
အနုပညာရပ်ဝန်း




















Moekalay

Unicode

လက်ရှိနာမည်ကြီးနေတဲ့ တစ်ကျော့နှစ်ကျော့တေးကိုသီ သီချင်းနဲ့ ပတ်သက်ပြီး ဒေါ်မာမာအေး ပြောပြီ

မြန်မာသံ တေးသီချင်းများနဲ့ ပရိသတ်တွေ ကို ခုအချိန်ထိ ဆွဲဆောင်နိုင်တဲ့ မြန်မာသံ ဝါရင့် အဆိုတော်ကြီး ဒေါ် မာမာအေးဟာ ဆိုရင် သူမရဲ့ ပီပြင်ပြောင်မြောက်တဲ့

ဂီတ အနုပညာများနဲ့ သီချင်းများကြောင့် အောင်မြင်မှုများစွာ ရရှိထားသူပါ။ မြန်မာသံ နဲ့ ပတ်သက်ပြီး ဆရာတစ်ပါးလို့ ပြောရလောက်အောင်

အသံ ပညာအားကြီးသူဆိုလည်း မမှားပါဘူး ။ သူမက လတ်တလော နာမည်ကြီးနေတဲ့ တစ်ကျော့ နှစ်ကျော့ တေးကိုသီ သီချင်း နဲ့ ပတ်သက်ပြီး ပြောထားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်

The Voice Myanmar Final ပွဲမှာ ပြိုင်ပွဲဝင် Hazel က ” တစ်ကျော့ နှစ်ကျော့ တေးကိုသီ သီချင်း နဲ့ယှဉ်ပြိုင်သွားခဲ့ပြီး ပရိသတ်တွေကြားမှာ

အရမ်းကို နာမည်ကြီးနေတာပါ။ ဒီပြိုင်ပွဲမှာ သီဆိုသွားတဲ့ သီချင်း နဲ့ ပတ်သက်ပြီး ဒေါ်မာမာအေး က ခုလိုပြောထားပါတယ်

“တစ်ကျော့ နှစ်ကျော့ တေးကိုသီ” သီချင်းကိုရေးစပ်ထားတဲ့ စာပေပညာရှင် ဆရာကြီးမင်းသုဝဏ်၊ ဂီတပညာရှင် ဂီတလုလင် မောင်ကိုကို နဲ့ မူရင်း အဆိုရှင် တင်တင်မြ က

သီဆိုထားတဲ့ အရမ်းကို ပြောင်မြောက်တဲ့ သီချင်းဖြစ်တာမို့ ခုလို ပြိုင်ပွဲမှာ ယှဉ်ပြိုင်တဲ့အခါ မူရင်း သီချင်း အရသာတွေပျောက်သွားတာကြောင့် ပြိုင်ပွဲမှာ

ဒီသီချင်းကို သီဆိုဖို့ ဦးဆောင် အသစ်ဆင်လိုက်တဲ့ သူကို ခုလို ပြောထားပါတယ်” တစ်ကျော့ နှစ်ကျော့ တေးကို သီ ကြားရတာ မကြိုက်ဆုံးအရာကတော့

“မောင်လေးရေ ထပါတော့ ရောင်နီလာလှပေါ့ “ဆိုတဲ့ စာသားကို ထပ်ခါထပ်ခါ အသံသေးအသံကြောင် မရောက်ရုံ တမယ် အာပြဲစိန် လုပ်ခိုင်းခဲ့တာကိုပဲ ထပ်တွန့်စရာလား ” လို့ပြောထားပါတယ်

ဒေါ်မာမာအေးက ဒီသီချင်းနဲ့ ပတ်သက်တဲ့ ဇစ်မြစ်အားလုံးရှင်းပြပြီး နောက် ” နိုင်ငံတကာစံ ဝင်ချင်သပဆိုလဲ ကိုယ်တိုင်ရေးကြ ၊ ကိုယ်တိုင်ထုတ်လုပ်ကြပါ ၊

ကျမတို့ ကြိုဆိုအားပေးနေမှာပါ ။ စီးလာတဲ့ ရေအလျင်မှာ ကျူပင်နဲ့ မတားပါဘူး ။ကျမတို့မြန်မာတွေ အမြတ်တနိုးထားတဲ့ ဂန္ထဝင်သီချင်းတွေကို မြန်မာစာအနေနဲ့ ထားရစ်ခဲ့ကြပါ – ” လို့

မန္တလေး နေ့စဉ်သတင်းစာမှာ ဖော်ပြထားပါတယ် တစ်ကျော့နှစ်ကျော့တေးကိုသီ သီချင်းနဲ့ ပတ်သက်ပြီး ဒေါ်မာမာအေး ပြောထားတဲ့ အကြောင်းကို ပရိသတိတွေ သိရလောက်ပြီ ထင်ပါတယ်။

ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Moekalay
Source;မန္တလေးနေ့စဉ် သတင်းစာ

အနုပညာရပ်ဝန်း
“တိုင်းတပါးမှာ အနုပညာအလုပ်တွေလုပ်ကိုင်ရင်း အောင်မြင်မှုရရှိနေတဲ့ မြန်မာနိုင်ငံသား အနုပညာရှင်များ”

မြန်မာနိုင်ငံမှာသာမက တိုင်းတပါးမှာပါ အနုပညာအလုပ်တွေလုပ်ကိုင်ရင်း အောင်မြင်မှုရရှိနေတဲ့ မြန်မာနိုင်ငံသား အနုပညာရှင်တွေကတော့ မိန်းကလေးတွေရဲ့အသည်းကျော် မိုရီဆာကီဝင်း၊ ကရင်တိုင်းရင်းသူလေး နော်မာသထူးဝါး၊ သရုပ်ဆောင်မင်သမီးချော လိုင်လာခန်း တို့ပဲဖြစ်ပါတယ်။ (၁) မိုရီဆာကီဝင်း အဝင်းလို့ လူသိများတဲ့ မြန်မာနိုင်ငံမှာမွေးပြီးဂျပန်မှာကြီးတဲ့ မြန်မာနိုင်ငံသားလေး မိုရီဆာကီဝင်းကတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး Boy Group တစ်ခုဖြစ်တဲ့ Prizma X အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး (၂၀၁၇)ခုနှစ်တွင် ဒါရိုက်တာကြည်ဖြူသျှင် ရိုက်ကူးသော ဂျပန် မြန်မာ ချစ်ကြည်ရေး ဇာတ်ကား ဇာတိမြေတွင် အဓိက ဇာတ်ကောင်အဖြစ် ပါဝင်ရိုက်ကူးခဲ့ရာမှစကာ မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေကို ဆက်တိုင်လုပ်ကိုင်လာပါတယ်။ (၂) နော်မာသထူးဝါး “အိမ်လေးတစ်လုံးလိုချင်တယ်” သီချင်းနဲ့ အောင်မြင်မှုတွေ ရရှိလာတဲ့ ချစ်စရာကောင်းတဲ့ …

အနုပညာရပ်ဝန်း
အနုပညာလောက အကြီးအကျယ် အရှက်ရစေတဲ့နေ့

အနုပညာလောက အကြီးအကျယ် အရှက်ရစေတဲ့နေ့ “ထာဝရနှောင်ကြိုး” ရုပ် ရှင် ဇာတ်ကားကြီး သည် ရုပ်ရှင်ချစ်ပြည်သူအများ၏ အားပေးချီးမြှောက်မှုကြောင့် ရုံတင်ဝင်ငွေ သိန်းပေါင်း ၂ သောင်း ၄ ထောင် ရရှိခဲ့ ခီဇနီးမောင်နှံက သူတို့ဇာတ်ကားကနေရရှိတဲ့ ၀င်ငွေကို တရားဝင်ကြေငြာသွားတယ်။ အံ့အားသင့်စရာကတော့ နိုင်ငံတော်ကို အခွန်သိန်း ၁၈၀၀ ကျော်ပေးဆောင်မယ်တဲ့။ ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးတဲ့ “ထာဝရနှောင်ကြိုး” ရုပ် ရှင် ဇာတ်ကားကြီး သည် ရုပ်ရှင်ချစ်ပြည်သူအများ၏ အားပေးချီးမြှောက်မှုကြောင့် ရုံတင်ဝင်ငွေ သိန်းပေါင်း ၂ သောင်း ၄ ထောင် ရရှိခဲ့တယ် လို့ ဒါရိုက်တာ ခရစ္စတီးနားခီ ကိုယ်တိုင် Fan Meeting မှာ …

အနုပညာရပ်ဝန်း
” ရုံတင်ခွင့်ရရှိသွားပြီဖြစ်တဲ့ ကိုရီးယား-မြန်မာချစ်ကြည်ရေး ရုပ်ရှင်ဇာတ်ကားကြီး “

ကိုရီယား-မြန်မာချစ်ကြည်ရေး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “တိမ်တွေပေါ်ကပန်း ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရိုက်ကူးပြီး မကြာခင်မှာပဲ ရုံတင်ခွင့်ရရှိသွားတဲ့ အကြောင်းကို “Please Share ! “တိမ်တွေပေါ်ကပန်း” ဆင်ဆာခွင့်ပြုချက်ရရှိ ပြီးဖြစ်ပါသည် (၁၉.၁၂.၂၀၁၉) ရက်နေ့တွင် မြန်မာနိုင်ငံတဝှမ်းလုံးရှိ JCGV ရုပ်ရှင်ရုံများ Paradiso ရုပ်ရှင်ရုံများ Red Radiance ရုပ်ရှင်ရုံ Mega Ace ရုပ်ရှင်ရုံများတွင် ပြသသွားမည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည် ” လို့ Big 5 Film Production ရဲ့ တရားဝင် လူမှုကွန်ရက် စာမျက်နာမှာ ဖော်ပြထားပါတယ်။ “တိမ်တွေပေါ်ကပန်း ” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ New York Film Academy (Los …