းဝိုင္းထဲမွာပဲ သံပရာခြံဦးထုပ္ျဖဴေဆာင္းရတဲ့ ဘုန္းႀကီးတေစၦသြားျဖစ္ပါတယ္။

စာတတ္ေပတတ္ ဘုန္းႀကီးဘဝက လာတာဆိုေတာ့ ေငြသပိတ္ကိုစြဲလမ္းတဲ့ေလာဘေၾကာင့္ အခုလိုဘဝေရာက္ရတယ္ ဆိုတာေသခ်ာသိတယ္။ ဒါေၾကာင့္ သူ႔ကြၽတ္လမ္း လြတ္လမ္းကိုရွာတဲ့အေနနဲ႔ ေနာက္တက္တဲ့ ေက်ာင္းထိုင္ဘုန္းႀကီးကို ကိုယ္ထင္ျပၿပီးအကူအညီေတာင္းဖို႔ ႀကိဳးစားတယ္။

ဒါေပမယ့္ ေနာက္တက္တဲ့ေက်ာင္းထိုင္ဘုန္းႀကီးေတြက ေၾကာက္တတ္သူေတြဆိုေတာ့ သရဲေျခာက္တယ္ဆိုၿပီး ထြက္ထြက္ေျပးၾကတာနဲ႔ သူ႔ဆႏၵမျပည့္ဝခဲ့ဘူး။

ဒီလိုနဲ႔ ႏွစ္အတန္ၾကာေတာ့ သတၱိရွိတဲ့ဒကာတစ္ေယာက္ ဦးနႏၵ ေက်ာင္းကို ေရာက္လာပါတယ္။လာတာက သူ႔ငယ္ခ်င္းအိမ္ကိုလာတာပါ။သူငယ္ခ်င္းမရွိပဲ ဇနီးသည္တစ္ေယာက္ပဲရွိတဲ့အိမ္မွာ ညအိပ္ရမွာ မသင့္ေတာ္လို႔ ဦးနႏၵေက်ာင္းကိုလာအိပ္ျခင္းပါပဲ။

ညေရာက္တာနဲ႔ ကိုယ္ထင္ျပတဲ့ ဦးနႏၵကို ဒကာက သတၱိေကာင္းသူဆိုေတာ့ ဘာမေျပာညာမေျပာ ခ်က္ခ်င္းထၿပီး နပန္းလုံးတယ္။ ၿပီးေတာ့ သရဲေခါင္းမွာေဆာင္းထားတဲ့ ဦးထုပ္ျဖဴကို ျဖဳတ္ယူမိသြားတာနဲ႔ သရဲဟာ အားအင္ကုန္ခမ္းၿပီး ၾကမ္းျပင္ေပၚပုံက်သြားတယ္။

အဲ့ဒီ အခါက်မွ ဦးနႏၵ တစ္ျဖစ္လဲ သရဲက ဒကာေတာ္ သတၱိေကာင္းတဲ့သူနဲ႔ ေတြ႕ရလို႔ အားရဝမ္းသာျဖစ္ရပါတယ္။ငါဟာ ဒီေက်ာင္းက ပ်ံလြန္ေတာ္မူသြားခဲ့တဲ့ ေက်ာင္းထိုင္ဘုန္းႀကီးပါ။ ေလွကားေအာက္မွာျမဳပ္ထားတဲ့ ေငြသပိတ္ကိုစြဲခဲ့လို႔ မကြၽတ္မလြတ္ျဖစ္ေနရတာပါ။ ဒကာ ငါ့ကိုကူညီပါ။

အဲဒီ ေငြသပိတ္ကိုေဖၚယူၿပီးသံဃာေတြပင့္ဆြမ္းေတြ သဃၤန္းေတြလႉၿပီးကြၽန္ု္ပ္ကို အမွ်ေပးပါ။ က်န္တာကို ဒကာသုံးပါလို႔ ေျပာတဲ့အတြက္ ဒကာကလည္း ေျပာတဲ့အတိုင္းလုပ္ေပးတယ္။ အဲ့ဒီေတာ့မွ သရဲဘဝက လြတ္သြားခဲ့ရပါတယ္။

ဇာတ္လမ္းကေတာ့ ဒါပါပဲ ေမတၱာရွင္(ေ႐ႊျပည္သာ)ရဲ႕ အေသျမတ္ခ်င္ ေသနည္းသင္ စာအုပ္က ထုတ္ယူေဖၚျပတာပါ။ ဘုန္းႀကီးကလည္း ေလာဘနဲ႔ ေသတယ္။ ဒိဌိလည္း မပယ္ရေသးေတာ့ ငါစြဲ စြဲၿပီးေသလို႔ သရဲျဖစ္တာပါ။ တကယ္ပယ္ရ သတ္ရမွာက ဒိဌိ ျဖစ္ပါတယ္။

ဓါတ္ေတာ္က်သြားၿပီျဖစ္တဲ့ မိုးကုတ္ဆရာေတာ္ဘုရားႀကီးရဲ႕ တရားေတာ္ေတြမွာလည္း ေဟာၾကားထားပါတယ္။ တျခားေသာ ဆရာေတာ္မ်ားလည္း သစၥာတရားေဟာရင္ ဒီတိုင္းေဟာပါတယ္။ သစၥာ တကယ္သိဖို႔ဆိုတာ အရင္ဆုံး ေသာတာပန္တည္ၿပီး ဒိဌိျဖဳတ္ဖို႔ျဖစ္ပါတယ္။ ဝီစိကိစာၦက သူ႔အလိုလိုေသသြားေရာ။

နာမ္နဲ႔ ႐ုပ္ပဲရွိတယ္။ ငါဆိုတာမရွိဘူး။ ပုဂၢိဳလ္ သတၱဝါ မရွိဘူး။ ေယာက္်ား မိန္းမ မရွိဘူးဆိုတာ ကြဲကြဲျပားျပားျဖစ္သြားတဲ့ အရိယာမွာ ငါဆိုတဲ့ သကၠာယဒိဌိ မရွိေတာ့လို႔ ေလာဘျဖစ္ေပမယ့္ အစြဲမရွိဘူး။ ဒိဌိ ဦးေဆာင္ျခင္း မရွိေတာ့ဘူး။

သမီးေတာ္ တရားစခန္း ဝင္စဥ္က ဦးပဇင္း ဦးဣႆရိယက ပလႅင္ေပၚကေနေမးဖူးပါတယ္။ ဘုန္းႀကီးနဲ႔လူ ဘယ္သူက ပိုၿပီး ေလာဘ ႀကီးသလဲတဲ့။ ေအာက္ကသံဃာေတာ္ေတြက ေျဖမေျဖေတာ့မသိဘူး။ အမ်ိဳးသားေရာ အမ်ိဳးသမီးေယာဂီေတြေရာ ဝိုင္းၿပီးေအာ္ၾကတာ။

ဘုန္းႀကီး အဲ့လိုဝိုင္းေအာ္ေတာ့ ဦးပဇင္း မ်က္လုံးျပဴးသြားတယ္။ ဟမ္ တဲ့ ဆက္လည္းေျပာပါတယ္။ ဘုန္းႀကီးေလာဘအနႏၲ တဲ့။ ဒါေပမယ့္ လူေတြရဲ႕ ေလာဘကေတာ့ ဘုရားေတာင္ ေျခေရာလက္ေရာ ေျမာက္ထားရေလာက္ေအာင္ႀကီးတယ္တဲ့။ အေသာမသတ္ႏိုင္ၾကပုံမ်ား ေျပာပါတယ္။

သို႔ေသာ္ အရိယာျဖစ္သြားတဲ့ ပုဂၢိဳလ္ေတြအတြက္ေတာ့ ေလာဘကို ေလာဘမွန္းသိတဲ့အတြက္ အစြဲအလမ္းမျဖစ္ပါဘူး။ ဘုန္းႀကီးဦးနႏၵ ကေတာ့ အစြဲအလမ္းေၾကာင့္ သရဲျဖစ္တယ္လို႔ သက္ေသျပသြားခဲ့ပါၿပီ။စြဲစြဲလမ္းလမ္းျဖစ္ေစတဲ့ ဒိဌိ ကို ပယ္သတ္ၾကပါလို႔ တိုက္တြန္းလိုက္ပါရေစ။
Credit: manawmaya journal